ရခိုင်ပြည်နယ်မှ ဆီထွက်သီးနှံများ
စားသုံးဆီများအနက် မြေပဲဆီ၊ နှမ်းဆီနှင့်မုံညင်းဆီများမှာ စားသုံးသူ တို့အကြိုက်ဖြစ်ကြသည်။ ပြည်တွင်း မှာပင် စိုက်ပျိုး ထုတ်လုပ်ကြခြင်းဖြစ် သည်။ စားအုန်းဆီကတော့ ပြည်ပ မှ ဝင်လာသည့် စားသုံးဆီဖြစ်သည်။ စားအုန်းဆီမှာဈေးသက်သာသဖြင့် စားသုံးဆီလောကတွင် မင်းမူနေရာ ယူထားသည်မှာကြာပြီ။ ဆီဆိုတာက လည်း ဆင်းရဲချမ်းသာမရွေး စားသုံး တတ်ကြ သည်။ မြန်မာနိုင်ငံတွင် လူတစ်ဦး တစ်နှစ်ဆီစားသုံးမှုမှာ ၁ဝ ကီလိုရှိကြောင်းသိရှိရသည်။ မြန်မာ နိုင်ငံတွင် လူဦးရေ ၅၉ သန်းခန့်ရှိ ရာ တစ်နှစ်အတွက် စားသုံးဆီ လို အပ်ချက်မှာ တန်ချိန် ၅.၉ သိန်းရှိ နေကြောင်း စစ်တမ်းများအရ သိရ သည်။ ထို့အပြင် စားသောက်ဆိုင် များ၊ စက်မှုသုံးလုပ်ငန်းများအတွက် လည်း ဆီတန်ချိန် သုံးသိန်းခန့်လို အပ်ကြောင်းဆိုသည်။ မြန်မာနိုင်ငံ၏ စားသုံးဆီလိုအပ်ချက်မှာ တစ်နှစ် တန်ချိန် ခြောက်သိန်းဝန်းကျင်ခန့် ရှိနေကြောင်းသိရသည်။ မြန်မာ နိုင်ငံတွင် စားသုံးဆီအတွက် ဆီထွက် သီးနှံများကို စိုက်ပျိုးနေကြသည်။ မြေပဲ၊ နှမ်း၊ မုန်ညင်းနှင့် နေကြာ စသည်များဖြစ်ကြသည်။ သို့ရာတွင် ပြည်တွင်း စားသုံးရန်အတွက် လုံ လောက်ခြင်းမရှိသေး။ ထို့ကြောင့် ပြည်ပမှ မှာယူစားသုံးနေကြရသည်။
ရခိုင်ပြည်နယ်တွင်လည်း စား သုံးဆီ လိုအပ်ချက်အတွက် မြေပဲ၊ နှမ်း၊ မုန်ညင်း စသည်များ စိုက် ပျိုးလျက်ရှိကြ သည်။ နေကြာစိုက် ပျိုးမှုမှာတော့ နည်းပါးသေးသည်။ နေကြာဆီ စားသုံးမှုလည်း မရှိကြ သေး။ နေကြာဆီကို ရောဆီအဖြစ် သာအသုံးပြုလျက် ရှိနေကြသည်။ ပြောရမည်ဆိုလျှင် နေကြာဆီသည် စားအုန်းဆီဖြစ်လိုက်၊ မြေပဲဆီ ဖြစ်လိုက်နှင့် အသွင်ပြောင်း ဆီလည်း ဖြစ်သည်။ အထူးသဖြင့် မြေပဲနှင့် အလွမ်းသင့်သည့်ဆီလည်း ဖြစ်သည်။
နှမ်းကို ရခိုင်ပြည်နယ် ဒေသ အနှံ့တွင် စိုက်ပျိုးကြသည်။ အထူး သဖြင့် အမ်းမြို့နယ် တောင်ပေါ် ဒေသ များတွင် စိုက်ပျိုးမှု များပြားသည်။ အမ်းမှ နှမ်းဆီများကို ရိုးမအရှေ့သို့ တင်ပို့မှုများရှိခဲ့ဖူးသည်။ ရခိုင်ပြည် နယ်အတွင်းက ကျောက်တော်မြို့ မှာ နှမ်း ၊ မြေပဲ ကုန်သွယ်ရေးဖြင့် ထင်ရှားသည့် မြို့ဖြစ်သည်။ သို့ရာတွင် နှမ်းကို ကျောက်တော်မြို့နယ်မှ ပြောပလောက်အောင် ရရှိနိုင်ခြင်း မရှိ။ ကျောက်တော်အထက်ပိုင်း၊ ကုလား