"ကျွန်တော်တို့ဘဏ်ကို ဆန်ရှင်လုပ်ခြင်းက ကျွန်တော်တို့အပေါ်မှာ တိုက်ရိုက်သက်ရောက်မှု ဘာမှမရှိဘူး"
လွန်ခဲ့သည့် ၂ဝ၁ဝ ပြည့်နှစ် သြဂုတ်လအတွင်း စတင် တည်ထောင်ခဲ့သည့် အာရှစိမ်း လန်းဖွံ့ဖြိုးရေးဘဏ်သည် သက် တမ်းနှစ်နှစ်ကျော်အတွင်း တစ်ဦးတည်းပိုင်မှ အများပိုင်ဘဏ်အဖြစ် သို့ ပြောင်းလဲဖွဲ့စည်းတော့မည်ဖြစ် ကြောင်း တရားဝင် သတင်း ထုတ် ပြန်လိုက်သည်။ ထိုကဲ့သို့ အများ ပိုင်ဘဏ်အဖြစ်သို့ ပြောင်းလဲရန် မည်ကဲ့သို့ ပြင်ဆင်လုပ်ဆောင်နေ သည်၊ မည်သည့် အတွက်ကြောင့် ပြုလုပ်ရသည်စသည့်အကြောင်းအရာများနှင့် ပတ်သက်၍ ယင်းဘဏ်၏ အုပ်ချုပ်မှုဒါရိုက်တာ ဦး ရဲမင်းဦး နှင့် ဈေး ကွက် ဂျာနယ်မှ ဇန် နဝါရီ ၂၃ ရက်နေ့တွင် သွား ရောက်တွေ့ဆုံ မေးမြန်းထားသည် များကို ပြန်လည်ဖော်ပြလိုက်ပါ သည်။
ပထမဦးဆုံး အစ်ကိုတို့ ဘဏ်ကို အများပိုင်ဘဏ်အဖြစ် ပြောင်းလဲ ဖို့ ပြင်ဆင်နေတဲ့ အခြေအနေ လေးကို ရှင်းပြပေး ပါ။
အများပိုင် လုပ်တယ် ဆိုတာက ကုမ္ပဏီတွေ အများပိုင် လုပ်တာနဲ့ ဘဏ်တွေ အများပိုင်လုပ်တာ မတူဘူး။ ကုမ္ပဏီတွေ အများပိုင် လုပ်တယ်ဆိုရင် လုပ်လက်စ အလုပ်ကို ရပ်ပေးရတယ်။ ပြီးတော့ ကုမ္ပဏီ မှတ်ပုံတင်ကို တင်ပြရတယ်။ မှတ် ပုံတင် နံပါတ် ပြန်ချပေးရင် အများ ပိုင်ကုမ္ပဏီ ဖြစ်တယ်။ ဘဏ်လုပ်ငန်းကျတော့ ရပ်ပေးလို့မရဘူး။ တောက်လျှောက်သွားနေတာ။ ဘဏ်တွေ ကို အများပိုင်လုပ်ကြတဲ့ အခါ ပထမဦးဆုံး ဗဟိုဘဏ်ကို တင်ပြရတယ်။ ဗဟိုဘဏ်ကနေ ပြောင်းလဲသင့်၊ မပြောင်းလဲ သင့် ဆုံးဖြတ်ပေး တယ်။ ကျွန်တော်တို့ အများပိုင် ပြောင်းဖို့ ပြင်နေတာက တော့ တစ်နှစ်ရှိပြီ။ လိုအပ်တာတွေ လုပ်တယ်၊ ပြင် ဆင်တယ်။ လုံလောက်ပြီဆိုတော့မှ ပြီးခဲ့တဲ့ဒီဇင်ဘာမှာ ဗဟိုဘဏ်ကိုတင်ပြတယ်။ ဗဟိုဘဏ်က ဒီဇင်ဘာထဲမှာပဲ ခွင့်ပြုချက်ပြန်ပေး တယ်။ လုပ်ငန်း ရပ်စရာ မလိုဘူး။ ဗဟိုဘဏ်က