သောက်ရေသန့်ဈေးကွက်ထဲ အပြိုင်တိုးဝင်နေရတဲ့ ဘိုင်အိုး
ခေတ်ပေါ် သောက်ရေသန့်ဘူး တွေ နေရာအနှံ့တိုးဝင်လာသော်လဲ မြန်မာ့ရိုးရာ သောက်ရေအိုးဓလေ့၊ မြေ ဖုတ်အိုး အသုံးတွေကတော့ ပျောက် ကွယ်မှုမရှိသေးပါဘူး။ ဒါပေမယ့် အကြောင်းအမျိုးမျိုးနဲ့ သဘာဝရဲ့ ဖိအားတွေများလာရင်တော့ ရိုးရာ သောက်ရေအိုးလုပ်ငန်းတွေ ပျောက် သွားနိုင်တယ်။ အခုကိုပဲ ချင်းတွင်း မြစ်တစ်ရိုးမှာ ကြည့်လိုက်။ မော်တော် ပေါ်၊ သင်္ဘောပေါ်၊ ရှော်တယ်ပေါ်၊ မြစ်ကမ်းတစ်လျှောက်က မြို့ရွာတွေ က အရိပ်ကောင်းကောင်းနေရာတွေ မှာ သောက်ရေအိုးတွေ ပျောက်သ လောက်ဖြစ်နေပြီ။ အရင်းစစ်တော့ အမြစ်မြေက ချင်းတွင်းမြစ်ရေကလဲ ခပ်သောက်ဖို့ မကောင်းလောက် အောင်နောက်ကျိနေတာ။ ဆယ်စုနှစ် တစ်ခုနီးနေပြီ။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းဖို့ရာတွေ ပြောတဲ့သူကလဲ ပြော၊ မြစ်ထဲ အမှိုက်ပစ်တဲ့သူက ပစ်၊ မြစ်ထဲမှာရှိတဲ့ ငါးမျိုးစိတ်တွေ လေ့ လာသူက လေ့လာ၊ ဟိုအထက် ဘက်မှာ ရွှေကျင်နေတဲ့ လူအုပ်ကြီး က သောင်းချီ၊ သိန်းချီ။ မြစ်ဖျားက ရေဝေရေလဲ တောတွေအကြောင်း ပြောသူကပြော။ သစ်ပင်ပြေးစိုက် သူက စိုက်၊ ချင်းတွင်းမြစ်ထဲမှာတော့ သစ်ဖောင်၊ ဝါးဖောင်၊ ကြိမ်ဖောင်၊ ထင်းဖောင်၊ ဖောင်မျိုးစုံ။ ချင်းတွင်း အညာအရပ်က အောက်အကျေအရပ် ကိုစုန်ဆင်းနေတယ်။ ပြောရရင် အခု နောက်ကျိနေတဲ့ ချင်းတွင်းမြစ်ရေ ထဲမှာ ဘယ်လိုဓာတ်တွေ ပျော်ဝင် လို့၊ ဘာတွေဖြစ်လာနိုင်တယ်ဆိုတာ ဘယ်သူမှ မပြောနိုင်ဘူး။ ချင်းတွင်း မြစ်ရေဟာ သောက်ဖို့ မပြောနဲ့ သုံးဖို့ လဲ မကောင်းသလို ချိုးဖို့လဲ စိတ်မချ ရဘူး။ ဟိုးအရင်တုန်းကတော့ ရေ ဆာရင်မြစ်ထဲက ရေကို လက်ခုပ်နဲ့ ယူပြီးသောက်လို့ ရတယ်။ အခုတော့ ချင်းတွင်းမြစ်ရိုးတစ်လျှောက်မှာ သောက်ရေအိုး တည်ထားဖို့ မဖြစ်နိုင် လောက်အောင် တားဆီးနေတယ်။ မော်တော်၊ သင်္ဘောပေါ်တွေမှာ သောက် ရေအိုးမရှိဘူး။ ရေကြည်တွေ ရမယ်။ ရေသန့်ဘူးတွေ ရမယ်ဆိုတဲ့ ဈေးသည်တွေက အစားဝင်လာ တယ်''
