ကျွန်တော်ပလက်ဖောင်း စာအုပ်ရောင်းသမား (အပိုင်း - ၅)
ကိုသီဝ ခြောက်ထပ်ရုံးဘေး ဆိုင်ထွက်နေတဲ့ အချိန်ကပေါ့။ တစ် နေ့တော့ ကိုအောင်မြင့်ဆိုတဲ့လူ သူ့ ဆိုင်ကိုစာအုပ် ဝယ်ရအောင် ရောက်လာ တယ်။ ကိုအောင်မြင့်ဆိုတာ ဗမာရည် လည်တဲ့ ဟိန္ဒူ။ စာအုပ်အရောင်း အဝယ်သမား။ ရှားပါးစာအုပ်တွေ ဝယ်ပြီး တက္ကသိုလ်စာကြည့်တိုက်မှာ ပြန်သွင်းတယ်။ မောရစ်ကောလစ် တို့၊ ဖီးလဒင်းဟောတို့၊ ဒေဆိုင်းတို့၊ မိုက်ကယ်ဆိုင်းတို့ရဲ့ စာအုပ်တွေ သူ သိပ်ကြိုက်ပေါ့။ ကိုသီဝလဲရှားပါး စာအုပ်တစ်အုပ်ရထားတယ်။ B.R Peam ရဲ့ Histroy of Rangoon ရန်ကုန် ရာဇဝင်ပေါ့။ ဆိုင်ရှေ့ကို ကိုအောင်မြင့် ရောက်လာတော့ ကိုသီဝ က-
''ကိုအောင်မြင့် ကျွန်တော့်မှာ ရန်ကုန်ရာဇဝင်စာအုပ်ရောင်းဖို့ရှိ တယ်''
''ဘယ်မှာလဲ ပေးပေး။ ဈေးက ဘယ်လောက်ပေးရမှာလဲ''
''သုံးရာပဲပေးပါ။ ဒါပေမယ့် စာအုပ်က အိမ်မှာကျန်ခဲ့လို့ မနက်ဖန် မှ ရမယ်''
ဒီတော့ ကိုအောင်မြင့်က
''မနက်ဖန်ယူလာခဲ့ပါ။ ကျွန် တော်လာခဲ့မယ်''လို့ အချိန်းအချက် လုပ်တော့ ကိုသီဝက-
''မနက်ဖြန် ညနေ ၃ နာရီ တိတိ''လို့ အချိန်အတိအကျ ချိန်း လိုက်တယ်။ ကိုအောင်မြင့်သူ့ဆိုင်က ပြန်ခါနီးမှာတောင် ကိုသီဝက
''မနက်ဖြန်ညနေ ၃ နာရီတိ တိ'' နော်လို့ ထပ်ပြီးသတိပေး လိုက်တယ်။
နောက်နေ့ကျတော့ ညနေ ၃ နာရီ မထိုးခင်ကတည်းက ကိုသီဝ ဟာ သူလက်ပတ်နာရီကို တကြည့် ကြည့်နဲ့ပေါ့။ ညနေ သုံးနာရီထိုးပြီ။ ကိုအောင်မြင့် အရိပ်အယောင်မမြင်ရ သေး။ ဒီလူ အချိန်ကို မလေးစားဘူး။ လာမယ်ဆိုပြီး ခုထိပေါ်မလာသေးဘူး ဆိုပြီး တဖျစ်တောက်တောက်နဲ့ပေါ့။
သုံးနာရီခွဲပြီ။
ကိုအောင်မြင့် မလာသေး။
လေးနာရီထိုးပြီ။
ခုထိ ကိုအောင်မြင့်မလာသေး။
ခြောက်နာရီထိုးပြီ၊ မှောင်ပြီ။
ကိုအောင်မြင့် မလာတော့ဘူး ထင်တယ်။
ဒီလူတော့ ဒီစာအုပ်ကို မရထိုက် တော့ဘူး။ သူနဲ့ဒီစာအုပ်ကံမစပ်တော့ ဘူး ဆိုပြီးကိုသီဝတစ်ယောက် သူ ခင်းထားတဲ့ စာအုပ်တွေကောက်ထပ်ပြီး ဆိုင်သိမ်းနေပါပြီ။ မှောင်လဲမှောင် နေပြီ။ အဲဒီလိုစိတ်ပျက်လက်ပျက်နဲ့ ကိုသီဝတစ်ယောက် ဆိုင်သိမ်းနေတုန်း ကိုအောင်မြင့်ရောက်လာပါ တော့တယ်။
''ဘယ်မှာလဲ စာအုပ်၊ ကိုသီဝ စာအုပ်ပေး၊ ရော့ငွေ ၃ဝဝ'' ဆိုပြီး စာအုပ်ကိုတောင်းတော့ ကိုသီဝက
