တက္ကသိုလ်စိန်တင်ရဲ့ တက္ကသိုလ်စိန်တင်
ယခုတစ်ပတ် ရန်ကုန်တစ်ခွင်၌ ကိုစိန်တင် စာပေပွဲ၊ အလှူပွဲ၊ မွေးနေ့ ပွဲ နှစ်ပွဲတိတိ နွှဲခွင့်ရလေသည်။ ပထမ ပွဲက မေတ္တာ တံခွန်အသင်း၏ ပညာသင်ထောက်ပံ့ကူညီမှု အလှူတည်း။ ၂၇-၅-၂ဝ၁၂ နေ့က ဖြစ်ပေသည်။ လူငယ်များ စုဝေးဖွဲ့စည်း ထားသော မေတ္တာတံခွန်အသင်းကို အမျိုးသား စာပေဆုရ စာရေးဆရာ သူရဇော်နှင့် ဆရာမခင် (တိုင်းရင်းမေ)တို့ ဦးဆောင် လမ်း ညွှန်ဖွဲ့စည်းခဲ့သည်မှာ နှစ်အတန်ကြာခဲ့ပြီ။ မေတ္တာတံခွန် အသင်း၏ ဆောင်ရွက်ချက်တို့မှာ ဘာသာရေး၊ လူမှုရေးသာဖြစ် ၍ နိုင်ငံရေး အဖွဲ့အစည်းတို့နှင့် အဝေးကြီး ရပ်တည်ခဲ့သည်။ ပြောရဦးမည်။ မေတ္တာတံခွန်အသင်းသည် မြောက်ဒဂုံ ကိုးဘွဲ့ရ ဆရာတော်ဘုရားကျောင်းတွင် လည်းကောင်း၊ တောင်ဥက္ကလာပမြို့ နယ်၊ အမှတ် ၂ ဝိုင်း၊ စာပေပညာရှင် စာရေးဆရာကြီး
ဆရာတော်မုံရွာ နေဇာ ကျောင်းတွင်လည်းကောင်း၊ ဘာသာရေးစာပေပြုစုသူ စာရေးဆရာ ကြီးများအား ပူဇော် ကန်တော့ ပွဲကို နှစ်စဉ်ကျင်းပခဲ့သည်။ တက္ကသိုလ် စိန်တင်နှင့် စိမ့်(ပညာရေး)တို့က ငွေကျပ် တစ်သိန်း နှစ်ကြိမ် လှူဒါန်းခဲ့ ဖူးပြီး နှစ်စဉ်လည်း ကျပ်တစ်သောင်း စီ သီးသန့်လှူဒါန်းခွင့်ရခဲ့၍ မိမိအလှူငွေ မများလှပါ။ ညောင်စေ့လှူကြီး ညောင် ပင်ကြီးလောက်ပြန်ရဖို့လည်း ဆန္ဒမရှိ ခဲ့ဖူးပါ။
ချောင်းဆုံအုန်းသွင်
ယခုနှစ်တွင်လည်း ဆရာကြီး ချောင်းဆုံအုန်းသွင်၊ ဆရာကြီး ဦးမောင်မောင်မြင့်(စာပေဗိမာန်) အပါအဝင် ဘာသာရေးစာရေးဆရာ ကြီးများကို ပူဇော်ကန်တော့ပွဲ ကျင်းပ ခဲ့သည်။ မေလ ၂၇ ရက်နေ့ကမူ စာရေးဆရာကြီး ဆရာတော် မုံရွာ နေဇာကျောင်းတွင် ကျောင်းသူ ကျောင်းသားများ၊ ပညာသင်ထောက် ပံ့ကြေး လှူဒါန်းပွဲကျင်းပခဲ့ရာ အလှူ ရှင် တက္ကသိုလ်စိန်တင်နှင့် စိမ့်(ပညာ ရေး)တို့ တက်ရောက်ကြသည်။ စည် စည်ကားကား ကျင်းပသော ထိုအလှူ ပွဲတွင် မွေးနေ့ရှင် ဆရာသူရဇော်က ရေခဲမုန့်ဖြင့် ပူးတွဲဧည့်ခံသဖြင့်ပင် တို့ကိုတင်စိန် ကြာဆံကြော်နှင့် ရေခဲ မုန့် နှစ်ခွက်ဆက်၍ အားမနာပါးမနာ စားဖြစ်ခဲ့သည်။
ရေခဲမုန့်သရဲ
