2013-5-13
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
ဈေးကွက်ဂျာနယ်နှင့် Reporter ဂျာနယ် ဒလမြို့နယ်သို့ သောက်ရေသန့် လှူဒါန်းမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... ၈၁၃
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ပြည်တွင်း စီးပွား
နာဂစ်ဒဏ်ခံတို့ရဲ့ ကယ်တင်ရှင် ပင်လယ်နှမ်း ဘ၀ပျက်တော့မည်

ဈေးကွက်အတွင်းမှာ အချိန်ကြာ ကြာနေရာယူလာပြီး ဒေသခံ လယ် သမားတွေနဲ့ လက်လုပ်လက်စား ဆင်းရဲသား မိသားစုတွေကို ပံ့ပိုးပေး ခဲ့တဲ့ မိကျောင်းကွမ်းဖတ် ဈေးကွက် အတွင်းမှာရှိနေပါဦးမလားလို့ စိုးရိမ် မိပါတယ်။ ၂ဝဝ၉ခုနှစ် နွေရာသီမှာ အစပြုတယ်လို့ပဲ ဆိုရမှာဖြစ်ပါတယ်။ အဲဒီနွေမှာ မိကျောင်းကွမ်းဖတ် တစ်ပိဿာကို ၈ဝဝ ကျပ်ကနေ ၁၂ဝဝ ကျပ်ဖြစ်ခဲ့ပြီး မိုးအခါမှာ ဈေးနှုန်းဟာ ၂၂ဝဝ ကျပ်အထိ ဖြစ်ခဲ့ တာကြောင့် ဝယ်ယူစုဆောင်းထားခဲ့ ကြတဲ့ ကုန်သည်တွေ အမြတ်လှိုင်လှိုင် ရလိုက်ကြပါတယ်။ မိုးရာသီအမီ ဈေးနှုန်းမြင့်တက်လာတာကြောင့် ဒီနှစ် မိုးရာသီမှာ အနည်းအကျဉ်း ပိုစိုက် လာကြ တာတွေ့ လာရပါတယ်။ ၂ဝဝ၉ မိုးရာသီမှာ စိုက်တဲ့ မိကျောင်း ကွမ်းဖတ်တွေကို ၂ဝ၁ဝ ဖေဖော်ဝါရီ ကျမှ ရိတ်သိမ်းကြရတာဖြစ်ပါတယ်။ ရိတ်သိမ်းတဲ့အချိန်မှာပဲ တစ်ပိဿာရဲ့ ဈေးနှုန်းဟာ ၂၅ဝဝ ကျပ်ကစပြီး ဝယ်ကြတာတွေ့ရပါတယ်။ ဒီနှစ်မှာ မိကျောင်းကွမ်းဖတ်ကို စက်နဲ့ ခြွေတာနည်းပါသေးတယ်။ မီးနဲ့ဖုတ် ကြတာများပါတယ်။ စက်နဲ့ခြွေတာ က များများစားစား စိုက်ပျိုးသူ လယ်သမားကြီးတွေ သာပါ။ ရိတ် သိမ်းရာသီကုန်ပြီးတာနဲ့ တစ်ပိဿာရဲ့ ဈေးနှုန်းဟာ ၃ဝဝဝ ကျပ်အထိ ဖြစ် လာပါတော့တယ်။ ဒီလိုသာ အဝယ် လိုက်တယ်ဆိုရင် ဝါဆို ဝါခေါင်လို လမျိုးတွေမှာဆိုရင် ၃၅ဝဝ ကျပ် နဲ့ ၄ဝဝဝ ကျပ်လောက်အထိ မြင့်တက် လာလိမ့်မယ်လို့ ကုန်သည်တွေက မျှော်လင့်ထားကြပါတယ်။
    ၂ဝ၁ဝ မိုးရာသီမှာ ဈေးနှုန်းတွေ မြင့်တက်လာတော့ လယ်သမားတော် တော်များများဟာ မိကျောင်းကွမ်း ဖတ်ကို လယ်နံကပ်တွေမှာတင် မဟုတ်တော့ဘဲ လယ်ယာမြေတွေ အထဲမှာပါ လိုက်လံစိုက်ပျိုးလာကြ တာတွေ့ရပါတယ်။ မြေပေါများတဲ့ လယ်သမားတွေက မြေပိုတွေအားလုံး မှာ မိကျောင်းကွမ်းဖတ်ကိုသာ စိုက် ပျိုးလိုက်ကြပါတယ်။ လုပ်သားနဲ့ ကျွဲနွားပေါများတဲ့ လယ်ပိုင်ရှင်ကြီး တွေ အနေနဲ့ကတော့ ထယ်ထွန်း၊ ထွန်နဲ့ထွန်ပြီးမှ အပင်ကိုချိုးပြီး တစ်လံကိုတစ်တောင်ကြား စိုက်ခိုင်း တယ်။ ကြဲခင်းမလုပ်ကြပါဘူး။ တစ်ပင်နဲ့တစ်ပင် ၁၈ လက်မခြား တယ်။ အပင်ပွားနှုန်းကောင်းတဲ့ အတွက် ဖြစ်တယ်။ တော်သလင်းလ လောက်မှာဆိုရင် စိုက်ပင်ကို ၁၂ လက်မပဲခြားပြီး စိုက်ပါတယ်။ ဘာ ကြောင့်လဲဆိုတော့ အပင်ပွားတဲ့ အချိန် တိုတဲ့အတွက်ကြောင့်ပါ။ တချို့လယ် သမားကြီးတွေကတော့ စိုက်ပျိုးတာ မလုပ်တော့ဘဲ ကြဲခင်းသာ လုပ်လိုက်  ကြတာများပါတယ်။ ဘာ့ကြောင့်လဲ ဆိုတော့ အပင်ပွားတဲ့အချိန် တိုတဲ့ အတွက်ကြောင့်ပါ။ စိုက်မယ်ဆိုရင် စိုက်ခက လယ်တစ်ကွက်ကို ၂ဝဝဝဝ ကျပ်ပေးရပါတယ်။ ကြဲခင်းကတော့ ထယ်ထိုးပြီး မိုးမရွာသေးခင်မှာ ကြဲလိုက်ရပါတယ်။ မိုးရွာနေတဲ့အချိန် မှာကြဲရင် လုံးဝမပေါက်ပါဘူး။ အစေ့ ကလေးတွေဟာ မိုးရေထဲမျောပါသွား နိုင်တာကြောင့်ပါ။ ကြဲပြီးပြီဆိုရင်လဲ ဘာမှပြန်လှည့်ကြည့် စရာမလိုတော့ပါ ဘူး။ ရိတ်သိမ်းရမယ့် အချိန်အထိ ပစ်ထားလိုက်လို့ရတဲ့ အပင်မျိုးပါ။
    အချို့လယ်သမားတွေဆို နွေရာ သီကတည်းက ထယ်လဲမထိုးဘဲ မြေ ကြီးအနှံ့ကို အစေ့တွေလိုက်ကြဲထား လိုက်ပါတော့တယ်။ မိကျောင်းကွမ်း ဖတ်ပင်ကလဲ အစေ့ကျရင် အပင် ပေါက်တဲ့မျိုးပါ။ ကြဲခင်းကမျိုးပင်ကို အဖျားပိုင်းကနေ ရှစ်လက်မလောက် ချိုးဖြတ်ယူပြီး စိုက်ခင်းမှာ ပြန်စိုက် ကြတာပါ။ စိုက်ပင်ကကြဲပင်ထက် အဖူးပိုများပြီး အစေ့ပိုထွက်တာ ကြောင့် စိုက်ပျိုးတဲ့အလုပ်ကို အလုပ် ပိုပေမယ့်လဲ စိုက်ခ အကုန်ခံလို့ စိုက်ပျိုးကြတာဖြစ်ပါတယ်။