''ဒီမှာ ကိုအောင်မြင့်၊ ဒီစာအုပ် ကို ခင်ဗျားမရထိုက်တော့ဘူး။ ဒါ ဟာ ခင်ဗျားအချိန်မလေးစားတဲ့ အတွက် မရောင်းတော့ ဘူး''လို့ ပြော ပြောဆိုဆို ဟောဒီမှာကြည့် စာအုပ် ယူလာတယ်ဆိုပြီး စာအုပ်ကြီးကို ထောင်ပြလျက် သိမ်းတဲ့အထုပ်ထဲ ပစ်ထည့် လိုက်တယ်။
''မလုပ်ပါနဲ့ဗျာ၊ ကျွန်တော် ကိစ္စကလေးရှိလို့ နောက်ကျသွားတာ ကို'' လို့ ကိုအောင်မြင့်က တောင်း ပန်ပေမယ့်မရတော့ဘူး။ ကိုသီဝကို အောက်ဆိုက်ဒါ- Outsider လို့ တောင် ခေါ်ရမလား မသိတော့ဘူး။
နောက်အဖြစ်အပျက်တစ်ခုက ၁၉၉ဝ ခုနှစ်လောက်ကပေါ့။ ဇာတ် လိုက်ကတော့ ကိုသီဝပါပဲ။ ကမ္ဘာ အေးသာသနာရေး စာအုပ်ဆိုင်မှာ ကင်းဝန်မင်းကြီးဦးကောင်း ဓမ္မသတ် ၃၆ စောင်တွဲ ရောင်းချပေးတယ်။ စာအုပ်က နှစ်အုပ်တွဲ။ ရောင်းဈေးက နှစ်တွဲကို ၆ဝဝ။ တကယ်တော့ အဲဒီ စာအုပ်ကို သာမန်စာဖတ်ပရိသတ် သိပ်ပြီးစိတ်မဝင်စားပါဘူး။ ဥပဒေ သမားအတွက်ပါ။ ဒါပေမယ့် ပန်း ဆိုးတန်းဈေးကွက်မှာ ဒီစာအုပ်က သိပ်မရှိဘူး။ရှားတယ်။ ကမ္ဘာအေး ကဝယ်ပြီး ပန်းဆိုးတန်းစာအုပ်ဆိုင် တွေမှာ ပြန်သွင်းရင် တစ်ထောင် ကျော်ကျော်ရတယ်။ ၄ဝဝ-၅ဝဝ လောက်မြတ်တာပေါ့။
ဒါကို ကိုသီဝက သိတယ်။ ကမ္ဘာအေးဆိုင်မှာလဲ ဘောက်ချာဖွင့် ပြီး အလွယ်တကူဝယ်လို့ရတယ်။ ကမ္ဘာအေးမှာ အဲဒီစာအုပ်က အရောင်း ထိုင်းလို့ မှန်ဘီရိုထဲမှာ ပြမထားဘူး။ စာအုပ်ဝယ်သူလာမှ ဂိုဒေါင်မှာသွား ထုတ်ပြီး ယူရောင်းတယ်။
ကိုသီဝက အဲဒီစာအုပ်ကို ဝယ် ပြီး ပန်းဆိုးတန်း ဝင်းညီနောင်စာပေ ဆိုင်မှာ ပြန်သွင်းတယ်။ ခက်တာက ကမ္ဘာအေး သာသနာရေးဦးစီးဆိုင်က တစ်ခါဝယ်ရင် တစ်စုံပဲရောင်းတယ်။ ပြန်ရောင်းစားမှာစိုးလို့ထင်ပါရဲ့။ ဒီ တော့ကိုသီဝက ဦးကောင်း ဓမ္မသတ် ကိုတစ်ရက်ခြား တစ်ခါ၊ နှစ်ရက်ခြား၊ တစ်ခါ ဆိုသလို ခဏခဏသွားထုတ် ပြီး ပန်းဆိုးတန်းဆိုင်တွေမှာ လိုက် သွင်းတယ်။ တစ်ခါသွင်းရင် ၅ဝဝ လောက်မြတ်တော့ ဟန်ကျတာပေါ့။
ဒါပေမယ့် ကမ္ဘာအေးဆိုင်က အရောင်းစာရေးမလေးတွေက ကိုသီဝ စာအုပ် တစ်ခါလာဝယ်ရင် ဂိုဒေါင်မှာ တစ်ခါသွားထုတ်ပေးရတယ်။ ကိုသီဝကလဲ ခဏခဏလာဝယ်တော့ တစ်ရက်ခြား၊ နှစ်ရက်ခြားဆိုသလို ခဏခဏ ဘောက်ချာရေးရ တာ။ ခဏခဏ ဘောက်ချာရေးရဖန်များ တော့ ဂိုဒေါင်မှာသွားယူတဲ့အခါ ဂိုဒေါင်စာရေးကို ဦးကောင်းဓမ္မသတ် ၃၆ စောင်တွဲလို့ အရှည်ကြီးမပြော တော့ပဲ သီဝစာအုပ်ပေးပါလို့ တောင်း တယ်။ အဲဒီအချိန်ကစပြီး ကမ္ဘာအေး ဆိုင်က အရောင်းစာရေးမကလေးတွေ ရဲ့ နှုတ်ဖျားမှာ ဦးကောင်းဓမ္မသတ် လို့မခေါ်တော့ဘဲ အလွယ်တကူ သီဝ စာအုပ်လို့ပဲ ခေါ်ပါတော့တယ်။
