2013-5-20
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
တင်မိုး၊ ပိတောက်မှသရဖီသို့
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... ၈၁၄
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ပြည်တွင်း စီးပွား
မော်ဒယ်လ်မြင့် Used Car တွေရဲ့အနာဂတ်

အစိုးရသစ်လက်ထက်မှာ ကား တင်သွင်းခွင့်ကို ယာဉ်အိုယာဉ်ဟောင်း အပ်နှံပြီး ကားသစ်တင်သွင်းခွင့်ရသူ တွေ၊ နိုင်ငံခြား သင်္ဘောလိုက်သူတွေ၊ နိုင်ငံခြားအလုပ်လုပ်သူတွေ၊ ပညာ တော်သင်ကျောင်းသားတွေ၊ ဟိုတယ် နှင့် ခရီးသွားလုပ်ငန်းလုပ်ကိုင်နေ ကြတဲ့ လုပ်ငန်းရှင်တွေနဲ့ ပို့ကုန်၊ သွင်းကုန် ကုမ္ပဏီတွေကိုသာ ပါမစ်နဲ့ ကား တင်သွင်းခွင့်ပြုခဲ့ပါတယ်။ အဲဒီနောက် တော့ ကားတင်သွင်းခွင့်ကို တစ်ဆင့် ချင်းတစ်ဆင့်ချင်း ဖွင့်ပေးခဲ့ပြီး အခု ဆိုရင် မေလ ၇ ရက်နေ့က တရားဝင် ထုတ်ပြန်လိုက်တဲ့ ကားတင်သွင်းခွင့် မူဝါဒကြောင့် နိုင်ငံသားတိုင်း ဘယ်သူ မဆို ၂ဝဝ၇ ခုနှစ်အထက် မော်တော် ယာဉ်တွေကို ပါမစ်မလိုပဲ တင်သွင်း ခွင့်ပြုလိုက်ရာက မြန်မာနိုင်ငံတွင်းကို မော်တော်ယာဉ်ပေါင်းစုံဟာ ပြိုဆင်း လာသလိုလို့ တင်စားရလောက်အောင် ဝင်ရောက် လာခဲ့ ပါပြီ။
    လုပ်ငန်းသုံးယာဉ်တွေ၊ အဝေး ပြေးခရီးသည်တင်ယာဉ်တွေ၊ ဘတ် (စ်)ကားတွေ၊ အိမ်စီးကားတွေ အား လုံးသော ကားတွေဟာ ပုံသဏ္ဌာန် အမျိုးမျိုး၊ အရွယ်အစား အစုံစုံနဲ့ကို လမ်းမတွေပေါ်မှာ ပြေးလွှားနေကြ သလို ကားရောင်းချကြတဲ့ Show Room အသီးသီးမှာလဲ ဝယ်ယူစီး နင်းနိုင်ရန် အသင့်အနေအထားနဲ့ နေရာယူထားကြပြီးပါပြီ။ နောက်ထပ် လဲ ဝင်ရောက်လာဖို့ရှိနေပါသေး တယ်။ တင်သွင်းလာကြတဲ့ကားတွေ ဟာ အကြမ်းဖျင်းအားဖြင့် လမ်း ကြောင်းသုံးခုလောက်နဲ့ ဝင်လာကြ တာပါ။ ပထမ လမ်းကြောင်း နိုင်ငံခြား ကုမ္ပဏီတစ်ခုက ပြည်တွင်းမှာပဲ ကားသစ်တွေကို ထုတ်လုပ်ဖြန့်ဖြူးတဲ့ လမ်းကြောင်း၊ ဒုတိယ လမ်းကြောင်း က ပြည်ပနိုင်ငံတစ်ခုခုမှာ အခြေစိုက် တဲ့ ကားထုတ်လုပ်ဖြန့်ဖြူးတဲ့ ကုမ္ပဏီ ဆီကနေ ကားအမျိုးအစားတစ်ခု တည်းကို ပြည်တွင်း ကုမ္ပဏီတစ်ခုက တစ်ဦးတည်း ကိုယ်စားလှယ်ရယူပြီး တင်သွင်းရောင်းချတဲ့လမ်းကြောင်းနဲ့ တတိယလမ်းကြောင်းကတော့ ပြည် တွင်းကုမ္ပဏီတွေက ကားအရောင်း စင်တာဖွင့်လှစ်ပြီး ဝယ်လိုအားများနိုင် တဲ့ ကားတွေကို တင်သွင်းရောင်းချ ကြတဲ့ လမ်းကြောင်းတွေနဲ့ ရောက်ရှိလာ ကြတာဖြစ်ပါတယ်။
