တက္ကသိုလ်စိန်တင် ရဲ့ တက္ကသိုလ်စိန်တင် (၅၄)
ဆရာကြီးတက္ကသိုလ်စိန်တင်
ရွှင်လန်းချမ်းမြေ့ပါစေ။
သမီးမင်္ဂလာဆောင်လာရောက် ချီးမြှင့်ပေးတဲ့ ဆရာကြီးနဲ့၊ ဆရာမ ကြီးတို့ ကျေးဇူးကို အထူးသတိရ မဖော်ပြတတ်အောင် ဝမ်းသာကြည် နူးမိပါတယ်။
ဆောင်းပါးတစ်ပုဒ်ရေးချင် တယ်ဆိုလို့ ဘယ်လိုစိတ်ကူးများ လဲ။ ဘာတွေရေးမှာပါလိမ့်။ ဆရာ ကြီးတက္ကသိုလ်စိန်တင်ရေး ရင်တော့ ထူးခြားမှာပဲနော်။ မရေးခင်က ဖတ် ချင်လို့(စာဖတ်ပရိသတ်အနေနဲ့) မျှော် မိပါတယ်။
သားတပည့်
ချစ်နိုင်(စိတ်ပညာ)
အမြန်ချောထဲကစာ
မကြာမီရက်အတွင်းက စာရေး ဆရာချစ်နိုင်(စိတ်ပညာ)ထံက ရောက်လာသော အမြန်ချောစာအိတ် ထဲမှာပါလာသည့် စာ ကလေးတစ် စောင်ဆိုကြပါစို့။ မေတ္တာစာကလေး တစ်စောင်။ စာနှင့်အတူဓာတ်ပုံ ကလေးနှစ်ပုံပါလာ၏။
ဟိုတစ်လောဆီက ဆရာချစ်နိုင် (စိတ်ပညာ)၏သမီး ပညာတတ်ဆရာ ဝန်မကလေး၏ မင်္ဂလာဧည့်ခံပွဲကို ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ တိပိဋက ကျောင်းတော်ဓမ္မာရုံတွင် ကျင်းပခဲ့ရာ ဖိတ်ကြားခံရသော၊ မင်္ဂလာဆောင် ဧည့်ခံပွဲတိုင်းသို့ တက်တက် ကြွကြွ ရောက်လေ့ရောက်ထရှိသော တို့ ကိုစိန်တင်ကြီး စောစောစီးစီးရောက် သွားသည်။ အနားမှ ဖဝါးမကွာ ပါလေ့ရှိသော စိမ့်(ပညာရေး)လည်း နွေးထွေးလှစွာပါရှိလာလေသည်။ ထိုမင်္ဂလာဧည့်ခံပွဲတွင် သတို့သမီး၏ ဖခင် ဦးချစ်နိုင်-ညွှန်ကြားရေးမှူးချုပ် (ငြိမ်း)ပြန်ကြားရေးနှင့် ပြည်သူ့ဆက် ဆံရေးဦးစီးဌာန၊ စာရေးဆရာချစ်နိုင် (စိတ်ပညာ)နှင့်အတူတွဲ ဓာတ်ပုံရိုက် ကြ၍ဆောင်းပါးရေး ချင်တာမို့ ဓာတ် ပုံကလေးပို့ပေးပါဟုပြောမိသည်။ ယခု ထိုဓာတ်ပုံကလေးကို ပေးပို့ရင်း ဆရာ ချစ်က မေတ္တာစစ်၊ မေတ္တာမှန်နှင့် စာတစ်စောင်အထက်ပါအတိုင်း ရေးပို့ ခြင်းပင်။ စာကိုရေးသည့်သူက ရေး လာတော့ လက်ခံရရှိသူက ပြန်ကြားရ မည့်တာဝန် ရှိပေသည်။ သည်တော့ ယခုကဲ့သို့ ရေးသူပြန်ကြားသူ နှစ်ပါး သွားလေးကကြပါစို့ တို့ ဆရာချစ်နိုင် ရေ။
