2013-5-20
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
ဖက်ဒရယ်အကြောင်း တိုင်းရင်းသားပြည်သူများ ပိုမိုနားလည်ရန် ရည်ရွယ်၍ ဖက်ဒရယ်ဂျာနယ် ပြည်တွင်းတွင် ပထမဦးဆုံး စတင်ထုတ်ဝေ
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... ၈၁၄
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ပြည်တွင်း စီးပွား
မြန်မာ့စီးပွားရေး ဦးမော့လာဖို့ သူတို့အမြင်

မြန်မာ့စီးပွားရေး ပြန်လည်ခေါင်း ထောင်ပြီး အရှေ့တောင်အာရှဒေသ တွင်း အောင်မြင်နေတဲ့ တခြားနိုင်ငံ များကိုမှီဖို့ မျိုးဆက်နဲ့ချီ အလုပ်လုပ်ရ ဦးမယ်လို့ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ အခြေစိုက်အာရှဖွံ့ဖြိုးရေးဘဏ်- Asian Development Bank-ADB ဥက္ကဋ္ဌ မစ္စတာစတိဗ်ဂရော့ဇ်က ပြောဆို လိုက်ပါတယ်။
    ADB က မကြာသေးမီက မြန်မာပြည်မှာ စီးပွားရေးလေ့လာမှုပြု လုပ်ခဲ့ပြီး စစ်တမ်းထုတ်ပြန်ချိန်မှာ သူက ဒီလိုပြော ဆိုလိုက်တာပါ။
    သမ္မတ ဦးသိန်းစိန် လက်ထက် စီးပွားရေးကဏ္ဍတွေကို ကနဦး လေ့လာဆန်းစစ်ချက်များ ပြုလုပ်ခဲ့ပြီး ထုတ်ပြန်ခဲ့တဲ့ စစ်တမ်းမှာ ADB က မြန်မာ့စီးပွားရေးမှာ အခရာကျတဲ့ စွမ်းအင်၊ လမ်းပန်းဆက်သွယ်ရေး၊ လယ်ယာစိုက်ပျိုးရေးကဏ္ဍတွေမှာ အားကောင်း   မောင်းသန် ဥပဒေများ အတည်ပြုစိုးမိုးရေးနဲ့ ကဏ္ဍအလိုက် အကောင်အထည်ဖော်မယ့် နည်းဗျူ ဟာအကြမ်းဖျဉ်းကို ရေးဆွဲဖို့ တိုက်တွန်းထားပါတယ်။
    ဒီတိုက်တွန်းပြောဆိုချက်ဟာ ယခုအပတ်မှာ ပြန်စတဲ့ လွှတ်တော် ညီလာခံများနဲ့ တိုက်ဆိုင်နေပြီး သုံးနှစ် အတွင်း စီးပွားရေး တိုးတက်နှုန်း သုံး ဆမြှင့်မယ်လို့ မကြာခင်က သမ္မတ ဦးသိန်းစိန်ပြောကြားချက်ရဲ့ နောက် ဆက်တွဲလည်းဖြစ်ပါတယ်။
    ''နှစ်စဉ်ပုံမှန် ၆ ရာခိုင်နှုန်း၊ ၇ ရာခိုင်နှုန်းနဲ့ တက်ခဲ့မယ်ဆိုရင်တောင် အခုထိုင်းနိုင်ငံရောက်နေတဲ့နေရာကို နှစ် ၃ဝ လောက် မြန်မာ ကလုပ်ရဦး မှာ''လို့ စတိဗ်ဂရော့က The Wall Street Journal သတင်းစာကိုပြောပါ တယ်။
    ပြီးခဲ့တဲ့သီတင်းပတ်ထဲမှာလေးရက်ကြာသွားခဲ့တဲ့ မြန်မာပြည်ခရီးစဉ်အတွင်းတွေ့ခဲ့ရတဲ့ပြုပြင်ပြောင်း လဲရေးဖြစ်စဉ် အပေါ်မြန်မာ အစိုးရရဲ့ စိတ်ဆုံးဖြတ်ချက်နဲ့ အရေး ထားမှုကြောင့် အားတတ်ရတယ်လို့ မစ္စတာစတိဗ်ဂရော့ဇ်က ဆိုပါသေးတယ်။
