2013-5-20
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
ဖက်ဒရယ်အကြောင်း တိုင်းရင်းသားပြည်သူများ ပိုမိုနားလည်ရန် ရည်ရွယ်၍ ဖက်ဒရယ်ဂျာနယ် ပြည်တွင်းတွင် ပထမဦးဆုံး စတင်ထုတ်ဝေ
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... ၈၁၄
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ပြည်တွင်း စီးပွား
MPU ကတ်ဖြင့် ငွေပေးချေနိုင်သည့် နေရာပေါင်း ၂၅ဝ အထိရှိလာ

MPU ကတ် (Myan-mar Payement Union) ဖြင့် ငွေ ပေးချေအသုံးပြုနိုင်သည့် နေရာ ပေါင်း ၂၅ဝ အထိရှိလာပြီးဖြစ် ကြောင်းMPU ကတ် အကောင် အထည်ဖော်ရေးအဖွဲ့ အတွင်းရေး မှူး ဦးရဲမင်းဦးက ပြောကြားသည်။
လက်ရှိတွင် MPU ကတ် အသုံးပြု၍ ငွေပေးချေမှု ပြုရာတွင် ငွေပမာဏ၏ တစ်ရာခိုင်နှုန်းကို ငွေထုတ်သည့် ATM စက်ပိုင်ဘဏ်၊ MPU ကတ် ထုတ်ပေးထားသည့် ဘဏ်နှင့် MPU စနစ်တို့က အချိုး ကျ ဝန်ဆောင်စရိတ် ရယူသည့် အတွက် အချို့သော ဆိုင်ကြီးများ က ယင်းပမာဏများလွန်းသည်ဟု ဆိုကာ MPU ကတ်ဖြင့် ငွေပေးချေ မှု ဝန်ဆောင်မှုပေးရန် လက်မခံ ခြင်းများလည်းရှိကြောင်း သိရ သည်။
''တချို့ဆိုင်တွေက အဲဒီ လောက် မမြတ်ဘူးလို့ ပြောကြ တာ ရှိပါတယ်။ တကယ်တမ်း ၁% က မများပါဘူး။ Visa ကတ် ဆိုရင် ၄% တောင် ယူတာ။ ဒါက ခေတ်ပြောင်းလာတဲ့အချိန်ကျရင် လူတွေ ကတ်ကိုင်တာများလာရင် မလုပ်လို့ မရတော့ဘူး။ ဒီဆိုင်က ကတ်လက်မခံရင် တခြားကတ် လက်ခံတဲ့ဆိုင်မှာ သွားဝယ်မှာပေါ့။ အခုဆို ကတ်လက်ခံတဲ့ဆိုင်၂၅ဝ လောက်ရှိပြီ'' ဟု ဦးရဲမင်းဦး က ဆိုသည်။
ယခုကဲ့သို့ အချို့ဆိုင်ကြီးများက MPU ကတ်ဖြင့် ငွေပေးချေမှုကို လက်မခံကြသော်လည်း ကတ်သုံးစွဲသူများအနေဖြင့် ငွေစက္ကူ ကိုင် တွယ်ရမှုသက်သာခြင်း၊ ငွေပေးချေရာတွင် ငွေစက္ကူအတု၊ အဟောင်းပြဿနာ ငွေအကြွေပြန် အမ်းရန် မလိုခြင်း၊ ငွေပိုအမ်းမိခြင်းများ မဖြစ်ပေါ်နိုင်သည့်အတွက် အားသာချက်များရှိကြောင်း ၎င်းက ဆိုသည်။
ယခုဖေဖော်ဝါရီလအ တွင်း MPU ကတ်ဖြင့် ငွေပေးချေနိုင်သည့် ဝန်ဆောင်မှုလုပ်ငန်းများ ကို မန္တလေးနှင့် နေပြည်တော်တို့ တွင် စတင် ဝန်ဆောင်မှုပေးရန် ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရ သည်။ 

ဝေယံမြင့်
 
Untitled Document
fam said...
Wednesday 20 February 2013, 8:54 am
ကောင်းပါတယ်ဒီလိုလုပ်တာ
Myo min thant said...
Friday 1 March 2013, 4:47 am
ကျွန်တော်ကတော့ အရမ်းသဘောကျတယ် ဒီ MPU စနစ်ကို
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: zaygwet1997@gmail.com Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.