ခွင့်ပြုချက် စာရွက်နဲ့ ကုမ္ပဏီမှတ် ပုံတင်ရုံးကို တင်လိုက်တာပေါ့။ သူ က ထပ်ပြီး စစ်မယ်။ အများပိုင် ကုမ္ပဏီ ပြောင်းသင့်၊ မပြောင်းသင့်ကို အားလုံးစစ်ပြီး စိတ်ချရပြီဆိုရင် သူတို့ဘဏ်က မှတ်ပုံတင်နံပါတ်မှာ ပုဂ္ဂလိက တစ်ဦး ပိုင်ကနေ အများပိုင် ပြောင်းပေးလိုက်မှာ။ မှတ် ပုံတင်စာရွက်ပေါ်မှာပဲ ပြောင်းပေး တာ။ ကျန်တာ ဘာမှမပြောင်းပေး ဘူး။ ဒါက ပထမ အဆင့်ပါ။
အစ်ကိုတို့ AGD ဘဏ်ကို အများ ပိုင်ဘဏ်အဖြစ် ပြောင်းရတဲ့ အဓိ ကရည်ရွယ်ချက်ကိုလည်း သိပါရ စေ။
ပြောင်းရတဲ့ ရည်ရွယ်ချက် သုံးခု ရှိပါတယ်။ ပထမတစ်ခုက ကျွန် တော်တို့ ထူးကုမ္ပဏီအုပ်စုထဲမှာရှိ တဲ့ အမြတ်အစွန်းရတဲ့ ကုမ္ပဏီတွေ အကုန်လုံးကို အများပိုင်ဆိုင်မှု ပေး ပါဆိုပြီးတော့ ဥက္ကဋ္ဌက ပြောထား တာရှိတယ်။ နှစ်မျိုးပြောတယ်။ ဝန်ထမ်းတွေကို လည်း ပိုင်ဆိုင်မှု ပေးပါ။ နောက် အများပြည်သူပိုင် ဆိုင်ခွင့်ပေးပါပေါ့။ ပထမဆုံး အ မြတ်အစွန်းရနေတဲ့ လုပ်ငန်းတွေ ရဲ့ ရှယ်ယာကို ဝန်ထမ်းတွေကို ဝန်ထမ်းတိုင်း တစ်စုစီ အခမဲ့ပေးမှာ။ သူက ပြန်ရောင်းရင် ရောင်းခွင့်ရှိ တယ်။ ကိုင်ထားမယ်ဆိုရင် တစ်နှစ် တစ်ခေါက် အမြတ်ဝေစုရမယ်။ ဝန်ထမ်းတွေကို ငါပိုင်တဲ့ ကုမ္ပဏီဆိုတဲ့စိတ်မျိုး ရှိစေချင်တဲ့ ရည်ရွယ်ချက်နဲ့ပါ။
ဒုတိယအချက်ကတော့ အမြတ်အစွန်း ရနေတဲ့ လုပ်ငန်း တွေကို အများပြည်သူ ဝယ်လို့ရ အောင် အများပြည်သူကို ပိုင်ဆိုင် ခွင့်ပေးတာ။ ဒါမှ အများပြည်သူ တွေက ဘယ်မှာ ရင်းနှီးမြှုပ်နှံမလဲ ဆိုတာ စုံစမ်းမယ်။ အမြတ်အစွန်း ရတဲ့လုပ်ငန်းတွေကို ကြည့် မယ်။ သူတို့ ပိုက်ဆံတွေကို ရင်းနှီးမြှုပ်နှံ မှာပေါ့။ ဒါမျိုးဟာ အများပိုင်ဖြစ်မှသာ ဒီအခွင့်အရေးကို ရမယ်။
