ကျွန်တော်ပလက်ဖောင်းစာအုပ်ရောင်းသမား(အပိုင်း-၇)
စာအုပ်အဟောင်း ရောင်းသူတွေ ဟာ အမြတ်အများကြီးရကြတယ်။ စာအုပ်အဟောင်းက သိပ်ပြီးအမြတ် ကြမ်းတာပဲဆိုပြီး စာပေဝါသနာမပါ ဘဲ ငွေလောဘနဲ့ ဝင်လာတဲ့သူတစ်စု အကြောင်း ပြောပြချင်တယ်။
၁၉၉၆ ခုနှစ်လောက်ကပေါ့။ ပန်းဆိုးတန်းကုန်သွယ်လယ်ယာရုံး အောက်မှာ စည်ပင်သာယာရုံးက စာ အုပ်သည်တွေကို လိုင်စင်ကွက်နေရာ ချပေးတယ်။ ကုန်သွယ်လယ်ယာရုံး အောက်တစ်လျှောက် ပန်းဆိုးတန်း စာအုပ်တန်းစည်စည်ကားကားဖြစ်နေ တဲ့အချိန်။ အဲဒီအချိန်မှာ စာအုပ် အဟောင်းသမားကိုငြိမ်းက မိန်းမနှစ် ယောက်ကိုခေါ်လာတယ်။ ပန်းဆိုး တန်းမှာ စာအုပ်ရောင်း ဖို့ပေါ့။ သူ့ အမျိုးတွေထင်ပါရဲ့။ ကိုငြိမ်းဘယ်လို စည်းရုံးထားသလဲတော့ မသိဘူး။ အဲဒီ အမျိုးသမီးနှစ်ယောက်က တက်တက် ကြွကြွ စိတ်ပါလက်ပါပဲ။ ကျွန် တော့်အထင်က စာအုပ်အဟောင်းက သိပ်မြတ်တယ်။ အရင်းအနှီးလဲနည်း တယ်။ အရင်းအနှီး ရှိရင် ရှိသလောက် စီးပွားဖြစ်မယ် ဘာညာနဲ့စည်းရုံးပြီး ခေါ်လာတယ်ထင်ပါရဲ့။
အဲဒီအမျိုးသမီးနှစ်ယောက်က သင်္ကန်းကျွန်းဈေးက ကုန်စိမ်းသည် တွေပါ။ ညီအစ်မတော်တယ်ထင်ပါ ရဲ့။ သူတို့နှစ်ယောက်က ကုန်သွယ် လယ်ယာရုံးအောက်က လိုင်စင်ကွက် ကိုတစ်သိန်းနဲ့ ပြန်ဝယ်ပြီး စာအုပ် ဆိုင်ဖွင့်တယ်။ ဒီတော့ ကုန်စိမ်းသည် က စာအုပ်သည်ဖြစ်သွားပြီပေါ့။
မိန်းမနှစ်ယောက်က စာအုပ် ထိုင်ရောင်းတယ်။ ကိုငြိမ်းက ရောင်း ဖို့ စာအုပ်ကုန်ကြမ်း အရှာထွက်တယ်။ မိန်းမနှစ်ယောက်က စီးပွားရေးလာဘ် မြင်တော့ ပန်းဆိုးတန်းကစာအုပ်ဆိုင် ကလေးတွေကို နေ့သွင်းနဲ့ ငွေချေး စားသေးတယ်။ ဟုတ်လှပြီပေါ့။
ဟော-သူတို့စာအုပ်ဆိုင်ကို ဝယ်သူတွေလာကြပါပြီ။
''ဂျက်လန်ဒန် ရှိသလား''
လူငယ်တစ်ယောက် သူဖတ် ချင်တဲ့ ဂျက်လန်ဒန်ရဲ့ ပင်လယ်ဝံပု လွေ စာအုပ်ကိုမေးတာထင်ပါရဲ့။ စာအုပ်ရောင်းသူ မိန်းမစဉ်းစားတာက တော့ ဒီလိုမဟုတ်ဘူး။ ခက်တာပဲ စာအုပ်ဆိုင်မှာ ဆေးလိပ်လာဝယ်နေ တယ်ပေါ့။ ဂျက်ဆိုတာက ဆေးပေါ့ လိပ်။ လန်ဒန်ဆိုတာက လန်ဒန်စီး ကရက်လို့ သူကထင်နေတာ။
''ဆေးလိပ်မရောင်းပါဘူး။ ဟိုမှာသွားဝယ်ပါ'' ဆိုပြီး အနားက ကွမ်းယာဆိုင်ကို လက်ညှိုးထိုးပြ တယ်။
ဒီလိုပဲ နေ့စဉ်ရက်ဆက်ဝယ် သူတွေက ခင်နှင်းယုရှိသလား။ ဒဂုန် တာရာရှိသလား။ ဗန်းမော်တင်အောင် ရှိသလား။ တက္ကသိုလ်ဘုန်းနိုင် ရှိသ လား။ သိန်းဖေမြင့်ရှိသလားနဲ့ ခဏခဏလာလာမေးနေတော့ ကြာတော့ ဦးနှောက်ခြောက်လာတယ်။ နားပူ လာတယ်။ မြက်ရိတ်တဲ့ကုလားပြော သလိုကျောပူတာခံနိုင်တယ်။ နားပူ တာမခံနိုင်ဘူး ဆိုတာမျိုးပေါ့။