    ပထမလမ်းကြောင်းနဲ့ ဒုတိယ လမ်းကြောင်းတို့ကနေ ဝင်ရောက်လာ ကြတဲ့ ကားအသစ်တွေအနေနဲ့ ရောင်း ချပြီးနောက်ပိုင်း ဝန်ဆောင်မှု- After Sale Service ကို စဉ်းစားဖို့မလို လောက်ပေမယ့် တတိယလမ်း ကြောင်းက ကားတွေအတွက်တော့ စဉ်းစား စရာတွေရှိလာခဲ့ပါတယ်။
    ပထမဆုံးစဉ်းစားရမှာက အဲဒီ ကားတွေအများစုဟာ အသစ်စက် စက် ကားတွေမဟုတ်ဘဲ မူရင်းနိုင်ငံ တွေမှာ အသုံးပြုပြီး သားကား Used Car  တွေ ဖြစ်နေကြတာပါပဲ။ အသုံး ပြုပြီးသားကားတွေ ဖြစ်ကြတဲ့အတွက် ကားတွေရဲ့နောက်ကြောင်း ရာဇဝင်ကို ပါ သိနိုင်ရင်ကောင်းပေမယ့် တင်သွင်း လာတဲ့ ကားတွေ လေလံအဆင့် သတ်မှတ်ရာမှာ ကားရဲ့မောင်းနှင်ပြီး ကီလိုမီတာ နဲ့ မျက်မြင်တွေ့ရတဲ့ အချက်အလက်တွေကိုသာ သိရှိရပြီး ကျန်အရေးကြီးတဲ့ အချက်အလက် တွေကို မသိရှိရတာပါ။
    ကားတစ်စီးချင်းစီရဲ့ အသေးစိတ် အချက်အလက်တွေကို ရောင်းချပေး တဲ့သူတွေ သိခွင့်ပေးသလောက်သာ ဝယ်ယူမယ့် သူတွေက သိရမှာပါ။ ဘယ်အချက်တွေကို ဖုံးကွယ်ပြီး ဘယ်အချက်တွေကို သူတို့က ပွင့်ပွင့် လင်းလင်းပြောပြနိုင်မှာ လဲဆိုတာလဲ ထည့်သွင်းစဉ်းစားရမှာပါ။ နောက် တစ်ချက်အနေနဲ့  ကားတွေ တည် ဆောက်ရာမှာ ပါဝင်တဲ့ ပစ္စည်းတွေ ဟာ အမျိုးမျိုးသော သတ္တုတွေနဲ့ ပြုလုပ်ထားကြတာမို့ တစ်ချိန်ချိန်မှာ ပျက်စီးနိုင်တယ်ဆိုတဲ့ အချက်ပါ။ နောက်ပိုင်းတင်သွင်းလာတဲ့ ကားတွေ ဆိုရင်
သုံးစွဲနေရင်း သုံးစွဲနေသူကို စိတ်ကျေနပ်မှုအမျိုးမျိုး ပေးနိုင်တဲ့ ပစ္စည်းတွေ များစွာပါဝင်လာပါတယ်။ ကောင်းတဲ့အချက်တွေပေမယ့် အဲဒီ ပစ္စည်းတွေဟာလဲ ပျက်စီးတတ်တဲ့ အရာတွေမို့ အဲဒီစက်ပစ္စည်းအစိတ် အပိုင်းတွေ ပျက်စီးခဲ့ရင်ဆိုတာကို ထည့်တွက်ရပါတော့ မယ်။ အထက် ကပြောခဲ့သလို ကားတွေများပြား သလောက် တံဆိပ်တစ်မျိုးတည်းနဲ့ ကားတစ်စီးမှာတောင် ကားပုံသဏ္ဌာန် အမျိုးမျိုးရှိသလို ပါဝင်တပ်ဆင်ထား တဲ့ စက်ပစ္စည်းတွေကလဲ အမျိုး မျိုးရှိကြမှာပါပဲ။
