2013-5-13
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
ဈေးကွက်ဂျာနယ်နှင့် Reporter ဂျာနယ် ဒလမြို့နယ်သို့ သောက်ရေသန့် လှူဒါန်းမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... ၈၁၃
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သူတို့ ဘ၀မှတ်တမ်း
ကျိုးအန်းလိုင်ကွယ်လွန်ခြင်း ဖြစ်စဉ် (အစ-အဆုံး -၂၁)

''ဝန်ကြီးချုပ် ဘာစားချင်ပါ သလဲ ပြောသာပြောပါ''လို့ မေးမိကြ ပါမယ်။ တစ်နေ့ကို သုံးလေးကြိမ် လောက် မေးမိတယ်။ တစ်နေ့ ကျတော့ ကျိုးအန်းလိုင်ကပြောပါပြီ။ သူ့ဘာသာသူပဲပြောနေတာလား၊ ကျွန်တော်တို့ကိုပဲ ပြောနေတာလားဆို တာတော့ မရှင်းလင်း လှပါဘူး။
    ''ခုနေ မက်မုံသီးလေးစားရရင် ကောင်းမှာပဲ''တဲ့။ အဲဒီအချိန်မှာ ကျွန်တော့်ရင်ထဲ တစ်ချက်တုန်သွား ပါတယ်။ အတိတ်ဖြစ်ရပ် က ခေါင်း ထဲ ချက်ချင်းပေါ်လာပါတော့တယ်။ ဂျပန်ခုခံရေးစစ်ပွဲ ပြီးဆုံးသွားချိန်မှာ ကျွန်တော်နဲ့ ကျိုးအန်းလိုင်တို့ ယန် အန်းနဲ့ချုံကင်း   ခေါက်တုံ့ခေါက်ပြန် ခရီးနှင်နေခဲ့တဲ့အချိန်အတွင်းမှာ မော်စီ တုန်းက ဆောင်းပါး တစ်ပုဒ်ရေး သား ဖော်ပြခဲ့ပါတယ်။ ဆောင်းပါးမှာ ဂျပန် ခုခံတွန်းလှန်ရေးစစ်ပွဲ ရှစ်နှစ်ကြာ အတွင်း ချန်ကေရှိတ်က မေအော် တောင်ပေါ်မှာ သွားပုန်းနေခဲ့တယ်။ အခုတော့ ခုခံရေး စစ်ပွဲပြီးဆုံးသွား တော့ သူတောင်ပေါ်ကနေ ဆင်းလာ ပြီး မက်မုံသီးခူးတော့မယ်လို့ ဆောင်း ပါးထဲမှာရေးထားတယ်။ ကျိုးအန်း လိုင်က ကိုယ်ရံ တော်တပ်ဖွဲ့ဝင်တွေနဲ့ စစ်သည်ရဲဘော်တွေကို နိုင်ငံရေးအခြေ အနေတွေ ရှင်းပြဆွေးနွေးတဲ့အခါ ဒီဆောင်းပါး အကြောင်းကိုလည်း ''မက်မုံသီးဆိုတာ တော်လှန်ရေးရဲ့ အောင်သီးအောင်နှံပဲ။ အောင်ပွဲရဲ့အသီး ပေါ့။ အဲဒါ အကောင်းဆုံး ဥပမာပဲ ကွဲ့''လို့ ရှင်းပြတယ်။
    တရုတ်ပြည်သစ် တည်ထောင် ပြီးတဲ့နောက် ကျိုးအန်းလိုင်က နေ့ မရှောင်၊ ညမအား ပင်ပင်ပန်းပန်း အလုပ်လုပ်ခဲ့တယ်။ တစ်သက်လုံး အပင်တွေစိုက်ခဲ့ပေမယ့် အောင်သီးကို ခူးဆွတ်ဖို့သူမလုပ်ရက်ခဲ့ဘူး။ အသက် ဇီဝိန်ကြွေခါနီးချိန်ကျမှ မက်မုံသီးလေး တစ်ကိုက်လောက်စားချင်တယ်လို့ တောင့်တတော့ ဒီအသက်ကြီးရင့်လှ ပြီဖြစ်တဲ့ သက်ကြီးရွယ်အိုကြီးရဲ့ ဆန္ဒ ကို ကျွန်တော်တို့ တစ်တွေ မဖြည့်စွမ်း ဘဲ နေနိုင်ရက်ကြပါ့မလား။