ဆိုင်းဘုတ်ထောင်ပြီးရောင်းတဲ့ ၃ဝ ပုံ၊ ၅ဝ ပုံမျိုးလောက်တော့ ရောင်း တတ်တာပေါ့။ ဒါကိုလဲ ဦးငြိမ်းက စီစဉ်ပေး မှ ရောင်းတတ် တာပါ။ သူတို့ မှာ ငွေကလွဲလို့ စာအုပ်ပညာ ဘာမှရှိ တာမှမဟုတ်ပဲ။ စာအုပ်အဟောင်း ရောင်းလို့ ဘယ်ခွင်ကျမလဲ။ ဒီလိုနဲ့ တစ်နှစ်တောင်မကြာပါဘူး။ ဝယ် ထားတဲ့ဆိုင်ပြန်ရောင်းပြီး တပ်ခေါက် ပြန်သွားကြတယ်။
ကျွန်တော်တို့ရောင်းဖို့ စာအုပ် တွေ ပြန်ဝယ်ရတဲ့ နေရာကတော့ ရပ်ကွက်ပေါင်းစုံက ကုလားဘော် တယ်ဆိုင်တွေပါပဲ။ ကိုယ်တိုင်သွား ဝယ်ဖို့အချိန်မအားရင် စာအုပ်လိုက် ရှာပြီး ပြန်သွင်းတဲ့စာအုပ်သမားဆီက တစ်ဆင့်ပြန်ဝယ်ရတယ်။ အမြတ် တော့ပေးရတာပေါ့။ ဒါက စာအုပ်ပြန် ဝယ်တဲ့ ပုံမှန်လမ်းကြောင်းပါ။ တစ်ခါ တစ်လေ အိမ်ပြောင်းအိမ်ရွှေ့လုပ်မည့်သူ၊ မိဘ ဘိုးဘွားတွေကွယ်လွန် သွားကြလို့ကျန်တဲ့ အိမ်သားက လိပ် စာပေးပြီး ကိုယ်တိုင်အိမ်လိုက်ဝယ်ရ တာမျိုးလဲရှိပါတယ်။ အဲဒီ အခါကျ တစ်ကြိမ်တည်းစာအုပ်များများစားစား ရတတ်တာပေါ့။
တချို့ဝယ်သူတွေက ခင်ဗျားတို့ ဒီလိုရှားပါးစာအုပ်တွေ ဘယ်မှာသွား ဝယ်တာလဲလို့ မေးတတ်ကြပါ တယ်။ ကျွန်တော်တို့က ဘယ်ပြော မလဲ။ ကုလားဆိုင်ကရတယ်ဆိုရင် ဈေးကျ၊ သိက္ခာကျသွားမှာပေါ့။ ဒါ ကျွန်တော်တို့ စာအုပ်အဟောင်း သမားတွေရဲ့ လျှို့ဝှက်ချက်ပဲ။
လမ်းဘေးစာအုပ်သည်ဆိုတာ ပျံကျဈေးသည်ဆိုတော့ တစ်ခါတလေ မှလာရောင်းတဲ့ ပေါ်တော်မူစာအုပ် သည်လည်း ဝင်လာတတ်တာပဲ။ သူ တို့က လမ်းကြုံလို့ ခဏတဖြုတ်လာ ရောင်းတဲ့ စာအုပ်သည်ပါ။ ဈေးက လည်း ပေါက်ကရဈေး။ နည်းသင့် တာများများ သင့်တာနည်းနဲ့ပေါ့။ ဖြစ်သလိုရောင်းတတ်ကြပါတယ်။ ရောင်းနေကျသူမှ မဟုတ်ဘဲ ဈေး ကွက်ကိုဘယ်သိမှာလဲ။
တစ်ခါတော့ ပေါ်တော်မူစာအုပ် သည် ကိုခင်မောင်ဝင်းဆိုတဲ့သူ ဝဇီရာ ရုပ်ရှင်ရုံအောက်မှာ စာအုပ်လာရောင်း တယ်။ ခေတ္တစာအုပ်သည်ဆိုတော့ အခင်းမပါဘာမပါနဲ့။ သတင်းစာအဟောင်းတွေ တစ်ရွက်စီဖြန့်ခင်းလို့ ပေါ့။ အမျိုးသမီးကြီး တစ်ယောက်က သူ့စာအုပ်တစ်အုပ်ကို ဈေးမေးတယ်။ ဒီတော့ ကိုခင်မောင်ဝင်းက-
''တစ်ဆယ်ပဲပေးပါ'' လို့ပြော တော့ အဒေါ်ကြီးက
''နင့်ဟာ သိပ်များလွန်းတယ် ငါးကျပ်ရရင်ယူမယ်''လို့ ပြောတော့ စာအုပ်သည် ကိုခင်မောင်ဝင်းပြန်ပြော တဲ့စကား ကို လေ့လာကြည့်ပါဦး။