      ကားတစ်စီးချင်းစီရဲ့ မော်ဒယ် ကွာခြားသလို တပ်ဆင်သုံးစွဲထားတဲ့ စက်ပစ္စည်းအစိတ်အပိုင်းအချို့ကလဲ ကွဲပြားသွားကြပါတယ်။ တံဆိပ် တစ်မျိုးတည်းမှာတောင် ပါဝင်တဲ့ အစိတ်အပိုင်းတွေ ကွဲပြားနေပါတယ် ဆိုရင် အခုတင်သွင်းလာတဲ့ ကား အရေအတွက်နဲ့ ကားအမျိုးမျိုးမှာ ပါဝင်တဲ့ စက်ပစ္စည်းတွေ ဘယ် လောက်များ များပြားနေလိမ့်မလဲ။
      ကားတွေမှာ စက်ပစ္စည်း အစိတ် အပိုင်းတွေများစွာ ပါဝင်ပေမယ့် ဥပမာ တစ်ခုအနေနဲ့ ကားရဲ့ အဓိကအစိတ် အပိုင်း တစ်ခုဖြစ်တဲ့ အင်ဂျင်နဲ့ အဲဒီ အင်ဂျင်နဲ့ ဆက်စပ်နေတဲ့ အီလက်ထ ရောနစ်ကတ် - Electronic Cardတို့ကို ပဲ ပြောကြည့် ပါမယ်။ ဒီလိုပါ။ အင်ဂျင် တွေဟာ ကုမ္ပဏီတစ်ခုတည်းက ထုတ်လုပ်ကြတာတူပေမယ့် မော်ဒယ် နံပါတ်တစ်ခုပြောင်းလဲသွားတာနဲ့ပဲ စက် ပစ္စည်းတို့ရဲ့ ပုံသဏ္ဌာန်နဲ့ အတိုင်း အတာတို့ဟာ အနည်းငယ်စီ ကွဲပြား သွားတတ်ကြပါတယ်။ တချို့ အင်ဂျင်အစိတ်အပိုင်းတွေဟာ ပုံ သဏ္ဌာန်တူ၊ အတိုင်းအတာတူညီကြ လို့ တစ်ခုပျက်စီးသွားရင် အခြား တစ်ခုနဲ့ အစားထိုးအသုံးပြုလို့ရပေမယ့် အရေအတွက် အနည်းငယ်လောက်သာ အသုံးပြုလို့ရနိုင်တာပါ။ ပြုပြင်ပြီး အစားထိုးသုံးကြမယ်ဆိုရင်လဲ မူလအစိတ်အပိုင်းလောက်တော့ မကောင်းနိုင်ပါဘူး။ စက်ပစ္စည်းတွေကို အစားထိုးအသုံးပြုရာမှာမရှိ သုံးတော့သုံးလိုက်ကြတာပေါ့ဆိုတဲ့ အတွေးနဲ့ဖြစ်နေ တဲ့ ပြဿနာကို ဖြေရှင်းကြတာဟာ အလွန်အန္တရာယ် များတဲ့ဖြေရှင်းမှုမျိုးပါ။
    အင်ဂျင်နဲ့ဆက်စပ်တဲ့ အီလက် ထရောနစ်ကတ်တွေကလဲ ကွန်ပျူ တာနဲ့ချိတ်ဆက်ပြီးမှ အင်ဂျင်မှာဖြစ် ပျက်နေတဲ့ အခြေအနေတွေကို စစ် ဆေးကြရတာပါ။ အဲဒီကမှတစ်ဆင့် အင်ဂျင်မှာဖြစ်နေတဲ့ အပြစ်အနာအဆာ တွေကို ရှာဖွေပြီး ပြုပြင် စရာ ရှိတာကို ပြုပြင်ရတာပါ။ အဲဒီအီလက်ထရော နစ်ကတ်တွေကို စစ်ဆေးဖို့ကလဲ ကွန်ပျူတာရှိရုံနဲ့ အဆင်ပြေတာ မဟုတ်ဘဲ၊ ကွန်ပျူတာမှာ သက်ဆိုင် တဲ့ Software ထည့်သွင်းထားမှသာ ချိတ်ဆက်ပြီးသုံးစွဲလို့ရမှာဖြစ်ပါတယ်။
    ကားမှာပြဿနာတစ်ခုခုဖြစ်နေ ပြီဆိုရင် ဝန်ဆောင်မှုပေးတဲ့ ပညာရှင် က ကားမှာပါတဲ့ အီလက်ထရောနစ် ကတ်တွေကို ကွန်ပျူတာနဲ့ ချိတ်ဆက် ပြီး ပြစ်ချက်တွေကို ရှာဖွေရပါမယ်။ ပညာရှင်က စမ်းသပ်စစ်ဆေးလိုက်လို့ ပြစ်ချက်ကိုတွေ့ပါပြီ။ အဲဒီပြစ် ချက် ကလဲ စက်ပစ္စည်းအစိတ်အပိုင်း တစ်ခုကို အသစ်လဲလှယ်လိုက်မှ ကောင်းသွားမယ့် ပြစ်ချက်ဖြစ်နေရင် အဲဒီစက်ပစ္စည်းအသစ် ကို ဘယ်က