အညာကလာသော တောသား ကိုစိန်တင်သည် ရေခဲမုန့်ကျွေးသော ပွဲတိုင်းတွင် ဤသို့ပင် ရေခဲမုန့်သရဲလုပ် ၍ နှစ်ပွဲ၊ သုံးပွဲ ဟဲနေကြဖြစ်သည်။ ရေခဲမုန့်တစ်ခွက်စားပြီး နောက်တစ်ပွဲ ပေးပါဦးကွယ်ဟု ကိုစိန်တင်က ပြောလျှင် စိမ့်(ပညာရေး)က နဂါးတို့ မျက်စောင်း အကြောင်းသုံးပါးမရွေး မျက်စောင်းထိုးလေပြီ။ ပေါင်ကိုလက် သည်းနှင့်ဆိတ်လေပြီ။ သူများတွေ ရေခဲမုန့် တစ်ခွက်နှင့် ပြီးပါလျက် အရှက်မရှိသော စာရေးဆရာက ယခု လို ရေခဲမုန့်နှစ်ခွက်မှာသည်ကို စိမ့် (ပညာရေး)ခမျာလေး ရှက်ရှာပေဦး မည်။ သို့သော် အညာသား စိန်တင် က စိမ့်(ပညာရေး) မျက်စောင်းကိုပင် မမြင်ချင်ယောင်ဆောင်သည်။ ပေါင်ကို ဆိတ်လျှင် ထိုင်ရာက ထပြီး နေရာရွှေ့ တော့၏။ အဟိ၊ အဟိ။
တင်ရီမ (ညောင်ဦး)
ထိုနေ့က ဆရာတော်မုံရွာနေဇာ ကျောင်းတော်ကြီး၌ ကျင်းပသော ပညာသင်ထောက်ပံ့ကြေးအလှူပွဲသို့ နာရေး ကူညီမှုအသင်း(ရန်ကုန်)က အမှုထမ်းများ၏ သားသမီးများ စည် ကားစွာ တက်ရောက်ကြလေသည်။ အထူးဧည့်သည်တော်၊ စာရေးဆရာမ ကြီးတင်ရီမ(ညောင်ဦး)လည်း တက် ရောက်ခဲ့သည်။ ထို့ပြင် ဒဂုံမြို့သစ် မြောက်ပိုင်းရှိ စာရေးဆရာမများ စည်ကားစွာ တက်ရောက်ကြသည်။
ဆရာတော်မုံရွာနေဇာ
ထိုနေ့က ကျောင်းထိုင်ဆရာ တော်ဘုရား စာရေးဆရာ မုံရွာနေဇာ က အလှူဒါန၏ စွမ်းဆောင်ရည် အကျိုးကျေးဇူးကို ပရိတ်သတ်မပျင်း ရအောင် ဥပမာ၊ ဥပမေယျနှင့် ကျကျ နန ဟောပြောသွားလေ၏။ ထို့နောက် စာရေးဆရာ တက္ကသိုလ်စိန်တင် အလှည့်လည်း ပြောချင်သေး၏။ တက္ကသိုလ်စိန်တင်က လူစုစုရှိ၍ စကားပြောပေးပါဆိုလျှင် မငြင်းချင် ပါ။ လူထူထူရှိလျှင် ပရိသတ်က နား ထောင်ချင်သလား၊ နားမထောင်ချင် ဘူးလား မစဉ်းစားဘဲ စကားပြောခွင့် ရ ပြောမှာပေါ့ဟုဆိုပြီး နေရာက ထတတ်သူ ကိုအာလူးပင်။
''ယခုလို ပညာသင်ထောက်ပံ့ ကြေး အလှူပေးတဲ့ပွဲမှာ စကားပြောခွင့် ရတာ ဝမ်းသာပါတယ်ခင်ဗျာ။ တက္က သိုလ်စိန်တင်ပြောချင်တဲ့စကားကတော့ လှူကြပါ။ လှူကြပါ။ လှူကြပါ။ ဒါပဲပြောချင်တယ်။ ဒီမှာပဲ တချို့က ပြောချင်ကြမယ်။ တို့က သူဌေးတွေ၊ သူကြွယ်တွေ၊ ပြည့်စုံသူတွေ၊ ခေတ် စကားနဲ့ ပြောရလျှင် ငါးသလောက် ပေါင်း စားသူတွေမဟုတ်ဘူး။ စားစရာတောင် အနိုင်နိုင်။ ဘာနဲ့လှူရမှာလဲ ကွလို့ ပြောနိုင်ပါတယ်။ ဒီမှာခင်ဗျာ။ တက္ကသိုလ်စိန်တင် အလှူဒါနပြုပုံ ကလေးပြောပါ့မယ်။