    မြေပိုမရှိတဲ့ လယ်သမားတွေ ကတော့ မိမိတို့ပိုင်ဆိုင်တဲ့မြေမှာဘဲ ကိုယ်တိုင်ထယ်ထိုး၊ ကိုယ်တိုင်ထွန်၊ ကိုယ့်မျိုးကိုကိုယ့်ဟာကိုယ်ကြဲလို့ အပင်ဖြစ်လာတဲ့အခါမှာလဲ အပင်ရဲ့ အဖျားပိုင်းကနေ ၈ လက်မလောက်၊ ၉ လက်မလောက် ချိုးပြီး စိုက်ကွက် ဖော်ထားတဲ့နေရာတွေမှာ ကိုယ်တိုင် ပဲ စိုက်ပျိုးကြတော့ စိုက်ခမကုန် တော့ပါဘူး။ ကြဲခင်းကြတဲ့ လယ် သမားတွေအနေနဲ့ ကွက်တိ ကွက် ကျား ပေါက်လာတယ်ဆိုရင် အပင် ကိုချိုးပြီး ဖာစိုက် စိုက်ပေးရပါတယ်။ ဖာစိုက် စိုက်တဲ့အခါ ငှားစိုက်မယ် ဆိုရင် လေးတင်းဝင် ပီနံအိတ်ကြီး တစ်အိတ်ကို အပင် ၄ဝဝဝ အထိ ထည့်ပြီး တစ်အိပ်စိုက်ပျိုးခ ၁ဝဝဝ ကျပ်နှုန်းပေးပြီး အငှားစိုက်ကြပါ တယ်။ နုတ်ခလဲ တစ်အိတ်ကို ၁ဝဝဝ ကျပ်ပေးရတော့ နုတ်စိုက်ဆိုရင် တစ် အိတ်ကို ၂ဝဝဝ ကျပ် ကျပါတယ်။ လယ်ကြီးတစ်ကွက်ကို အပင် ၄ဝဝဝ ပါတဲ့ အိတ်ပေါင်း ရှစ်အိတ်၊ ဆယ်အိတ် ကုန်ပါတယ်။ စိပ်စိပ်စိုက်လေ အပင်ရေပိုကုန်လေပါဘဲ။ စိုက်သူအဖို့ ပိုအဆင်ပြေတဲ့သဘောပါပဲ။ အိတ်များ များ ကုန်လေ စိုက်သူက ပိုက်ဆံပိုရ လေမို့ပါပဲ။
    ၂ဝ၁၁ နွေရာသီရိတ်သိမ်းချိန်မှာ ရိတ်သိမ်းခအဖြစ် လယ်တစ်ကွက်ကို (လက်လံ ၄ဝ x ၄ဝ ပတ်လည်) အထူအပါးလိုက်ပြီး ဈေးနှုန်းသတ် မှတ်ပါတယ်။ အလွန်ထူတဲ့အကွက် ဆိုရင် ရိတ်ခ ၄ဝဝဝဝ ကျပ်၊ မထူ မပါးဆိုရင် ရိတ်ခ ၃ဝဝဝဝ ကျပ်၊ ပါးတယ်ဆိုရင် ၂ဝဝဝဝ ကျပ်၊ ပါးတဲ့အပြင် ကျဲနေမယ်၊ အကွက် လိုက် အကွက်လိုက် ပျက်နေမယ် ဆိုရင် ကျဲပါးလို့သတ်မှတ်ပြီး ရိတ်ခ ကို ၁၅ဝဝဝ ကျပ်ဆိုပြီး သတ်မှတ် ရိတ်ခိုင်းကြပါတယ်။ ရိတ်သူကလဲ ကြဲပါးအကန့်မျိုးကို ရိတ်မယ်ဆိုရင် လယ်တစ်ကွက် လူနှစ်ယောက် နှစ် ရက်တည်းနဲ့ပြီးနိုင်လေတော့ တွက်ခြေ ကိုက်တယ်လို့ဆိုရမှာပါ။ အလွန်ထူတဲ့ အကန့်မျိုးဆိုရင်တော့ လူနှစ်ယောက် ရိတ်မယ်ဆိုရင် ငါးရက်၊ ခြောက်ရက် လောက် ရိတ်ရပါတယ်။ မိကျောင်း ကွမ်းဖတ်ရိတ်ရတာ စပါးရိတ်ရတာနဲ့ မတူပါဘူး။ ရိတ်ပြီးသား အပင်ရဲ့ အရိုးဟာ လက်၊ ပေါင်၊ ဗိုက်စတဲ့နေ ရာတွေကို မကြာခဏဆိုသလို ထိုးမိ တတ်တာမို့ အဓိက မျက်စိမထိခိုက်ရ အောင် အထူးသတိထားပြီး ရိတ်ရပါ တယ်။ အထူးသဖြင့် မနက်ပိုင်းမှာ ရိတ်လို့ ကောင်းပြီး ညနေပိုင်းမှာ ရိတ်လို့ မကောင်းပြန်ပါဘူး။ နေပူရှိန်ကြောင့် အရိုးတွေဟာ မာကျောနေတာမို့ တံဇဉ် မတိုးဘဲ ဖြနေတတ်ပါတယ်။ ဒါ ကြောင့် မိကျောင်းကွမ်းဖတ်ရိတ်တဲ့ သူတွေဟာ မနက်ပိုင်းကို ဦးစားပေး ပြီး ရိတ်ကြတာများပါတယ်။
    ကြဲခင်းမဟုတ်တဲ့ စိုက်ခင်း အကန့်တွေဟာ များသောအားဖြင့် အပင်တိုတတ်ပါတယ်။ စိုက်ပျိုးချိန် နောက်ကျရင် အပင်တိုတတ်တာမို့ ရိတ်တဲ့အခါ ရိတ်သူအဖို့ ခက်ခဲပါ တယ်။ တံဇဉ်နဲ့ရိတ်လို့  အဆင်မပြေ လို့ လက်နဲ့ဆွဲပြီးနုတ်ကြရတာမျိုးတွေ လဲရှိပါတယ်။ နုတ်တာပဲဖြစ်စေ၊ ရိတ် တာပဲဖြစ်စေ၊ ရိတ်ပြီးတဲ့ မိကျောင်း ကွမ်းဖတ်တွေကို အစီးစီးရပါတယ်။ စီးတဲ့အခါ မြောက်ကြိမ် အရှည်လေး တောင်ထွာရှိတဲ့ ကြိုးနဲ့စီးရပါတယ်။ အဲဒီလိုစီးပြီးသား အထုံးကြီးတစ်ထုံး ကို စက်နဲ့ြေ>ွခမယ်ဆိုရင်ြေ>ွခခက ၃၅ဝ ကျပ်ကနေ ၄ဝဝ ကျပ် အထိပေးရပါ တယ်။ အချို့အကန့်တွေကို အထုံး ပြတ်နဲ့ ရိတ်ရတာမျိုးလဲရှိပါတယ်။ ရိတ်ခကို အထုံးတစ်ထုံးအတွက် ၂ဝဝ ကျပ်ပေးရပြီး သယ်ပို့ပေးရတဲ့ အခက ၅ဝ ကျပ်ပေးရတော့ အထုံး တစ်ထုံးကို စက်ြေ>ွခတဲ့နေရာအရောက် ၂၅ဝ ကျပ်ကုန်ကျပါတယ်။ အဲဒါက အထုံးပြတ်နဲ့ ရိတ်ရတဲ့အခါ ကုန်ကျ ရတဲ့စရိတ်ပါ။
    ၂ဝ၁ဝ ခုနှစ် မိုးရာသီမှာ စိုက်ပျိုး ပြီးစီးသွားတဲ့ မိကျောင်းကွမ်းဖတ်တွေ ကို ၂ဝ၁၁ ဖေဖော်ဝါရီလမှာ စရိတ်ကြ ပါတယ်။ ရိတ်သိမ်းနေတဲ့အချိန်မှာ တစ်ပိဿာရဲ့ ဈေးနှုန်းဟာ ၄ဝဝဝ ကျပ် ကနေစဖွင့်ပြီး ဝယ်ကြတာကို တွေ့ရပါတယ်။ အဝယ်ဒိုင်တွေကလဲ အလုအယက်ဆိုသလို ဝယ်ယူကြပါ တယ်။ အချို့ကုန်သည်တွေအနေနဲ့ ရွာပေါ်ကို တက်ရောင်းချတာကို မစောင့်တော့ဘဲ စက်လှေငှားပြီး ကွင်းတွေအထိ ဆင်းလို့ဝယ်ယူကြပါ တယ်။ ငွေလဲတစ်ခါတည်း အပြီးပေး ချေကြပါတယ်။ မရိတ်ရသေးတဲ့ အခင်းတွေကိုလဲ ခင်းပြတ်စနစ်နဲ့ ဝယ်ယူလာကြပါတယ်။ အလု အယက်ဝယ်ယူကြသလို ဈေးကလဲ အတက်မြန်လှပါတယ်။ ၄ဝဝဝ ကျပ်ကနေ လေး ငါးရက်အတွင်း ၄၅ဝဝ ကျပ်အထိ ခုန်တက်ပေးလို့ ဝယ်ကြပါတယ်။ နောက်ဆုံး ရိတ် သိမ်းပြီးသွားတဲ့အထိကို တစ်ပိဿာရဲ့ ဈေးနှုန်းဟာ ၆ဝဝဝ ကျပ် အထိ ဖြစ်သွားပါတယ်။ မျှော်လင့်မထားတဲ့ ဈေးနှုန်းတွေနဲ့ ရောင်းလိုက်ရလို့ လယ်သမားတော်တော်များများဟာ တင်ရှိနေတဲ့ သိန်းဆယ်ဂဏန်းနဲ့ချီတဲ့ြေ<ွကးတွေအကုန် ကျေကြတဲ့အပြင် ကျွဲမလုံလောက်တဲ့ လယ်သမားက ကျွဲဝယ်၊ ဟိုဟိုဒီဒီသွားလာနိုင်အောင် စက်လှေဝယ်တဲ့ လယ်သမားက စက်လှေဝယ်ကြနဲ့၊ အဲ့ဒီနှစ် မိကျောင်း ကွမ်းဖတ်ရာသီဟာ အရုပ်ဆိုးသူ လယ်သမားတို့ရဲ့ အောင်ပွဲတစ်ခုလို့ ဆိုရမှာပါ။ နှစ်ပေါင်းများစွာက လည် ပင်းအထိမြုပ်နေ တဲ့ ကြွေးတွေကို ဖယ်ရှင်းဖြုတ်ချပေးနိုင်ခဲ့တဲ့ မိကျောင်း ကွမ်းဖတ်ကို လာမယ့်နှစ် နွေရာသီ အတွက် အခုမိုးမှာ ကြီးကြီးကျယ် ကျယ် စိုက်ကြဖို့ကို အားထားနေကြပြီ ဖြစ်ပါတယ်။
    မိန်းမလှကျွန်းညိုကြီးရဲ့ အပေါ် မှာလဲ မိကျောင်းကွမ်းဖတ်ပင်တွေ အများအပြားရှိပါတယ်။ အဲ့ဒီကျွန်း ကြီးပေါ်ကို ထင်းခြောက်အမြဲ သွား ရောက်ခုတ်ယူနေသူတွေက ပြောပါ တယ်။ မိန်းမလှကျွန်းကြီးနဲ့ အလွန်  နီးစပ်တဲ့ ရွာတွေက ကျွန်းကြီးပေါ်က မိကျောင်းကွမ်းဖတ်တွေကို ရသလို ခုတ်ယူနုတ်ယူကြပြီး အစေ့ထုတ်ရောင်းနိုင်ခဲ့ကြလို့ ထင်းသမားတွေလဲ အတော်လေး အဆင်ပြေသွားခဲ့တယ် ဆိုတာကို ကျွန်းကြီးပေါ် အမြဲရောက် နေကြသူ ထင်းသမားတွေက ပြောပြ ပါတယ်။ အလေ့ကျပေါက်တဲ့ အပင် ဟာ စိုက်ပျိုးပင် ဘဝကို ပြောင်းလာတဲ့ အခါ အရင်ဆုံး ဘိုကလေးမြို့နယ်နဲ့ အမာမြို့နယ်တို့မှာ စပြီး စိုက်ပျိုးခဲ့ကြ ရာကနေ အခုတော့ မြစ်ဝကျွန်းပေါ် ဒေသကြီး တစ်ခုလုံးလိုလို စိုက်ပျိုး ကြတဲ့အပြင် ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်ကြီးတွေမှာအထိ စိုက်ပျိုးနေကြပါပြီ။ အဲ့ဒီလို ဒေသစုံ က