ချစ်နိုင်(စိတ်ပညာ) - ဆရာကြီး
တက္ကသိုလ်စိန်တင်၊ ရွှင်လန်းချမ်းမြေ့ ပါစေ။
တက္ကသိုလ်စိန်တင် - ယခုအခါ တွင်တော့ တက္ကသိုလ်စိန်တင် ရွှင်လန်းချမ်းမြေ့နေပါပြီ ဆရာချစ်နိုင် ရေ။ ဘာဖြစ်လို့လဲဆိုတော့ ကိုစိန် တင်တို့မြောက်ဒဂုံမြို့သစ်မှာ လျှပ်စစ် မီးတွေ ၂၄ နာရီပတ်လုံး လာနေပြီမို့ ဗျ။ ပြီးတော့ပြောရဦးမယ်။ ဆရာတို့ ပြန်ကြားရေးဝန်ကြီးဌာနကလည်း တက္ကသိုလ်စိန်တင်ရဲ့ ဂျာနယ်ဆောင်း ပါးတွေကို တစ်ပုဒ်လုံး၊ တစ်ပုဒ် လုံး ဖြုတ်တာ မရှိ သလောက်ပါပဲခင်ဗျ။ ပြောင်းလဲကျင့်သုံးလာတဲ့ စာပေစိစစ် ရေးဌာန၊ မူဝါဒအသစ်တွေက ချစ်ချင် စရာကောင်းလောက်အောင်ကို တိုးတက်လာတာမို့ တို့ကိုစိန်တင်ကြီး နဲ့ သူရဲ့ချစ်ဇနီးအလှပဂေး စိမ့်(ပညာ ရေး)တို့မှာ ဆရာချစ်နိုင် (စိတ်ပညာ) မေတ္တာ ပို့သည့် အတိုင်းပင် အစဉ်ချမ်း မြေ့၊ ရွှင်လန်းမွေ့လျက်ရှိပါသည် ခင်ဗျား။
ဝမ်းသာပါတယ်
ချစ်နိုင်(စိတ်ပညာ) - သမီးမင်္ဂလာ ဆောင်ကို လာရောက်ချီးမြှင့်ပေးတဲ့ ဆရာကြီးနဲ့ ဆရာမကြီးတို့ ကျေးဇူး ကို အထူးသတိရ၊ မဖော်ပြတတ် အောင် ဝမ်းသာကြည်နူးမိပါတယ်။
တက္ကသိုလ်စိန်တင် - ကိုစိန်တင်နဲ့ စိမ့်တို့လာရောက်ချီးမြှင့်တာကို မဖော်ပြ တတ်အောင် ဝမ်းသာကျေးဇူးတင်ပါ တယ်လို့ ဆရာချစ်နိုင်ဆိုလိုက်တာက သြော်... မနီးလှတဲ့ မြောက်ဒဂုံကနေ တိပိဋက ကျောင်းတော်ဓမ္မာရုံအထိ ကားမောင်းလာရတဲ့ စာရေးဆရာ ဒရိုင်ဘာကလေး ကိုစိန်တင်တို့ကိုယ် တိုင် လာရောက်အားပေးခဲ့ကြ တဲ့ အတွက်ကြောင့်ကိုး။ အီစကို တက္ကသိုလ် စိန်တင်ခမျာလည်း (အင်္ဂလိပ်ဘာသာ စကားသုံးခွင့်ပြုပါ)ှောန အသ ပသက လို့မခြား အတူခံစားမှုညီသူပါလို့ တုံ့ပြန်လိုက်ပါ၏။ ဒါပေမယ့်ဗျာ။ စကားလက်တံကလေး အနည်းငယ် ဖြင့် ရှည်ရှည်ကလေး ရေးခွင့်ပြုပါ။ ဆရာချစ်နိုင်(စိတ်ပညာ)နဲ့ တက္ကသိုလ် စိန်တင်တို့ဆိုတာက မနေ့ တစ်နေ့ ကမှ တွေ့မြင်ခင်မင်ခဲ့ကြ သူတွေမှ မဟုတ်ပါပဲလား။ ဟိုလွန်ခဲ့တဲ့ ၁၉၉ဝ ပြည့်နှစ်ဆီက ဆရာချစ်နိုင်(စိတ် ပညာ) နိုင်ငံခြားပညာသင်မသွား မီကတည်းကတွေ့ဆုံခဲ့တဲ့စာပေရောင်း ရင်းတွေပဲ မဟုတ်လား။ သည်တုန်း က တို့မောင်ချစ်နိုင်ကလေး တပ်မ တော် ယူနီဖောင်းတောင့်တောင့် ရုပ်ရည်ခပ် ဖြောင့်ဖြောင့်နဲ့ ရန်ကုန်မြို့၊ ၃၃ လမ်းက ဂုဏ်ထူးစာပေ ကို ရောက် လာစဉ် မြင်ရ၊ ခင်ရ၊ ကြင်နာရတဲ့ အချိန်ကလေးကို နွေးနွေးထွေးထွေး သတိရမိသေးတယ်ဗျာ။
ကထိကဆရာ
အဲဒီတုန်းက ၁၉၉၃ ခုနှစ်၊ တက္ကသိုလ်စိန်တင်ရေးတဲ့ ပခုက္ကူ ဦးအုံးဖေဘဝခရီး စာအုပ်သစ်ထွက် တာ ပထမဆုံး ဝယ်ယူ အားပေးခဲ့တဲ့ စာဖတ်သူဟာ ဗထူးတပ်မြို့၊ တက္က သိုလ်က ကထိကဆရာ ချစ်နိုင် (စိတ်ပညာ)ပါပဲ။ ပခုက္ကူဦးအုံးဖေ စာအုပ်ကို ဇနီး၊ သားသမီးတွေ တစ် ယောက်တစ်လှည့် အလုအယက်ဖတ် ကြပြီး စာအုပ်ရောင်းဈေး ထိုစဉ်က ၂ဝဝ ကျပ်ကို တန်လိုက်တာ၊ တန် လိုက်တာလို့ မိသားစု ချီးကျူးကြတဲ့ အကြောင်း ပထမဆုံးစာအုပ်ဝေဖန် စာရေးပို့ခဲ့တာလည်း ဆရာချစ်နိုင် (စိတ်ပညာ)ဆိုတာ တက္ကသိုလ်စိန် တင်ရင်ထဲမှာ ကွန်ပျူတာဆွဲ ပုံနှိပ် မှတ်သားထားဆဲပါလေ။
ချစ်နိုင်(စိတ်ပညာ) - ဆောင်းပါး တစ်ပုဒ်ရေးချင်တယ်ဆိုလို့ ဘယ်လို စိတ်ကူးများလဲ၊ ဘာတွေရေးမှာပါ လိမ့်။
တက္ကသိုလ်စိန်တင် - ဒါများ၊ မေးခွန်းထုတ်နေရသေးလား။ ဆရာ ချစ်နိုင်(စိတ်ပညာ)၊ ကိုယ့်လူကလည်း စာရေးဆရာပဲမဟုတ်လား။ စာရေး ဆရာဆိုတာလေ ဆေးစက်ကျရာ အရုပ်ထင်တဲ့ ပန်းချီဆရာလိုပါပဲ။ စိတ်ကူးထဲပေါ်လာတာ ရေးဖွဲ့ရာမှာ စာတစ်ပုဒ်ဖြစ်တာ ပဲမဟုတ်လား။ ပုံပမာပြရရင် ၁၉၉ဝ ပြည့်လွန်နှစ် များ က ဒုတိယဗိုလ်မှူးကြီး ချစ်နိုင် ပြန်ကြားရေး ဝန်ကြီးဌာန မြဝတီပုံနှိပ်တိုက် ကိုရောက်စဉ် ဆေးစက်ကျရာ အရုပ်ထင်ခဲ့တယ်မဟုတ်လား။ အဲဒီ အချိန်က အကြိမ်ကြိမ်ပုံနှိပ်ရတဲ့ အိုးဝေဦးညိုမြရဲ့ ကုန်းဘောင်ရှာ ပုံတော်စာအုပ်ကြီး ရွှန်းရွှန်းဝေအောင် ရောင်း ခဲ့ရတာ။ ဆရာချစ်နိုင်(စိတ်ပညာ)ရဲ့ ကြိုးပမ်းမှုအသီးအပွင့်တွေပဲမဟုတ် လား။ မြဝတီ ၊ ငွေတာရီမဂ္ဂဇင်းတွေ၊ အရောင်တောက်အောင် ဆောင်ရွက် ကြိုးပမ်းခဲ့တာ ဘယ်သူလဲ။ မြဝတီ ပုံနှိပ်တိုက်ကြီး ကြီးပွားတိုးတက်ဖို့ အားကြိုးမာန်တက်ဆောင်ရွက်ခဲ့တဲ့ ဆရာချစ်နိုင်(စိတ်ပညာ)ပဲ မဟုတ်ပါ လား။ အဲဒါစာရေးဆရာဆိုသူတွေရဲ့ အတွေးအမြင် အဆင် အသ စိတ်ကူး အလှတွေကြောင့်ပေါ့ဗျာ။
ချစ်နိုင်(စိတ်ပညာ) - ဆရာကြီး တက္ကသိုလ်စိန်တင်ရေးရင်တော့ ထူးခြားမှာပဲနော်။
တက္ကသိုလ်စိန်တင် - ဟောဗျာ။ တို့ကိုချစ်နိုင်လေး ချီးကျူးစကားတွေ ဆိုရေးလာပြန်ပြီကောဗျာ။ အရင် တစ်ခါတုန်းကလည်း ကိုချစ်နိုင် ချီးကျူးဖူးသေးတယ်။ မှတ်မိသေး တယ်နော်။ ၂ဝဝ၉ ခုနှစ်က တက္က သိုလ်စိန်တင်၊ ချစ်နိုင်(စိတ်ပညာ)၊ အဏ္ဏဝါစိုးမိုးဆိုတဲ့ စာရေးဆရာသုံး ယောက်၊ ပဲခူးမြို့၊ မြို့တော်ခန်းမကြီး မှာ စာပေဟောပြောပွဲသွားခဲ့ကြတုန်း ကလေ။ အဲဒီတုန်းက ပဲခူး စာပေ ဟောပြောပွဲကျင်းပရေးကော်မတီက စာရေးဆရာသုံးဦးကို ခမ်းနားလှပတဲ့ ရွှေဝါထွန်းအဆင့်မြင့် ဟိုတယ်မှာ နေရာချထား တည်းခိုစေပြီး ထမင်းစား ပွဲနဲ့ နံနက်ညဧည့်ခံကျွေးမွေးလို့ အဲဒီ နေ့က ပဲခူးစာပေကော်မတီက မေးခွန်း ထုတ်တယ်။ ဆရာတို့ သုံးယောက် စာပေဟောပြောပွဲမှာ ဘယ်သူက အရင်ဟောမှာလဲတဲ့။ တက္ကသိုလ်စိန် တင်က ဘယ်လိုပဲအစီအစဉ်လုပ်လုပ် ရတယ်။ တက္ကသိုလ်စိန်တင်ကို ဘယ်နေရာကထားထား ရတယ်ဗျလို့ ပြောတယ်။ အဲဒီမှာ ဆရာချစ်နိုင် (စိတ်ပညာ)က ပထမဦး ဆုံး၊ နောက်တော့ ဆရာအဏ္ဏဝါစိုးမိုး၊ နောက်ဆုံး ဘိတ်အိတ်နဲ့လွယ်သူကတော့ တက္က သိုလ်စိန်တင်ပါပဲ။ တက္ကသိုလ်စိန်တင် က မြန်မာ့အမျိုးသားဂီတနဲ့ အမျိုး သားလွတ်လပ်ရေးသမိုင်းကို အဲဒီည ကဟောပါတယ်။ ဇွဲ၊ ခေတ်ဆန်းချိန်၊ နဂါးနီ၊ ဗိုလ်အောင်ဆန်း အစရှိတဲ့ မြန်မာ့လွတ်လပ်ရေးတိုက်ပွဲ လှုံ့ဆော် တေးဂီတသီချင်းများနဲ့ မြန်မာ့လွတ်လပ် ရေးကြိုးပမ်းမှုသမိုင်းကို