''အစ်မရယ်၊ ဒီစာအုပ်ကိုရ အောင် ကျွန်တော် ဘယ်လောက် တောင်ကြိုး စားပန်းစားနဲ့ အပင်ပန်းခံ ပြီး လိုက်ရှာရတယ် မှတ်သလဲ။ ရန်ကုန်တစ်မြို့လုံး ကုလားဆိုင်တွေကို အစုံရောက်တာ၊ မြောက်ဥက္ကလာက ဒေါ်ဝက်မဆိုင်လည်း ရောက်တယ်။ ၂၈ လမ်းက ဦးပသီးဆိုင်လည်းရောက် တယ်။ အစုံပါပဲဗျာ။ စာအုပ်အစီးကြီး တွေကို သင်အူကြိုးဖြေရတာကိုက အရမ်းပင်ပန်းတာ။ ကုလားတွေက လည်း သူ့စက္ကူတွေပွမှာစိုးလို့ပြော လိုက်တာ ဆူလိုက်တာ''ဆိုပြီး ဇာတ် စုံရှင်းပြနေပါတော့တယ်။ ဝယ်သူ မိန်းမကြီးကတော့ သူဘာတွေပြော နေမှန်း နားလည်ပုံမပေါ်ဘူး။ အဓိပ္ပာယ်လည်းမသိဘူး။ နောက်ဆုံး တော့ စာအုပ်ကို ခုနစ်ကျပ်နဲ့ ဝယ်သွားတယ်။ ဝါရင့်တဲ့စာအုပ် သမားဆို ဘယ်ဒီလိုပြောပါ့မလဲ။
စာအုပ်အဟောင်းသမား အိုယား မားကြီးအကြောင်းပြောရဦးမယ်။ သူက စာအုပ်ထိုင်ပြီး ရောင်းခဲတယ်။ တစ်ခါတလေ မလွှဲသာ လို့ သူသွင်းလို့ ကျန်နေတဲ့ စာအုပ်မျိုးတစ်အုပ်စ၊ နှစ်အုပ်စတော့ ထိုင်ရောင်းတတ်တယ်။ သူစာအုပ်ဝယ်လာ ရင် ရှေ့ မစုံ နောက် လို၊ အင်္ဂါမစုံတဲ့ စာအုပ်တွေကများ တယ်။ သူ့နာမည်အရင်းကို ကျွန် တော်တို့ အခုထိမသိဘူး။ အသက် ကတော့ ၆၅ နှစ်လောက် ရှိနေပြီ။ စာအုပ်သည်တွေက သူ့ကို အိုယား မားလို့ခေါ်ကြတယ်။ ကရာတေးသ မား အိုယားမားနဲ့တူလို့တဲ့။
တစ်နေ့ကတော့ သူ့ဆီမှာကျန် နေတဲ့ စာအုပ်တွေကို ဗိုလ်ချုပ်လမ်း ဘုရင့်ရုံရှေ့မှာ ကိုယ်တိုင်ထိုင်ရောင်း တယ်။ လိုက်သွင်း လို့ကျန်တဲ့ စာအုပ် တွေဆိုတော့ ဖြစ်သလိုဈေးနဲ့ပေါပေါ ရောင်းတာပေါ့။ မိုးကလည်းချုပ်နေပြီ။ ရုပ်ရှင်ပိုစတာဆိုင်းဘုတ်တွေက မီး ချောင်းတွေလည်းလင်းနေပြီလေ။ သူ့ စာအုပ်တွေကလည်း တချို့က ရှေ့မစုံ နောက်လို။ တချို့က အရွက်ပြုတ် တွေကို ဂုံနီကြိုး နဲ့စည်းထားလို့။ ဟော-ဝယ်မည့်သူ ရောက်လာပါပြီ။ စစ်သားနဲ့တူပါရဲ့။ ယူနီဖောင်းဝတ် ထားပြီး နောက်ကျော မှာလည်း ကျောပိုး အိတ်ကြီးသိုင်းထားတယ်။ ဘောင်းဘီက ကျပ်နေတော့ ထိုင်ဖို့ အခက်အခဲရှိတယ်ထင်ပါရဲ့။ စစ်သား က မတ်တတ်ရပ်လျက် ကနေ အောက်ကို လက်ညှိုးထိုးပြီး စာအုပ် ဈေးနှုန်းမေးလိုက်တယ်။
''ဒီစာအုပ်က ဘယ်လောက် လဲ''
''တစ်ဆယ်''
စစ်သားက တစ်ဆယ်တစ်ရွက် အမြန်ပစ်ချပြီး စာအုပ်ကိုယူပြီး ကမန်း ကတမ်းထွက်သွားပါတော့တယ်။ မီး ရထားစီးမယ့် ခရီးသည်ထင်ပါရဲ့။ စစ်သားထွက်သွားပြီး တစ်အောင့်ကြာ တော့ အိုယားမားက ကွက်လပ်ဖြစ် သွားတဲ့ သူ့စာအုပ်နေရာကို နောက် ကစာအုပ်တစ်အုပ်နဲ့ အစားဖြည့်ဖို့ ကြည့်လိုက်တော့
