22-6-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
ရခိုင်ကမ်းရိုးတန်းတွင် ငါးဖမ်းဆီးရရှိမှုနည်းပါးလာသည့်အတွက် ငါးဖမ်းကိရိယာများ ပြောင်းလဲသုံးစွဲလာကြ
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1016
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ပြည်တွင်း စီးပွား
မြန်မာ့ပို့ကုန် ဈေးကွက်သတင်း

ဆန်

       မြန်မာ-တရုတ်နယ်စပ် စခန်းများမှ မေ ၁၃ ရက်မှ  ၁၉ ရက်အတွင်း ဆန်နှင့် ကောက်ညှင်းဆန် ယခင်တစ်ပတ်ထက် ပိုမိုတင်ပို့နိုင်ခဲ့သည်။ စခန်း အလိုက် တင်ပို့မှုမှာ မူဆယ်မှ ငစိန် ၁၃၃၈၃ တန်နှင့် ဧည့်မထ ၁၃၈၆ဝ တန်ကျော်၊ ချင်းရွှေဟော်မှ ငစိန် ၃၃၈ တန်၊ လွယ်ဂျယ်မှ ငစိန် ၁၆၃၂ဝ တန်ကျော် တင်ပို့ခဲ့သည်။ မူဆယ်မှ ဆန်အပြင် ကောင်ညှင်းဆန် ၃ဝ၇ တန် ကျော် တင်ပို့ခဲ့သည်။ ဆန်ကွဲ တင်ပို့မှုမှာ မူဆယ်မှ ၂၁၆၅ တန်နှင့် လွယ်ဂျယ် မှ ၁၈၈ဝ တန် တင်ပို့ခဲ့သည်။ စခန်းနှစ်ခုပေါင်း ၄ဝ၄၅ တန် တင်ပို့ခဲ့သဖြင့် ယခင်တစ်ပတ်ထက် ၁၅ဝ၈ တန် လျော့နည်းခဲ့သည်။ မေ ၁၄ ရက်မှ ၂ဝ ရက်အတွင်း ပင်လယ်ရေကြောင်းမှ ဆန်ဖြူနှင့် ပေါင်းဆန် ၇၂၃၆ တန် တင်ပို့ ခဲ့သည်။ ယခင်တစ်ပတ်ထက် ၂၂ဝ၄ တန် လျော့နည်းတင်ပို့ခဲ့ပါသည်။ နိုင်ငံ အလိုက် တင်ပို့မှုမှာ တောင်အာဖရိကသို့ ဧည့်မထ ၂၂၅ဝ တန်၊ အင်ဒိုနီးရှားသို့ ဧည့်မထ ၂၅ တန်၊ မက်ဒါးဂါးစတားသို့ ဧည်မထ တန် ၁ဝဝဝ၊ ရုရှားသို့ ဧည့်မထ ၄၅ဝ တန်၊ ဘီနင်သို့ ဧည့်မ ၂၅ဝ တန်၊ အီးယူနိုင်ငံများသို့ ဧည့်မထ တန် ၁ဝဝဝ နှင့် ပေါင်းဆန် ၉၂၅ တန်၊ ငစိန်တန် ၁ဝဝ၊ ဟောင်ကောင်သို့  ငစိန်တန် ၂၉ဝ၊ သီရိလင်္ကာသို့ ဧည့်မထ ၃၆ တန်၊ စင်ကာပူသို့ ဧည့်မထတန် ၇၅ဝ တင်ပို့ခဲ့ပါသည်။ ယခုတစ်ပတ်ဆန်ကွဲ တန် ၁၆ဝ၇ဝ တင်ပို့ခဲ့ရာတွင် အင်ဒိုရာသို့ တန် ၅၅ဝ၊ စင်ကာပူသို့ တန် ၅ဝ၊ အင်ဒိုနီးရှားသို့ တန် ၄၅ဝဝ နှင့် အီးယူနိုင်ငံများသို့ တန် ၁ဝ၉၇ဝ တင်ပို့ခဲ့ပါသည်။ ယခင်တစ်ပတ်ထက် စုစုပေါင်း ၉၉၇ဝ ပိုမိုတင်ပို့ခဲ့ပါသည်။

 

