၂ဝ၁၅ ခု အာဆီယံ လွတ်လပ်သော ကုန်သွယ်မှုဒေသ ဖြစ်ပေါ်လာချိန်တွင် ဈေးကွက်ယှဉ်ပြိုင်နိုင်ရန် စားသောက်ကုန် အရည်အသွေး ပြည့်မီရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပမည်
၂ဝ၁၅ ခု အာဆီယံ လွတ်လပ်သော ကုန်သွယ်မှုဒေသ- Afta (Asean Free Trade Ara) အကောင် အထည်ဖော် ဆောင်ရွက်လာချိန်တွင် အာဆီယံ ဒေသတွင်းနိုင်ငံများနှင့် ဈေးကွက်ယှဉ်ပြိုင်နိုင်ရေး အတွက် မြန်မာ့ စားသောက် ကုန်များ၏ အရည်အသွေးနှင့် စံချိန်စံညွှန်းများ နိုင်ငံတကာ အရည်အသွေး ပြည့်မီလာစေရေး အလုပ်ရုံဆွေးနွေးပွဲ တစ်ခုကို မေလ တတိယပတ်ခန့်တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းမြန်မာနိုင်ငံ စိုက်ပျိုးရေးအခြေခံစားသောက် ကုန်တင်ပို့ထုတ်လုပ်ရောင်းချ သူများအသင်း၏ သတင်းများအရသိရသည်။ အာဆီယံဒေသအတွင်း ၂ဝ၁၅ ခုနှစ် AFTA အစီအစဉ် အကောင်အထည်ဖော် လုပ်ကိုင်လာချိန်တွင် မြန်မာနိုင်ငံ စားသောက်ကုန်များ နိုင်ငံတကာစံချိန် စံညွှန်း ပြည့်မီနေစေရန် သက်ဆိုင်ရာမှ လိုအပ်သည်များကို ကြိုတင် လုပ်ကိုင်ဆောင်ရွက်နေပြီဖြစ်သည်။ စားသောက်ကုန်များကို ဓာတ်ခွဲစမ်း သပ်ရန်အတွက် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ စိုက်ပျိုးရေးဝန်ကြီးဌာနနှင့် ပုဂ္ဂလိက အချို့စက်ရုံ ကြီးများတွင် စားသောက်ကုန်ဆိုင်ရာ ဓာတ်ခွဲစမ်းသပ်ခန်းများရှိနေပြီဖြစ်သည်။ ထို့အပြင် စားသုံးသူ အကာအကွယ်ပေးရေး ဥပဒေကိုလည်း အကောင်အထည် ဖော်ရေး ဆွဲနေပြီဖြစ်သည်။ ထို့ကြောင့် ရရှိလာသည့် အချက်အလက်များကိုစုဆောင်း ကာ မြန်မာ့ စားသောက်ကုန်များ နိုင်ငံတကာ စံချိန်စံညွှန်းပြည့်မီ စေရေးအတွက် မေလ တတိယပတ်ထဲ တွင် နေပြည်တော်၌အလုပ်ရုံဆွေးနွေး ပွဲတစ်ခုကျင်းပပြုလုပ်သွား မည်ဖြစ်သည်။ အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ သက်ဆိုင်ရာလုပ်ငန်းပိုင်ရှင်များ၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ တာဝန်ရှိ သူများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ တက်ရောက်ကြမည်ဖြစ် ကြောင်းသိရသည်။
ဒသမ