    ဒါပေမယ့်ခုလို ဆောင်းတွင်းကြီး ထဲမှာ မက်မုံသီးကို ဘယ်မှာသွားရှာ ကြရပါ့မလဲ။ ရာသီချိန်မှ မဟုတ်လေ ပဲ။ အဲဒီကာလ တုန်းက ခုခေတ်လို အအေးခန်းဂိုဒေါင်တို့ ဘာတို့လည်း မရှိသေးတော့ သိုလှောင်ထားတာလည်း မရှိကြဘူး။ အဲဒါကြောင့် ကျွန်တော်တို့ အားလုံးဝိုင်းဝန်းတိုင်ပင် ဆွေးနွေးကြ ပါတယ်။ မက်မုံသီးရှာပုံတော် ဖွင့်ဖို့ ပေါ့။ ဝိုင်းဖွဲ့ထိုင်လိုက်တာနဲ့ တိုင်ပင် ထားခြင်း မရှိဘဲ တစ်စိတ်တစ်ဝမ်းတည်း သတိရလိုက်ကြတာကတော့ စည်သွပ်ဘူး၊ မက်မုံသီးစည်သွပ်ဘူးပေါ့။
    အဲဒါနဲ့ အပြေးအလွှားသွားပြီး မက်မုံသီးစည်သွပ်ဘူး နှစ်ဘူး ဝယ် လာခဲ့ပါတော့တယ်။ တစ်ဘူးမှာ မက်မုံသီးနှစ်လုံး၊ တစ်လုံး ကိုလေးစိတ် စိတ်ထည့်ထားပါတယ်။
    ''ဝန်ကြီးချုပ်၊ မက်မုံသီး လတ် လတ်ဆတ်ဆတ်တော့ ဝယ်မရပါ ဘူး။ စည်သွပ်ဘူးပဲရခဲ့တယ်'' အားလုံးက ဝမ်းပန်းတနည်း အစီရင်ခံကြပါတယ်။
    ကျွန်တော်တို့က ကျိုးအန်းလိုင် ကို စည်သွတ်ဘူးမက်မုံသီးစိတ်ကို ခွံ့ကျွေးပါတယ်။ သူက နည်းနည်း ချင်းကိုက်၊ ဖြည်းဖြည်း ဝါးပြီး မြုံ့ပါတယ်။ တော်တော်နဲ့မျိုမချနိုင်ခဲ့ပါဘူး။ အချိန်တော်တော်ကြီးကြာမှ တစ်စိတ်ကုန်သွားတော့သည်။ သူကတော်ချင်နေ ပါပြီ။ ဆက်မစားချင်တော့ပါဘူး။ ကျွန်တော်က လေသံတိုးတိုးလေးနဲ့ ''ဝန်ကြီးချုပ် တစ်လုံးတော့ ကုန်အောင်စားလိုက်ပါ။ ဝန်ကြီးချုပ် ပဲပြောဖူးတယ်လေ။ မက်မုံသီးက တော်လှန်ရေးရဲ့အသီး၊ အောင်ပွဲရဲ့ အောင်အသီးအနှံပဲဆို''
    ကျိုးအန်းလိုင်ရဲ့ နှုတ်ခမ်းထောင့် က ပြုံးရောင်သန်းလာပါတယ်။ ဖြည်းဖြည်း အားယူပြောလိုက်တယ်။
    ''မင်းမှတ်မိနေသေးသကိုး။ ကောင်းပြီ။ ငါတို့တစ်လုံးပြည့်ပြည့်ဝဝ ကုန်အောင်စားကြစို့''
    သူက အစွမ်းကုန်ကြိုးစားပြီး စည်သွတ်ဘူး၊ မက်မုံသီးတစ်စိတ် ကုန်အောင်စားလိုက်ပြန်ပါတယ်။ တစ်လုံးတိတိ စားလိုက်ပါပြီ။ သူက နှုတ်ခမ်းတွေကို သုတ်နေတဲ့အချိန်မှာ ကျွန်တော့်စိတ်ထဲက နှစ်သိမ့်ရွှင်လန်းသလို နာကျင်ခံခက်တဲ့ဝေဒနာလည်း တစ်ပြိုင်နက်ခံစားမိပါတယ်။ နှစ်သိမ့် ရွှင်လန်းမိတာကတော့ ကျိုးအန်းလိုင် နောက်ဆုံးမှာ အောင်သီးအောင်ပွင့် ဖြစ်တဲ့ မက်မုံသီး ကိုစားလိုက်ရပြီဆို တဲ့ ခံစားမှုဖြစ်ပါတယ်။ နာကျင်ခံ ခက်မိတာကတော့ သူဟာ တရုတ် ပြည်အတွက် ကောင်းတာတွေချည်း လုပ်ပြီးရင်းလုပ်ခဲ့တယ်။ ပြည်သူတွေ ပျော်ရရင် သူပျော်ရတယ်။ အောင်မြင် မှုတွေကို ဘယ်တော့မှ သူ့ခမျာ ခံစားစံစားခဲ့ တာမရှိခဲ့ ဘူး။ အခုလည်း အောင်သီးအောင်ပွင့်ကို ပြည်သူတွေ စားသုံးလို့ ကျန်မှ စည်သွတ်ဘူးသွင်း ထားတဲ့ မက်မုံသီးကိုသာ သူ့ဘဝ ရဲ့နောက်ဆုံးအချိန်မှာမှ တစ်လုံးတလေ စားရလေချင်းလို့ ကျွန်တော့်စိတ်ထဲ ဝမ်းထဲကကို နာကျင်မိသွားတာပါ။ ဒါတောင် သူ ကပြောပါသေးတယ်။ ''ကျေးဇူးတင်လိုက်တာကွာ၊ မင်းတို့ ကို ကျေးဇူးတင်တယ်ဟေ့''လို့ ပြောပါသေးတယ်။
    နောက်နှစ်ရက်အကြာမှာ သူက မေးပါတယ်။ ''မင်းတို့ဆီမှာ လုအန်း အသီးလက်ဖက်ခြောက်ရှိလားဟေ့။ ငါလုအန်းသီး လက်ဖက်ခြောက်ခတ်တဲ့ ရေနွေးကြမ်းသောက်ချင်လိုက်တာကွာ'' လို့မေးပါတယ်။    
    ဒီတစ်ကြိမ်မှာတော့ အဲဒါဘာ မှန်း ကျွန်တော်မသိပါဘူး။ ကောင်း ကျင့်ဖူနဲ့ ချောင်ကျင်းဝမ်းတို့က လည်း ဘာမှန်းမသိကြဘူး။ ဒီလက်ဖက် ခြောက်မျိုးကလည်း နာမည်ကြီး လက်ဖက်ခြောက်မျိုးမဟုတ်ဘူး။ ကျမ်းစာပေတွေထဲ ပါခဲ့တဲ့လက်ဖက် ခြောက်မျိုး လည်း မဟုတ်ဘူး။ ဘယ့် နှယ်ကြောင့် ကျိုးအန်းလိုင်က ဒီလက်ဖက်ခြောက်ကိုမှ ချဉ်ခြင်းတပ်မိ ပါလိမ့်။
    ဒါပေမယ့် ကျိုးအန်းလိုင် မျှော်လင့်တဲ့အတိုင်း ကျွန်တော်တို့ ရအောင် ရှာဝယ်ပေးခဲ့ပါတယ်။ ကျွန်တော်တို့ လုအန်းအသီးလက် ဖက်ခြောက်ကို ဝယ်လာခဲ့ပါတယ်။ လက်ဖက်ခြောက်အမျိုးအစားက သိပ်အကောင်းကြီးမဟုတ်ပေမယ့် သက်ကြီးရွယ်အို တစ်ယောက်ရဲ့ စိတ်ဆန္ဒ ကိုတော့ ဖြည့်စွမ်းနိုင်ခဲ့ပါတယ်။ မကျ၊ မပေါ့တဲ့ရေနွေးကြမ်း တစ်ခွက် ကို စပ်ဖျော်ပေးလိုက်ပါတယ်။
    ကျိုးအန်းလိုင်က လက်ဖက် ရည်ကြမ်းကို သောက်တာမျိုးမဟုတ် ဘဲ ရေနွေးကြမ်းရဲ့အရသာကို မြည်း တဲ့သဘောလောက် သာပါပဲ။ ရေနွေး ကြမ်းတစ်ငုံကိုပါးစပ်ထဲငုံထားရင်း နည်းနည်းချင်းအရသာမြည်းပြီး မျို ချတာပါ။ အကျိုက်ကလေးတစ်ကျိုက် ငုံငုံပြီးမှ မျိုချတယ်။ သူ့မျက်နှာပေါ်မှာ မေတ္တာစိတ်တွေလျှံတက်ယိုဖိတ်နေတယ် လို့ခံစားမိပါတယ်။ သူ့ဘဝင်မှာ အဝေး တစ်နေရာ လွင့်မျောနေပြီး ငြိမ်သက် နေတဲ့ဟန်ပေါ်လွင်နေပါတယ်။ မျက် လုံးအစုံက မှေးစင်းထားပြီး တစ်ခါ တစ်ခါ တစ်ဖျတ်ဖျတ် ရိုက်ခတ်နေပါ တယ်။ သတိရလွမ်းတနေသူ တစ် ယောက်ယောက်ကို တွေ့ဆုံနေပုံ ပေါက်နေတယ်။ ရေနွေးကြမ်းတစ် ခွက်ကုန်သွား ပါတယ်။ ကျွန်တော်တို့ တစ်တွေကအောင့်အီးမထားနိုင်ကြတော့ဘဲ သိချင်စိတ်တွေပြင်းထန်လာတာနဲ့ ''ဝန်ကြီးချုပ် ဘာတွေတွေးနေပါသလဲ''လို့မေးမိကြပါတယ်။
