2013-5-13
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
ဈေးကွက်ဂျာနယ်နှင့် Reporter ဂျာနယ် ဒလမြို့နယ်သို့ သောက်ရေသန့် လှူဒါန်းမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... ၈၁၃
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ပြည်တွင်း စီးပွား
စစ်တွေအိမ်ခြံမြေဈေး ဆက်လက်ကျဆင်းနေ

ရခိုင်ပြည်နယ် စစ်တွေမြို့၏ အိမ်ခြံမြေဈေးများမှာ ဆက်လက် ကျဆင်းနေဆဲဖြစ်ကြောင်း စစ်တွေအိမ်ခြံမြေ အကျိုးဆောင်များထံမှ သိရသည်။ စစ်တွေ အိမ်ခြံမြေဈေးများမှာ ဆူပူအကြမ်းဖက်မှုများ ဖြစ်ပွား ခဲ့ပြီးသည့်နောက်ပိုင်းမှ စတင်၍ အကျဘက်သို့ ဦးတည်နေ ခဲ့ခြင်းဖြစ်ပြီး ဇန်နဝါရီလ နောက်ဆုံးပတ်အထိလည်း အကျဘက်တွင်သာ ဆက်လက် ရပ်တည်လျက်ရှိကြောင်း သိရသည်။
''ဆူပူအကြမ်းဖက်မှုတွေ ဖြစ်ပြီးကတည်းကနေ ခုလို ဈေးကျ သွားတာ။ အကြမ်းဖက်မှုတွေ ဖြစ်ပြီးတဲ့နောက် အိမ်ခြံမြေတွေ ဝယ်မယ့် သူတွေဆိုလည်း အရေးအခင်းကြောင့် ဒီမှာ မဝယ်ချင်ကြတော့ဘူးလေ။ တချို့ဆို ရန်ကုန်မှာပဲ ဝယ်ကြတော့တယ်။ ခု စစ်တွေ မှာ ဈေးအမြင့်ကြီး တွေကတော့ လမ်းမကြီးဘက်မှာပဲ ရှိတယ်။ အများဆုံးကတော့ သိန်း ထောင့်ငါးရာ၊ နှစ်ထောင်၊ နှစ်ထောင် အထက်ပေါ့လေ။ ဈေးနည်းနည်းနဲ့ လိုချင်ရင်တော့ တခြားရပ်ကွက်တွေမှာသာ ရှိတယ်။ ဥပမာ- ဆင်ကူး လမ်း၊ ရွာကြီးမြောက်ဘက် တို့ပေါ့'' ဟု အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက ဆိုသည်။
မြန်မာ-အိန္ဒိယနှစ်နိုင်ငံ ကုန်စည်ကူးသန်းရောင်းဝယ်ရန်အတွက် စစ်တွေမြို့တွင် ပင်လယ်ကူးဆိပ်ကမ်းတစ်ခုကို တည်ဆောက် လျက် ရှိရာ ယင်းဆိပ်ကမ်းကို များမကြာမီ အသုံးပြုနိုင်တော့မည်ဖြစ်ပြီး ထိုဆိပ်ကမ်း တည်ဆောက်ပြီးစီးပါက စစ်တွေမြို့သည် ရခိုင်ပြည် နယ်အတွင်း စီးပွားရေး အချက်အချာကျသည့် မြို့တစ်မြို့ ဖြစ်လာမည်ဖြစ်သည့်အပြင် စီးပွားရေးလုပ်ငန်းရှင်များ စိတ်ဝင်စားရာ မြို့တစ်မြို့လည်း ဖြစ်လာမည်ဖြစ်သည်။ ထို့ကြောင့် စစ်တွေ အိမ်ခြံမြေဈေးများမှာ ၂ဝ၁၂ ခုနှစ်၊ ဧပြီလအထိ သာမန်လူများ လိုက်မမီ သည့် ဈေးနှုန်းသို့ ရောက်ရှိခဲ့ ပြီး လမ်းမတော်၊ ဆင်ကူးလမ်းကဲ့သို့ ရပ်ကွက်များတွင် မြေကွက်ဈေးနှုန်း များမှာ သိန်းတစ်ရာ့ ငါးဆယ်နှင့် အထက်ရှိနေပြီး မြို့လယ်ရပ်ကွက်များ ဖြစ်သည့် ကျေးပင်ကြီး၊ အိုးတန်း၊ မောလိပ်၊ ကျောင်းတက်လမ်းကဲ့သို့ ရပ်ကွက် များတွင် ပေ ၄ဝ x ပေ ၆ဝ တစ်ကွက်လျှင် ကျပ် သိန်းငါးရာမှ အထက်ရှိခဲ့ကြောင်း သိရသည်။ သို့ရာတွင် ၂ဝ၁၂ ခုနှစ်၊ မေလ အကုန် ဇွန်လဆန်းပိုင်းမှ စတင်ကာ ဖြစ်ပွားခဲ့သည့် အရေးအခင်းများကြောင့် စစ်တွေအိမ်ခြံမြေဈေးများ ထိုးကျသွားခဲ့သည်မှာ ယခုအချိန်ထိ ဖြစ်သည်။ ''ဈေးကကျပြီး တက်လည်းမတက်ဘူး။ ငြိမ်နေတယ်။ တချို့ စီးပွားရေး သမားတွေကပဲ လာပြီးစုံစမ်းတဲ့ သဘောမျိုးရှိတယ်။ မိသားစုတွေ လာပြီး တော့ ဝယ်မယ်၊ ပြုမယ်ဆိုပြီး စုံစမ်းတာတော့ နည်းသွားတယ်။ စစ်တွေမှာ အိမ်တွေ ဘာတွေ ဝယ်ဖို့ကို အရေးအခင်းဖြစ်ခဲ့တဲ့အတွက်ကြောင့် သိပ် စိတ်မဝင်စားကြတော့ဘူး'' ဟု အိမ်ခြံမြေ အကျိုးဆောင် နောက် တစ်ဦးက လည်း ပြောပြသည်။        

ဆြာကု
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: zaygwet1997@gmail.com Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.