ဒီအကြောင်းကို ဂိုဒေါင်မှူး မောင်ချိုသိန်းက ပြန်ပြောပြလို့ သိရ တာပါ။
(၈)
တကယ်တော့ လမ်းဘေးစာ အုပ်သည်ရဲ့ဘဝဟာ သိမ်ငယ်လွန်း လှပါတယ်။ သူများအိမ်ရှေ့သွားပြီး ရောင်းမိပြန်ရင်လဲ မောင်း ထုတ်တာ ခံရတတ်ပါတယ်။ အစိုးရရုံးတစ်ရုံးရဲ့ ပေါ်တီကိုအောက်မှာ ဈေးခင်းရောင်း မိပြန်ရင်လဲ ရုံးဝန်ထမ်းက ကိုယ် တိုင် တောင်လာမပြောတော့ဘူး။ စည်ပင်ရုံး ကို တယ်လီဖုန်းဆက်ပြီးအဖမ်းခိုင်း လိုက်တော့တာပါပဲ။ တစ်နေ့သေရ မယ့်သူ ချင်း အတူတူဖြစ်ပေမယ့် လောလောဆယ်မှာတော့ သူတို့က အထက်စည်းကရောက်နေတယ်။ တချို့ရုံးတွေများဆိုရင် ရုံးရှေ့ဈေး မရောင်းရဆိုပြီး ဆိုင်းဘုတ်တောင် ထောင်ထားလိုက်သေးတယ်။ ပလက် ဖောင်းကို သူတို့ပိုင်တာကျနေတာပဲ။ ဘဏ်တွေက ပိုဆိုးတယ်။ ကျွန်တော် တို့ဘဝဟာ ပေးစရာငွေမရှိ၊ ပြေးစရာ မြေမရှိတော့ပါကလား။ လမ်းဘေး ဈေးသည်ဘဝ ဟာ ခွေးတိုး ဝက်ဝင် တွေ့သူတိုင်းရဲ့ အပြောခံ ဘုံဇာဟိ ဘဝပါ။
ဒါ့ကြောင့်လဲ ကိုယ်မအားတဲ့ နေ့၊ အလုပ်များတဲ့နေ့များမှာ သား သမီးကို အဖော်ခေါ်လို့ မရတာပဲဖြစ် ပါတယ်။ သူတို့ ကရှက်တယ်တဲ့။ လူငယ်ဆိုတော့ ဟုတ်မှာပါပဲ။ ကိုယ် တောင် မှစပြီးဈေးရောင်းခါစက တော်တော်နဲ့အထာမကျတာ၊ ရှက် သေး တာပဲ။
စာအုပ်သည်ဟာ တစ်ခါတလေ ဝယ်သူနဲ့စကားပြော အဆင်မပြေရင် သူ့ရဲ့ ကမ္ဘာလောကကြီးအပေါ် အထွေထွေ မကျေနပ်ချက်တွေဟာ ဝယ်သူဘက်မြားဦးလှည့်သွားတတ် တယ်။
ဝယ်သူကလဲ ဝယ်သူပဲ။ လမ်း ဘေးဆိုပြီး ခေါက်ချိုးဆစ်ချင်ကြ တယ်။ အောင်မယ် တချို့ စာအုပ် ဝယ်သူတွေက များ ပြောလိုက်သေး တယ်။
''မင်းတို့ ဒီစာအုပ်တွေကို ကုလားဆိုင်က အချိန်နဲ့ဝယ်လာတာ တို့ မသိဘူးမှတ်လို့လား''တဲ့။
စာအုပ်သည်ကလဲ ဘာဖြစ်လို့ ငြိမ်ခံနေမှာလဲ။ ပြန်ပြောလိုက်တယ် လေ။
''ကျွန်တော်သိပါတယ် ခင်ဗျား။ ဝတ်ထားတဲ့ ရွှေလက်စွပ် ကြီးကလဲ မြေကြီးထဲက ရတာပဲ မဟုတ်လား''လို့။
တစ်ခါတလေ ဈေးမတရားဆစ် တဲ့သူဟာ ဈေးဆစ်မရလို့ မဝယ် တော့ဘူးဆိုတဲ့ ပုံစံမျိုးနဲ့ ဟန်ပြပြန် ထွက်သွားတတ်တယ်။ သူမှမဝယ် ရင်စာအုပ်သည် ဒီနေ့ထမင်းငတ်မယ့် ပုံစံမျိုးနဲ့။ စာအုပ္သည္ကလဲ ဆိုက္ကို ဏ်ပခ့သ တတ္တာပဲ။ လူကဲခတ် တတ်တာပဲ။ ဘယ်ညံ့ပါ့မလဲ။ သူ စာအုပ်ကိုကိုင်ပုံ၊ လေ့လာပုံ၊ လက်က မချဘဲဈေးဆစ်နေပုံအရ အမှန်က ဒီလူဟာ ဒီစာအုပ်ကို တကယ်လိုအပ် နေတာပါ။ စာအုပ်ကို လက်ကပြန် မချဘဲ ဈေးဆစ်နေတာကိုး။ ဟန်ပြ ပြန်ထွက်သွား၊ တစ်အောင့်ကြာမှ ပြန်လာပြီး။ ခုန စာအုပ်ပေးလို့ ဝယ်ဖို့ လုပ်တယ်။ ဒီတော့ စာအုပ်သည်က-
