2013-5-20
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
ဖက်ဒရယ်အကြောင်း တိုင်းရင်းသားပြည်သူများ ပိုမိုနားလည်ရန် ရည်ရွယ်၍ ဖက်ဒရယ်ဂျာနယ် ပြည်တွင်းတွင် ပထမဦးဆုံး စတင်ထုတ်ဝေ
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... ၈၁၄
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ပြည်တွင်း စီးပွား
ပြည်ပကုမ္ပဏီများကို ၁ဝဝ ရာခိုင်နှုန်းမြှုပ်နှံခွင့်ပေးပါကပြည်တွင်းလုပ်ငန်းများ ထိခိုက်နိုင်

မြန်မာနိုင်ငံ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေတွင် ပြည်ပမှ လာရောက်ရင်းနှီး မြှုပ်နှံမည့်လုပ်ငန်းရှင်ကုမ္ပဏီများကို ရင်းနှီးမြှုပ်နှံမှု ၁ဝဝ ရာခိုင်နှုန်းပေးပါက ပြည်တွင်းတိုင်းရင်းသား လုပ်ငန်းရှင်များ ယှဉ်ပြိုင်မှုတွင် အခက်အခဲများစွာနှင့် ရင်ဆိုင်ရပြီး အခွင့်အလမ်း များ ပျောက်ပျက်သွားနိုင်ကြောင်း ပြည်တွင်းလုပ်ငန်းရှင်များက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းထံ တင်ပြခဲ့ကြောင်း သိရ သည်။
    ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ MICT ခန်းမ၌ ဇွန်လ ၃ဝ ရက်နေ့က တင်ပြသောအစည်းအဝေး၌ မြန်မာနိုင်ငံ စားသောက် ကုန်ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း ဒုဥက္ကဋ္ဌ ဦးဝေဖြိုးက ''နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများဟာ ပင်ကိုငွေကြေး အလွန်တောင့် တင်းပြီး နေရာမျိုးစုံကနေ ချေးငွေ၊ ထောက်ပံ့ငွေတွေကို ဈေးနှုန်းအလွန်ချိုသာစွာနဲ့ ရရှိနိုင်ပါ တယ်။ ပြည်တွင်း လုပ်ငန်းရှင် များအနေ နဲ့ ငွေကြေးကဏ္ဍ အလွန်နည်းပါတယ်''ဟု ပြောသည်။
    နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများသည် တခြားနိုင်ငံများတွင်လည်း လုပ်ငန်းများရှိသည့်အတွက် ဈေးကွက်တစ်ခုတည်း အားကိုးရန်မလို အပ်ဘဲ ထုတ်ကုန်များအား ကမ္ဘာတစ်ဝန်း ဖြန့်ချိရောင်းချနိုင်စွမ်းရှိပြီး ပြည်တွင်းလုပ်ငန်းရှင်များသည် ပြည်တွင်းဈေးကွက်ကိုသာ အဓိကအသက်သွေးကြောအနေဖြင့် အားကိုးရှင်သန်နေရကြောင်း အစည်းအဝေးတွင် တင်ပြသည်ဟုသိရသည်။
