22-6-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
ရခိုင်ကမ်းရိုးတန်းတွင် ငါးဖမ်းဆီးရရှိမှုနည်းပါးလာသည့်အတွက် ငါးဖမ်းကိရိယာများ ပြောင်းလဲသုံးစွဲလာကြ
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1016
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ပြည်တွင်း စီးပွား
ကမ္ဘာ့ကောက်ပဲသီးနှံဈေးကွက်သတင်း

ဆန်

ကမ္ဘာပေါ်တွင် ဆန်ဒုတိယအများဆုံး တင်ပို့ရောင်းချနေရသော ထိုင်း နိုင်ငံတွင် ဆန်ဖြူ ငါးမှတ်၏ ယခင်ရက်သတ္တပတ်က ဗန်ကောက် FOB ဈေး မှာ အမေရိကန်ဒေါ်လာ ၃၅၅ ရှိခဲ့ရာမှ ယခုတစ်ပတ်တွင် ၃၅၇ ဒေါ်လာအထိ တက်လာခဲ့သည်။ ယင်းကဲ့သို့ ထိုင်းဆန်ဈေးမြင့်တက်လာရခြင်းအကြောင်းရင်း မှာ တရုတ်နိုင်ငံနှင့်ထိုင်းနိုင်ငံတို့၏ အစိုးရ အချင်းချင်းသဘောတူညီချက်အရ ထိုင်းဆန်တန်ချိန်တစ်သိန်းကို တရုတ်နိုင်ငံက ဝယ်ယူမည့် သတင်းကြောင့် ဖြစ်ပါသည်။

 ဖေဖော်ဝါရီ ၁၄ ရက်အထိ ရရှိသော စာရင်းများအရ ထိုင်းနိုင်ငံသည် ယခုနှစ်အတွင်း ဆန်တန်ချိန် ၁ ဒသမ ၆ သန်းတင်ပို့နိုင်မည့် အလားအလာ ရှိနေသဖြင့် ယခင်နှစ် အလားတူကာလတက် ၁ဝ ရာခိုင်နှုန်းခန့် မြင့်တက် လာနိုင်သည်။

ထိပ်တန်းဆန်တင်ပို့သော နိုင်ငံဖြစ်သည့် အိန္ဒိယနိုင်ငံ၏ ၅ မှတ် ပေါင်း ဆန်ဈေးသည် ယခုရက်သတ္တပတ်အတွင်းအဝယ်ပါးနေသဖြင့် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၆၇ နှုန်းအထိ ဈေးကျလာပါသည်။ ထိုင်းဆန်နှင့် အိန္ဒိယဆန်တို့၏ ဈေးကွာဟချက်ကြီးမားသဖြင့် ဝယ်လိုအား ကျဆင်းခဲ့ကြောင်း ပို့ကုန်လုပ်ငန်းရှင်များက ပြောပါသည်။

ဗီယက်နမ်၏ ငါးမှတ်ဆန်ဆိုင်ဂုံ FOB ဈေးမှာ ယခင်တစ်ပတ်က တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၃၅၂ ရှိခဲ့ရာမှ ယခုတစ်ပတ်တွင် ၃၄၅ ဒေါ်လာသို့ ကျဆင်းခဲ့သည်။ ယခုလ စောစောပိုင်းနှင့် နောက်လဆန်းတွင် ရိတ်သိမ်းရာသီရောက်လာတော့ မည်ဖြစ်၍ ကုန်သည်များက ဈေးအကျကို စောင့်နေကြသည်။

အာရှတင်ပို့သည့် နိုင်ငံများတွင် ဖြစ်ပေါ်နေသော ဆန်ပို့ကုန် FOB ဈေး နှုန်းများ၏ အခြေအနေကို ဇယား-၁ အတိုင်းတွေ့ရှိရပါသည်။

ဇယား-၁ (ဈေးနှုန်း USD.PMT)

ဆန်အမျိုးအမည်
၁ဝ-၂-၂ဝ၁၇ ၁၇-၂-၂ဝ၁၇
ထိုင်းဆန်ဖြူ    ၁ဝဝ%
ထိုင်းဆန်ဖြူ    ၅%
ထိုင်းဆန်ဖြူ    ၂၅%
ထိုင်းပေါင်းဆန်
ဗီယက်နမ်ဆန်ဖြူ    ၅%
ဗီယက်နမ်ဆန်ဖြူ    ၂၅%
ပါကစ္စတန်ဆန်ဖြူ    ၂၅%
ပါကစ္စတန် ပေါင်းဆန်
အိန္ဒိယဆန်ဖြူ    ၂၅%
အိန္ဒိယ ပေါင်းဆန်
၃၈၃
    ၃၆ဝ
    ၃၅၆
    ၃၉၂
    ၃၅ဝ
    ၃၃၅
    ၃၂၅
    ၃၆၅
    ၃၄ဝ
    ၃၄ဝ
၃၇၈
    ၃၆၃
    ၃၅၈
    ၃၉၂
    -
    -
    -
    -
    -
    -

အိန္ဒိယဈေးကွက်ပဲဈေးနှုန်း    

အိန္ဒိယနိုင်ငံ မွမ်ဘိုင်းဈေးကွက်တွင် ဖြစ်ပေါ်နေသည့် ပဲမျိုးစုံဈေးနှုန်းများ ၏ အခြေအနေကို ဇယား-၂ အတိုင်း တွေ့ရှိရပါသည်။

ဇယား-၂ (ရေတွက်ပုံ-တန်)

ပဲအမျိုးအမည် ၉-၂-၂ဝ၁၇ ၁၆-၂-၂ဝ၁၇
မတ်ပဲ
ပဲစင်းငုံ
ပဲတီစိမ်း
ကုလားပဲဖြူလုံးကြီး
၃၆ဝ
    ၆၄၂
    ၆၇၂
    ၇၃၉
၃၆၉
    ၆၃၅
    ၆၈၇
    ၇၈၄

မွမ်ဘိုင်းဈေးကွက်တွင် ပဲစင်းငုံနီ ဈေးသည်တစ်ကွင်တယ်လျှင် ရူပီး ၄၃၅ဝ၊ မတ်ပဲ FAQ တစ်ကွင်တယ်လျှင် ရူပီး ၅ဝ မြင့်တက်ပြီး ရူပီး ၅၂ဝဝ နှုန်းရှိခဲ့သည်။ မွမ်ဘိုင်းဈေးကွက်တွင် ပြည်ပမှ တင်သွင်းလာသော ကုလားပဲ ဈေးမှာ သီတင်းတစ်ပတ်အတွင်း ရူပီး ၃ဝဝ မှ ၄ဝဝ ကြားကျဆင်းပြီး တစ်ကွင်း တယ်လျှင် ရူပီး ၅ဝ၅ဝ နှုန်း ရှိခဲ့သည်။ မကြာမီအတွင်း တစ်ကွင်တယ်လျှင် ရူပီး ၄၅ဝဝ မှ ၄၆ဝဝ အထိ ရောက်ရှိမည်ဟု ခန့်မှန်းသည်။ ပဲနီလေးထုတ် လုပ်မှု အလားအလာမှာ ကောင်းနေသဖြင့် ဈေးနှုန်းကျဆင်းလာမည့် အလား အလာရှိပေသည်။

မောင်သုံးသပ်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.