''ဟာ-ခုန ဟိုစစ်သားယူ သွားတာ နှစ်ကျပ်တန် သုတပဒေသာ မဂ္ဂဇင်းပါလား။ တစ်ဆယ်တောင်ပေး သွားတယ်။ သူက မတ်တတ်ကနေ လက်ညှိုးထိုးပြီးမေးတော့ ကျွန်တော် က သူ့ဘေးကဟိုက်စကူးဂရမ္မာစာ အုပ်ကိုမေးတယ်ထင်လို့''
နောက်နာရီဝက်လောက်ကြာ တော့ဝယ်သူတစ်ယောက် ထပ် ရောက်လာတယ်။ သူကလဲ မီးရထား နဲ့ ခရီးသွားမယ့်သူထင်ပါရဲ့။ လက် ဆွဲအိတ်ကြီးပါလာတာကိုး။ ဝယ်သူ က ဗေဒင်စာအုပ်ကောက်ကိုင်ပြီး -
''ဒီစာအုပ်က ဘယ်လောက် ရောင်းသလဲ''
''လက်သုံးချောင်း ထောင်ပြပြီး သုံးကျပ်''လို့ပြောလိုက်တယ်။
ဗေဒင်စာအုပ်က ရှေ့မစုံ နောက် လိုဆိုတော့ အိုယားမားက ဈေးပေါ ပေါနဲ့ရောင်းတာပေါ့။ ဈေးသက်သာ တာနဲ့ ဝယ်သူကလည်း စိတ်ဝင်စားပြီး နောက်ထပ်စာအုပ်တွေဝယ်ဖို့ ဈေး မေးတယ်။
''လက္ခဏာစာအုပ်က ဘယ် လောက်လဲ''
''ငါးကျပ်ပဲပေးပါ''
''ဒီစာအုပ်ကကောဗျာ''
''လေးကျပ်''
''ဒါကကော''
''ခုနစ်ကျပ်''
''ဒီဟာကကော''
''ရှစ်ကျပ်''
အဲဒီလိုနဲ့ ခရီးသည်က စာအုပ် လေးငါးခြောက်အုပ်လောက် ကောက် ထပ်ပြီး အားလုံးပိုက်ဆံဘယ်လောက် ကျသလဲလို့တွက်ခိုင်းတဲ့အခါ အိုယား မားက စာအုပ်တွေကို တစ်အုပ်ချင်း ဈေးနှုန်းပြောပြီး စာရင်းပြန်ပေါင်းရ ပါတယ်။ ဒီစာအုပ်က သုံးကျပ်၊ ဒီ စာအုပ်က ငါးကျပ်၊ ဒီစာအုပ်တစ်အုပ် ကျတော့ ဒါက၊ ဒါက၊ ဒါကနဲ့ ထစ် နေပါလေရော။ နောက်ဝယ်သူကို ကြည့်ပြီး-
''ဆရာ ခုနက ဒီစာအုပ်ကို ဘယ်လောက်ဈေး ပြောထားမိ သလဲ''လို့ ဝယ်သူကို ပြန်မေးတယ်။ သူပြောထားတဲ့ဈေးနှုန်းကို သူ့ဘာသာ သူမေ့နေတယ်လေ။
''မသိဘူးလေ ခင်ဗျားပဲပြော တာ ခင်ဗျားဘာသာမေ့နေပြီလား''
ကောင်းပါလေရော။ စာအုပ် သည်အဘိုးကြီးက ကိုယ်ပြောတဲ့ဈေး ကိုယ်မေ့နေတယ်လေလို့ ဝယ်သူက ပြန်ပြောတယ်။
(၁၂)
''ဟောဒီမှာ စာအုပ်တွေ လျှော့ ရောင်းနေပြီ။ တစ်ကျပ်နဲ့ဝယ်တယ်၊ တစ်ကျပ်နဲ့ပြန်ရောင်းတယ်၊ တစ် ကျပ် မြတ်တယ်ခင်ဗျ''
ကိုအောင်ဋ္ဌေး ခင်ဗျားဟာက ဘယ်လိုကြီးလဲဗျ။ တစ်ကျပ်နဲ့ဝယ် တယ်၊ တစ်ကျပ်နဲ့ပြန်ရောင်းတယ် ဆို၊ ဘယ်လိုလုပ်ပြီး တစ်ကျပ်က မြတ်ရတာလဲ။ အရင်းပဲပေါ့လို့ ကျွန် တော်ကစာရင်းတွက်ပြတော့ သူက ဒီလိုရှိတယ်လေကွာ ဒီစာအုပ်တွေကို ငါ ဂုဏ်ထူးစာပေတိုက်က အကြွေးယူလာတာ။ သူ့အကြွေးကို ငါပြန် မဆပ်တော့ဘူးလေကွာ။ အဲဒီတော့ တစ်ကျပ်မြတ်တာပေါ့ ကွတဲ့။