''မရှိတော့ဘူး။ ရောင်းလိုက်ပြီ''
''ဟာ- မြန်လှချည့်လားဗျာ၊ အခုလေးတင်ရှိသေး၊ လုပ်ပါဗျာ။ ကျွန်တော်အသုံးလိုလို့ ဒီစာအုပ်ကို ရှာ နေတာကြာပြီ။ အခုမှတွေ့လို့''
''အေး၊ အဲဒါ ခင်ဗျားသဘော ပေါက်ဖို့ကောင်းတယ်။ ခင်ဗျားတို့က လမ်းဘေးဆိုပြီး အထင်သေးတယ်၊ ဒီကောင်တွေ ထမင်းငတ်နေတာ ဆစ်တဲ့ဈေးနဲ့ရောင်းမှာပဲလို့။ ခင်ဗျားနား လည်ဖို့က မှတ်ထား။ အခုကျုပ်က ခင်ဗျားကို စာအုပ်ရောင်းနေတာ မဟုတ်ဘူး။ ခင်ဗျားတကယ်အသုံး လိုအပ်နေတဲ့ ပစ္စည်းတစ်ခုကို ရှာပေး တာ။ ခင်ဗျားအခက်အခဲကိုဖြေရှင်း ပေး တာ'' ပြောပြော ဆိုဆို စာအုပ် သည်က သူ့အခင်းဖျာအောက်မှာ ဝှက်ထားတဲ့ စောစောက စာအုပ်ကို ယူပြီးပေးလိုက်တယ်။ အမှန်က စာ အုပ်သည် က ဒီစာအုပ်ကို မရောင်းဘဲ ထားမလို့ပဲ။ ဒါပေမယ့် ဝယ်သူက ချိုချိုသာသာ ပြောလာနေတော့ အား နာပြီးစာအုပ် ကို ရောင်းလိုက် ပါတယ်။
ဆောင်းရာသီရဲ့ နေ့တစ်နေ့မှာ တရုတ်အဘိုးကြီးတစ်ယောက် ကျွန် တော့်စာအုပ်ဆိုင်ကို ရောက်လာတယ်။ နံနက် လမ်းလျှောက်ထွက်ရင်း ကြုံလို့ ထင်ပါရဲ့။ အချိန်က နံနက် ၈ နာရီ လောက်ရှိပါပြီ။
ကျွန်တော့်စာအုပ်အပုံထဲက တရုတ်လိုရေးထားတဲ့ စာအုပ်တစ်အုပ် ကို ဈေးမေးပါတယ်။
''၅ဝဝ ကျပ်ပါ''
''၂ဝဝ ကျပ် ရမလား''
စာအုပ်က တရုတ်စာအုပ်ဆို တော့ ကျွန်တော်တို့ မဖတ်တတ်ဘူး၊ ဘာစာအုပ်မှန်းသိမှာမဟုတ်ဘူး အထင်နဲ့ တရုတ် အဘိုးကြီးက ဈေး မတရား ဆစ်နေတာပါ။ ကျွန်တော်က ၅ဝဝ က မလျှော့နိုင်ပါဘူးလို့ပြော တော့ စာအုပ်ကို မဝယ်ဘူး ပြန် ချသွား တယ်။
နေ့လယ် ၁၂ နာရီလောက် အဲဒီ တရုတ်အဘိုးကြီး ကျွန်တော့်ဆိုင်ကို တစ်ခေါက်ပြန်ရောက်လာတယ်။ ကျွန်တော့်ဆိုင်က ပန်းဆိုးတန်းမှာ ဆိုတော့ သူလဲဒီအနီးအနားတစ်ဝိုက် ကဖြစ်မယ်ထင်ပါတယ်။ ၃ဝဝ မရ လို့ စာအုပ်ကိုပြန်ချသွားပြန်ပါတယ်။ ညနေ ငါးနာရီဆိုင်သိမ်းခါနီးမှာ တရုတ်အဘိုးကြီးဟာ တတိယ အခေါက်ပြန်ရောက်လာပါတယ်။ အဲဒီ အခါမှာတော့ ဈေးမဆစ်တော့ပဲ ကျွန်တော့်ကို ၅ဝဝ တန် တစ်ရွက် ပေးပြီး-
''မင်းက ဒီစာအုပ်ကို ဘာတွေ ရေးထားမှန်းမသိဘဲ ဘာဖြစ်လို့ ဈေး မလျှော့ရတာလဲ''တဲ့။