ဟောပြောခဲ့ ပါတယ်။ ပရိသတ်လက်ခုပ်သံတွေနဲ့ ပါ။ တက္ကသိုလ်စိန်တင် စင်မြင့်မှာ ဟောပြောနေတာကို စင်အောက်မှာရှိ နေတဲ့ ဆရာချစ်နိုင် (စိတ်ပညာ)က စာရွက်တစ်ရွက်နဲ့ လိုက်မှတ်နေတာ တွေ့ရတော့ ကိုစိန်တင် ရုတ်တရက် အံ့သြမိပါတယ်။ ဒါပေမယ့် ဘာမှ တော့ မပြောမိ၊ မမေးမိပါဘူး။
ဦးညိုမှိုင်းထံ
ရန်ကုန်ပြန်ရောက်ကြပြီး တစ်နေ့တော့ဗျာ၊ စာရေးဆရာ ချစ်နိုင် (စိတ်ပညာ)ဆီက အားမာန်သစ် စာပေ၊ ဦးညိုမှိုင်းထံ တယ်လီဖုန်း ဆက်သတဲ့။ ဆရာတက္ကသိုလ်စိန်တင် ကို ဂုဏ်ပြုထမင်းကျွေးချင်ပါသတဲ့။ ဒါနဲ့ တက္ကသိုလ်စိန်တင်နဲ့ ဦးညိုမှိုင်း တို့ ဆရာချစ်နိုင်ရဲ့ ပန်းဆိုးတန်းက ညွှန်ကြားရေးမှူးရုံးကို လက်ဖက်ရည် သောက်သွားခဲ့ကြတယ်။ အဲဒီမှာ ဆရာချစ်နိုင်ကပြောပါတယ်။ ပဲခူးမြို့ မှာ ဆရာစိန်တင်ဟောပြောခဲ့တဲ့ မြန်မာ့အမျိုးသားတေးဂီတနှင့် မြန်မာ့ လွတ်လပ်ရေး ခေါင်းစဉ်ကို ကြိုက်နှစ် သက်လွန်း လို့ ကျောင်းတစ်ကျောင်း မှာ အဲဒီခေါင်းစဉ်အတိုင်း ဟောပြခဲ့ တာ။ ကျောင်းအုပ်ကြီးနဲ့ ကျောင်းသား တွေ သဘောကျနှစ်ခြိုက်ပြီး လက်ခုပ် သြဘာပေးကြတယ်။ ဆရာစိန်တင်ရဲ့ ကျေးဇူးပါဆိုပြီး လက်ဖက်ရည် မုန့် တွေကျွေး။ ကျေးဇူးတင်ပါရဲ့ဗျာ။ ဆရာချစ်နိုင်နဲ့ တက္ကသိုလ်စိန်တင်တို့ ရဲ့ ပဋ္ဌာန်းဆက်၊ မေတ္တာသွယ်ယှက်မှု က ကြားရတာ ပျော်ရွှင်စရာပါပဲဗျို့။ ယခုလို ခဏခဏ ချီးကျူးသံကြားရ တာ အသက်ရှည်ဆေးသောက်ပေးနေ သလိုပါ။
ချစ်နိုင်(စိတ်ပညာ) - မရေးခင်က ဖတ်ချင်လို့(စာဖတ်ပရိသတ်အနေနဲ့) မျှော်မိပါတယ်။ သားတပည့်ချစ်နိုင် (စိတ်ပညာ)။ ၁ဝ.၇.၂ဝ၁၂။
မရေးခင်ကဖတ်ချင်
တက္ကသိုလ်စိန်တင် - ဆရာချစ်နိုင် က မရေးခင်က ဖတ်ချင်လို့ မျှော်မိ ပါတယ်ဆိုလို့ တစ်နေ့စာမရေးရရင် တစ်နေ့ ထမင်းစား မဝင်အောင် စာရေး ချင်တဲ့ရောဂါသည်းထန်လှတဲ့ တက္ကသိုလ်စိန်တင် ယခုရေးလိုက်ပါ ပြီ။ သြော်...