တန်မြစ်ဖျားပိုင်း၊ ချင်းပြည်နယ် တောင်ပေါ်ဒေသများမှသာ ရရှိသည်။ ရခိုင်ဒေသ တွင် နှမ်းဆီကို မစားရတာ ကြာပြီ။ နှမ်းမှာ အိပ်စ်ပို့ ဝယ်လက် များရှိ၍ ဆီကြိတ်ခွဲခြင်းမရှိဘဲ ရိုးမ အရှေ့ဒေသများသို့ တင်ပို့ရောင်းချ နေကြသည်။ စစ်တွေ-ရန်ကုန် ကား လမ်းမကြီးကြောင့် သွားလမ်းသာ လာ၍ လာလမ်းလွယ်ကူပြီး ရခိုင် ဒေသမှ နှမ်း များကို မကွေးသို့၊ မန္တ လေးသို့၊ ပြည်သို့ ကားများဖြင့် တင်ပို့ ရောင်းချကြရသည်။ အမ်းဒေသမှ နှမ်း များကိုလည်း ရိုးမ အရှေ့သို့ အစဉ်အလာအားဖြင့် တင်ပို့ရောင်း ချနေခြင်းဖြစ်ရာ ယခုကဲ့သို့ လမ်း ပန်းဆက်သွယ်ရေး လွယ်ကူလာ သည့်အချိန်တွင် ပိုမို၍ တင်ပို့ ဖြစ်နေ ကြကြောင်းသိရသည်။ နှမ်းဆီကို အနည်းအကျဉ်းမျှသာ ကြိတ်ခွဲရောင်း ချသဖြင့် ဆိုင်ပေါ်တင် ရောင်းချသည် ကိုမတွေ့ရ။
မြေပဲကို ကျောက်တော်၊ ကျောက်ဖြူ၊ တောင်ကုတ်၊ သံတွဲ၊ ဂွနှင့် ရသေ့တောင်မြို့နယ်များတွင် စိုက်ပျိုး ကြသည်။ ကျောက်တော် အထက်ပိုင်း ပလက်ဝမြို့နယ်တွင် လည်း စိုက်ပျိုးကြရာ ကျောက်တော် သို့ တင်ပို့ရောင်းချလေ့ရှိသည်။ ဂွ၊ သံတွဲ၊ တောင်ကုတ်မှ မြေပဲဆန် များကို ထုတ်၍ ရိုးမအရှေ့သို့ တင်ပို့ လေ့ရှိကြသည်။ ထိုဒေသတွင် ဆီ ကြိတ်ခွဲမှုနည်းပါးသည်။ ရခိုင်ဒေသတွင် မြေပဲဆီကို အစားများကြသည်။ တိုးချဲ့စိုက်ပျိုးလာကြသည်ကိုလည်း တွေ့ရသည်။ ယခင် ဆေးရွက်ကြီး စိုက်ခင်း များတွင်ဆေးရွက်ကြီးအစား မြေပဲကို စိုက်ပျိုးလာကြသည်ကို တွေ့ရသည်။ ရသေ့တောင်မြို့နယ် မယူကမ်း (မယူတောင် တန်း တောင် ဘက်)ပင်လယ်ကမ်းစပ်နေရာများတွင် လည်း အများအပြား စိုက်ပျိုးလာ ကြသည်။ ယခင်က ငရုတ်ကို စိုက် ပျိုးကြ ရာမှ ပြောင်းလဲ စိုက်ပျိုးလာ ကြခြင်းဖြစ်သည်။ အဆိုပါဒေသများ တွင် မြေပဲဆန်ကိုထုတ်ယူပြီး စစ်တွေ ဆီစက်များသို့ လာရောက်ရောင်းချ လျက်ရှိနေကြသည်။ မြေပဲဆီမှာ ဈေး ကြီးမြင့်သဖြင့် မြေပဲဆီစစ်စစ်ကတော့ နည်းနည်း ရှားပါးလိမ့်မည်ဟု ဆို သည်။ လိုအပ်လျှင် လိုအပ်သလို မြေ ပဲဆီတွင် စားအုန်းဆီ အနည်း အကျဉ်း ရောတာတွေ ရှိနေသည်။ ထို့အတူ နေကြာ ဆီကိုလည်း အသင့် အတင့်ရောရောင်းကြသည်ဟုဆိုသည်။ ရခိုင်ပြည်နယ် မောင်တော ခရိုင်နှင့် စစ်တွေ ခရိုင်ဒေသများ သို့ မြေပဲဆီ များကို မန္တလေး၊ မကွေး၊ ပြည်နှင့် ရန်ကုန်မှ ဆီများ ဝင်လာတတ် ကြောင်းသိရသည်။ ပေပါများဖြင့် ဝင်လာတတ် သည်။ ရခိုင်ဒေသ၏ ဆီအိုးဟုဆိုရသည့်ဒေသမှာ ကျောက် တော်မြို့နယ်ဖြစ်သည်။ သို့ရာတွင် လုံလောက်ခြင်းမရှိ။