''နေပူပူမှာ ရေအိုး၊ ရေအိုးလို့ ရှေ့နောက်သောက်ရေအိုး ရေအိုးကြီး ထမ်းလာတဲ့ သူတစ်ဦးကိုတွေ့တော့ ကိုစိန်တင်က လာပါဦးဗျလို့ ခေါ် လိုက်ပါတယ်။ နဖူးကချွေးကိုလက်နဲ့ သပ်ရင်း သောက်ရေအိုးသည် အိမ်ထဲ ဝင်လာပါတယ်။
''ဒီမှာ ညီလေး မင်းရောင်းတဲ့ သောက်ရေအိုးကို ဈေးမဆစ်ဘဲ ဝယ်မယ်ကွ တစ်လုံးဘယ်လောက် လဲ''လို့ မေးတော့-
''တစ်လုံးတစ်ထောင့် နှစ်ရာပါ ခင်ဗျ''လို့ ပြောပါတယ်။
အမှန်က သောက်ရေအိုး၊ မြေ အိုးဈေးက တစ်လုံးကျပ် ၉ဝဝ တန်း ပါ။ ကိုစိန်တင်က ဈေးမေးပြီးသား ပါ။ ယခုသူက ကျပ်တစ်ထောင့်နှစ်ရာ ပြောတော့ ငွေသုံးရာကျပ် ဈေးများ နေပါတယ်။ ကိစ္စမရှိပါ။ နေပူကျဲကျဲ မှာ နွေရာသီကာလ ပူပူလောင်လောင်နဲ့ ရေအိုးလည်ရောင်းနေသူကို ဈေးမဆစ် ဘဲ ကိုစိန်တင်ဝယ်လိုက်ပါပြီ။ ငွေ ကျပ် သုံးရာလှူလိုက်ပါတယ်ခင်ဗျာ။ ဒါနဲ့မပြီးသေးပါဘူး။ သူစီးလာတဲ့ ရော်ဘာသားရေဖိနပ်က ဗထက်ချိုက် လိုက် ဟောင်းနွမ်းနေပါပြီ။ ကိုစိန်တင် မှာ ဘီအမ်၊ ရာဘာဖိနပ်တစ်ရန် ဝယ်ပြီးသား ဖိနပ်ချွတ်မှာရှိပါတယ်။ ကျပ်တစ်ထောင်နဲ့ ဝယ်ထားတာပါ။
''ညီလေး စိတ်မဆိုးနဲ့နော် မင်းစီးလာတဲ့ဖိနပ်က ဗထက်ချိုက် လိုက်နေပြီ။ ငါဝယ်ထားတဲ့ ဟောဒီ ရာဘာဖိနပ်အသစ် လက်ဆောင်ပေး ချင်တယ်ကွာ ယူပါနော်'' ရေအိုး ရောင်းသူ မျက်နှာပြုံးရွှင်သွားပြီး ကျေးဇူးတင်ပါတယ်ခင်ဗျာတဲ့ ပြော ပြီးယူသွားပါ တယ်။ အဲဒါ ကိုစိန်တင် လှူနေကျအလှူတစ်မျိုးပါ။
နောက်အလှူတစ်ခုကတော့ ဂက်စ်ထည့်တယ်၊ ဖိနပ်ချုပ်တယ်၊ ထီးပြင်တယ် အော်လာတဲ့သူတစ်ဦး ကို တက္ကသိုလ်စိန်တင်က လှမ်းခေါ် လိုက်ပါတယ်။ ဂက်စ်မီးခြစ် ငါးလုံး ဂက်စ်ထည့်ပေးပါဆိုတော့ အဲဒီလူက ၂၅ဝ ကျသင့်ပါတယ်တဲ့။
''ဒီလိုလုပ်ကွာ ငါ့ညီရာ အကြွေ ပေးဖို့မရှိဘူး။ ရော့ ငါးရာကျပ်ယူသွား မအမ်းနဲ့နော်။ ဒါနဲ့ ငါ့ညီလေး ခြေ ထောက်တစ်ဘက် က ခြေတုတပ်ထားတာ ဘာဖြစ်လို့လဲ''လို့ မေးတော့
''မဲသဝေါမှာ ကျည်ထိခဲ့လို့ ခြေထောက်ဒဏ်ရာရပြီး ဖြတ်ပစ်ရ တယ်။ ဒီမှာ ကျွန်တော် စစ်မှုထမ်း ဟောင်းကတ်ပါ''တဲ့။