မေ့တော့မလို့ဗျာ။ အကြောင်း အရာကလေးတစ်ခု ကျန်သွားတာ ဆက်ပါရစေဦး။ လွန်ခဲ့တဲ့ လေးငါးခြောက်နှစ်လောက် က ထင်ပါရဲ့။ အဲဒီအချိန်မှာ ဆရာ ချစ်နိုင်(စိတ်ပညာ)က မင်္ဂလာတောင် ညွန့်မြို့နယ်မှာရှိတဲ့ အားမာန်သစ် စာပေကို ရောက်လာပြီးတော့ အား မာန်သစ် ဦးညိုမှိုင်းကို ဒီလိုပြော သတဲ့။ ကိုညိုမှိုင်းရေ ဆရာတက္က သိုလ်စိန်တင်ရေးဖူးတဲ့ စာအုပ်တစ် အုပ်ရှိတယ်။ ပြန်ထုတ် သင့်တယ် ဗျ။ မြန်မာ့နိုင်ငံရေး ဇာတ်ခုံမှစောစံဖိုးသင် ဆိုတဲ့စာအုပ်။ သိပ်ဖတ်လို့ကောင်းတာ ပဲဗျာလို့ ပြောနေစဉ် ဦးညိုမှိုင်းက ပုံနှိပ် ပြီး မဖြန့်ချိ ရသေးတဲ့ စောစံဖိုးသင် စာအုပ်ကို ဆရာချစ်နိုင်(စိတ်ပညာ) လက်ဆောင်ပေးလိုက်တော့ ဆရာ ချစ်နိုင် သိပ်အံ့သြသွားတယ် တဲ့လေ။ ကြားရတာ စာရေးသူတစ်ဦးအဖြစ်နဲ့ ကိုစိန်တင် ဝမ်းသာကြည်နူးရပါ တယ်။
၁ဝ.၇.၂ဝ၁၂ နေ့က တက္က သိုလ်စိန်တင်ထံ ဆရာချစ်နိုင် (စိတ် ပညာ)ရေးတဲ့ စာရဲ့ နိဂုံးချုပ်မှာ သားတပည့် ချစ်နိုင်(စိတ်ပညာ)လို့ လက်မှတ်ထိုးထားတာ တွေ့ရ ဖတ်ရ လို့ ကျေနပ်မိပါတယ်ဆရာ။ ဘယ်နှယ့်ဗျာ။ ချစ်လို့ပြောတာမှတ်ပါ စာအုပ်၊ သားအတွက် ဓားတစ်လက် စာအုပ်အစရှိတဲ့ နာမည်ကျော် တိုင်းသိ ပြည်သိအကြိမ်ပေါင်းများစွာ ပုံနှိပ်ရတဲ့ နိုင်ငံကျော် စာရေးဆရာတစ်ဦး၊ ညွှန်ကြားရေးမှူးချုပ်(ငြိမ်း)တစ်ဦးကို သားတပည့်တော်စပ်ခွင့်ရတယ်ဆိုတော့ တက္ကသိုလ် စိန်တင်ဆောင်းပါးရေး သည့်အခါ ဝမ်းသာအားရ ကြုံးဝါးပြခဲ့သည့်အတိုင်း ရေးရသည်ရှိ သော် အို...ငါဟဲ့ယောက်ျား၊ အင်္ဂါ သား၊ ဒီဇမ္ဗူမှာ ရှားမှရှား၊ တကယ့် နိုင်ငံကျော် စာရေးဆရာတစ်ဦးကို
သားတပည့်တော်ရပါပေါ့လား။
အဲဗျ၊ ရေးချင်ရာတွေ လျှောက် ရေးနေသဖြင့် ထိုနေ့က ၂၄.၆.