မုန်ညင်းဆီမှာ စားသုံးဆီ ဈေး ကွက်တွင် ဈေးအနိမ့်ဆုံး ဖြစ်သည်။ ရခိုင်ပြည်နယ်ဒေသအချို့တွင် မုန်ညင်း ကိုစိုက်ပျိုးလျက် ရှိသော်လည်း လုံလောက်ခြင်း မရှိ။ မုန်ညင်း ဆီကို ဘူးသီးတောင်၊ မောင်တောမြို့နယ် များတွင် အများဆုံး စားသုံးလေ့ရှိ ကြသည်။ မလုံလောက်၍ မန္တလေး ဆီစက်များမှ ပေပါများဖြင့် မှာယူ ကြရသည်။ မုန်ညင်းဆီကို မွတ်စ လင် လူမျိုးတို့ စားသုံးမှုများပြား ကြောင်းသိရသည်။ မုန်ညင်းဆီမှာ အသားဟင်းချက်ရာတွင် သုံးပါက လေးလေးပင်ပင် စေးစေးပိုးပိုး ရှိပြီး အရသာ ပိုကောင်းကြောင်း အများက ပြောကြသည်။ မုန်ညင်းဆီ စိမ်းရွှေ ရွှေအနံ့ကြောင့် အသုံးပြုရမှာ လက် တွန့်တတ်ကြသည်။ သို့ရာတွင် အသား၊ ငါး ဟင်း စသည်များသို့ မထည့်မီ မုန်ညင်းဆီ၏ စိမ်းရွှေရွှေ အနံ့ကိုပျောက်အောင် ပြုလုပ်ပေးရ သည့်နည်းလမ်း ရှိကြောင်းလည်း ဆို သည်။
နှမ်း၊ မြေပဲနှင့် မုန်ညင်းတို့မှာ ရခိုင်ဒေသတွင် စိုက်ပျိုးဖြစ်ထွန်း သည့်သီးနှံများဖြစ်ကြသည်။ မိုး ရာသီအပြီး စပါးခင်းများတွင် သီး ထပ်အဖြစ် စိုက်ပျိုးနိုင်သဖြင့် မြေလွတ် သီးခြားရှာနေရန်မလိုလှ။ နေကြာကို တော့ ရခိုင်တွင် စိုက်ပျိုးသူ နည်း ပါးသေးသည်။ ပဲစိုက်ခင်းများတွင် သာ သီးညှပ်အဖြစ် စိုက်ပျိုးကြသည် ကို တွေ့ရသည်။ မြေပဲ၊ နှမ်း၊ မုန် ညင်းတို့မှာရခိုင်ဒေသတွင် စိုက်ပျိုး ပင်စိုက်ပျိုးသော်လည်း စားသုံးရာ တွင် ဖူလုံခြင်းမရှိသည်ကို တွေ့နေရ သည်။ ဆီထွက်သီးနှံများကို တိုးချဲ့ စိုက်ပျိုးကြဖို့ လိုအပ်နေပြီ။ ဆင်းရဲ နွမ်းပါးမှု လျော့ပါးရေး ဆောင်ရွက် ရာတွင် တောင်သူ လယ်သမားများ တစ်ဦးချင်း ဝင်ငွေ တိုးတက်နိုင်ဖို့ သီးထပ်သီးနှံတွေ စိုက်ပျိုးကြဖို့လို အပ်မည်။ ထို့အတွက် တွန်းအားပေး ကြရမည်။ မျိုးကောင်းမျိုးသန့် တွေဖြန့် ဝေပေး ဖို့လိုအပ် သည်။
လိုမည် လိုမည်နှင့် ပြောရတာ လည်းများပြီ။ ကိုယ်နှိုက်က စိုက်ပျိုး တတ်သူမဟုတ်။ နှိုးဆော်ပြောကြား ရုံသာတတ်နိုင် သည်။ မည်သို့ဆိုစေ စိုက်ပျိုးမည့် မြေများလည်းရှိ၊ ဈေး ကွက်လည်းရှိပြီဖြစ်သည့် ဆီထွက်သီး နှံတွေတိုးချဲ့စိုက်ပျိုးကြ ဖို့ကိုတော့ တောင်သူတွေ စဉ်းစားသင့်ကြပြီဖြစ် သည်။
ကျွန်းသားငမန်း