သို့ပေသော်လဲ ချင်းတွင်း အထက်ဘက် တစ်ရိုးမှာ ထင်ရှား ကျော်ကြားလူကြိုက်များတဲ့ မင်း ကင်းနယ်ထွက် ဘိုင်သောက်ရေအိုး လုပ်ငန်းတွေကတော့ ပျက်စပြုနေပေ မယ့် မပျောက်သေးဘူး။ ဟိုတုန်းက လက်ထိုးလှေနဲ့ ရောက်တဲ့နေရာ သဲ သောင်ခုံထမင်းချက်စား။ ညအိပ် ရောက်သလောက်သွား။ တစ်ရွာဝင် တစ်ရွာထွက် ဈေးရောင်းတက်ကြတဲ့ ဘိုင်အိုးသည်တွေလဲ အဆင့်မြင့်မြင့် စက်လှေနှင့် ဈေးရောင်းထွက်နေကြ ပြီ။
မင်းကင်းမြို့ရဲ့ အောက်ဘက် တုံ၊ ဘိုင်၊ ဗဒက်၊ ကုန်းရင်းဆိုတာအိုး လုပ်တဲ့/ရွာတွေ။ ဘယ်ခေတ် ဘယ် ကာလက စတင်ရောင်းဝယ် အိုး လုပ်ငန်းလုပ်ကိုင်ခဲ့တယ်လို့ မှတ် တမ်းမှတ်ရာမျိုး မရှိပေမယ့် ချင်း တွင်းမြစ်ရိုးတစ်လျှောက် အထက် ဘက်ဆိုရင် ဟုမ္မလင်း၊ ခန္တီး၊ နောင်ပို အောင်၊ နမ့်တောအထိ ကလေး ချင်းတောင် ဒေသဘက်မှာလဲ ဂန့် ဂေါနယ်။ တမူးနယ်စပ်ကို ဖြတ် ကျော်ပြီး ဟိုဘက်ကသည်းနယ်ထဲ အထိ ဘိုင်အိုးတွေ အရောင်းအဝယ် ဖြစ်တယ်။ အခုတော့ နေရာတိုင်းမှာ သောက်ရေအိုး အသုံးနည်းလာတဲ့ အတွက် အိုးအရောင်းအဝယ်တွေ ကျတယ်လို့ပြောတယ်။ အိုးအရောင်း အဝယ်တွေ မကောင်းဘူးလို့သာ ပြော ရတယ်။ အိုးဈေးတွေက ခေါင်ခိုက်လို့ ဟိုဘက်လေးငါးဆယ်နှစ်တုန်းက အိုး တစ်လုံး သုံးလေးရာနဲ့ ရနိုင်တယ်။ အခု ထောင့်လေးငါးရာတဲ့။ သုံးဆ လောက်တက်သွားတယ်။ သူတို့အိုး သည်တွေ ပြောတာကတော့ ဟို တုန်းကလက်ထိုးလှေနဲ့ လာတော့ စရိတ်စက ဘာမှမရှိတဲ့အတွက် အရင်းသာသာနဲ့ ပြန်ရောင်းနိုင်တယ် တဲ့။ အခုတော့ ရွာကနေ စက်လှေ ငှားလာရတာတဲ့။ အိုးအလုံး ၁၈ဝဝ၊ ၂ဝဝဝ လောက်နိုင်တဲ့ စက်လှေ တစ်စီးကို ဘိုင်ရွာကနေ ကလေးဝ အရောက် ၇ဝဝဝဝ ကျပ် ပေးရ တယ်။ လို့ ပြောတယ်။ ဖောင်းပြင်၊ ဟုမ္မလင်းအထိ ဆိုရင် ၁၅ဝဝဝဝ ကျပ်ကနေ ၂ဝဝဝဝဝ ကျပ်အထိ ပေးရတယ်လို့ ဆိုတယ်။ အမှန်က တော့ လမ်းမှာကုန်ကျတဲ စရိတ်မှန် သမျှ အိုးပေါ်မှာ တင်ပြီးရောင်းကြရ တယ်။ ကလေးဝကနေ တမူးကိုလဲ ကားခ ၁ဝဝဝဝ ကျပ်ပဲတဲ့။
