14-12-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1041
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ပြည်တွင်း စီးပွား
ကမ္ဘာ့ကောက်ပဲသီးနှံဈေးကွက်သတင်း

ဆန်

ဗီယက်နမ်စားသောက်ကုန် အသင်းဝင်လုပ်ငန်းရှင်များသည် ယခုနှစ် အတွင်း ပြည်ပသို့ ဆန်တန်ချိန်တစ်သန်းတင်ပို့ရောင်းချရန် သဘောတူစာ ချုပ်များချုပ်ဆိုထားပြီး အများစုကို ယခင်နှစ်က ယင်းလုပ်ငန်းရှင်များနှင့် ပြည်ပဆန်ဝယ်ယူသူများ ချုပ်ဆိုထားသည့် စာချုပ်များအပေါ် အခြေခံတင်ပို့ သွားမည်ဟု သိရသည်။ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနှင့် မလေးရှားနိုင်ငံတို့မှ ဆန် ဝယ်လိုအား မြှင့်တင်လိုက်ခြင်းကြောင့် ယခုကဲ့သို့ ဆန်တင်ပို့မှု ပမာဏ များပြားလာသော်လည်း ဆန်သိုလှောင်လက်ကျန်များကို ရောင်းချနေ သည့် ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့သည် ဆန်ဈေးကွက်တွင် အဓိကယှဉ်ပြိုင်ရဖို့ ရှိနေပါသည်။ မကြာမီနှစ်များအတွင်းက ဗီယက်နမ်ဆန်ကိုအဓိက ဝယ်ယူ တင်သွင်းလျက်ရှိသည့် တရုတ်နိုင်ငံကလည်း ယခုနှစ်တွင်ထိုင်းနိုင်ငံမှ ဆန် တန်ချိန် နှစ်သန်း ဝယ်ယူရန် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးထား ပါသည်။ ထို့ပြင် ဗီယက်နမ်နိုင်ငံနှင့် ဆန်ဈေးကွက် ယှဉ်ပြိုင်ရန်အတွက် အိန္ဒိယနှင့် ပါကစ္စတန်နိုင်ငံတို့ကလည်း ¤င်းတို့၏ တန်းနိမ့်ဆန်နှင့် အလတ် အဆင့်ရှိသည့်ဆန်များ၏ ဈေးနှုန်းများကို လျှော့ချထား သဖြင့် ဗီယက်နမ်ဆန် ပို့ကုန်လုပ်ငန်းရှင်များအဖို့ စိုးရိမ်မှုများမြင့်တက်လျက်ရှိကြောင်း သိရသည်။

အာရှဆန်တင်ပို့သည့်နိုင်ငံများတွင် ဖြစ်ပေါ်နေသော ဆန်ပို့ကုန်  FOB ဈေးနှုန်းများ အခြေအနေပြဇယား

ဈေးနှုန်း USD.PMT

ဆန်အမျိုးအမည် ၁၅-၃-၂ဝ၁၇ ၂၂-၃-၂ဝ၁၇
ထိုင်းဆန်ဖြူ    ၁ဝဝ%
ထိုင်းဆန်ဖြူ    ၅%
ထိုင်းဆန်ဖြူ    ၂၅%
ထိုင်းပေါင်းဆန်
ဗီယက်နမ်ဆန်ဖြူ    ၅%
ဗီယက်နမ်ဆန်ဖြူ    ၂၅%
ပါကစ္စတန်ဆန်ဖြူ    ၂၅%
ပါကစ္စတန် ပေါင်းဆန်
အိန္ဒိယဆန်ဖြူ    ၂၅%
အိန္ဒိယ ပေါင်းဆန်
၃၈ဝ
    ၃၆၆
    ၃၆ဝ
    ၃၈ဝ
    ၃၆ဝ
    ၃၃၈
    ၃၄ဝ
    ၄၂၅
    ၃၆၅
    ၃၇၅
၃၈၇
    ၃၇၃
    ၃၆၆
    ၃၈ဝ
    ၃၅၈
    ၃၃၈
    ၃၄ဝ
    ၄၂၅
    ၃၆၈
    ၃၇၂