''အိုး-ကိုယ့်လူက နိုင်ငံတော်အတွက် အသက်စွန့်တိုက်ပွဲဝင်ခဲ့သူ ကိုး။ လျော်ကြေးနဲ့ပင်စင်လစာ ဘယ် လောက်ရ သလဲဆိုတော့-
ထိုလူက သူရတဲ့ စွန့်လွှတ်နစ်နာ ကြေးနဲ့ လစဉ်ခံစားရတဲ့ ပင်စင်ငွေ ပမာဏကို ပြောပြပါတယ်။
''ဒီလိုလုပ်ကွာ၊ မင်းကိုဂုဏ်ပြုပြီးတော့ လက်ဖက်ရည်နဲ့ မုန့်ကျွေး ချင်ပါတယ်။ ဒီလမ်းထိပ်က သက်တန့်ရောင်ကဖီးမှာ ဒီစာ သွားပြနော်။
စာထဲမှာ ''ကိုတင်လွင်၊ မမာမာဌေး၊ ယခုလာသူကို ရှယ်လက်ဖက်ရည်နဲ့ ပဲပလာတာ၊ မုန့်ဟင်းခါး ကြိုက်ရာကျွေးလိုက်ပါ။ ညနေ ငွေ လာရှင်းမယ်''ဆိုပြီး လွှတ်လိုက် တယ်။
အဲဒါ၊ တက္ကသိုလ်တင်စိန်၊ စိမ့် (ပညာရေး)တို့ရဲ့ နေ့စဉ်ရက်ခြား လှူဒါန်းသွားတဲ့ အလှူပေါက်စန ကလေးတွေပါ။ ကိုစိန်တင်နဲ့ စိမ့်တို့ စာမူခကလေးတွေရရင် ညောင်ကန် အေးသာသနာ့ရိပ်သာ၊ ကိုးဘွဲ့ရ ကျောင်း၊ နှင်းဆီကုန်းဘိုးဘွားရိပ်သာ၊ ဇီဝိတ ဒါနဆေးရုံတွေမှာ လှူဒါန်းကြမြဲ ပါ။ ဒါတွေက တစ်နှစ်မှာ နှစ်ကြိမ် သုံးကြိမ်သာပါ။ ယခုလိုအလှူကလေး တွေ လှူရတာပီတိဖြစ် ရပါတယ်။ ကဲ-ကိုစိန်တင်စကား နိဂုံးမချုပ်မီ မေတ္တာတံခွန်သင်းဂုဏ်ပြု ကဗျာ ကလေးတစ်ပုဒ် သီဆိုခွင့်ပြုပါ။
မေတ္တာတံခွန်
ချွန်ပါပေ့၊ ဖေ့သမီးသား
ထင်ရှားအောင်မြင်တဲ့
တို့ပြည်တစ်ခွင် ဒါနပွဲကို
နွှဲအောင်ကြစေသား။
ပြောရဦးမည်။ ထိုနေ့က စာရေး ဆရာမဇင်က ဆရာသူရဇော်မှတစ်ဆင့် တက္ကသိုလ်တင်စိန်နဲ့ စိမ့်(ပညာရေး) တို့ကို မေတ္တာ လွှမ်းခြုံ ပန်းသင်းထုံနှင့် အခြားဝတ္ထုတိုများအမည်ရှိ စာအုပ် လှလှကလေးတစ်အုပ် လက်ဆောင် ပေး၍ ဝမ်းသာကြည်နူးရပါ၏။ ရိုသေလေးစားရပါသော ဆရာကြီး တက္ကသိုလ်စိန်တင်နှင့် ဆရာမကြီး စိမ့်(ပညာရေး) ဇနီးမောင်နှံအတွက် စာရေးသူမှ ဂါရဝပြု စာပေလက် ဆောင်မွန်၊ ခင်မင်လေးစားစွာဖြင့် ဇင် ဟု စာရေးသားလက်မှတ်ထိုးထား လေသည်။ စာရေးဆရာမဇင်မှာ အမည် ရင်း ဒေါ်သင်းသင်းဇင် ဘီအက်စီ(ဂုဏ်ထူး) ဂျပန်ဘာသာ ဒီပလိုမာအောင်မြင်ပြီးသော စာပေ ဗိမာန်စာတည်း(တာဝန်ခံ) သုတပဒေ သာစာစောင် ဦးစီးနေသူတည်း။