    ''ငါ ယဲ့ထိန်ကို သတိရနေ တယ်ကွာ'' သူက ကျွန်တော်တို့ကို မကြည့်။ သူ့အတွေးထဲကလူကိုပဲ စိုက်ကြည့်နေသလားမဆိုနိုင်ပါ။ တိုး ညင်းလှတဲ့အသံနဲ့ လှပချိုမြိန်တဲ့ အိပ် မက်ထဲကနေ လန့်နိုးမှာစိုးရိမ်နေသလို ပါပဲ။ ''ဂျပန်ခုခံရေးစစ်စတင်ပြီး မကြာခင်မှာပဲ ဗိုလ်ချုပ်ကြီးယဲ့ထိန်က ငါ့ကိုလုအန်းသီးလက်ဖက်ခြောက်ဘူးကြီး တစ်ဘူးလက်ဆောင်ပေးခဲ့တယ်ကွ''
    အဲဒီနောက်ပိုင်း ကျိုးအန်းလိုင် ခမျာ အစားအသောက်လုံးဝ မဝင် တော့ပါဘူး။
    နှစ်သစ်ရောက်တော့မယ်။ ကျိုးအန်းလိုင်ရဲ့ ဆံပင်တွေ ထိုးထိုး ထောင်ထောင် မသပ်မရပ်နဲ့။ မုတ် ဆိတ်ပါးသိုင်းမွေးတွေကလည်း ဗလပွ ဖြစ်နေတာကိုကြည့်ပြီး ကျွန်တော်တို့ တိုင်ပင်ကြပါတယ်။ ရိုးရာစကားက လည်းရှိတယ်လေ။ ''ပိုက်ဆံရှိရှိ မရှိရှိ ဆံပင်ညှပ် ပြီး နှစ်သစ်ကြိုရမယ်''လို့ ဆိုတယ်မဟုတ်လား။
    ကျိုးအန်းလိုင်က သူ့ဘဝတစ် သက်မှာ သူ့အသက်တမျှ တန်ဖိုး ထားခဲ့တဲ့ တရုတ်လူမျိုးရဲ့ ဥပဓိရုပ် လက္ခဏာ သူ့မျက်နှာကို တန်ဖိုးထားခဲ့ တယ်။ ဒီလိုနှစ်သစ်ကူးရတော့မယ့် အချိန်မှာ ဘယ်နည်းနဲ့မဆို သူ့ကို ဆံပင်ညှပ်ပေး၊ မျက်နှာကိုသပေးဖို့ ကျွန်တော်တို့ စိတ်ကူးဆုံးဖြတ်ကြပါ တယ်။ အခန့်သင့်ပုံက ပီကင်းဟော် တယ်က ဆံသဆရာ၊ ဆရာကျူးက လည်း တတိယစာတစ်စောင်ရောက် လာပါတယ်။ ကျိုးအန်းလိုင်ကို ဆံပင် ညှပ်၊ မျက်နှာသပေးဖို့ တောင်းဆို ထားပါတယ်။
    ဒီဇင်ဘာလ ၂၉ ရက်နေ့မှာ ကျိုးအန်းလိုင်မေ့မြော အိပ်နေရာက သတိရလာတဲ့အချိန်မှာ ကျွန်တော်တို့ က သူ့နားနား ကပ်ပြီး ပြောဆိုဖျောင်း ဖျပါတယ်။ ''ဝန်ကြီးချုပ် နှစ်သစ်ကူး တော့မယ်။ ဆရာကျူးက စာရေး ထားတာ သုံးစောင်တောင်ရှိနေပြီ။ သူ့ ကိုဆံပင်ညှပ်မျက်နှာသဖို့ ခွင့်ပေးလိုက် ပါလား''

ဆက်လက်ဖော်ပြပါမည်။

မောင်မောင်လှိုင်(အပ်စိုက်ကု)
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: zaygwet1997@gmail.com Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.