 ပဲမျိုးစုံတင်ပို့မှု

       မေ ၁၃ ရက်မှ မေ ၂ဝ ရက်အထိ ပြည်ပသို့ ပဲမျိုးစုံ တင်ပို့မှုမှာ ဇယား - ၁ အတိုင်းတွေ့ရှိရပါသည်။

ဇယား - ၁    ဈေးနှုန်း USD.PMT
ပဲအမျိုးအစား 13-5-2017 28-5-2017
မတ်ပဲ 162176 21488
ပဲတီစိမ်း 72990 3807
ပဲစင်းငုံ 101679 7185
ကုလားပဲ 23029 2815
ပဲလွန်းဖြူ 10008 319
မြေထောက်ပဲ 6935 439

       ယခုတစ်ပတ် ၂၆-၅-၂ဝ၁၇ နေ့ထိ ဘုရင့်နောင် ပဲဈေးကွက်တွင် မတ်ပဲ နှင့် ပဲစင်းငုံနီဈေးများ ကျဆင်းခဲ့သည်။ ယခင်တစ်ပတ်တွင် မတ်ပဲ FAQ တစ်တန်လျှင် ကျပ် ၉၇၂ဝဝဝ အထိ ဈေးတက်ခဲ့သော်လည်း ယခုတစ် ပတ်တွင် ကျပ် ၉၃၂ဝဝဝ သာရှိသဖြင့် တစ်တန်လျှင် ကျပ် ၄ဝဝဝဝ အထိ ဈေးကျခဲ့သည်။ ထို့အတူ မတ်ပဲ SQ(RC) ဈေးမှာ ယခင်တစ်ပတ်တွင် တစ် တန်လျှင် ကျပ် ၁၂၂၄၅ဝဝ အထိ ဈေးတက်ခဲ့သော်လည်း ယခုတစ်ပတ်တွင် ကျပ် ၁၁၈ဝဝဝဝ အထိ ဈေးကျခဲ့သဖြင့် တစ်တန်လျှင် ကျပ် ၄၄၅ဝဝ အထိ ဈေးပြန်လည်ကျဆင်းခဲ့သည်။ ပဲစင်းငုံနီဈေးမှာ ယခင်တစ်ပတ်က  တစ်တန် လျှင် ကျပ် ၆၇၆ဝဝဝ ထိ ဈေးမြောက်ခဲ့သော်လည်း ယခုတစ်ပတ်တွင် ကျပ် ၆၆၁၅ဝဝ ထိ ဈေးကျသဖြင့် တစ်တန်လျှင် ကျပ် ၁၄၅ဝဝ ခန့် ဈေးပြန်လည် ကျဆင်းခဲ့သည်။ မန္တလေးဈေးကွက်တွင်လည်း မတ်ပဲနှင့် ပဲစင်းငုံနီဈေးများ ကျဆင်းခဲ့ပါသည်။ ယခင်တစ်ပတ်က မတ်ပဲတစ်ပိဿာလျှင် ၁၅၈၃ ကျပ် အထိ ဈေးကျခဲ့သကဲ့သို့ ယခုတစ်ပတ်တွင်လည်း တစ်ပိဿာလျှင် ၁၅၁၇ ကျပ် (တစ်တန်လျှင် ကျပ် ၉၂၈၉၉ဝ)ထိ ဆက်လက်ဈေးကျခဲ့ပါသည်။ မတ်ပဲ ကို ရန်ကုန်ဝယ်လက်နှင့် မြို့ခံပဲခွဲစက်များက ပုံမှန်ဝယ်ယူမှုရှိပြီး တစ်နေ့လျှင် အိတ် ၄ဝဝ ခန့်အရောင်းအဝယ်ဖြစ်ပါသည်။ ပဲစင်းငုံနီဈေးမှာလည်း ယခင် တစ်ပတ်က တစ်ပိဿာလျှင် ၁ဝ၄၅ ကျပ်ဖြင့် ဈေးတက်ခဲ့သော်လည်း ယခု တစ်ပတ်တွင် ၁ဝဝ၈ ကျပ် (တစ်တန်လျှင် ကျပ် ၆၁၇၂၈ဝ) နှင့် ပြန်၍ ဈေးကျခဲ့ပါသည်။

 

မောင်သုံးသပ်

မောင်သုံးသပ်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.