    ဒါပေမယ့် တိုင်းပြည်ဖွံ့ဖြိုးရေး မှာ လမ်းတံတားနဲ့ ပို့ဆောင်ဆက်သွယ် ရေး အခြေခံအဆောက်အအုံတွေ  ပျက်စီးဟောင်းနွမ်းနေမှု အားနည်း ချိနဲ့နေတဲ့လူမှုအဖွဲ့အစည်းစတဲ့ အဓိက ကျတဲ့ စိန်ခေါ်မှုတွေကို အမြန် ဖြေရှင်းဖို့ အရေးကြီးတယ်လို့ မစ္စ တာစတိဗ်ဂရော့ဇ် က ပြောပါတယ်။
    မစ္စတာစတိဗ်ဂရော့ဇ်ရဲ့ ခရီးစဉ် ဟာ ၁၉၈၈ နောက်ပိုင်း ဘဏ်အကြီး အကဲတစ်ယောက်အနေနဲ့ ပထမဦး ဆုံးဖြစ်ပြီး မြန်မာ ကတင်နေတဲ့ ချေး ငွေများပြန်ဆပ်ရေးနဲ့ ချေးငွေသစ်ပြန် ထုတ်နိုင်ရေး ဦးတည်စေမယ့် မြန်မာ့ စီးပွားရေး ကဏ္ဍတွေ ကို ကနဦးလေ့ လာသုံးသပ်မှုရဲ့ အဆုံးသတ်လည်း ဖြစ်ပါတယ်။
    လေ့လာတွေ့ရှိချက်ထဲမှာ မြန်မာ ပြည်ရဲ့မြို့ပြဝန်ဆောင်မှုလုပ်ငန်းတွေ ဟာ လက်ခံနိုင်မှု အဆင့်အတန်း ထက် အကြိမ်ကြိမ် နိမ့်ကျနေပြီး ပြည့်စုံ ကောင်းမွန်တဲ့ သုံးရေဖြန့်ဖြူးရေး၊ ရေဆိုးနုတ်ယူရေး၊ အမှိုက်သိမ်းယူရေး နဲ့ မိလ္လာစနစ်တွေမရှိဘူးလို့ ဆိုပါ တယ်။ ကုန်းလမ်းသယ်ယူပို့ဆောင် ရေးနဲ့ပတ်သက်ပြီးလည်း ဒေသ တလွှား ပျမ်းမျှနှုန်း လူတစ်ထောင်၊ လမ်း ၁၁ ကီလိုမှာ မြန်မာက ၂ ကီလိုနှုန်းပဲ အရှည်ရှိပါတယ်။ ကား သုံးစွဲမှုနှုန်းမှာလည်း လူတစ်ထောင်မှာ အင်ဒိုနီးရှားက ၂၅ဝ၊ ၃၇ဝ နဲ့ မြန်မာ က ၁၈ ပါ။
    ''မြန်မာပြည်က အရှေ့တောင် အာရှနိုင်ငံတွေလို မြို့ယဉ်ကျေးမှု ထွန်းကားတဲ့နိုင်ငံမဟုတ်သေးဘူး။ ဝန်ဆောင်မှုလုပ်ငန်းတွေ ပိုတိုးတက် ခေတ်မီလာအောင် ရင်းနှီးမြှုပ်နှံသူတွေ၊ ပုဂ္ဂလိကကဏ္ဍတွေက လုပ်ရမှာဖြစ် သလို အစိုးရမှာလည်း တာဝန်ရှိပါ တယ်''လို့ မစ္စတာစတိဗ်ဂရော့ဇ်က ပြောပါတယ်။
    ဆင်းရဲမွဲတေမှုနှုန်းဟာ တိုင်းရင်း သားနယ်မြေများမှာ အထူးမြင့်မားနေ တာကြောင့် မငြိမ်မသက်မှုတွေ ဖြစ်နေ ရပြီး ပြုပြင်ပြောင်း လဲရေးကို နောက်က ဆွဲထားသလို ဖြစ်နေတယ်လို့ ဘဏ် အစီအရင်ခံစာက ဆိုပါသေးတယ်။ အလုပ်လက်မဲ့နှုန်းနဲ့ လယ်ယာထွက် ကုန်နိမ့်ကျမှုတို့ကြောင့် ချင်းပြည်မှာ လူဦးရေ ၃ ပုံ ၂ ပုံ၊ ၊ ရှမ်းပြည်မှာ ၃ ပုံ ၁ ပုံဟာ အလွန်အမင်း ဆင်းရဲမွဲ တေနေရတယ်လို့လည်း သတိပေး ထားပါတယ်။