ရရှိနိုင်မှာပါလဲ။ နောက်ပြီး အဲဒီ အင်ဂျင်နဲ့ ဆက်စပ်နေတဲ့ အီလက် ထရောနစ်ကတ်ကပါ တကယ်လို့ ပျက်စီးနေခဲ့ပြီ ဆိုပါရင် ဘယ်ကုမ္ပဏီ ကနေ ဝယ်ယူရရှိနိုင်မှာပါလဲ။ ဒါမှ မဟုတ် ဘယ်သို့သော Workshop ကနေ ရရှိနိုင်မှာပါလဲ။ ဘယ် ကား ရောင်းစင်တာကနေ တာဝန်ယူပြီး မူလထုတ်လုပ်တဲ့နိုင်ငံတွေဆီကနေ ဝယ်ယူပေးနိုင်ပါ့မလဲ။
     တင်သွင်းရောင်းချနေကြတဲ့ ကားဝန်ဆောင်မှုကုမ္ပဏီတွေအနေနဲ့ လဲ နိုင်ငံတကာစံချိန်မီကားတွေ ဖြစ်ပါ တယ်။ ဈေးနှုန်း အသက်သာ ဆုံးဖြစ်အောင် ဆောင်ရွက်ပေးနေ ပါတယ်။ ဝယ်ယူသူတို့ စိတ်တိုင်းကျ ဖြစ်စေပြီး အဆင်သင့် စီးနိုင်အောင် ဝန်ဆောင် မှုပေးနေပါတယ်ဆိုပြီး ရောင်းချနေကြတာထက် ရောင်းချပြီး နောက်ပိုင်းကားတွေရဲ့ ကြံ့ခိုင်မှု အတွက် ဝန်ဆောင် မှုတွေပေးနိုင်ရန် ဝယ်ယူသုံးစွဲကြသူတွေအတွက် စိတ်ကျေနပ်မှု ပိုပြီးရရှိနိုင်လိမ့်မယ် ထင်ပါတယ်။
       ရောင်းချပြီးနောက်ပိုင်း ဝန် ဆောင်မှုဆိုရာမှာလဲ ရေဆေး ဆီထိုးလုပ်ပေးရုံ၊ အင်ဂျင်ဝိုင်၊ ဂီယာ ဝိုင်၊ ကရောင်းဝိုင်တို့ကို လက်မှတ် စံချိန်များ ရှိ၊ မရှိ စစ်ဆေးပေးရုံ၊ ဖြည့်တင်းပေးရုံ၊ လေစစ်၊ ဆီစစ်၊ ဝိုင်စစ်နဲ့ အင်ဂျင်ဝိုင်တို့ လဲလှယ်ပေးရုံ ဝန် ဆောင်မှုတွေ သာမက မော်တော် ယာဉ်တွေ ရေရှည်ကြံ့ခိုင်မှုအတွက် မူလ ထုတ်လုပ်စဉ်က သတ်မှတ်ပေး ထားတဲ့ မောင်းနှင်ပြီး ကီလိုမီတာ အလိုက်  ပြုလုပ်ပေးရမယ့် လုပ်ငန်း တွေကိုပါ ကျွမ်းကျင်တဲ့သူတွေနဲ့ ဝန်ဆောင်မှု ကောင်းကောင်းပေးမယ် ဆိုရင် ရောင်းသူ ဝယ် သူနှစ်ဦးနှစ်ဖက် ဆက်ဆံရေးလဲ ရေရှည်ကောင်း မွန်နိုင်ပြီး ပိုပြီးသာလွန်ကောင်းမွန်တဲ့ စိတ်ကျေနပ်မှုတွေကို ခံစားရရှိကြပါ လိမ့်မယ်။

လူရင်အောင်ထိုက်
 
Untitled Document
Aung Kyaw Kyaw said...
Tuesday 3 July 2012, 8:31 am
ကောင်းမွန်တဲ့ data နဲ့ search တွေကိုလုပ်ပေးစေချင်ပါတယ်
kokyawzaw said...
Monday 20 August 2012, 10:31 am
မြန်မာ.ကားလောကမှာ ပွဲစားဆိုတဲ.အခွန်လွတ်လူတန်းစားတရပ် ပြောက်သွား မှမြန်မာပြည်ကကားရောဂါရှင်းရှင်းပြောက်မယ်KO KO ရေ.
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: zaygwet1997@gmail.com Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.