2013-5-13
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
ဈေးကွက်ဂျာနယ်နှင့် Reporter ဂျာနယ် ဒလမြို့နယ်သို့ သောက်ရေသန့် လှူဒါန်းမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... ၈၁၃
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ပြည်တွင်း စီးပွား
ကဘော်ချိုင့်ဝှမ်းမှ နှစ်ရှည်ပင် စိုက်ခင်းများ

အိန္ဒိယ - မြန်မာနယ်စပ် ကဘော်ချိုင့်ဝှမ်းဒေသ၊ တမူးမြို့နယ် တွင် ရှေးကမူ သရက်၊ လိမ္မော်၊ ရှောက်၊ သံပရာ၊ မာလကာ၊ ငှက် ပျော စသော အပင်မျိုးစုံ ဥယျာဉ်များ ကိုသာ စိုက်ပျိုးခဲ့ကြသည်။ ယခု အချိန်တွင် ဈေးကွက် လိုအပ်ချက် အရ  ရေရှည် အကျိုးများနိုင် သည့် နှစ်ရှည်  ပင်များ သီးသန့် စိုက်ပျိုးလာကြ  သည်ကိုတွေ့ရပါသည်။ အာရှ လမ်း မကြီးဘေး ဝဲ၊ ယာ တမူး- ကလေး မြို့ အကြားတွင် ရာဘာခြံများ၊ မျောက် ငိုသီးပင်ခြံများကို တွေ့ရသည်။ အာရှ လမ်းမကြီးဘေးဝဲယာအပြင် ကဘော် ချိုင့်ဝှမ်းဒေသ မြောက်ဘက်ပိုင်း တမူး -မင်းသာ-မြို့သစ်ကြားတွင်လည်း ရာဘာခြံများ၊ မျောက်ငို သီးပင်ခြံများ ကို တွေ့ရ သည်။ ထို့ပြင် နောက်ထပ် အရေးပါလာ၊ စိုက်ပျိုးလာသော နှစ်ရှည်ပင်တစ်မျိုးမှာ သစ်မွှေးပင်များ ဖြစ်ကြသည်။
    ရာဘာခြံကြီးများ ရာဘာခြံကြီးများမှာ စီမံကိန်းဝင် စက်မှုကုန်ကြမ်းနှစ်ရှည်ပင်ဖြစ်သဖြင့် ယခင်တပ်မတော်အစိုးရ လက်ထက် ကပင် တပ်ရင်း၊ တပ်ဖွဲ့များ၊ စီးပွား ရေးလုပ်ငန်းရှင်များ၊ ပုဂ္ဂလိက အသင်း အဖွဲ့များ၊ ကုမ္ပဏီများကို မြေနေရာ များပေး၍ စိုက်ပျိုးစေခဲ့သည်။ ထို့ကြောင့် ကလေး-တမူး မော်တော် ကားလမ်းဘေး ဝဲယာတစ်လျှောက် တွင် အရွယ်ရောက်နေပြီဖြစ်သော ရာဘာပင်များနှင့်အတူ ရာဘာခြံကြီး များကို တွေ့နေရပါသည်။ မကြာမီ ကာလအတွင်း အစေးထုတ် ယူနိုင် တော့မည့် အနေအထားရှိနေပါသည်။ ကဘော်ချိုင့်ဝှမ်းဒေသ၏ ထွက်ကုန် တစ်မျိုးဖြစ်လာပေတော့မည်။
     မျောက်ငိုသီးခြံများ မျောက်ငိုသီးသည် မဏိပူရ ပြည်နယ်သား ကသည်းလူမျိုးများ အလွန်ကြိုက်နှစ်သက်သော ဟင်း သီး တစ်မျိုးဖြစ်သည်။ မျောက်ငိုပင်  သည် အပင်ကြီးမျိုးဖြစ်သည်။ အကိုင်း ဆတ်သည်။ ထို့ကြောင့် ဤအပင် ကိုင်းများကို ခုန်တက် ခုန်ကူးသည့်အခါ အကိုင်းကျိုးကျတတ်သဖြင့်  မျောက်များပင် ငိုရသောကြောင့် မျောက်ငိုပင်ဟု ခေါ်ဝေါ်ရခြင်းဖြစ်ပါ သည်။ မျောက် ငိုသီးအစေ့သည် ဟင်း ချက်ရာတွင် ခါးသက်သက်နှင့် အနံ့ ဆိုးသော်လည်း တမူးဒေသခံများ ကြိုက်နှစ်သက်ကြပြီး ကသည်းလူ မျိုးများကမူ အလွန်ကြိုက်ကြပါ သည်။ ထို့ကြောင့်ကဘော်ချိုင့်ဝှမ်း ဒေသ တမူးမြို့နယ်တွင် မျောက်ငို ပင်များများပိုင်ဆိုင်သူ သည် မျောက်ငို သီးရာသီတွင် ငွေရွှင်ပါသည်။ မျောက် ငိုသီးကင်းစ အချိန်မှာပင် ပင်ပြတ် ဝယ်ယူလေ့ရှိပါသည်။ မျောက်ငိုသီး ရာသီ တွင် တမူးမြို့နယ်ထွက် မျောက် ငိုသီးများကိုသာမက ကလေး-ကလေးဝမှလည်းကောင်း လာရောက် ရောင်းချ ကြပါ သည်။ မျောက်ငိုသီး ရာသီချိန်တွင် နန်းဖာလုံနယ်စပ်ဈေး ၌ မျောက်ငိုသီး ဈေးတန်းကြီးမှာ  စည်ကားလျက်ရှိပါသည်။
    မျောက်ငိုပင်၏ မူရင်းဇာတိမြေ မှာ အာရှတိုက်နှင့် အာဖရိကတိုက် တို့ ဖြစ်ကြပြီး ယင်းမှတစ်ဆင့် ပျံ့နှံ့ သွားသည်ဟု သိရပါ သည်။ အမေရိ ကတိုက်အလယ်ပိုင်းနှင့် လွန်စွာ မဝေးကွာလှသော ဥရောပတိုက်တွင် လည်း တွေ့ရှိနိုင်ပါသည်။ စိန်ပန်းပင် မျိုးနွယ်ဖြစ်ပြီး စိန်ပန်းပင်ပေါက်  ရောက်ရာ နေရာအနှံ့ ပေါက်ရောက်  နိုင်ပါသည်။ မြန်မာနိုင်ငံတွင် စစ်ကိုင်း တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသ ကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ချင်း ပြည်နယ်အပါအဝင် မုတ်သုံသစ်တော ပေါက်ရောက် ရာ ဒေသများ တွင် ပေါက်ရောက်လျက်ရှိပါသည်။ စနယ် မြေ၊ နုန်းမြေနှင့်မြေနီတို့ကို နှစ်သက်ပြီး အပင်ခြေရင်းတွင် ရေဝပ်ခြင်းကို မနှစ် သက်ပါ။ Top Soil Sub Soil သုံးပေခန့်ရှိက ပိုမိုကောင်းမွန်နိုင်ပြီး တောင်စောင်းဒေသ များမှာ လည်း ပေါက်ရောက်နိုင်ပါသည်။ pH 5.5၅.၅ မှ ၆.၅ အကြား အပင်ကောင်းစွာ ဖြစ်ထွန်းပါသည်။
    မျောက်ငိုသီးကင်းစအချိန်တွင် အပင်ပြတ်ဝယ်ယူလေ့ရှိပြီး အပင် အကြီးအသေး၊ အသီးအနည်းအများ အပေါ်မူတည်ပြီး တစ်ပင်ကို ကျပ် ငါးသောင်း၊ ခြောက်သောင်းမှ တစ်သိန်းအထိပေးဝယ်ကြပါသည်။ မျောက်ငိုသီးပင်များကို ကဘော်ချိုင့် ဝှမ်းဒေသ တွင် ခြံကြီးများနှင့် စီးပွား ဖြစ်စိုက်ပျိုးနေကြသည်ကို တွေ့ရပါ သည်။ မျောက်ငိုပင်သည် စိုက်ပျိုးပြီး လေး၊ ငါးနှစ်အကြာတွင် အရွယ် ရောက်ပြီး အသီးစသီးပါသည်။ ၁ဝ နှစ်မှ အနှစ် ၂ဝ အတွင်း သီးအား အကောင်းဆုံးဖြစ်ပါသည်။