''ဒီစာအုပ်မှာ ဘာတွေရေးထား မှန်းတော့ ကျွန်တော်မသိဘူး။ ကျွန် တော်သိတာက ၅ဝဝ က လျှော့လို့ မဖြစ်ဘူး ဆိုတာပဲ''လို့ပြန်ဖြေလိုက် တော့ အဘိုးကြီးနှာတင်းတင်းနဲ့ ပြန် သွားပါတော့တယ်။ အမှန်က အဲဒီ စာအုပ်ဟာ တရုတ် သမ္မတ ကျန်ဇီမင်းရဲ့ အတ္ထုပ္ပတ္တိစာအုပ်ပါ။ ကျွန် တော်တရုတ်စာဖတ်တတ်လို့မဟုတ် ပါဘူး။ စာအုပ်ရဲ့ ပထမစာမျက်နှာ အောက်ဘက်နား မှာ ပွိုင့်သေးသေးနဲ့ အင်္ဂလိပ်လိုရေးထားတဲ့ စာတစ် ကြောင်းပါလို့ သိတာပါ။
လမ်းဘေးစာအုပ်သည်ဟာ ကိုယ် ရောင်းချမယ့်စာအုပ်တစ်အုပ် ကို မူလစာရေးဆရာပေးထားတဲ့ နာ မည်ကိုမကြိုက်ရင် ဒီစာရေးဆရာနှယ် အပါ့။ အတွင်းစာသားတွေကကောင်း ရဲ့သားနဲ့ နာမည်ပေးပုံကိုက ဘယ်လို ကြီးလဲ။ 'အလုပ်လက်မဲ့ လမ်းညွှန်' တဲ့။ ဝယ်သူဘယ်ကလာဝယ်ဖတ်မှာ တုံး၊ သူ့စာအုပ်ဝယ်ဖတ်မယ့်သူဟာ အလုပ်မရှိ၊ အကိုင်မရှိ ၁ဝ၉-၁၁ဝ ဖြစ်နေပြီလေ။ ဒီတော့ ငါက ဒီစာအုပ် ရောင်းကောင်းအောင် ဈေးကွက်မှာ စွံအောင် နာမည်အသစ်ပြောင်းပေး လိုက်မယ်။ 'ငွေရှာနည်းအတတ် ပညာ'။ ကဲ- ဘယ်လောက်ကောင်း လဲ။ ကျွန်တော်ပေးတဲ့နာမည်အသစ် က စာအုပ်ထဲမှာ မဲနယ်လုပ်နည်း၊ ဆပ်ပြာချက်နည်း၊ ငွေရည်စိမ်နည်း၊
ရွှေရည်စိမ်နည်း။ ဒီစာအုပ်ဖတ်ပြီး လုပ်ငန်းလုပ်စားလို့ရတယ်။
ဒီလိုနဲ့ပဲ စာအုပ်အဟောင်း ရောင်းသူတွေဟာ မူလစာရေးဆရာ ပေးထားတဲ့ နာမည်ကို မကြိုက်ရင် အဖုံးကိုဖြဲ၊ အသစ်ပြန်ချုပ်ပြီး နာမည် ပြောင်း ရောင်းတတ်ကြတယ်။
နောက်တစ်အုပ်လာပြန်ပြီ။ စာ အုပ်နာမည်က ရွှေပေလွှာ ငွေပေလွှာ တဲ့။ ကောလဟာဟတွေကို ဖြန့်ဖြူး ချင်ရင် ရွှေပေလွှာ ချတယ်သာ ကြားဖူး ပါတယ်။ ဒီနာမည်ကြီးက ဘာမှန်းလဲ မသိဘူး။ ဝေဝေဝါးဝါးနဲ့။ စာအုပ်နာ မည် ပေးမယ်ဆိုရင် အတွင်းစာသား နဲ့လိုက်အောင် တဲ့တိုးပေးပေါ့။ စာအုပ် နာမည်ပေးတယ်ဆိုတာ သံခိပ်ရေး တာပဲ။ ဒီစာရေးဆရာတွေ ကိုယ့်စာ အုပ်ကိုယ်တောင် နာမည်မပေးတတ် ကြဘူး။ စာအုပ်သည်က နာမည် အသစ်ပေးလိုက်မယ်။ ရောင်းကောင်း ရမယ်။ Best Seller ဖြစ်ရမယ်။
စက္ကူပျော့ဖတ်လုပ်နည်း။
ဘယ်သူ သဘောတူတူ မတူတူ စာအုပ်တွေကို နာမည်ပြောင်းပြီး ရောင်းတဲ့ နေရာမှာ အတော်ဆုံးပုဂ္ဂိုလ် ကိုပြောပါဆိုရင် ပန်းဆိုးတန်းက စာအုပ်ချိုးကြီး ကိုတင်မောင်ဝင်းလို့ ပြောရမှာပါပဲ။ သူက နာမည်အသစ် ပေးတဲ့နေရာမှာ လက်သံပြောင်တဲ့ ပုဂ္ဂိုလ်ပါ။ ကြည့်လေ။ မောင်တာနော ဆိုတဲ့ ရှေးဝတ္ထုကို နာမည်ပြောင်း လိုက်ပုံက