၂ဝ၁၂ မင်းကွန်းတိပိဋကနိကာယ မင်္ဂလာခန်း မတွင် ကျင်းပပြု လုပ်သော မင်္ဂလာ ဧည့်ခံပွဲကြီး စည်ကားလိုက်သမျှဗျာ။ တကယ့်ကိုစည်ကားလှတဲ့အကြောင်း တစေ့တစောင်း မျှပင် ဖောက်သည် မချရသေး။ ပြောရဦးမည်။ ထိုနေ့က မင်္ဂလာဧည့်ခံပွဲသို့ အထူးသဖြင့် စာရေးဆရာအဖွဲ့တွေ အထူးကြွရောက်သည် ကို တွေ့ရလေ သည်။ တက္ကသိုလ်စိန်တင်နှင့် စိမ့်(ပညာရေး) တို့နှင့်အတူ စာရေးဆရာ သူရဇော် မြောက်ဒဂုံအိမ်က လိုက်ပါလာ၏။ ဆရာမောင်သိန်းလွင်(အင်္ဂလိပ်စာ)၊ ဆရာအဏ္ဏဝါစိုးမိုး၊ ဆရာ ချစ်စံဝင်း၊ ဆရာချစ်ဦးညိုတို့ ဇနီးမောင်နှံ၊ ဆရာ မောင်ငြိမ်းသူ (ကြို့ပင်ကောက်)၊ ဇီဝိတဒါနဆေးရုံ ဥက္ကဋ္ဌကြီး ဦးမောင် မောင်၊ ဆရာဒေါက်တာ ခင်မောင်ညို၊ ဆရာကောင်းသန့်၊ ဆရာ Follow Me၊ ဆရာမိုး(အင်္ဂလိပ်စာ)၊ ဒီဆရာ တွေက ကိုစိန်တင်နှင့် နှုတ်ဆက်၍ သတိရနေသော ဆရာတွေ၊ အခြား မမှတ်မိ တာတွေရှိသေး၏။ မင်္ဂလာပွဲ၏ အရေးကြီးပုဂ္ဂိုလ်တွေမှာ ဒေါက်တာ ဦးသန်းဌေး၊ ဒေါက်တာဖြူဖြူလွင် တို့၏သား ဗိုလ်ကြီးမြတ်သူရဌေး MBBS, M.MED, Sc (Ophtu) မျက်စိအထူးကုနှင့် ဦးချစ်နိုင်(စိတ် ပညာ)၊ ညွှန်ကြားရေးမှူးချုပ် (ငြိမ်း)၊ ပြန်ဆက် ဦးစီးဌာနနှင့် ဒေါ်လှလှမြင့် ဦးစီးမှူး(ငြိမ်း) သမဦးစီးဌာနတို့၏ သမီး ဒေါက်တာသဇင်ဝတ်မှုန် MBBS. (YGN), M.MED, Sc, (Ophth) မျက်စိအထူးကုဆရာဝန်တို့ ဖြစ်ကြလေသည်။
ပြောရဦးမည်။ မင်္ဂလာပွဲတွင် ကျွေးမွေးဧည့်ခံသော စားသောက်ဖွယ် ရာများ စားသောက်ပြီး တက္ကသိုလ် စိန်တင်မှာ ကုန်းသတ္တဝါသားမစား၍ ထောပတ်ထမင်းနှင့် ငါးပိကြော်ကိုသာ စားပြီး ရေခဲမုန့်နှစ်ခွက်တိတိ စားခဲ့ ၏။ အပြန်တွင် ဝင်းတံခါးဝ၌ စာရေး ဆရာချစ်ဦးညိုဇနီး ဒေါ်မြင့်မြင့်အေး နှင့်တွေ့ဆုံ၍ ဝမ်းသာအားရနှုတ် ဆက်ရင်း ရှေ့နားတွင် ချစ်ဦးညိုနှင့် တွေ့ရာ-
တက္ကသိုလ်စိန်တင် - ကိုချစ်ဦးညို၊ ဒီမှာ ဆရာချစ်ဦးညိုစာတွေ ဖတ်ပြီး သဘောကျနေတဲ့ စာပေဝါ သနာရှင် မိန်းမပျိုတစ်ဦးနဲ့ မိတ်ဆက်ပေးချင် တယ်။
ချစ်ဦးညို - (သူ့ဇနီးမျက်နှာကို လှမ်းကြည့်၍) သဘောကျနေတယ်ဗျ။ ပြောပေးစမ်းပါ။ အဆင်ပြေမှာ လား။
ထိုစဉ်အနီးက ကောင်းသန့်တို့ စာရေးဆရာတွေ ဝါးခနဲ ပွဲကျသွား ၏။
တက္ကသိုလ်စိန်တင်