    မျောက်ငိုပင်သည် တစ်ပင်လုံး အသုံးဝင်ပါသည်။ သီးတောင့်အစိမ်း ကိုရော ရင့်မှည့်သီးခြောက်များကိုပါ အစေ့ထုတ်ပြီး ချက်ပြုတ်စားသောက်  နိုင်ပါသည်။ မျောက်ငိုရွက်အနုများ ကို ပြုတ်၍တို့စားနိုင်ပါသည်။  မျောက်ငိုရွက်မှာ နိုက်ထရိုဂျင်ဓာတ် ပါဝင်မှုများသဖြင့်  သဘာဝ မြေသြ ဇာ၊ သစ်စိမ်းမြေသြဇာ၊ သစ်ဆွေး မြေ သြဇာပြုလုပ်ပြီး စိုက်ပျိုးရေးတွင် အသုံးပြုနိုင်ပါသည်။ အဆောက်အအုံ နှင့် စိုက်ပျိုးရေး လုပ်ငန်းအတွက် လေကာပင်-ျွှငညိ မြနေု အဖြစ် လည်း အသုံးဝင်ပါသည်။ အပင်ကြီး မျိုးဖြစ်၍ ထင်းလောင်စာ ရရှိစေနိုင်ပါသည်။ မျောက်ငိုသားကို သေတ္တာ ကြမ်းနှင့် မီးခြစ်ဆံအဖြစ် အသုံးပြု နိုင်ပါသည်။ ဤသို့ ဘက်စုံအသုံး ဝင် သော မျောက်ငိုပင်များကို ခြံကြီးများ ဖြင့် စီးပွားဖြစ်စိုက်ပျိုးနေကြပါသည်။
သစ်မွှေးခြံများ
    ကဘော်ချိုင့်ဝှမ်းဒေသ၊ တမူးမြို့ နယ်သည် မြန်မာ့သစ်မွှေး ဈေးကွက် ၏ ပထမဆုံးလမ်းကြောင်းဖြစ်ခဲ့ပါ သည်။ ၁၉၆၉-၇ဝ ခုနှစ်ပတ်ဝန်း ကျင်လောက်တွင် အိန္ဒိယ-မြန်မာ နယ်စပ်၊ တမူးမြို့တွင် တစ်ဘက်နိုင်ငံ သို့ မှောင်ခိုသစ်မွှေးဈေးကွက် အလွန် ကြီးထွားခဲ့ပါသည်။ သစ်မွှေးနှင့် ကြီးပွားသွားကြသူများရှိခဲ့သလို  သစ်မွှေးဖြင့် ဘဝပျက်သွားသူများ လည်းတွေ့မြင်ခဲ့ရပါသည်။
    မြန်မာ့သစ်မွှေးသည် ယနေ့ ကာ လတွင်လည်း ရတနာသစ်တစ်မျိုး ဖြစ်နေပါသည်။ မြန်မာ့ သစ်မွှေးသည်  ကမ္ဘာ့ဈေးကွက် သို့ ခြေဆန့်နေပါ သည်။ တန်ဖိုးကြီးမားလှပါသည်။  ကမ္ဘာ့ပေါက်ဈေးမှာ အကောင်းဆုံး သစ်မွှေးအမျိုးအစားသည် တစ်ကီလို လျှင် အမေရိကန်ဒေါ်လာ ၂ဝဝဝဝ ခန့် အထိရှိပါသည်။
    သစ်မွှေးကို ယခင်က အကျော် ဟုလည်းခေါ်ဝေါ်ကြပါသည်။ သို့ သော်လည်း စီးပွားရေးလောကတွင်  သစ်မွှေးဟု သာကျော်ကြားထင်ရှားခဲ့ ပါသည်။ သစ်မွှေးသည် ဒက်ဖနီရေ မွှေးပန်းမျိုးနွယ် - Thymelaealeae မျိုးရင်းတစ်ခုဖြစ်ပြီး လွန်ခဲ့သော နှစ် ပေါင်း ၃ဝဝဝ ကျော်ကတည်းက ပင် အိန္ဒိယ နိုင်ငံရှိ ရှေးဟောင်း အာရီ ယာန်လူမျိုးများက စတင် အသုံးပြု ခဲ့ကြောင်း ခိုင်လုံသော အာယုဗေဒ  ဆေးကျမ်းအထောက်အထားများအရ သိရှိရပါသည်။ သစ်မွှေးကို လူမျိုး အသီးသီးက အမည် အမျိုးမျိုး  ခေါ်ဝေါ်ကြပါသည်။ သစ်မွှေးပင်သည် အမြင့်ပေ ၄ဝ ခန့်ရှိပြီး လုံးပတ် ၁ဝ ပေခန့်အထိ ရှိတတ်ပါသည်။ သစ်မွှေး အမျိုး အစား ၁၁ မျိုးရှိပါသည်။ သစ်မွှေးပင်ပေါက်ရောက်ရာဒေသ များမှာ အရှေ့တောင်အာရှနှင့် ပစိဖိတ်  ဒေသများဖြစ်ကြပါသည်။