''ဆရာကြီး ဦးတာနောပြောပြ တဲ့ မြန်မာ့ဓလေ့ရိုးရာစရိုက်များ''တဲ့။
အဲဒီအချိန်ကစပြီး ကိုတင်မောင် ဝင်းကိုတွေ့ရင် ဆရာကြီးဦးတာနော လို့ စာအုပ်သမားတွေက သူ့ကိုခေါ် ကြတယ်။ (ကိုတင်မောင်ဝင်းရေ ခင်ဗျားအထုပ်ဖြည်ပြလို့စိတ်မရှိပါနဲ့ နော်)။ ကိုသီဝကတော့ ဒဂုန်ဦးထွန်းမြင့် ရဲ့ပါဠိသက်ဝေါဟာရများ စာအုပ်ကို ပါဠိမြန်မာအဘိဓာန်လို့ နာမည်ပြောင်း ရောင်းခဲ့ဖူးတယ်။
''သား မနေ့ကဝယ်သွားတဲ့ စာအုပ်အနီကလေးကလေ ငါးကျပ် မဟုတ်ဘူးတဲ့။ အမေ့ကို အမေ့သား ကဆူတယ်။ အဲဒါ ၂၅ ကျပ်တန် တဲ့''
''အမေက ငါးကျပ်ပဲပြောလို့ ကျွန်တော် ငါးကျပ်ပေးဝယ်သွားတာ ပဲ''
''ဟုတ်တယ်သားရဲ့။ အမေ့ သားကပြောတယ်။ အဲဒီစာအုပ်က ၂၅ ကျပ်ရောင်းတာတဲ့။ အမေမှားပြီး ရောင်းလိုက်မိသလား မသိပါဘူးကွယ်။ အဲဒါ ၂ဝ ကျပ်တော့ ထပ်ပေးပါသား ရယ်။ နို့မဟုတ်ရင် အမေအဆူခံရ ပါ့မယ်''
စာအုပ်အဟောင်းသမား ကိုစိန် ထွန်းနဲ့ ၂၉ လမ်းက ကုလားမအဘွား ကြီးတို့ အချီအချငြင်းခုံနေကြတာဖြစ် ပါတယ်။ ဟုတ်ပါတယ်။ ကိုစိန် ထွန်းကလဲ ကိုစိန်ထွန်းပါပဲ။ အဘွား ကြီးကို သူ့သားဟာဂျီကိုမောင်မောင် ကစာအုပ်ရောင်းခိုင်းထားတာပါ။ ကိုမောင်မောင်က ရုံးသမားလေ။ အဘွားကြီးက စာအုပ်ဈေးတွေ နား မလည်တော့ သူ့သားရေးပေးထားတဲ့ စာအုပ်ရဲ့နောက်ကျော က ဈေးနှုန်း အတိုင်းရောင်းနေတာပါ။ ဒါကိုသိတဲ့ ကိုစိန်ထွန်းက သူလက်ဖက်ရည်ဖိုး လိုရင် အဘွားကြီးကို မကြာခဏသွား ပြီးနှိပ်စက်တတ်တယ်။
အခုလဲ ဟိုတစ်နေ့က အဘွား ကြီးဆိုင်မှာ သျှင်ဥက္ကဋ္ဌရဲ့ လူသေလူ ဖြစ် စာအုပ်ကို နောက်ကျောမှာ ရေးထားတဲ့ ၂၅ ကျပ်ဈေးနှုန်းရေး ထားတာကို ၅ ကျပ်နဲ့ရအောင် အကြံ အဖန်လုပ်ဝယ်ခဲ့တယ်လေ။
သူ အကြံအဖန်လုပ်ပုံက ဒီလို ပါ။ စာအုပ်ကို အကြာကြီးဖတ်ချင် ယောင်ဆောင်ပြီး နောက်ကျောက ဈေးနှုန်း ၂၅ ရေးထားတာ ၂ ဂဏန်း ကို လက်သည်းနဲ့အကြာကြီးခြစ်ဖျက် နေတော့ ၂ ဂဏန်းပျက်သွားတာ ပေါ့။ ၂ ဂဏန်းပျက်သွားတော့ စာအုပ် တန်ဖိုးက ၅ ကျပ်ပဲဖြစ်သွားတာပေါ့။
အဲဒီစာအုပ်ကို အဘွားကြီးဆီက ၅ ကျပ်နဲ့ဝယ်လာပြီး ပန်းဆိုးတန်းမှာ ၁ဝ ကျပ်နဲ့ ပြန်သွင်း သူငယ်ချင်းတွေ နဲ့လက်ဖက် ရည်သောက်ကြတယ် လေ။
(၉)