တက္ကသိုလ်စိန်တင်က ဆရာ သူရဇော်ကို စာအုပ်လက်ဆောင်ပေး သော စာရေးဆရာမဇင်နှင့် မိတ်ဆက် ပေးရန်ပြော၍ တက္ကသိုလ်စိန်တင်နှင့် စိမ့်(ပညာရေး)တို့ စာရေးဆရာမဇင်နှင့် တွေ့ဆုံ ခင်မင်ခွင့်ရ၍ ဝမ်းသာကြည် နူးကြရပေ၏။ စာရေး ဆရာမဇင်မှာ ငယ်ငယ်၊ ချောချော၊ ရုပ်ရည်လှပ ပြေပြစ်သူ သမီးအရွယ်ဖြစ်နေ၍ ကိုစိန်တင်၊ စိမ့်တို့မှာ သမီးသစ် ကလေးတွေ့ရ၊ မိတ်ဆွေဖြစ်ခွင့်ရ၍ ဝမ်းသာပီတိ နှလုံးကြည်မွေ့ အတိုင်း မသိ ပျော်သလေလေ့ ပျော်သလေ့။
စာရေးဆရာမဇင်က ဝတ္ထုတို ၂၂ ပုဒ် ကို ထိုနေ့ တနင်္ဂနွေနေ့က တစ်နေ့လုံး ပင် ကိုစိန်တင် အစအဆုံးဖတ်ဖြစ်၏။ မေတ္တာလွှမ်းခြုံ ပန်းသင်းထုံ၊ ရှက် စိတ်၊ အိမ်ရှင်မ၊ မြေးအနှစ်၊ အမြတ် နိုးဆုံး၊ စိတ်ဒဏ်ရာ၊ အားမာန် အစရှိ သော ဘဝသရုပ်ဖော်ဝတ္ထုတို ကလေး တွေမှာ ဖတ်မိလျှင် လက်ကမချချင် တော့ပါပြီ။ မြန်မာစာပေလောက အတွက် ရှားရှားပါးပါး ဝတ္ထုတို အရေးကောင်း လှသော စာရေးဆရာ တစ်ဦးရရှိပြီဖြစ်ရာ များစွာ ဝမ်းသာ ကြည်နူးရပေ၏။
ယခုရေးပြချင်သော စာပေရေး ရာပွဲ၊ နောက်တစ်ပွဲကတော့ ရန်ကုန် မြို့၊ ပန်းဆိုးတန်းလမ်း၊ စာပေလောက ၅ ဆိုင်မှာ ရန်အောင်စာပေ၊ ဒေါ်နီနီတို့ မိသားစုက ကျင်းပခဲ့သော စာအုပ်ဖွင့်ပွဲ ပါ။ ဒီပွဲကို ဇွန်လ ၁၂ ရက်နေ့ နေ့လယ် ၁ နာရီမှာ ကျင်းပခဲ့တာ ပါ။ စာအုပ်ဖွင့်ပွဲမှာ တင်ဆက်မယ့် စာအုပ် ရေးသားသူ စာရေးဆရာမတွေ ကတော့ ဆရာမကြီး ခင်ဆွေဦးနှင့် စာရေးဆရာမ တက္ကသိုလ်အေးမြစန္ဒာ တို့ဖြစ်ကြလေသည်။ ဆရာမကြီး ခင်ဆွေဦး၏ မပုံ့အကြောင်း စာအုပ် နှင့် တက္ကသိုလ်အေးမြစန္ဒာ ၏ ပြန် ခွင့် ပြုပါနှင့် မဂ္ဂဇင်းဝတ္ထုများတို့ ဖြစ်ကြ သည်။ စာအုပ်နှစ်အုပ်စလုံး တော်၍ ကောင်းလှပါသည်။
၁၂.၆.၂ဝ၁၂ ရက်နေ့က တက္က သိုလ်စိန်တင်နှင့် စိမ့်(ပညာရေး)တို့ သည် စာပေလောက ၅ စာအုပ်ဆိုင် သို့ နေ့လယ် ၁၂ နာရီရောက်သွားကြ သည်။ စာအုပ်ဖွင့်ပွဲ ကျင်းပမည့်အချိန် ထက် ၁ နာရီစောနေ၏။ ကိစ္စမရှိပါ။ စာအုပ်ဆိုင်၌ အချိန်ဖြုန်းရသော အရ သာထက် ကောင်းသောအရသာ ဘယ်မှာမှမရှိဘူးလေ။
မဟာသီရိသုဓမ္မဒေါ်ခင်ကြည်