ဟုတ်ပါတယ်။ ဂုဏ်ထူးစာပေ တိုက်ပိုင်ရှင်အဘိုးကြီးက ကျွန်တော် တို့လမ်းဘေးစာအုပ်သည်ကလေးတွေ ကို အင်မတန်မှ ခင်ပါတယ်။ သက် ညှာမှုရှိပါတယ်။ ကျွန်တော့်ကိုယ်တွေ့ ဆိုရင် ပိုင်ရှင်သူဋ္ဌေးက မနက် ၁၁ နာရီလောက်ဆို အောက်ဘက် အရောင်းဆိုင်ကနေ အပေါ်ထပ်တက် ပြီး ထမင်းစားလေ့ရှိပါတယ်။ အပေါ် ထပ်တက်တိုင်း ကျွန်တော့်ကို ရောင်း ကောင်းလား။
ဈေးဦးပေါက်ပြီလား နဲ့ ဂရုတစိုက်မေးလေ့၊ နှုတ်ဆက်လေ့ ရှိပါတယ်။ ၃၃ လမ်းဂုဏ်ထူးစာပေ တိုက်ဘေးမှာထွက်စဉ်က အဖြစ် အပျက်ပါ။
အခုလည်း ကိုအောင်ဋ္ဌေးက ဂုဏ်ထူးသူဋ္ဌေး အဘိုးကြီးကို နှိပ်စက် တော့မယ်ထင်ပါတယ်။ သူနှိပ်စက်လည်း ဂုဏ်ထူး အဘိုးကြီးကမမှုပါ ဘူး။ တိုက်ကျစာအုပ်ဆိုတာ တစ် ဖောင်ကိုဆယ်ပြားနဲ့ဈေးဖြတ်ဝယ် ထားတဲ့ စာအုပ်တွေလေ။
ကိုအောင်ဋ္ဌေးဆိုလို့ သူ့အ ကြောင်းပြောရဦးမယ်။ အသက် ၄ဝ လောက်ရှိပါပြီ။ မျက်လုံးတစ်ဘက်က မကောင်းဘူး။ မျက်လုံးအတု တပ် ထားရတယ်။ တစ်ခါတော့ ဈေးသည် ဖမ်းတဲ့ကားလာလို့ စာအုပ် အခင်း ကြီး မပြေးပြီး လမ်းကြား ထဲ ရောက် တော့ ကိုအောင်ဋ္ဌေးတစ်ယောက် သူ့အခင်းထဲကစာအုပ်တွေကို လှန် လှောရှာနေတာတွေ့ရတော့ ကျွန်တော် က -
''ကိုအောင်ဋ္ဌေး ဘာစာအုပ် ပျောက်လို့ရှာနေတာလဲ''လို့မေးတော့ သူက-
''ကျွန်တော့်မျက်လုံး ဒီအခင်း ထဲကျသွားလို့ ရှာနေတာ''တဲ့။
တစ်ခါက စာအုပ်သည်တစ် ယောက် ပန်းဆိုးတန်းလမ်း၊ ကြေး နန်းရုံးရှေ့မှာ စာအုပ်တွေပုံပြီးရောင်း တာကိုတွေ့ရတယ်။ သူက ဈေးနှုန်း ဆိုင်းဘုတ်ထောင်ပြီးရောင်းတယ်။ သူ့
ဆိုင်းဘုတ်က 'တစ်အုပ် ၅ဝ ကျပ်။ လေးအုပ်ယူလျှင် ၁ဝဝ ကျပ်တဲ့။
ဘယ့်နှယ်တွက်တာလဲ မသိဘူး။ တစ်အုပ် ၅ဝ ဆိုတော့ လေး အုပ်ယူရင် ၂ဝဝ ကျနေတဲ့ဥစ္စာ။ ဒီ လူသင်္ချာမတွက် တတ်ဘူးထင်တယ်။
ဝယ်သူတွေက လေးအုပ်ယူ လျှင် ၁ဝဝ ဆိုတော့ နှစ်အုပ်တည်း ယူပြီး ၅ဝ ပေးတယ်။ မရဘူး။ အပေါ်စာတန်းကို လက်ညှိုးထိုးပြီး တစ်အုပ် ၅ဝ၊ နှစ်အုပ်ယူရင် ၁ဝဝ ကျပ်ကျတယ်လို့ပြောတယ်။ ဝယ်သူ က အောက်ကစာတန်းဈေးနှုန်းကို ဖတ်ပြီးဝယ် တယ်။ ရောင်းတဲ့သူက အပေါ်ကစာတန်းပြပြီး ရောင်းတယ်။
ကျွန်တော်က ခင်ဗျားဈေးနှုန်း ဆိုင်းဘုတ်က ဘယ်လိုလဲဗျ။ အူ ကြောင်ကြောင်နဲ့ပါလားလို့ပြောတော့ သူက ငါ့ စာအုပ်တွေ မြန်မြန်ကုန် အောင်လို့ဟေ့။ အထုပ်ထဲမှာ ပြည့် ကျပ်နေလို့ ဝိတ်လျှော့တာ။ အဲဒီလို ဆိုင်းဘုတ်တပ်တော့ ဝယ်သူတိုင်း ၁ဝဝ ဖိုးချည်းဝယ်မှာပေါ့ကွ။ ဒါမှ ငါ့စာအုပ်မြန်မြန်ကုန်မှာတဲ့။