အိန္ဒိယ ဈေးကွက်ပဲဈေးနှုန်း

မွမ်ဘိုင်းဈေးကွက်တွင် ဖြစ်ပေါ်နေသည့် ပဲမျိုးစုံဈေးနှုန်းများ အခြေအနေပြဇယား

ဈေးနှုန်း USD.PMT

ပဲအမျိုးအမည် ၁၆-၃-၂ဝ၁၇ ၂၃-၃-၂ဝ၁၇
မတ်ပဲ
ပဲစင်းငုံ
ပဲတီစိမ်း
ကုလားပဲဖြူလုံးကြီး
၉၁ဝ
    ၆၅၈
    ၇၁၉
    ၇၅၇
၉၇ဝ
    ၇၁၃
    ၇၈ဝ
    ၉၃၂

မွမ်ဘိုင်းဈေးကွက်တွင် ပဲစင်းငုံနီ တစ်ကွင်တယ်လျှင် ရူပီး ၄၂ဝဝ မှ ၄၂၅ဝ ကြားတွင် ရှိသည်။ ယခုလကုန်တွင် သွင်းကုန်ခွန်ကောက်ခံမည် ဟု ယုံကြည်ထားကြသည့်အတွက် ဈေးနှုန်းက တက်ရိပ်ပြနေသည်။

မတ်ပဲ FAQ ဈေးမှာ တစ်ကွင်တယ်လျှင် ရူပီး ၅၉၅ဝ  မှ ၆ဝဝဝ ကြားနှင့် SQ ဈေးမှာ ရူပီး ၆၉ဝဝမှ ၆၉၅ဝ ကြားတွင် ရှိသည်။ ပြည်ပမှ တင်သွင်းသော ကုလားပဲသည် မွမ်ဘိုင်းဈေးကွက်တွင် တစ်ကွင်တယ်လျှင် ရူပီး ၁ဝဝ နှုန်း မြင့်တက်ပြီး ၅ဝ၇၅ ရူပီးမှ ရူပီး ၅၁ဝဝ အကြားတွင် အတက်အကျ ရှိသည်။ အပျက်အစီးအနည်းငယ်ရှိကြောင်း သတင်းများထွက်ပေါ်နေပြီး ပဲတောင်သူ များ အရောင်း ထိုင်းနေသဖြင့် အဝယ်လိုက်လာသည့်အတွက် ကုလားပဲဈေး တက်ရိပ်ပြနေသည်။

တောင်ကိုရီးယားသရက်သီးဈေးကွက်

 တောင်ကိုရီးယားသည် ၂ဝ၁၆ ခုနှစ်အတွင်း အမေရိကန်ဒေါ်လာ ၄၈ သန်းဖိုးရှိ သရက်သီးပြုလုပ်ပြီးနောက် အိန္ဒိယနိုင်ငံမှ သရက်သီးသွင်းမှုများ တင်သွင်းခဲ့သည်။ ယင်းသရက်သီးများကို ထိုင်း၊ ဖိလစ်ပိုင်၊ တရုတ်၊ (တိုင်ပေ) ဗီယက်နမ်၊ ပါကစ္စတန်၊ သြစတြေးလျ၊ ပီရူးနှင့် အမေရိကန်နိုင်ငံတို့မှ အများ ဆုံးတင်သွင်းခဲ့သည်။ ယခုအခါ ပိုးမွှားစစ်ဆေးမှုပြုလုပ်ပြီးနောက် အိန္ဒိယနိုင်ငံ မှ သရက်သီးတင်သွင်းမှုကို တောင်ကိုရီးယားက ခွင့်ပြုပေးလိုက်သဖြင့် ယခုနှစ်အတွင်းတောင်ကိုရီးယားဈေးကွက်သို့ အိန္ဒိယ သရက်သီးများ ဝင် ရောက်ယှဉ်ပြိုင်ရောင်းချလာနိုင်မည်ဖြစ်သည်။ 

မောင်သုံးသပ်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.