တတိယအချက်က မြန် မာပြည်မှာ ၂ဝ၁၄ ခုနှစ်ဆိုရင် စ တော့အိတ်ချိန်းတွေ ပေါ်လာတော့ မယ်။ ပေါ်လာရင် ကုမ္ပဏီတွေ စ တော့အိတ်ချိန်းမှာ ပါဝင်ဖို့အ တွက် လျှောက်လွှာတင်ရမယ်။ ဒီ လိုဆို အစစစိတ်ချရဖို့လိုတယ်။ စတော့အိတ်ချိန်းတွေ ပေါ်လာ ရင် ပြောင်းလဲ လာတဲ့ စီးပွားရေးအပေါ် အခုကတည်းက ကျွန်တော်တို့လည်း ဝင်ရောက်လို့ရတယ်။ အဲဒီအတွက်လည်း ကျွန်တော် တို့ အများပိုင်ကုမ္ပဏီ ကြိုပြောင်းတာပေါ့။ ဒီဘဏ္ဍာနှစ်ထဲမှာ မှတ်ပုံတင်တာ ရယ် ရှယ်ယာတန်ဖိုး သတ်မှတ် တာရယ် ပြီးအောင် လုပ် မယ်။ ၂ဝ၁၃-၂ဝ၁၄ မှာ ကျွန်တော်တို့ ဝန်ထမ်းတွေကို ရှယ်ယာ ခွဲပေး တာတို့၊ ရှယ်ယာတန်ဖိုးတွေလည်း ထွက်လာပြီး အများပိုင် ကုမ္ပဏီ တွေနဲ့ လုပ်ထုံးလုပ်နည်းတွေ အတိုင်း ကျင့်သုံးဆောင်ရွက်မယ်။ ၂ဝ၁၄-၁၅ မှ ရှယ်ယာတွေကို အများကို ထုတ်ရောင်းရ မယ်။ ဒါ ကျွန်တော်တို့ ဆွဲထားတဲ့ အစီအစဉ်ပါ။
အခုလက်ရှိ AGD ဘဏ်ကို အမေရိကန်ရဲ့ စီးပွားရေး ပိတ်ဆို့မှု စာရင်းထဲ ပါနေတယ်လို့ သိရတယ်။ အများ ပိုင်ပြောင်းမယ်ဆိုတာ ဒါနဲ့ရော ဆက်စပ်မှု ရှိသ လား။ စီးပွားရေး ပိတ်ဆို့ထားမှုက အစ်ကိုတို့ဘဏ်အပေါ် ဘယ် လို အကျိုးသက်ရောက်မှု ရှိမလဲ ဆို တာကို သိပါရစေ။
ဒါရိုက် စပ်ဆက်မှု ဘာမှမရှိဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ကို စီးပွားရေးပိတ်ဆို့တယ်လို့ အမေရိကန် အစိုးရ ကြေညာ တယ်။ သူက အမေရိကန်နိုင်ငံကနေပြီး ကြေညာတာ။ ကျွန်တော်တို့ဘဏ် က အမေရိကန်မှာ ဖွင့်ထားတာ လည်း မဟုတ်ဘူး။ မြန်မာဘဏ် တွေက မြန်မာပြည်မှာပဲဖွင့်ထား တာ။ သူဘက်က ဘယ်လောက် ဆန်ရှင်လုပ်လုပ် ကျွန်တော်တို့ကို မထိ ခိုက်ဘူး။ နောက် မြန်မာနိုင်ငံက ထုတ်ပြန်ထားတဲ့ ဥပဒေတွေကို လိုက်နာပြီး အလုပ်လုပ်နေတဲ့ အဖွဲ့အစည်းဖြစ်တဲ့ အ တွက် ပြည် တွင်း မှာ လုပ်ငန်းတွေအားလုံး လုပ်လို့ရတယ်။ ကျွန်တော်တို့ ဖောက်သည်က နှစ်မျိုးပဲ ရှိတယ်။ ငွေစုသူ နဲ့ ငွေ လာချေးသူ။ နှစ်မျိုး လုံး ပြည်တွင်းကပဲ။ နိုင်ငံခြားသား မပါဘူး။ နိုင်ငံခြားသားကို စုငွေလက်ခံတာ၊ ငွေချေးတာ လုပ်လို့မရဘူး။ တ ခြား လုပ်ငန်းတွေ ထိခိုက်ကောင်း ထိခိုက်မယ်။ ကျွန်တော်တို့ လုပ် ငန်းမျိုးက ဆန်ရှင်ဘယ်လောက် လုပ်လုပ် ဘာမှမဖြစ်ဘူး။ အခု ဂျာ မဏီက ATM ကစက်တွေ လာ ရောင်းတာပဲ။ အမေရိကန်က လည်း လာရောင်းချင်လို့ မိတ် ဆက်တာပဲ။
နောက်တစ်ခါ ဆန်ရှင် ထဲမှာ ကျွန်တော်တို့ ဘဏ်တစ်ခု တည်းရှိတာမဟုတ်ဘူး။ ကျွန်တော် တို့က ၆ ခုမြောက်၊ ရှေ့မှာ ၅ ဘဏ်ရှိသေးတယ်။ အဲဒီဘဏ်တွေလည်း အလုပ်လုပ်နေတာပဲ။ ထိခိုက်မှု ရှိ၊မရှိ သိသာတယ်။ နောက်တစ်ခုက ဆန် ရှင်ကြောင့် နိုင်ငံခြားဘဏ်လုပ်ငန်းလုပ်ရင် ထိခိုက်မလားလို့ တွေးတဲ့သူတွေရှိ တယ်။ MFTB နဲ့ MICB တို့ နိုင်ငံခြားဘဏ် လုပ်ငန်း လုပ်တာ မနည်းတော့ဘူး။ ဒီနှစ်ဘဏ်လုံး ဆန်ရှင်ထဲမှာ ရှိနေတာပဲ။ ကျွန် တော်တို့လည်း ဘာမှမဖြစ်ဘူး။ လုပ်လို့ရတယ်။ အမေရိကန်က ဆန်ရှင်ထဲထည့်ထားတာ နိုင်ငံရေး အရ ဖြစ်တယ်။ ကျွန်တော်တို့အ ပေါ် သက်ရောက်မှု လုံးဝမရှိဘူး။ ဘဏ်အနေ နဲ့ ပြောတာ။
ဒီလိုဆိုရင် အမေရိကန်ဆန်ရှင်က ဘယ်အပေါ် သက်ရောက်မှုရှိ တယ်လို့ ထင်ပါသလဲ။ အစ်ကို့ အမြင်ကို ရှင်းပြပေး ပါ။
ဘယ်သူ့ကို ထိခိုက်သလဲဆို တော့ ကျွန်တော်တို့ဘဏ်က ပြည်တွင်းမှာ အဆင့်တစ်ကနေ ငါးအ တွင်းမှာ ရှိတယ်။ ဘဏ်စ တည်ထောင်တဲ့ နှစ်နှစ်အတွင်း ဒီလို အခြေအနေဖြစ်အောင် ကြိုးစား လာတာ။ နိုင်ငံခြားကလာတဲ့ ဘဏ် တွေကလည်း ဒါကို သိ တယ်။ တချို့ လာမိတ်ဆက်တာ ရှိတယ်။ အလုပ်အတူတူ လုပ်ချင်လို့ လာတာရှိတယ်။ အခု Visa နဲ့ Master ကတ်နှစ်ခု ဝင်လာ တယ်။ သူတို့က အမေရိကန်ကုမ္ပဏီ ဖြစ်နေ တော့ ကျွန်တော်တို့နဲ့ အလုပ်လုပ် ချင်ပေမယ့် လုပ်လို့မရဘူး။ ဆန်ရှင်ထဲပါလို့။ တခြားဘဏ်နဲ့ ရွေးရတယ်။ အဲတော့ အမေရိကန်ဆန်ရှင်က အမေရိကန်ကုမ္ပဏီတွေ ပေါ်မှာပဲ သက်ရောက်မှု ရှိတယ်။ ကျွန်တော် တို့ အပေါ်မှာ သက် ရောက်မှု မရှိဘူး။ ဒီကြိုးက သူ့လူ တွေအပေါ်မှာပဲ ချည်တာဖြစ် တယ်။ ကျွန်တော်တို့အပေါ်မှာ သက်ရောက် မှု မရှိဘူး။ အခုဆို FCB နဲ့ CPU ကတ်တွေ ဝင်လာပြီး အမေရိကန်ကုမ္ပဏီတွေနဲ့ လုပ် လို့မရပေမယ့် လုပ်လို့ရတဲ့ သူတွေ ရောက် လာမှာပဲ။ ဒီက ဈေးကွက်ကို ယူသွားမှာပဲ။ အယူအဆတစ်ခု ရှိတယ်။ အမေရိကန်က မြန်မာပြည်ကို ဆန်ရှင်လုပ်ထားတဲ့အ တွက် မြန်မာ လုပ်ငန်းတွေ တရုတ် လက်အောက်ကို ရောက်သွားတယ် ဆိုတဲ့ အယူအဆရှိတယ်။ သူ့ကုမ္ပ ဏီတွေပဲ လုပ်လို့မရမှာ။ ဒီ ဆန်ရှင် လုပ်ထားတဲ့အတွက် အခုလည်း ဒီလိုပဲ ကျွန်တော်တို့ဘဏ်ကို ဆန်ရှင်လုပ်ချင်တာက ကျွန်တော်တို့ အပေါ်မှာ တိုက်ရိုက် သက်ရောက် မှု ဘာမှမရှိဘူး။ သူ့ဘာသာသူ ဘာလုပ်လုပ် ကျွန်တော်တို့ ဘာမှ မဖြစ်ဘူး။
နောက်တစ်ချက် နိုင်ငံ ခြားကို ထွက်ပြီး ဘဏ်ဖွင့်မယ်ဆို ရင်တောင် အာဆီယံနိုင်ငံတွေကို ထွက်တဲ့အချိန်ထိ သူဘာမှလုပ်လို့ မရဘူး။ သူက အမေရိကန်ကုမ္ပဏီ တွေနဲ့ အလုပ်မလုပ်နဲ့၊ သူ့နိုင်ငံ မှာ လာမဖွင့်နဲ့ပဲ တားလို့ရမှာ။ နောက်တစ်ခါ ခေတ်က ပြောင်း သွားပြီ။ အရင်က အမေရိကန်က ဆန်ရှင် လုပ်ထားရင် အာဆီယံ နိုင်ငံတွေက အရမ်းကြောက်တယ်။ အခုက အမေရိကန်ဆန်ရှင် လုပ်လည်း ငါတို့ဝင်လုပ်မှဖြစ်မယ်ဆို ပြီးတော့ တစ်ကမ္ဘာလုံးကဝင်ပြီး မြန်မာပြည်မှာ အလုပ်လုပ်နေကြပြီ။ ဘာလို့လဲ ဆိုတော့ မြန် မာပြည် က အလုပ်လုပ်ဖို့ အသင့်တော်ဆုံး စားကျက်မြေလို ဖြစ်နေတာကို။ ဘယ်သူဘာပြောပြော လူတိုင်း လာလေ့ လာတယ်။ ဒီက ဈေးကွက်ကို လာစုံစမ်းကြည့်တယ်။ ဒီကဥပဒေတွေကို လေ့လာပြီး စီး ပွားရေးဝင်လုပ်ဖို့ ပြင်နေကြပြီ။ ဒီ အချိန်မှာ အမေရိကန် ဘယ် လောက်တားတား သူတို့ ဝင်လာမှာပဲ။ အမေရိကန်ကိုယ်တိုင် တောင်မှ ပက်စ်စီကိုလာ၊ ကိုကာကိုလာတို့ ဝင်လာ တယ်။