စိုက်ပျိုးလာကြတဲ့ အတွက် ဒီနှစ် နွေရာသီ ရိတ်သိမ်းချိန်မှာ မျှော်လင့် ထားသလိုဖြစ်မလာကြတဲ့အတွက် မိကျောင်းကွမ်းဖတ် စိုက်ပျိုးသူတွေထံ ကစပြီး၊ ညည်းညူသံတွေ ကျယ် ကျယ်လောင်လောင် ကြားလာရပါ တယ်။ ဘာကြောင့်လဲဆိုတော့ ပိုးမ ကျဖူးတဲ့အပင်က ပိုးကျလာတာရယ်၊ ရိတ်သိမ်းနေစဉ် အချိန်မှာတစ်ပိဿာ ရဲ့ ဈေးနှုန်းဟာ ၂၂ဝဝ ကျပ်က စဖွင့် တာပါပဲ။ စိုက်ပျိုးထုတ်လုပ်တဲ့ လယ်သမား တွေက ယခင်နှစ်ကလို အဖွင့်ရဲ့ အထက်ကို ဆက်တက်လိမ့် ဦးမယ်လို့ မျှော်လင့်ပြီး ရိတ်သိမ်းတဲ့ အလုပ်ကိုသာ အမြန်ပြီးစီးဖို့ လုပ် ဆောင်ကြပါတယ်။ ဒါပေမယ့်လဲ ဈေးနှုန်းကတော့ ဆက်တက်တဲ့ဆီ မရောက်ဘဲ ကျတဲ့ဘက်ကို ဦးတည်နေ ပါတယ်။ ရာသီရဲ့အစမှာ အဝယ်ဒိုင် တွေက တစ်ပိဿာကို ၂၂ဝဝကျပ်က စဖွင့်ပြီး ဝယ်ရာကနေ ဆယ်ရက်ခန့် အကြာမှာ ၂ဝဝဝ ကျပ်ဖြစ်လာပါ တယ်။ နောက်တဖြည်းဖြည်းနဲ့ ဆင်းသွားလိုက်တာ ၁၆၅ဝ နဲ့ ရပ် တည်နေပါတယ်။ အမှန်တော့ မိကျောင်းကွမ်းဖတ်ဆိုတဲ့ သီးနှံဟာ စားသောက်ကုန်၊ လူသုံးကုန် ပစ္စည်း တစ်မျိုးမဟုတ်ပါဘူး။ ပြည်တွင်းမှာ လဲ အသုံးမတည့်လှပါဘူး။ ပြည်ပ တရုတ်ပြည်ဘက်ကို ပို့လွှတ် ရောင်းချရတဲ့ ကုန်ပစ္စည်းတစ်မျိုးပါ။ ရွှေလီ၊ ကြယ်ခေါင်အထိ သွားရောက် ရောင်းချဖို့ကလဲ အခက်အခဲ ဖြစ်နိုင် ပါတယ်။ မူဆယ်ကနေ တစ်ဆင့် သွားနေကြတဲ့ မြန်မာကုန်ပစ္စည်းတွေ ဟာ စားသောက်ကုန်ပစ္စည်းတွေ ဖြစ်ပါတယ်။ ဖရဲသီး၊ သရက်သီးနဲ့ ပုစွန်ခြောက်၊ ကဏန်းစတဲ့ ကုန်တွေ သာ အထွက်များတာပါ။ ဒီနှစ် အတွက် မိကျောင်းကွမ်းဖတ်အနေနဲ့ မူဆယ်ကနေထွက်တာ များများ စားစား မတွေ့ရပါဘူးလို့ မူဆယ်မြို့ကို ကဏန်းသွားရောင်းခဲ့တဲ့ ကဏန်း ကုန်သည်တစ်ဦး ပြောပြလို့ သိရပါ တယ်။