    မြန်မာနိုင်ငံရှိ မည်သည့် နေရာ ဒေသမဆို သစ်မွှေးကို စနစ်တကျ  ပြုစုပျိုးထောင်စိုက်ပျိုးပါက ဖြစ်ထွန်း အောင်မြင်လျက်ရှိပြီး အကျိုးရလဒ်  ကြီးမားလှပါသည်။ သဘာဝ တော များတွင် ပေါက်ရောက်သော သစ်မွှေး ပင်များသည် ဆယ်ပင်လျှင် တစ်ပင် လောက်သာ သစ်မွှေးဆီရှိသည်။ ယခု အခါ ခေတ်မီနည်းအရ  အပင်တိုင်း ကို ဆေးသွင်းအဆီထုတ် ယူနိုင်သည် ဖြစ်၍ တိုင်းဒေသကြီး၊ ပြည်နယ် အသီးသီး၊ နိုင်ငံအနှံ့ စိုက်ပျိုးမှုများ ရှိနေကြပြီဖြစ်ပါသည်။ အထူးသဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်း တိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ကချင် ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် နေပြည် တော်တို့တွင် စီးပွားဖြစ် စိုက်ပျိုးနေ ကြပြီဖြစ်သည်။ အိန္ဒိယ-မြန်မာ နယ်စပ် ကဘော်ချိုင့်ဝှမ်းဒေသတွင် လည်း သစ်မွှေးပျိုးဥယျာဉ်တည် ထောင်၍ ပျိုးပင်များ ရောင်းချကာ စိုက်ပျိုးနေကြပြီဖြစ်ပါသည်။ ခုနစ်  နှစ်၊ ရှစ်နှစ်အကြာတွင် အကျိုးခံစား  နိုင်သည်ဖြစ်၍ အရှည်ကို မျှော်ကိုး  ကာ စီးပွားဖြစ် စိုက်ပျိုးနေကြပြီဖြစ် ပါသည်။
    ဤသို့ဖြင့် အိန္ဒိယ-မြန်မာ နယ်စပ် ကဘော်ချိုင့်ဝှမ်းဒေသ တမူး မြို့နယ်တွင် ရေရှည်အကျိုးများစေ မည့် နှစ်ရှည် ပင်များဖြစ်ကြသော စီမံကိန်းဝင် စက်မှုကုန်ကြမ်း ရာဘာ ခြံကြီးများ၊ မဏိပူရပြည်နယ်သား  ကသည်းလူမျိုးများ ကြိုက်နှစ်သက် ၍ ဈေးကွက်ရှိသော မျောက်ငိုပင်ခြံများ၊ ရတနာပင်ဟု တင်စားနိုင်သော သစ် မွှေးခြံကြီးများ တစ်ခြံပြီးတစ်ခြံ တိုး ပွားလျက် ပတ်ဝန်း ကျင် ထိန်းသိမ်း ရေးကိုလည်း အထောက်အကူပြုလျက် ရှိပါကြောင်း တင်ပြလိုက်ရပါသည်။

မောင်နွယ်သန်း
 
Untitled Document
minhtay said...
Tuesday 4 September 2012, 9:19 am
ရန်ကုန်ဘယ်မှာဝယ်လို့ရလဲ
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: zaygwet1997@gmail.com Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.