နောက်တစ်ခုက အများ ပိုင်ပြောင်းရင် ဆန်ရှင်ဖြုတ်ပေး မယ်လို့ ဘယ်သူအာမခံထားလဲ။ သူ့ကြောင့် ကျွန်တော်တို့ လုပ်တာ မဟုတ်ဘူး။ ကျွန်တော်တို့နိုင်ငံမှာ ဖြစ်လာမယ့် ဈေးကွက်စီးပွားရေးနဲ့ အညီ ပြောင်းနေတာ။ ကျွန်တော် တို့ လုပ်တဲ့အရာအားလုံး သူတို့နဲ့ ဘာမှမဆိုင်ဘူး။ ကျွန်တော်တို့လုပ်တဲ့ဟာကို ကြည့်ပြီးတော့လည်း ဆန်ရှင်ဖြုတ်ပေးရလောက်အောင် ဘာမှမရှိဘူး။ သူတို့ နဲ့ ဘယ်လိုမှ မပတ်သက်ဘူး။ နောက်ဆုံးတစ်ခေါက် ဆန်ရှင်လုပ်ကတည်းကိုက ဆန်ရှင် ဘာကြောင့် လုပ်ရသလဲ ဆိုတဲ့ အကြောင်းပြချက်ပါတယ်။ AGD ဘဏ်က ဦးတေဇနဲ့ ပတ်သက်နေပါတယ်။ ဦးတေဇကလည်း ပြီးခဲ့တဲ့ အစိုးရကို ထောက် ခံသူ ဖြစ် ပါတယ်။ အဲဒါကြောင့် ဆန်ရှင်လုပ်ပါတယ်လို့ ပြောပါ တယ်။ ပြီးခဲ့တဲ့ အစိုးရလက်ထက် မှာ ဝန်ကြီးချုပ်က အခုသမ္မတ ဖြစ်နေ တယ်။ အရင်အစိုးရရဲ့ နံပါတ် ၃ အဆင့်ရှိသူက အခုလွှတ် တော်ဥက္ကဋ္ဌ ဖြစ်နေတယ်။ နောက် အရင်ဝန်ကြီးတွေကလည်း လွှတ်တော် ထဲ မှာ ကော်မတီဥက္ကဋ္ဌတွေ ဖြစ်နေတယ်။ Support အလုပ်ခံရ တဲ့ သူတွေတောင်မှ ဆန်ရှင်က ထုတ်ခံရပြီးတော့ Support လုပ်တဲ့ သူတွေကို ဆန်ရှင်အဖြုတ်မပေး ဘူးဆိုတာ အမေရိကန်ရဲ့ နိုင်ငံရေး ကစားကွက်တွေ ဖြစ်တယ်။ ပုံမှန် တွေးကြည့်ရင် ဘယ်လိုမှ အဓိပ္ပာယ် မရှိတော့ဘူး။ သူ့အကြောင်းပြချက်က မခိုင်လုံဘူး။ ဒါပေမယ့် ကျွန်တော်တို့က ဘာမှမဖြေရှင်း တော့ဘူး။ ဘာမှ ဂရု မစိုက်တော့ဘူး။ ပြည်တွင်းမှာပဲ ကိုယ့်အလုပ် ကိုယ်လုပ်နေတယ်။ ဆန်ရှင် ကြောင့်တော့ ဘာမှမပြောင်းမပေး နိုင်ဘူး။ ကျွန်တော်တို့ တခြားနိုင်ငံရဲ့ အလိုကျ လိုက်ပြောင်းပေးနေ မယ်ဆိုရင် ကျွန်တော်တို့ အချုပ် အခြာအာဏာကို ထိခိုက်တယ်။ အခု အမေရိကန် အချိုရည်တွေ ဝင်လာပြီး ကောင်းတယ်ဆိုပြီး ဝိုင်း ကြိုဆိုကြတယ်။ ဒါပေမယ့် ကျွန် တော်တို့ရဲ့ စတားကိုလာ၊ မက်စ်ကို လာတွေ တဖြည်းဖြည်း ပျောက်သွားမယ်ဆိုတာ သိထားဖို့လိုတယ်။ ဈေးကွက်မှာ ဘယ်လိုယှဉ်မှာလဲ။ အခု ပက်စီကိုလာနဲ့ စ တား ကိုလာ ပေါင်းလိုက်တယ်။ မက်စ်ကိုလာနဲ့ ကိုကာကိုလာ ပေါင်းလိုက်တယ်။ ကျွန်တော်တို့ ကိုလာတွေ တဖြည်းဖြည်းနဲ့ ပျောက် သွားမှာ။ ပက်စီကိုလာနဲ့ ကိုကာကိုလာပဲ ကျန်တော့မှာ။ ဒီ အတိုင်းပဲ အမေရိကန်ကုမ္ပဏီကြီး တွေ ဝင်လာဦး မှာ။ မြန်မာပြည် သူ တွေ အလုပ်အကိုင်ရပြီး ဝင်ငွေ တိုးတယ်ဆိုရင် ကြိုဆိုရမှာပေါ့။ အဲဒီလိုမဟုတ်ဘူးဆိုရင်တော့ နည်းနည်း စဉ်းစားရ မယ်။ ပြည် တွင်း လုပ်ငန်းတွေ မပျောက်အောင် ဘာတွေ လုပ်ပေးမလဲ။ အခွန်နဲ့ ကာကွယ်မလား ၊နိုင်ငံခြားလုပ်ငန်းရှင်တွေကို ပိုကောက် မလား နိုင်ငံတော်က စဉ်းစားရမှာ။ အခုလည်း မြန်မာပြည်မှာရှိတဲ့ ကုမ္ပဏီကြီးတွေ ကို ဆန်ရှင်လုပ်ထားတယ်။ ဒီလူ တွေ အလုပ် လုပ်လို့မရဘူး။ အမေရိကန်ကုမ္ပဏီတွေက ကြိုက်တာ လုပ်လို့ရတယ်ဆိုလို့ မှန်ရင် ဒီဆန်ရှင်က အဓိပ္ပာယ်ဘာလဲဆို တာ ကျွန်တော် တို့ လေ့လာသင့်ပြီ။ အရင်တုန်းကတော့ ဟုတ်တယ် နိုင်ငံရေးအရ ဆန်ရှင်လုပ်ပြီးတော့ ဖိအားပေးခဲ့တာ။ အခုနောက် ပိုင်း ဆန်ရှင်လုပ်တာက အစိုးရကို ဖိ အားပေးစေချင်လို့လား သူတို့လူ တွေ ဝင်လာပြီး စီးပွားရေး လွတ်လွတ်လပ်လပ် လုပ်လို့ ရအောင် လား။ ပြည်တွင်းလုပ်ငန်းရှင်တွေကို သတ်ပြီး အမေရိကန်ကုမ္ပဏီတွေ ဝင်လာချင်တာလား ဒါကို ကျွန် တော် တို့ မြင်အောင် ကြည့် ရတော့မယ်။နောက်တစ်ခါ ပြည်တွင်း လုပ်ငန်းအသေးလေးတွေ တက်လာဖို့အတွက် ခွင့်ပြုရတော့မယ်။ ဒါမှသာ ကျွန်တော်တို့ နိုင်ငံ စီးပွား ရေးရှေ့ဘက်မှာ နိုင်ငံခြားသားတွေ အကုန်လုံးလုပ်ခွင့်ပေးလိုက်မယ်ဆို ရင် မကောင်းဘူး လား ကောင်းတာပေါ့။ ချက်ချင်းတော့ ဝုန်းဆိုပြီး တိုး တက်သွားတာလို့ မြင်ရမယ်။ ဒါ ပေမယ့် ပြည်တွင်းစီးပွားရေးတစ်ခု လုံး နိုင်ငံခြားသားပိုင် ဖြစ်သွား မယ်။ အဲဒါကို စဉ်းစားရမယ်။ လုပ်ငန်းအားလုံး နိုင်ငံခြားသားတွေ လုပ်ဆိုပြီး ခွင့်ပြုလိုက် ရင် ပြည်တွင်းမှာရှိတဲ့ တိုင်းရင်းသား လူငယ် လေးတွေ က နောက်လိုက်ဝန်ထမ်းပဲ ဖြစ်သွားလိမ့်မယ်။