    အမှန်တော့ မူဆယ်၊ ရွှေလီ၊ ကြယ်ခေါင်က မိကျောင်းကွမ်းဖတ် အဝယ်တော်တွေနဲ့ ရန်ကုန်က အဝယ်တော်တွေက လိုအပ်တဲ့ ကုန်ချိန်လောက်ကိုသာ ဝယ်ယူဖို့ ဒေသခံ အဝယ်ဒိုင်လေးတွေကို ခိုင်းခဲ့ တာပါ။ ဈေးနှုန်းအနေနဲ့ပါ ပြုပြင် ရောင်းဝယ်စေခဲ့ကြတာပါ။ မိကျောင်း ကွမ်းဖတ်က မနှစ်က နွေဦးမှာ စိုက်ပျိုးဒေသအားလုံးရဲ့ ထွက်နှုန်းဟာ ပိဿာချိန် ဆယ်သိန်းလောက်ထိ ထွက်ခဲ့ပါတယ်။ မနှစ်က အမြတ် အစွန်းတွေ ပြင်းပြင်းထန်ထန် မြတ် လိုက်ကြတော့ ဒေသစုံမှာပါ လိုက်လံ စိုက်ပျိုးလာကြတာမို့ အထွက်နှုန်းတွေ အထူးပိုခဲ့ပါတယ်။ မြစ်ဝကျွန်းပေါ် ဒေသတစ်ခုထဲမှာ မနှစ်က ထွက်တဲ့ နှုန်းထက် အဆ သုံးဆယ်လောက် ပိုထွက်ခဲ့ပါတယ်။ မနှစ်က ပိဿာချိန် သိန်းပေါင်း ဆယ်သိန်းထွက်တယ်ဆို အခုနှစ် အဆ သုံးဆယ်ပိုတဲ့အတွက် ပိဿာချိန် သိန်းသုံးရာလောက်အထိ ထွက်ခဲ့ကြောင်းကို မိကျောင်း ကွမ်းဖတ် စိုက်ပျိုးသူလဲဖြစ်၊ အဝယ် ကုန်သည်တစ်ဦးလဲဖြစ်တဲ့ ဘောဂဝတီ ကျေးရွာအုပ်စုက ဦးအေးလွင်က ပြောပြပါတယ်။
    အခုဆိုရင် မိကျောင်းကွမ်းဖတ် တစ်ပိဿာကို ဒေသမှာ ၁၆ဝဝ ကျပ်နဲ့ ဈေးပိတ်နေပါပြီ။ ကုန်သည်ကြီးများရဲ့ လက်ထဲမှာရယ်၊ စိုက်ပျိုးထုတ်လုပ်သူ လယ်သမားကြီးတွေရဲ့ လက်ထဲမှာ ရယ် စုစုပေါင်း ပိဿာချိန် သိန်းနှစ်ရာ ဝန်းကျင်လောက် ကျန်ရှိနေဦးမယ် လို့ ကုန်သည် အသိုင်းအဝိုင်းက ဝေ ဖန်ပြောဆိုနေကြပါတယ်။ ကုန်သည် တွေရဲ့ ခန့်မှန်းချက်သာမှန်ခဲ့ ရင် နောက် သုံးနှစ်လောက် အထိ မိကျောင်း ကွမ်းဖတ် စိုက်ပျိုးတဲ့လုပ်ငန်းကို ရပ် ဆိုင်းထားရပါလိမ့်မယ်။ လက်ရှိတည် နေတဲ့ တစ်ပိဿာကို ၁၆ဝဝ ကျပ် ဆိုတဲ့ နှုန်းဟာလဲ ဝယ်သူမရှိဘဲ ဖြစ်နေပါပြီ။ ကျေးလက်ဒေသက နာဂစ်မုန်တိုင်းကြီးရဲ့ဒဏ်ကို ခံခဲ့ကြ ရတဲ့ လယ်သမားတွေ နဲ့ ဒေသခံဆင်း ရဲသား လက်လုပ်လက်စားတွေရဲ့ ဘဝ ကို ခေတ္တခဏ ကြည်နူးပီတိဖြစ်စေခဲ့ တဲ့ မိကျောင်းကွမ်းဖတ်ခေါ် ပင်လယ် နှမ်းဟာ ဈေးကွက်ထဲက အပြီးထွက် ခွာမှာတော့ မဟုတ်သေးပါဘူးလို့ ထင်မြင်မိ ပါတယ်ခင်ဗျား...။

တင်ဗညို(ဧရာ)
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: zaygwet1997@gmail.com Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.