ထို့ကြောင့် တက္ကသိုလ်စိန်တင် နှင့် စိမ့်(ပညာရေး)တို့သည် စာပေ လောက ၅ စာအုပ်ဆိုင်အနှံ့ လျှောက် ကြည့် လေ့လာပြီး မဟာသီရိသုဓမ္မ ဒေါ်ခင်ကြည် စာအုပ်ကို ကျပ် ၁၈ဝဝ ဖြင့် ဝယ်၏။ စာအုပ်ရောင်းဈေးမှာ ၂ဝဝဝ ကျပ်ဖြစ်ပြီး ၁ဝ ရာခိုင်နှုန်း လျှော့ပေးကြောင်း ကွန်ပျူတာ ငွေ လက်ခံပြေစာ၌ ဖော်ပြထားပေရာ ဦးစီး အုပ်ချုပ်သူ ဦးကျော်မျိုးညွန့်၏ စနစ် ကျပုံကို ချီးကျူးချင်ပေသည်။
မိုးမိုး(အင်းလျား၏)သား
ဦးကျော်မျိုးညွန့်မှာ စာပေလော ကဆိုင်(မူရင်း)ပိုင်ရှင် ဆရာဦးမျိုးညွန့် စာရေးဆရာမ မိုးမိုး(အင်းလျား)တို့၏ သားဖြစ်သည်။ စကားရယ်ရွှန်းပတ် ရွှန်း ပြောလေ့မရှိ။ ပြကတေ့တည် ကြည်စွာ စာပေလုပ်ငန်းကို ယုံယုံ ကြည်ကြည်တည်ဆောက် ကြိုးစားနေသူ ဖြစ်ကြောင်း နာမည်ကောင်းရှိပေ၏။ ကြည့်လေ။ တက္ကသိုလ်စိန်တင်ဝယ် ယူသော မဟာသီရိသုဓမ္မဒေါ်ခင်ကြည် စာအုပ်ကို ကွန်ပျူတာငွေရပြေစာ ရောင်းဈေးမူရင်းနှင့် လျှော့နှုန်း ၁ဝ ရာခိုင်နှုန်းကို အပိုအလိုမရှိ တိကျစွာ ထုတ်ပေးခဲ့ပါသော်ကော။
မဟာသီရိသုဓမ္မဒေါ်ခင်ကြည် စာအုပ်ကို စာအုပ်ဆိုင်ထဲမှာပင် မြည်း စမ်းကြည့်၏။ အချက်အလက်ရှာဖွေရ ခက်ဟန်တူ၏။ သိပ်ကျယ်ကျယ်ပြန့် ပြန့်မရှိ။ အတ္ထုပတ္တိစာအုပ်ရေးသားပုံ အားနည်းသည်။ သို့သော် မည်သို့ပင် ဖြစ်စေ။ ဂျပန်ခေတ်ဆေးရုံကြီး စာ အုပ်မှ အချက်တော်တော်များများရရှိ ထား၍ ဗိုလ်ချုပ်ကတော် ဒေါ်ခင် ကြည်ကို သိလိုသူများအတွက် အား တက်ဖွယ်ပင်။
ထိုနေ့က အခမ်းအနားမစတင်မီ ကိုကျော်မျိုးညွန့်၊ ဆရာမောင်ခေတ်ထွန်းတို့နှင့် စာပေအကြောင်း သောင်းပြောင်းထွေလာ ပြောနေကြလေသည်။ မကြာမီ ဧည့်ပရိသတ်များ စည်ကား လာ၏။ ကံ့ကော်ဝတ်ရည်စာပေက ဆရာမဝိုင်း၊ ဆရာမ မစန္ဒာ၊ သမီး တို့ ခေတ်ဂျာနယ် အယ်ဒီတာ ဝါဝါထင် လင်း၊ ဂျပန်ဘာသာကျွမ်းကျင်သူ စာရေးဆရာ သင်းသင်းနိုင်၊ ဆရာကြီချစ်နိုင်(စိတ်ပညာ) ပြီးတော့ ဆရာမ ကြီး ခင်ဆွေဦး၊ ဆရာမတက္ကသိုလ် အေးမြစန္ဒာတို့နှင့် အခြားစာရေးဆရာ၊ ဆရာမများ စည်ကားစွာ ရောက်လာ ကြသည်။
ခရမ်းစာပေပွဲ