    မြန်မာနိုင်ငံတွင် အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်းများ လက်ရှိကြုံတွေ့နေရသည့် အခက်အခဲများကို မြန်မာနိုင်ငံ SMEs မှ ဦးခင်ဇော်က ''ကျွန်တော်တို့ SMEs တွေဟာ အားငယ်ပြီးတော့ သိမ်ငယ်နေစရာမလိုပါဘူး။ SMEs အတွက် မြန်မာနိုင်ငံသည် ကုန်းဘောင်ခေတ်ကတည်းကစခဲ့တဲ့အတွက် ကျွန်တော်တို့လူမျိုးတွေသည် စက်မှု လက်မှုနှင့် ပတ်သက်တဲ့နေရာ မှာ နောက် မကျ ဘူး။ မြန်မာနိုင်ငံသည် SMEs နဲ့ ပတ်သက်ရင် ရေခံမြေခံကောင်းတဲ့နိုင်ငံ တစ်ခုလို့နှိုးဆော်လို့ရပါတယ်။ ကျွန်တော်တို့ SMEs တွေ ဟာ နိုင်ငံတစ်နိုင်ငံရဲ့ စီးပွားဖွံ့ဖြိုးမှုအတွက် မီးရထားစက်ခေါင်း ပါ''ဟု သူရဦးရွှေမန်းသို့ တင်ပြခဲ့သည်။
    မြန်မာနိုင်ငံရှိ SMEs များ လက်ရှိကြုံတွေ့နေရသည့် မူဝါဒအခက်အခဲသည် လုပ်ထုံးလုပ်နည်းများနေခြင်း၊ စိစစ်ခွင့်ပြု ချိန်ကြာသည့်အတွက် အခွင့်အလမ်းများဆုံးရှုံးခြင်း၊ မလိုအပ်သော ကုန်ကျစရိတ်များနေခြင်း၊ မူဝါဒများ မကြာခဏပြောင်းလဲခြင်း တို့ဖြစ်ကြောင်း ဦးခင်ဇော်ကပြောသည်။
    ပြည်ပနိုင်ငံများမှ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု FDI များ ဝင်ရောက်လာပါက ရရှိနိုင်သည့် အားသာချက်များမှာ ရင်းနှီးမြှုပ်နှံမှု တိုးတက်လာခြင်း၊ ပြည်တွင်း ထုတ်ကုန်ပစ္စည်းအမယ် ပိုမိုများပြားလာနိုင်ခြင်း၊ ပြည်တွင်းကုန်ကြမ်းများ ပိုမိုအသုံးချလာနိုင်ခြင်း၊ ရင်းနှီးမြှုပ်နှံမှုနည်းပညာအသစ်များ ရရှိလာနိုင်ခြင်း၊ ပို့ကုန်များတိုးတက်လာနိုင်ခြင်း၊ နိုင်ငံတော် အနေဖြင့် အခွန်အခများ ပိုမို ရရှိနိုင်ခြင်း၊ အလုပ်အကိုင်အခွင့်အလမ်း ပိုမိုရရှိနိုင်ခြင်းတို့ဖြစ်ကြောင်း ဦးဝေဖြိုးက တင်ပြသည်။
    ထို့အပြင် အားနည်းချက်များမှာ နိုင်ငံခြားမှ ရင်းနှီးမြှုပ်နှံသူများ၏ အခွင့်အရေးသည် ပြည်တွင်းလုပ်ငန်းရှင်များထက် ပိုမို သာလွန် ပါက ယှဉ်ပြိုင်သည့်အခါတွင် ပြည်တွင်းလုပ်ငန်းများ ရှုံးနိမ့်ပပျောက်သွားနိုင်ခြင်း၊ အကြောင်းအမျိုးမျိုးပြ၍ ပြည်ပမှ ကုန်ကြမ်းများကို အများစုတင်သွင်းအသုံးချခြင်းဖြင့် ပြည်တွင်း၌ အလုပ်အကိုင်အခွင့်အရေးများ မတိုးတက်လာ ခြင်း၊ လူအားအစား စက်များအသုံး ချခြင်းဖြင့် ပြည်သူများအတွက် အလုပ်အကိုင်အခွင့်အရေး ဆုတ်ယုတ်သွားနိုင်ခြင်း၊ ရာနှုန်းပြည့် နိုင်ငံခြားသားပိုင်ဆိုင်ခွင့်ပြုခြင်းနှင့် စီးပွားရေးကဏ္ဍတွင် အကန့်အသတ်မရှိ ပါဝင်လုပ်ဆောင်ခွင့်ပြုပါက ယှဉ်ပြိုင်မှုသဘော သဘာဝအရ ခွန်အားနည်း သည့် ပြည်တွင်း စားသောက်ကုန် လုပ်ငန်းအများစု ပပျောက်သွားနိုင်မည် ဖြစ်ကြောင်းလည်း ဦးဝေဖြိုးက အစည်းအဝေးတွင် တင်ပြခဲ့ သည် ဟုသိရ သည်။
    သူရဦးရွှေမန်းက ပြန်လည်ဆွေးနွေးရာတွင် ''လုပ်ငန်းရှင်စီးပွားရေးသမားတွေ အခုလောက်အမြော်အမြင် ရှိလောက်ပြီ ဆိုရင် မြန်မာနိုင်ငံ ကုန်သည်ကြီးအသင်း အောက်မှာရှိနေတဲ့အတွက် ပိုကောင်းအောင်လုပ်မယ်ဆိုရင် အကျိုးသက်ရောက်မှု ရှိပါ တယ်။ ကိုယ့်အလုပ်ကဘာလဲဆိုရင် အသင်းကိုတာဝန်ခံထားရင် အသင်းဥက္ကဋ္ဌတွေ၊ အမှုဆောင်တွေကပြောရမှာ ကိုယ့်အလုပ်။ ကျန်တဲ့ဌာနတွေမှာရှိတဲ့ ပုဂ္ဂိုလ်များဟာလည်း ကိုယ်နဲ့သက်ဆိုင်ရာကို ပြောရမှာကိုယ့်အလုပ်။ နားထောင်တာ နားမထောင်တာသူ့ အလုပ်။ လုပ်ငန်းရှင်တွေဘက်ကလည်း အမှန်တရားကို ရဲရဲဝံ့ဝံ့မှန်မှန်ကန်ကန် တင်ပြဖို့လိုတယ်''ဟုပြောသည်။
    တိုင်းဒေသကြီးလက်အောက်တွင် ဖြေရှင်းနိုင်သည်များကို တိုင်းဒေသကြီးအဆင့်တွင် ဖြေရှင်းသင့်ကြောင်း၊ ပင်လယ်စာ လုပ်ငန်းအအေးခန်းများ မီးမရသည့်ကိစ္စမျိုးကို တိုင်းအဆင့်တွင် ဖြေရှင်း၍ရနိုင်ကြောင်း၊ လွှတ်တော်အထိ တက်ရန်မလိုကြောင်း၊ လွှတ်တော်တွင် ဖြေရှင်းရမည့်ကိစ္စများကို လွှတ်တော်တွင် တင်ပေးမည်ဖြစ်ကြောင်း သူရဦးရွှေမန်း က ဆက်လက်ပြောသည်။
    ပြည်တွင်း၌ မှတ်ပုံတင်ထားသည့် စက်မှုလုပ်ငန်း ၄၄ဝဝဝ ခန့်ရှိပြီး အကြီးစားလုပ်ငန်း ၉ ရာခိုင်နှုန်း၊ အလတ်စားလုပ်ငန်း ၁၆ ရာခိုင်နှုန်း၊ အသေးစားလုပ်ငန်း ၇၅ ရာခိုင်နှုန်းရှိကြောင်း၊ စုစုပေါင်းစက်မှုလုပ်ငန်းများ၏ ၆၅ ရာခိုင်နှုန်းသည် စားသောက်ကုန် လုပ်ငန်း များဖြစ်ကြောင်း၊ စားသောက်ကုန်လုပ်ငန်းများသည် ရင်းနှီးမြှုပ်နှံမှုနှင့် နည်းပညာလိုအပ်ချက် အသင့်အတင့်သာ ရှိခြင်းနှင့် ပြည်တွင်း မှကုန်ကြမ်းများ အလွယ်တကူရရှိနိုင်ခြင်းတို့ကြောင့် အနာဂတ်တွင် အလားအလာအလွန်ကောင်းသည့် ကဏ္ဍတစ်ခုဖြစ်ကြောင်း သိရသည်။

MKS
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: zaygwet1997@gmail.com Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.