22-6-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
ရခိုင်ကမ်းရိုးတန်းတွင် ငါးဖမ်းဆီးရရှိမှုနည်းပါးလာသည့်အတွက် ငါးဖမ်းကိရိယာများ ပြောင်းလဲသုံးစွဲလာကြ
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1016
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ပြည်တွင်း စီးပွား
ကမ္ဘာ့ကောက်ပဲသီးနှံဈေးကွက်သတင်း

ဆန်

အာရှတင်ပို့သည့် နိုင်ငံများတွင် ဖြစ်ပေါ်နေသော ဆန်ပို့ကုန် FOB ဈေးနှုန်းများ၏ အခြေအနေကို ဇယား-၁ အတိုင်းတွေ့ရှိရပါသည်။

ဇယား-၁ (ဈေးနှုန်း USD.PMT)

ဆန်အမျိုးအမည် ၁၆-၂-၂ဝ၁၇ ၂၂-၂-၂ဝ၁၇
ထိုင်းဆန်ဖြူ    ၁ဝဝ%
ထိုင်းဆန်ဖြူ    ၅%
ထိုင်းဆန်ဖြူ    ၂၅%
ထိုင်းပေါင်းဆန်
ဗီယက်နမ်ဆန်ဖြူ    ၅%
ဗီယက်နမ်ဆန်ဖြူ    ၂၅%
ပါကစ္စတန်ဆန်ဖြူ    ၂၅%
ပါကစ္စတန် ပေါင်းဆန်
အိန္ဒိယဆန်ဖြူ    ၂၅%
အိန္ဒိယ ပေါင်းဆန်
၃၇ဝ
    ၃၆၃
    ၃၅၈
    ၃၉၂
    ၃၅ဝ
    ၃၃၅
    ၃၂၅
    ၃၆၅
    ၃၄ဝ
    ၃၄ဝ
၃၈၄
    ၃၆၉
    ၃၆၃
    ၃၈၆
    ၃၅၅
    ၃၄၃
    ၃၄ဝ
    ၄၂၅
    ၃၆ဝ
    ၃၇၅

၂ဝ၁၇ ခုနှစ် ဇန်နဝါရီလကုန်စာရင်းများအရ ဗီယက်နမ်နိုင်ငံ၏ ဆန်သို လှောင်လက်ကျန်သည် တန်ချိန်ကိုးသိန်းခြောက်သောင်း ခန့်ရှိကြောင်း သိရ သည်။ ၂ဝ၁၇ ခုနှစ် ဇန်နဝါရီလအတွင်း ဗီယက်နမ်နိုင်ငံသည် အမေရိကန် ဒေါ်လာ ၁၃၆ သန်းတန်ဖိုးရှိ ဆန်တန်ချိန် ၃၂၅ဝဝဝ ကို ပြည်ပသို့ တင်ပို့ခဲ့ ပြီး ယင်းဇန်နဝါရီလအတွင်း ဗီယက်နမ်ဆန်၏ ပျမ်းမျှ FOB ဈေးနှုန်းမှာ တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၂၇ ဒသမ ၅၁ ဖြစ်ကြောင်း သိရသည်။ လွန်ခဲ့သည် ၂ဝ၁၆ ခုနှစ်အတွင်း ပြည်ပသို့ ဆန်တန်ချိန် ၆ ဒသမ ၆၁၅ သန်းတင်ပို့ရောင်းချခဲ့ပါသည်။ ကမ္ဘာ့စီးပွားရေးကျဆင်းမှုနှင့်အတူ ကမ္ဘာတွင် ဂျုံနှင့် ပြောင်းကို ပိုမိုစားသုံးလာသဖြင့် ယခုနှစ် တွင် ပြည်ပသို့ ဗီယက်နမ် ဆန်တင်ပို့မှုမှာ အခက်အခဲများနှင့် ကြုံတွေ့ရဦးမည်ဟု ဗီယက်နမ်စား သောက်ကုန် အသင်း၏ ပြောကြား ချက်အရ သိရှိရသည်။