''ကျောင်းဝိုင်း အရေးတော်ပုံ စာအုပ် ဒီဆိုင်မှာရှိသလား''
မြောက်ဥက္ကလာပ မယ်လမု ဘုရားပွဲတွင် ဆိုင်ထွက်စဉ် ဝယ်သူ တစ်ယောက်ဆိုင်ထဲဝင်လာပြီး မေးခြင်းဖြစ်ပါသည်။ သူမေးသည့် စာအုပ်နာမည်ကို ကျွန်တော်မကြား ဘူးသော်လည်း ဖြစ်နိုင်သည်မှာ သူ ဝယ်လိုသောစာအုပ်သည် သခင်မြတ်ဆိုင်ရေး သည့် ကျောက်ကွင်းအရေး တော်ပုံဖြစ်နိုင်ပါသည်။ ဒါနဲ့ ကျွန်တော် က-
ကျွန်တော်က သူ့ကို ကျောက် ကွင်းအရေးတော်ပုံစာအုပ်ရောင်းလိုက် ရပါတယ်။ မြောက်ဥက္ကလာ မယ်လမုဘုရား ပွဲတော်ဟာ ဇာတ်ပွဲ တွေ၊ လောင်းကစားဝိုင်းကလေးတွေ နဲ့ အတော်စည်ကားလှပါတယ်။ ဒါ ပေတဲ့ စာအုပ်အရောင်းဆိုင်အနေနဲ့ တော့ ဗိုလ်တထောင်ဘုရားပွဲတော် လောက် အရောင်းမသွက်လှပါ။ ဗိုလ် တထောင်ဘုရားပွဲတော်က မြောက် ဥက္ကလာလောက် မစည် ကားသော် လည်း စာဖတ်ပရိသတ်ရှိပါတယ်။ ရောင်းကောင်းပါတယ်။ နောက်ပြီး လုပ်သားကောလိပ် ကျောင်းသူ ကျောင်းသား ပရိသတ်ကလည်းရှိနေတာ ကိုး။ ကျွန်တော်တို့ စာအုပ်သည်တွေ ဟာ မြို့လယ်ကောင်မှာ စီမံချက်ရှိ လို့ အဖမ်းအဆီး များတဲ့အခါ နွေ ဘက်ဆို ဘုရားပွဲတော်များဆီ ဦးလှည့် တတ်ကြပါတယ်။ ဘုရားပွဲတော်တွေ မှာ ဈေးလိုက်ရောင်းတယ်ဆိုတော့ စရိတ်စက ကကြီးပါဘိသနဲ့။ စာအုပ် အင်အားကောင်းမှ တွက်ခြေကိုက် တာပါ။ ဘုရားပွဲတော်ကျင်းပတဲ့ ရက်ဟာ ဗိုလ်တထောင် ဘုရားပွဲတော် ကို ဒီဇင်ဘာလ ပထမပါတ်ထဲမှာ စတတ်ပါတယ်။ မယ်လမုဘုရားပွဲ တော်ကို ဖေဖော်ဝါရီလထဲမှာ စတတ် ပါတယ်။ မယ်လမုဘုရားပွဲတော်ပြီးရင် ကျိုက်ဝိုင်းဘုရားပွဲတော် ပြီးရင် ရွှေတိဂုံဘုရားပွဲတော် မတ်လ တပေါင်းလကို နောက်ဆုံးပွဲတော် အဖြစ်ရောင်းပြီး ဆိုင်ပြန်သိမ်း အိမ်ပြန်ကြပါတယ်။
အဲဒီအထဲမှာ ရောင်းအား အကောင်းဆုံးခွင်က ကျိုက်ဝိုင်း ဘုရားပွဲတော်ဖြစ်ပါတယ်။ စာဖတ် ပရိသတ် အများဆုံး ရှိတဲ့ဧရိယာပါ။ ရောင်းရအထိုင်းဆုံး ပွဲတော်ကတော့ ကျိုက်ကလဲ့ဘုရားပွဲတော်ပါပဲ။ အဲဒီ ပွဲတော်မှာ ကျွန်တော်တို့စရိတ်ရှုံး တယ်။ ရှုံးမှာပေါ့ ဝယ်သူကတစ်ည လာလည်း ဝန်ထမ်းတက္ကသိုလ်က သင်တန်းသား လေးငါးယောက်။ နောက်နေ့ညလာရင်လည်း အဲဒီ လူ တွေပဲ။ တောဘက်ကလာတဲ့ ပရိသတ်က ဇာတ်ပွဲလာကြည့်တာ။ စာအုပ်ဝယ်တာမဟုတ်ဘူး။ ည ၁ဝ နာရီလောက် ဇာတ်ထဲ အကုန်ဝင်ကြတာ။ အပြင်ဘက်မှာတော့ ကောက်ညှင်းကျည်တောက်သည် ရယ်၊ မုန့်ဟင်းခါးသည်ရယ်၊ မီးချောင်းကလေးတွေနဲ့ ငုတ်တုတ်။