အများပိုင်ဘဏ်အဖြစ် ပြောင်း လိုက်တဲ့အခါမှာ အများပြည်သူ တွေကို ရှယ်ယာတွေ ဘယ်လိုပုံစံ သတ်မှတ်ရောင်းချ သွားမလဲဆို တာ သိချင်ပါတယ်။
Ä ဒါနဲ့ပတ်သက်ပြီး ပြောရရင် ၂ဝဝ၃ တုန်းက အစုစပ်လုပ်ငန်း တွေ ပေါ်လာတယ်။ ရှယ်ယာတန် ဖိုး ကိုယ့်ဘာသာကိုယ် သတ်မှတ် ထုတ်ရောင်းတယ်။ နောက်ဆုံးကျ တော့ ရှုံးပြီး အရင်းရော အမြတ် ရော ထုတ်မပေးနိုင်တော့ဘူး။ ဒါ နဲ့ လူတွေက ဘဏ်တွေကို မယုံ တော့ဘူး။ ငွေပြန်ထုတ်ကြရော။ အကျိုးဆက်က ဘဏ်သုံးဘဏ် ပြိုလဲသွားတယ်။ အခု ပြိုလဲသွားတဲ့ ဘဏ်သုံး ဘဏ်ပေါင်းပြီး CB ဘဏ် ဖြစ်လာတယ်။ ဒါမျိုး တွေ ကြုံခဲ့ရ ပြီးပြီ။ ဒီတော့ ကျွန်တော်တို့က အများပိုင် ပြောင်းတဲ့အခါ ကိုယ့်ရှယ်ယာ တန်ဖိုးကို ကိုယ့်ဘာသာကိုယ် မသတ်မှတ်ဘူး။ တတိယ အဖွဲ့အစည်းဖြစ်တဲ့ ဒီလုပ်ငန်း ကျွမ်း ကျင်တဲ့ ထိုင်းနဲ့ စင်ကာပူမှာ ရှိတဲ့ ဘဏ်တွေ ကိုခေါ်ပြီး တွက်ချက် သတ်မှတ်သွားမှာပါ။ သူတို့က ဂုဏ်သိက္ခာရှိတဲ့ဘဏ်တွေ။ သူတို့ကို ညှိနှိုင်းပြီး တန်ဖိုးဘယ်လောက် သတ်မှတ်ပေးပါ ပြောလို့မရဘူး။ သူတို့ သတ်မှတ်တဲ့နှုန်း အတိုင်း လက်ခံရမှာ။ ဘာမှပြန်ပြောလို့မရ ဘူး။ မြန်မာ ကုမ္ပဏီတစ်ခုဆို ရင် ပြည်သူတွေ စိတ်ထဲမှာ သံသယရှိနေဦးမယ်။ ကုမ္ပဏီကြီး တစ်ခုလုံးကို တန်ဖိုးသတ်မှတ်တဲ့ အတွေ့ အကြုံ ဒီမှာက မရှိသေး ဘူး။ နောက် ကျွန်တော်တို့ စာရင်းတွေကို ဦးဝင်းသိမ်း စာရင်းစစ် အဖွဲ့နဲ့ စစ်မယ်။ နိုင်ငံခြားကုမ္ပဏီက တန်ဖိုး သတ်မှတ်မယ်။ ဒီတော့ ရှယ်ယာတန်ဖိုးတွေကိုတော့ သေချာပေါက် မပြောနိုင်သေးပါဘူး။ ကျွန်တော်တို့သွားမယ့်ပုံစံက နိုင်ငံတကာ စတော့ အိတ်ချိန်းတွေ ဝင်နိုင်တဲ့ ပုံစံမျိုးဖြစ် အောင် လုပ်သွားမှာပါ။
ဝေယံမြင့်