    ''တိုင်းနဲ့ပြည်နယ်တွေမှာ စီးပွား ရေးတိုးတက်မှုနဲ့ ဆင်းရဲမွဲတေမှု မညီ မျှမှုတွေကို ပြောကြရမှာပါ။ တခြား နိုင်ငံတွေမှာလိုပဲ မညီမျှမှုတွေက လူမျိုးရေးနဲ့ လူမှုရေးအဓိကရုဏ်းတွေ ဆီ ဦးလှည့်သွားပြီး တိုင်းပြည်တိုး တက်ရေးနောက်ကြောင်း ပြန်သွားနိုင် ပါတယ်''လို့ မစ္စတာစတိဗ်ဂရော့ဇ် က ပြောပါတယ်။
    လက်ရှိ ADB ဘဏ်ရဲ့အနေ အထားက ၁၉၈၈ ကတည်းက တင် နေတဲ့ကြွေးကျန် အမေရိကန်ဒေါ်လာ သန်း ၅ဝဝ ပြန်ဆပ်နိုင်ရေး၊ မြန်မာ့စီး ပွားရေးပြန်လည်တည်ဆောက်ရေးမှာ ချေးငွေသစ်ထည့်ဝင်ရေးတို့အထိ မရောက်သေးဘဲ ကနဦး အဆင့်သာ ရှိသေးကြောင်း မစ္စတာစတိဗ်ဂရော့ဇ် က ဆိုပါတယ်။
    ဒါပေမယ့် ဘဏ်ကနောက်ဆက်တွဲထောက်ပံ့မယ့် စီမံကိန်းတွေအတွက် ပိုမိုတိကျတဲ့ စာချုပ်စာတမ်းတွေချုပ် ဆိုတာတွေ နဲ့နောက်ဆုံးငွေ ထုတ်ချေးတာတွေ လိုက်လာပါလိမ့် မယ်လို့လည်း ဆိုပါတယ်။ ဘဏ်က ငွေထည့်ဝင်ဖို့ စိတ်ဝင်စားနေတာဟာ လမ်းတံတားအခြေခံအဆောက်အအုံ တွေမက ပညာရေးနဲ့ ကျန်းမာရေးမှာ ပါဖြစ်တယ်လို့ မစ္စတာစတိဗ်ဂရော့ဇ် က ဆိုပါသေးတယ်။
    ယခုထုတ်ပြန်တဲ့စာတမ်းမှာ လုပ်သားတွေရဲ့ ရပိုင်ခွင့်၊ အကာ အကွယ်မဲ့ ဖြစ်နေရတဲ့ သတ္တုတွင်းနဲ့ ကျောက်မျက် တွင်းတူး လုပ်ငန်းတွေ၊ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းတွေမှာ နည်းဥပဒေလုပ်ထုံးလုပ်နည်း အတိ အကျ ရေးဆွဲအတည်ပြုရေးကို လည်း ADB က တိုက်တွန်းထားကြောင်း လန်ဒန်ထုတ် Financial Times သတင်းစာက ဆိုပါတယ်။
    သတင်းစာအဆိုအရ ဂျပန်က အကြွေးဒေါ်လာ ၃.၇ ဘီလီယံ လျှော် ပေးလိုက်သလို ADB နဲ့ ကမ္ဘောဇ ဘဏ်မှာတင်နေ တဲ့ ဒေါ်လာသန်း ၈ဝဝ ကိုလည်း လျှော်နိုင်တယ်လို့ သံတမန်အသိုင်းအဝိုင်းက ခန့်မှန်း ပါတယ်။ ဒါပေမယ့် ကြွေးကျန်ကိစ္စ အမြန်ပြေလည်ရင်တောင် ငွေသစ် ထုတ်ချေးနိုင်ဖို့ တစ်နှစ်အချိန်ယူရလိမ့် မယ်လို့ မစ္စတာစတိဗ်ဂရော့ဇ်က ပြော ပါတယ်။
    ADB အနေနဲ့ ရန်ကုန်မှာ ရုံးတစ် ရုံးဖွင့်ထားပြီး သြဂုတ်လမှာလည်း ဘဏ်ရဲ့ကမ္ဘောဒီးယားနိုင်ငံဌာနေ ဒါရိုက်တာဦးစီးမယ့်ရုံး ကို နေပြည် တော်မှာ ဖွင့်ပါလိမ့်မယ်။

နေသူရိန်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: zaygwet1997@gmail.com Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.