စည်ကားရှင်သန်နေဆဲ တောင်တွင်းကြီး နွားပွဲဈေး(မကွေးဝင်းမောင်)

နတ်မောက်၊ လေးအိမ်၊ စနေ နွားဈေးသို့ သတင်းသမား တစ်ဦးလည်းဟုတ်၊ တောင်သူတစ်ဦးလည်း ဖြစ်သူ စာရေးသူသည် မကြာခဏ ရောက်လေ့ရှိသည်။ စိတ်ဝင်စားဖွယ်ရာ ကောင်းပြီး စည်ကားလှသည်။ နွားကျများသည်။ နွားပြာ၊ နွားအဖြူ အကျများသည်။ ဈေးကွက်ဂျာနယ်တွင် သတင်းတို၊ သတင်းဆောင်းပါးရှည်များကို အခါအခွင့်သင့်သလို ရေးသားခဲ့။