စာအုပ်အဟောင်းသမားတစ် ယောက်ဟာ စက္ကူဝယ်တဲ့ အထမ်း သမား တောင်းသမားတွေနဲ့လဲ မကြာ ခဏ ဆက်ဆံရလေ့ ရှိတယ်။ သူတို့ဆီ က စာအုပ်ဝယ်ရင် ကုလားဘော် တယ် ဆိုင်မှာသွားဝယ်ရတာထက် ဈေး သက်သာတယ်။ သူတို့ဆီက ရတဲ့ အတွေ့အကြုံတွေကလဲ မနည်း လှဘူး။
စက္ကူအထမ်းသမား သုံးတဲ့ ငါး ကျပ်သားအလေးဟာ ဓာတ်ခဲပဲ။ ဓာတ်ခဲက ခြောက်ကျပ်သားကျော် ကျော်ရှိတယ်။ ပိဿာလေး၊ ငါး ဆယ်သားအလေးတွေဆိုရင် ဖင်မှာခဲနဲ့ ပိတ်ထားတယ်။ အလေးကကြီးသွား တာပေါ့။ ဝယ်တဲ့အလေးလေ။
ချိန်ခွင်ကိုကြည့်ပါဦး။ အလယ် ဝင်ရိုး အဖျားဘက်က အလုံးဖြစ်ပေ မယ့် အရင်းဘက်မှာ သုံးမြှောင့်လုပ် ထားတယ်။ လိုအပ်လို့ ချိန်ခွင်ကို စောင်းလိုက်တဲ့အခါ ဝင်ရိုးပေါက်နဲ့ သုံးမြှောင့်အတန်းနဲ့ကျပ်သွားပြီး ဝင်ရိုးကမလည်တော့ဘူး။ ဒီအခါမှာ တစ် ပိဿာလောက်ရှိတဲ့ ပစ္စည်းကိုလဲ တစ်ဆယ်သားအလေးနဲ့ ချိန်ဝယ်လို့ ရတယ်။ အလေးခိုးနည်းပေါ့။ ယုတ္တိ ရှိအောင်တော့ ချိန်တတ်ဖို့လိုတယ်။
သုဝဏ္ဏမြို့က ဆန်နီဆိုတဲ့ အထမ်းသမားအကြောင်း ပြောပြပါ့ မယ်။ တစ်နေ့တော့ သုဝဏ္ဏအိမ် တစ်အိမ်က နှစ်ပေါင်း သုံးလေးနှစ် စုထားတဲ့ သတင်းစာအဟောင်းတွေ ဆန်နီကိုခေါ်ရောင်းတယ်။ ဆန်နီက အလေးများများမပါတော့ ငါးဆယ် သားလေး၊ ပိဿာလေးနဲ့ ဓာတ်ခဲတွေ ပေါင်းပါမှ နှစ်ပိဿာလောက်ပဲ ရတယ်။ တစ်ဆွဲကို နှစ်ပိဿာစီချိန် ပြီးကြမ်းပြင်ပေါ်မှာ ပုံထားတယ်။ တစ်ဆွဲ၊ နှစ်ဆွဲ၊ သုံးဆွဲ၊ လေးဆွဲ စသဖြင့်ပေါ့။ အားလုံးပေါင်း အပုံက ၁၇ ပုံလောက်ရတယ်။ ၁၇ ပုံဆို တော့ ၃၄ ပိဿာပေါ့။
ချိန်ပြီးတဲ့ သတင်းစာအပုံတွေကို သူ့တောင်းထဲထည့်ဖို့လုပ်တော့ အိမ် ရှင်က သူ့သတင်းစာအပုံတွေကို ရေ တွက်ရင်း သတင်းစာအပုံတွေကို ကြည့်လိုက်တော့ လား-လား အပုံ တွေက နိမ့်တဲ့အပုံက အများကြီး နိမ့်နေပြီး၊ မြင့်တဲ့အပုံက အဆမတန် မြင့်နေတာကိုတွေ့ရတော့-
''မင်း နှစ်ပိဿာအပုံတွေကလဲ နည်းတဲ့အပုံက အများကြီးနည်းပြီး များတဲ့အပုံကျတော့ အများကြီးဖြစ် နေပါလား။ တော်- တော်- မင်းကို ငါမရောင်းတော့ဘူး''လို့ ပြောလွှတ် လိုက်တယ်။ ဆန်နီအလေးခိုးတာဟာ ယုတ္တိမှမရှိတာ။
နောက် အထမ်းသမားတစ် ယောက်ကတော့ ကျွန်တော်က မွန် ကြီးလို့ခေါ်တဲ့ ကိုဝင်းမြင့်ပါ။ ဆောင်း တွင်းအချိန်တစ်နေ့အထမ်းထွက်ရာ မှာ သုဝဏ္ဏစုပေါင်းဘက်ရောက်တော့ လမ်းလျှောက်ထွက်နေတဲ့ အဘိုးကြီး တစ်ယောက် နဲ့တွေ့တယ်။