ဘုရားပွဲတွေ လိုက်ထွက်ရတာ လဲ လွယ်တာမဟုတ်ဘူး။ ဒေါ့ဂျစ် ကား အိမ်ရှည်ကိုစီးလုံးငှားရတာ။ ပီနံ အိတ်စာအုပ်ထုပ်ပေါင်းက ၄ဝ လောက်၊ ဆိုင်ဆောက်ဖို့ မျောကိုင်၊ ဝါးလုံး၊ ဝါးကပ်၊ စာအုပ်စင်၊ ထမင်း ချက်စားဖို့ ထမင်းအိုး၊ ငရုတ်ဆုံ။ ရေစည်ပိုင်းကအစ အကုန်သယ်ရ တာ။ ဘုရားပွဲတော်ထွက်တဲ့ အတွေ့ အကြုံကို ကျွန်တော်ပြောပြရရင် မကုန်နိုင်ပါဘူး။ တစ်ခါတလေ ဆိုင် ထဲကို အမူးသမားဝင်လာပြီး စာအုပ် စင်တွေကို လက်ညှိုးထိုးပြီး ဒါတွေ က ပြပွဲလား။ ရောင်းတာလား၊ ငှား တာလားလို့ မေးလားမေးရဲ့။
တစ်ခါ တစ်ခါ တောဘက်က စာဖတ်ပရိသတ်ထင်ပါရဲ့။ ဆိုင်ထဲ ဝင်လာပြီး စာအုပ်နာမည်တွေကို က ဘောက်တိ ကဘောက် ချာ မေးတတ်ပါ တယ်။ ကြည့်ပါဦး။ မြောက်ဥက္ကလာပ မယ်လမုပွဲတော်မှာ ရောင်းတုန်းက လူ တစ်ယောက်ဆိုင်ထဲဝင်လာပြီး-
''သူ့ကျောမှာဖုတ်တွေပေလို့ ဆို တဲ့ စာအုပ်ရှိလား'' လို့မေးပါတယ်။
ကျွန်တော်တောင် ဘာပြန်ဖြေရ မှန်းမသိဘဲ ကြောင်သွားတယ်။ အတော် စဉ်းစားယူရပါတယ်။ ဒါပေမယ့် အဖြေ က ပေါ်မလာ၊ စဉ်းစားလို့မရ။ ဒါနဲ့ ကျွန်တော်က-
''ဘယ်သူရေးတာလဲ။ စာရေး ဆရာနာမည်ပြောတာ''
''မမှတ်မိတော့ပါဘူးဗျာ။ စာရေး ဆရာက ယောက်ျားတော့ ယောက်ျား ပဲဗျ''တဲ့။
ကျွန်တော် အတော်ကြီးစဉ်း စားယူရပါသည်။
''ကျွန်တော့်မှာတော့ မောင်သာရ ရေးတဲ့ သုမနကျောမှာ ဒဏ်ရာတွေနဲ့ စာအုပ်တော့ရှိတယ် အဲဒါများလား''
''အင်း-အင်း-ဟုတ်တယ်၊ ဟုတ်တယ်''တဲ့။
ခက်ကရော။ မောင်သာရရဲ့စာ အုပ်တောင်သူ့ကျောမှာ ဖုတ်တွေပေ ကုန်ပါရော။ နောက်ရက်တွေမှာလည်း လာမေးကြတယ်။ ကပေါက်တိ ကပေါက်ချာ နာမည်တွေနဲ့ ရွှေဥဒေါင်းရဲ့ ဒိဋ္ဌေဒိဋ္ဌမတ္တံကို ဇစ်ထေဇစ်ထမတ်တန်တဲ့။ နောက် ထူးထူးခြားခြား ကုလားမ ကလေးတစ်ယောက် ဆိုင်ထဲဝင်လာပြီး-
''ခြင်ဆေးခွေရှိလား''တဲ့။ ကျွန် တော်က ဒီမှာ ခြင်ဆေးခွေမရောင်း ဘူး။ စာအုပ်ရောင်းတာ ခြင်ဆေးခွေ ဝယ်ချင်ရင် ဟိုရှေ့ကကွမ်းယာ ဆိုင် မှာ သွားဝယ်လို့ပြောတော့ ကုလားမ ကလေးက ''မဟုတ်ဘူး။ခြင်ဆေးခွေ စာအုပ်''တဲ့။ ကျွန်တော် အတော်ခေါင်းကိုက် သွားတယ်။ စဉ်းစားလို့မရ။ ဘယ့် နှယ်စာအုပ်ဆိုင်မှန်းသိရက်နဲ့ ခြင်ဆေး ခွေလာဝယ်နေပါလိမ့်ပေါ့။ ဒါနဲ့ ကျွန် တော်က အဲဒီခြင်ဆေးခွေက စာအုပ် ဆိုရင် ဘယ်သူဖတ်ဖို့လဲလို့မေးတော့ သူက-
''ကျွန်မမောင်လေး ကိုရင်ဝတ် မလို့ ဝယ်ခိုင်းတာ။ သူဖတ်ဖို့ပေါ့'' တဲ့။