ပြောရဦးမည်။ ပြီးခဲ့သည့် နိုဝင် ဘာလတုန်းက ဆရာမကြီး ဒေါ်ခင် ဆွေဦး၊ ဆရာမ မစန္ဒာနှင့် တက္ကသိုလ် စိန်တင်တို့ ခရမ်းမြို့သို့ စာပေဟော ပြောပွဲသွားခဲ့ကြ၏။ ဆရာမကြီး ဒေါ်ခင်ဆွေဦးက သူ့ဖခင် စာရေးဆရာ ကြီး မဟာဆွေအကြောင်း အခြေခံ၍ ဟောပြောခဲ့ရာ လက်ခုပ်သံတဖြောင်း ဖြောင်း။ ဆရာမ မစန္ဒာလည်း ထိုည က အာဝဇ္ဇန်းရွှင်ရွှင်နှင့် စင်မြင့်က ဟောသွား ခဲ့ပေရာ လက်ခုပ်သံတ ဖြောင်းဖြောင်း။ နောက်ဆုံးပိတ်အိတ်နှင့် လွယ်သည့် ကျွန်ုပ်တို့စာရေးဆရာက လေး တက္ကသိုလ်စိန်တင် ထိုညက အမျိုးသားရေးနှင့် အမျိုးသားတေး ခေါင်းစဉ်ဖြင့် စာပေဟောပြောခဲ့ရာ အမျိုးသားစိတ်ဓာတ်တက်ြ<ွကနေသော ခရမ်းလူထုသည် လက်ခုပ်သံတ ဖြောင်းဖြောင်းအားပေးခဲ့ကြလေသည်။
ယနေ့ စာပေလောက ၅ တွင် ကျင်းပသော စာအုပ်အရောင်းမြှင့်တင် ပွဲ၌ ဆရာမကြီးခင်ဆွေဦးက ပထမ ဦးစွာ မပုံ့စာအုပ်အကြောင်း စိတ်ဝင် စားဖွယ် ဟောပြောသွားသည်။ ရယ်စ ရာ ရွှင်စရာ ဟာသကလေးများနှင့် ပြောခဲ့ရာ စိတ်ဝင်စား ဖွယ်ကောင်းလှ ၏။ ဆရာမကြီး ခင်ဆွေဦးနောက် စာရေးဆရာမ တက္ကသိုလ်အေးမြစန္ဒာ က ပြန်ခွင့်ပြုပါစာအုပ် အကြောင်း ပြော သွားရာ စိတ်ဝင်စားဖွယ်ကောင်း ပါသည်။
ဒေးဒရဲမြတ်ဆွေ
ပြောရဦးမည်။ ၁၉၈၃-၈၄-၈၅ ခုနှစ်များဆီက စာရေးဆရာ တက္က သိုလ်တင်စိန်၏ နိုင်ငံရေးစာအုပ်များ မထုတ်ဝေနိုင် သဖြင့် ကြေးမုံသတင်း စာ၊ အယ်ဒီတာအဖွဲ့ဝင်(ငြိမ်း) ဆရာဒေးဒရဲမြတ်ဆွေ(ယခု-မြတ်ဆွေ)နှင့် ပူးပေါင်း၍တင်ထုတ် မဂ္ဂဇင်း တစ်အုပ် ထုတ်ဝေခဲ့သည်။ ရုပ်ရှင်ကြေးမုံတဲ့။ ထိုရုပ်ရှင်ကြေးမုံ တင်ထုတ်မဂ္ဂဇင်း ထုတ်ဝေခဲ့စဉ်က ယခုစာရေးဆရာမ တက္ကသိုလ်အေးမြစန္ဒာသည် ပင်တိုင် ဆောင်းပါးရှင်ဖြစ်ခဲ့သည်။
ဆင်အလုပ်မြင်းလုပ်
ရှက်ရှက်နှင့် ဝန်ခံပါရစေ။ ဆင် အလုပ် မြင်းလုပ်ဟု ပြောစကားရှိ သား မဟုတ်လား။ အတ္ထုပတ္တိစာပေ သာ ရေးသားတတ်သော တက္ကသိုလ် စိန်တင် ရုပ်ရှင်ကြေးမုံ မဂ္ဂဇင်းထုတ် ဝေရာမလုပ်တတ်မကိုင်တတ်နှင့် ခွက်ခွက်လံရှုံး၊ အြေ<ွကးတွေတင် စိတ်ပိန်ချင် စရာပါ။
ထိုစဉ်က ကျော်သူ၊ စိုးသူ၊ ပြေငြိမ်း၊ ရန်အောင်စသော ရုပ်ရှင် မင်းသားပေါက်စနတွေ အောင်မြင် ထွန်းကားချိန်။ သူတို့နှင့်တွေ့ အင်တာ ဗျူး။ ဓာတ်ပုံတွေတောင်း၊ မျက်နှာဖုံး လုပ်ရသည်။ ရုပ်ရှင်မင်းသမီးတွေထဲ မှာ မေဆွိ၊ မိုမို့မြင့်အောင်၊ တင်နီလာ ဝင်း၊ မေသန်းနု စသည်တို့ အောင်မြင် နေကြသည်။ တို့စာရေးဆရာမှာ မင်းသမီးချောကလေးတွေနှင့် မိတ် ဆက်စကားဆို။ ဓာတ်ပုံတောင်း၊ ဆောင်းပါးရေး လုပ်ရသဗျ။ တက် သစ်စမင်းသမီးချော ကလေးတွေနှင့် တွေ့ရလျှင် သူတို့ပြောတာကိုနားဆင် ပြီး သမီးလေးမြင်းစီး သင်နေတယ်ဆို၊ တရားထိုင်တယ်လို့ ကြားလိုက်ပါ တယ်။ သီလရှင်ဝတ်မှာလား။ အစား အစာဘာကြိုက်သလဲ၊ မုန့်ဟင်းခါး အကြိုက်ဆုံးပေါ့ ဟုတ်လား စသည် ဖြင့် အဓိပ္ပါယ်မရှိ အဓိပ္ပါယ်ရှိ စကား တွေ ပေါက်တတ်ကရပြော၊ ရေးချင် ရာရေး၊ မေးချင်တာမေး၊ ထမင်း တစ်လုပ်လုပ်စားခဲ့ဖူးပါ၏။ ထားပါ။
အဲဒီအချိန်က တေးသံရှင် မင်း သမီးချောတစ်ဦးထံသို့ မျက်နှာဖုံးခွင့် ပြုချက်ရရန် တက္ကသိုလ်တင်စိန် ကိုယ်တိုင်သွားခဲ့သည်။ အိမ်ခန်းထဲက မင်းသမီးက ဓာတ်ပုံကို သဘောတူ ချက်ပေးကြောင်း၊ လက်မှတ်ထိုးပေး ပြီး ထွက်ပင်မတွေ့၊ အိမ်စေမိန်းက လေးနှင့် စာရွက်ပို့ခိုင်းခဲ့သည်ကို ကြုံရ ဖူးပါ၏။ ဒါလည်းထားပါ။
တက္ကသိုလ်အေးမြစန္ဒာ
အဲဒီအချိန်၊ အဲဒီကာလမှာ စာရေးဆရာမ တက္ကသိုလ်အေးမြစန္ဒာ အင်တာဗျူးဆောင်းပါးကလေးတွေ ရေးပြီးကူညီပါသည်။ တစ်ကြိမ်တွင် တက္ကသိုလ်စိန်တင်က အဖွဲ့ခေါင်း ဆောင် လုပ်စဉ် နတ်မောက်မြို့စာပေ ဟောပြောပွဲသွားခဲ့၏။ အဖွဲ့ဝင်များ၊ စာရေး ဆရာမောင်သော်က၊ ဆရာစိန် ခင်မောင်ရီ၊ ဆရာတက္ကသိုလ်မင်းညို၊ ဆရာဂီတစာဆိုကျော့မှူး၊ မောင်သာ ပြည့်တို့နှင့် စာရေး ဆရာမနှစ်ဦးပါလာ သည်။ ဆရာမခင်သူသူဝင်းနှင့် ဆရာမတက္ကသိုလ်အေးမြစန္ဒာတို့ပင် တည်း။
ယခု ထိုသို့ တက္ကသိုလ်စိန်တင် တို့နှင့် တစ်လှေတည်းစီး တစ်ခရီး တည်းသွားခဲ့သူ။ စာရေးဆရာမ တက္ကသိုလ် အေးမြစန္ဒာ က ပြန်ခွင့်ပြုပါ ဝတ္ထုစာ အုပ်အရောင်းမြှင့်တင်ပွဲတွင် စုံစုံလင် လင်တင်ပြပြောကြားသွားရာ စာပေပညာရှင်တွေ များစွာသဘော ကျ နှစ်ခြိုက်ကြလေသည်။ သြော်-မေ့ တော့ မလို့ဗျို့။ ဆောရီး၊ ဆောရီး။ အခမ်းအနားမှူးအဖြစ် ဆရာစိုးမြင့်လတ် က ပိုင်နိုင် စွာဆောင်ရွက်၍ စာရေး ဆရာကြီး မောင်ခေတ်ထွန်းတို့က လည်း စိတ်ဝင်စားဖွယ် စာပေစကား များပြောကြားသွား၍ နားဆင်ပျော် ရွှင်ရ သည်မှာ ကျေးဇူးကမ္ဘာပါဗျာ။
တက္ကသိုလ်စိန်တင်