အိန္ဒိယဈေးကွက်ပဲဈေးနှုန်း

အိန္ဒိယနိုင်ငံမွမ်ဘိုင်းဈေးကွက်တွင် ဖြစ်ပေါ်နေသည့် ပဲမျိုးစုံ ဈေးနှုန်း များ၏ အခြေအနေကို ဇယား-၂ အတိုင်း တွေ့ရှိရပါသည်။

ဇယား-၂ (ရေတွက်ပုံ-တန်)

ပဲအမျိုးအမည် ၁၆-၂-၂ဝ၁၇ ၂၂-၂-၂ဝ၁၇
မတ်ပဲ
ပဲစင်းငုံ
ပဲတီစိမ်း
ကုလားပဲဖြူလုံးကြီး
၇၆၉
    ၆၃၅
    ၆ဝ၇
    ၇၈၄
၇၃၂
    ၆ဝ၅
    ၆၄၂
    ၇၁၇

 ဖေဖော်ဝါရီ ၂ဝ ရက်ထိ မွမ်ဘိုင်းဈေးကွက်တွင် ပဲစင်းငုံနီဈေးက တစ် ကွင်တယ်လျှင် ၄၁၇၅ ရူပီးဈေးဖြင့် ဈေးဖွင့်သည်။ မတ်ပဲ FAQ က တစ်ကွင် တယ်လျှင်  ရူပီး ၅၁ဝဝ နှင့် SQ က ရူပီး ၅၉၅ဝ နှုန်းဖြင့် အပြောင်းအလဲ မရှိဈေးငြိမ်နေသည်။ ပြည်ပမှ တင်သွင်း လာသော ကုလားပဲ၏ မွမ်ဘိုင်းဈေး မှာ ရူပီး ၁ဝဝဝ ကျဆင်းခဲ့ပြီး လက်ရှိရှိဈေးနှုန်းကို ထိန်းထားနိုင်ရန် ခဲယဉ်း သည့် အခြေအနေ တွင် ရှိသည်။ ကုလားပဲ အဖွင့်ဈေးမှာ တစ်ကွင်တယ်လျှင် ရူပီး ၅၃ဝဝ နှုန်းရှိသည်။ မတ်လအလယ်ခန့်တွင် ကုလားပဲဈေးမှာ တစ်ကွင် တယ်ကို ရူပီး ၄၅ဝဝ အထိ ကျဆင်းနိုင်သည်။

၂ဝ၁၇ ခုနှစ် ဧပြီ ၁ ရက်မှစ၍ ပဲများကို မီးခိုးမှိုင်းတိုက် ပိုးသတ်ခြင်းနှင့် ပတ်သက်သော မူဝါဒများကို ပြောင်းလဲကျင့်သုံးတော့မည်ဖြစ် ၍ ကနေဒါ သင်္ဘောများက အိန္ဒိယသို့ တင်ပို့ မည့်ပဲများကို တင်ပို့ရန်ငြင်းဆိုလျက်ရှိသည်။ ယင်းအခြေအနေက ကနေဒါ ပဲမျိုး စုံဈေးကွက်ကို ဂယက်ရိုက်ခတ်လျက်ရှိသည်။ အိန္ဒိယနိုင်ငံတွင် သီနှံအထွက်နှုန်းကောင်းမွန်မှုက ပြည်တွင်းဈေး ကွက်ရောင်းလိုအား ကို မြင့်မားစေပြီး အရေးတကြီး တင်သွင်းစရာမ လိုသေးသည့် အခြေအနေဖြစ်သည်။ ပဲမျိုးစုံ ဈေးနှုန်းအားလုံးကို ခြုံကြည့်ပါ က ဈေးနှုန်း များ ပုံမှန်တန့်နေရာမှ ကျဆင်းမည့် အလားအလာကို တွေ့ရသည်။

မောင်သုံးသပ်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.