ဟိုတုန်းကတော့ ဘိုင်အိုးသည် တွေဟာ အိုးလုပ်ငန်းကို မိသားစု လုပ်ငန်းအဖြစ် လုပ်ကိုင်ကြတယ်။ အိမ်မှာ မြေသယ်တဲ့လူကသယ်၊ မြေနယ်တဲ့သူက နယ်၊ အိုးလုပ်တဲ့ သူကလုပ်၊ လှန်းတဲ့သူက လှန်း၊ ဖုတ် တဲ့သူက ဖုတ်။ တစ်နယ်တစ်ကျေး သွားရောင်းသူက ရောင်းလုပ်ကြတာ။ တစ်နှစ်တစ်နှစ်ကို အိုးအလုံးရေ လေး၊ ငါးသိန်းရောင်းရတယ်တဲ့။ အခုတော့ အိုးလုပ်သူလဲ နည်းသွား ပြီ။ ကုန်ရင်းရွာဆိုရင် ဟိုတုန်းက တစ်ရွာလုံး အိုလုပ်ငန်းလုပ်ကြတာပဲ။ အခု ၁၅ ဦးလောက်ပဲ အိုးလုပ်ငန်း လုပ်ကြတာတွေ့ရတယ်။ အနောက် တော့ ရွာဆိုရင်လဲ အိုးလုပ်ငန်းလုပ် တဲ့ သူဦးရေ ၅ဝ လောက်ပဲရှိတော့ တယ်။ အခုတော့ ဘိုင်အိုးလုပ်ငန်း လုပ်ကိုင်သူတွေလဲ နည်းသွားသလို အိုးဈေးကွက်ကလဲ ကျယ်ကျယ် ပြန့်ပြန့် သိပ်မရှိတော့ဘူး။ ဘိုင်အိုး ရောင်းထွက်တဲ့သူတွေလဲ ဟိုတုန်း ကတော့ ထမင်းအိုးတောင်းနဲ့ ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန် အပြည့် အစုံယူလာပြီး ရောက်သလောက် သွားရောက်တဲ့နေရာ ချက်ပြုတ်စား သောက်ကြရတာ။ ဟိုးတုန်းက အိုး သည်အိုးသည်လို့ အော်ရောင်းကြရတဲ့ ဘိုင်အိုးသည်တွေဟာ အခုတော့ အိုး သည်လို့တော့ နာမည်ရပါရဲ့။ ဒါပေ မယ့် ဟိုတုန်းကလို မမြတ်ဘူးလို့ ဘိုင်အိုးရောင်းတဲ့ သူတစ်ယောက်က ပြောတယ်။
''ကျွန်တော် ကလေးဒေသ ဘက်ကို အိုးရောင်းတက်ခဲ့တာ အသက် ၁၅ နှစ်ရှိသေးတယ်။ အခု အသက် ၆ဝ ရှိပြီ။ တခြားလဲ မလုပ် တတ်တော့ မိသားစုလိုက် အိုးလုပ် ငန်းပဲ လုပ်တယ်။ ကျွန်တော်ကတော့ ကလေး၊ တမူ၊ ချင်းတောင် နယ်တွေ လှည့်ပြီး အိုးရောင်းတယ်။ ဟိုတုန်း ကတော့ ကိုယ့်လက်ထိုးလှေနဲ့ တက် တာဆိုတော့ နှစ်ရာရင်း နှစ်ရာ မြတ် တယ်။ အခုတော့ လှေခေတ်ကုန် သွားပြီ။ စက်လှေနဲ့သွားရတော့ စက် လှေခပေးရတယ်။ လမ်းစားစရိတ် ကုန်တယ်။ ကလေး၊ တမူး၊ ချင်း တောင်ကို ကားနဲ့သွားရတော့ ကား ခ ပေးရတာအပြင် အကွဲအပြဲ ပျက် စီးမှုကရှိသေးတယ်။ ရွာမှာ ဝယ်ရင်း ဈေး ၄ဝဝ ရှိတဲ့ အိုးတစ်လုံးကို ကလေးဘက်မှာ ၈ဝဝ နဲ့ ရောင်း ပေမယ့် လမ်းကုန်ကျစရိတ်နဲ့ သိပ် မကာမိချင်ဘူး''ဟု ဘိုင်အိုးကုန်သည် ဦးတင်အုန်းက ပြောပါတယ်။.
ယခုရက်ပိုင်းကလေး ဒေသ ရောက် ဘိုင်အိုးဈေးနှုန်းများကတော့ ပုံမှန်သောက်ရေအိုး တစ်လုံးကို ၁ဝဝဝ ကျပ်၊ အိုးကြီး ၁၅ဝဝ ကျပ် ပရိတ်အိုး ၇ဝဝ ကျပ်၊ ပန်းစိုက်အိုး ၇ဝဝ ကျပ်၊ ညောင်ရေအိုး ၇ဝဝ ကျပ်နဲ့ ရောင်းတယ်လို့ သိရပါတယ်။
ကာကြာကွတ်
NORTH OKKLAPA - YANGON TOWNSHIP MYANMAR.