အဲဒီတော့မှ ကျွန်တော်လည်း သဘောပေါက်ပါတော့တယ်။ သူဝယ် မယ့်စာအုပ်က 'ရှင်ကျင့်ဝတ်'ပေါ့။ ရှင်ကျင့်ဝတ်စာအုပ်ကို ကုလားမကလေး က ဖိုနက်တစ်အသံထွက် မှားပြီး ခြင်ဆေးခွေလို့ မှတ်လာတယ်လေ။
အဲဒီဘုရားပွဲတော်ထွက်တဲ့ နှစ် ကာလတွေဟာ ၁၉၈၅-၁၉၈၆-၁၉၈၇ နှစ်တွေကပေါ့။ နောက်ဆုံး ထွက်ခဲ့တဲ့ ရွှေတိဂုံ တပေါင်း လဘုရား ပွဲတော်ကတော့ ၁၉၈၇ ခုနှစ်ပါ။ ကျွန်တော်တို့ စာအုပ်အဟောင်းတန် ဖိုးကို အာဇာနည်ကုန်းလမ်းဘက် မှာ နေရာ ချပေးပါတယ်။ ဈေးရောင်းချိန် လူစည်ကားချိန်ကတော့ ညနေကနေ ည ၁၁ နာရီ၊ ၁၂ နာရီအထိလောက် ပေါ့။ တစ်ညတော့ ကျွန်တော့်ဆိုင်ကို စစ်ဗိုလ်တစ်ယောက် စာအုပ်လာဝယ် ပါတယ်။ သူကစင်ပေါ်မှာ ခင်းကျင်း ထားတဲ့ စာအုပ်တစ်အုပ်ကို ကိုင်ပြီး ဒီစာအုပ်က ဘယ်လောက်ရောင်းသ လဲလို့ ကျွန်တော့်ကိုလှမ်းပြီး မေး တယ်။ ကျွန်တော်ကလည်း ကျွန်တော်ထိုင်နေတဲ့ ပက်လက် ကုလားထိုင်ပေါ် ကလှမ်းကြည့်ပြီး ၁၅ ကျပ်လို့ ဈေး ပြောလိုက်ပါတယ်။ စစ်ဗိုလ်ကစာအုပ်ကို သူ့နေရာသူပြန် ထားပြီး နောက်တစ် အုပ်ထပ်ယူပြီး ဈေးမေးပြန်တယ်။ ကျွန်တော်က လည်း ထိုင်ရာကမထဘဲ လှမ်းကြည့် ပြီး ခုနစ်ကျပ်လို့ပြောလိုက်တယ်။ မကြာပါဘူး။ စစ်ဗိုလ်က နောက် စာအုပ်တစ်အုပ် ထပ်ကိုင်ပြီး ဈေးမေး ပြန်တယ်။ ဒီလိုနဲ့ တစ်အုပ်ပြီး တစ်အုပ် ဈေးတွေမေး လိုက်တာ ခုနစ် အုပ်၊ ရှစ်အုပ်လောက်ရှိသွားပြီ၊ ဝယ် လည်းမဝယ်ဘဲနဲ့လို့ ကျွန်တော် တောင်ကျွဲမြီးတိုလာပါတယ်။ စစ်ဗိုလ် က မတ်တတ်ရပ် လျက်စာအုပ်စင် ရှေ့ကမခွာဘဲ ကျွန်တော့်ကို ဘာလှမ်း ပြောသလဲဆိုတော့-
''ခင်ဗျား တော်တော်မှတ်Óဏ် ကောင်းအောင် ဘယ်လိုလေ့ကျင့်ထား သလဲလို့မေးပါတယ်။ ပြီးတော့ ခင်ဗျားစာအုပ်တွေ ဒီလောက်အများ ကြီးဟာ တစ်အုပ်ချင်းဈေးတွေကို ထိုင်ရာမထ အလွတ်ရနေတယ်။ ခင်ဗျားရဲ့ လေ့ကျင့်နည်းတွေပြောပြ ပါဦးလို့ ကျွန်တော့်ကိုပြောတော့ ကျွန်တော်က-
''ဒါတွေအားလုံးဟာ ကျွန်တော့် ကိုယ်ပိုင်စာအုပ်တွေလေ။ ထိုင်ရာမထပြောနိုင်တာက ကျွန်တော်ရောင်း ချင်တဲ့ဈေး နဲ့ ရောင်းနေတာပါ။ ရောင်းချင်တဲ့ဈေးနဲ့ ရောင်းတယ်ဆိုပေမယ့် ပရမ်းပတာတော့မဟုတ်ပါဘူး။ စာအုပ်နောက်မှာ ရောင်းဈေးတွေ ရေးထားတယ်။ ခင်ဗျားလှန်ကြည့်လိုက် ကွာလှ တစ်ကျပ်လောက်ပဲ''လို့ ကျွန်တော်က ပြောလိုက်ရပါတော့ တယ်။ သူလည်း သဘောကျပြီး ဆွန်ဇူးရဲ့စစ်သေနင်္ဂဗျူဟာ စာအုပ်ကို တစ်ဆယ်ကျပ်ပေးပြီးဝယ်သွားတယ်။
(ဆက်လက်ဖော်ပြပါမည်။)
မောင်သန်းလှိုင်