''ဟေ့ကောင် ငါနဲ့လိုက်ခဲ့။ ငါ့ မှာရောင်းစရာ ပုလင်းတွေ၊ နို့မှုန့်ဘူး တွေရှိတယ်'' ပြောပြီး သူ့အိမ်ကိုခေါ် သွားတယ်။ အိမ်ရောက်တော့ ကားဂို ဒေါင်ဖွင့်ပြီး-
''အဲဒီအထဲက နို့မှုန့်ဘူးတွေ၊ ပုလင်းတွေ၊ နို့ဆီခွက်တွေအပြင်ထုတ် ခဲ့''လို့ဆိုပြီး တုတ်ကောက်ကြီးနဲ့ ဂို ဒေါင်ထဲကိုထိုးပြတယ်။ မွန်ကြီးလဲ ပစ္စည်းတွေအပြင်ဘက်သယ်ထုတ်ပြီး နို့ဆီခွက်က ဘယ်နှလုံး၊ အရက် ပုလင်းခွံက ဘယ်နှလုံး၊ နို့မှုန့်ဘူးခွံ က ဘယ်လောက် စသဖြင့် ရေတွက် နေတုန်း အဘွားကြီး ဈေးကပြန် ရောက်လာတာနဲ့ ပက်ပင်းကြုံနေပါ လေရော။
''အဘိုးကြီး၊ ရှင်မကြီးမငယ်နဲ့ ဘာဖြစ်လို့ ဘိုင်ကျင့်ဘိုင်ကြံကြံနေ တာလဲ။ လူမြင်မကောင်း သူမြင် မကောင်းနဲ့''လို့ အော်ပြီး ဆူဆူပူပူ လုပ်တော့တာပဲ။ နောက်မကြာပါဘူး။ အဘိုးကြီးနဲ့အဘွားကြီး တစ်ယောက် တစ်ခွန်းစကားများကြပါလေရော။ သုဝဏ္ဏစုပေါင်းရပ်ကွက်ဆိုတာ လူ ကုံထံတွေနေကြတာ။ အဘွားကြီး ကရှက်မှာပေါ့။
''ဟေ့-ကောင်လေး၊ ဒါတွေ အကုန်ယူသွား၊ အလကားယူသွား'' ဆိုပြီး တော်တော်များများ အလကား ပေးလိုက်တယ်။ အဘိုးကြီးစိတ်ဆိုး သွားပြီလေ။
နောက် အထမ်းသမားတစ် ယောက်က ကိုစိန်မောင်ပါ။ တောင် ဥက္ကလာပဘက်မှာ တိုက်ကိုထုံးသုတ် ပြီးလို့ ထုံးပုံး အခွံတွေပြန်ရောင်းဖို့ ကိုစိန်မောင်ကိုလှမ်းခေါ်တယ်။ တိုက် ရှင်အဘိုးကြီးက ထုံးပုံးအခွံတွေ ရောင်းမယ်ပေါ့။
''ဦးလေး အဲဒါတွေရောင်းလို့ မရဘူး၊ သွပ်ပြားအဆွေးတွေ၊ ဘယ် သူမှမဝယ်ဘူး၊ အမှိုက်ပုံသွားပြီးပစ် လိုက်'' လို့ ကိုစိန်မောင်ကပြော တော့ အဘိုးကြီးက သူ့ထုံးပုံးအခွံ တွေကို သူတိုက်ရှေ့က အမှိုက်ပုံကို သွားပြီးလွှင့်ပစ်တယ်။ ကိုစိန်မောင် လဲဝိုင်းပြီးသယ်ပေးရတာပေါ့။
ကိုစိန်မောင်က အဲဒီရပ်ကွက်ကို တစ်ပတ်ပတ်ပြီး တစ်အောင့်လောက် ကြာမှ ခုနက အဘိုးကြီးလွှင့်ပစ်ထား တဲ့ ထုံးပုံးအခွံတွေကို တစ်ခုစီပြား ချပ်ပြီး သူ့တောင်းထဲထည့်တာပေါ့။ ဒါတွေက ဈေးတော့သိပ်မရဘူး။ မီး သွေးမီးဖိုလုပ်တဲ့လူတွေဆီသွားရောင်း ရင် အိမ်စရိတ် တစ်နေ့စာလောက် တော့ရတာပေါ့။ အဲဒီလို ကိုစိန်မောင် က သွပ်ပြားအချပ်တွေ သူ့တောင်းထဲ စုထည့်နေတုန်း-
''ဟေ့ကောင်၊ မင်း ခုနကပြော တော့ ဒါတွေမဝယ်ဘူးဆို၊ ပြန်ထား ခဲ့၊ ပြန်ထားခဲ့''လို့ထွက်ပြောပါလေ ရော။ လက်စသတ်တော့ အဘိုးကြီး က သူ့ခြံအပေါက်ထဲက ချောင်း ကြည့်နေတာကိုး။
မောင်သန်းလှိုင်