ရင်လေးမိပါသေးသည် (၂)
သူ့အစ်မကြီးရဲ့ အဆက်အသွယ်နဲ့ နိုင်ငံခြားမှာ အလုပ်အကိုင် ရှာပေး တဲ့ အေဂျင်စီက သူ့ကို မလေးရှား မှာ အလုပ်ရှာပေးခဲ့တယ်။ အလုပ် အင်တာဗျူးကို အစ်မကြီးနဲ့အတူ ရန် ကုန်မှာ အစစ်ခံရတယ်။ သူဋ္ဌေးကိုယ် တိုင်လာရွေးပြီး သူအရွေးခံရကြောင်း ကျွန်မကို ပြောပြပါတယ်။ ဒါနဲ့ လို အပ်တဲ့ ပုံစံတွေကို ဖြည့်ပြီး အိမ်ပြန် ပြီးခေါ်စာကို စောင့်ခဲ့ရသတဲ့။ ပြော ထားတဲ့ သုံးလမှာ ခေါ်စာ မရတာ နဲ့ ရန်ကုန်ကို ညီအစ်မနှစ်ယောက် ထပ်လိုက်လာရတယ်တဲ့။
ရန်ကုန်ကို လာရတယ် ပြော တာကြောင့် ကျွန်မက -
''သမီးက ရန်ကုန်က မဟုတ် ဘူးလား။ ဘယ်ကနေ ရန်ကုန်အထိ လာရတာလဲ''လို့ မေးရပြန်တာပေါ့။
မိန်းကလေးက ပဲခူးကပါ။ ကျွန်မက ကျွန်မသိတဲ့ ပဲခူးလိပ်ပြာ ကန်နားက ဘုန်းကြီးကျောင်းနဲ့ မယ် သီလှရှင်ကျောင်းတွေကို မေးလိုက် တော့ သူမသိပါဘူး။ သူက ပဲခူးမြို့ ပေါ်က မဟုတ်ဘဲ ပဲခူးနယ်ကလို့ ပြောပါတယ်။ ပဲခူးမြို့ပေါ်တောင် သိပ် မရောက်ဖူးကြောင်း ကျွန်မသိရပါ တယ်။
ပဲခူးမြို့ပေါ်ကိုတောင် အရောက် နည်းသူမို့ အစ်မကြီးကပဲ အဖော် လုပ်ပြီး လိုက်ပို့နေရတဲ့အကြောင်း ကျွန်မသဘောပေါက်သွားပါတယ်။
ဒါဆို သူမလေးရှားရောက်ရင် ဘယ်လိုလုပ်မလဲ။
အင်္ဂလိပ်စကားလဲ လုံးဝမတတ် ဘူး။
မလေးရှားစကားကိုလည်း ထမင်းစားရေသောက် လိုလိုမယ်မယ် သင်ထားတာ မဟုတ်ပြန်ဘူး။
ဒါတွေကို တွေးရင်းတွေးရင်း ကျွန်မ သူ့အစား စိတ်ပူမိသွားပါ တယ်။
ရန်ကုန်က အေဂျင်စီရုံးကိုသွား ပြီး စုံစမ်းတော့လည်း ခေါ်စာမရောက် သေးကြောင်း၊ ခေါ်စာရမှ ဗီဇာရမှာ ဖြစ်ကြောင်း၊ ဗီဇာမပါရင် မလေး ရှားကို ဝင်မရကြောင်းပြောပြီး ပဲခူးမှာ ပြန်စောင့်ဖို့ ပြောပြန်သတဲ့။ (အခု ခေါ်စာနဲ့ ဗီဇာလျှောက်မရကြောင်း ကို ကျွန်မသိရပါတယ်)
ဒီမိန်းကလေးက သုံးလကျော် ရင် သွားရမှာမဟုတ်ကြောင်း သိထား တာကြောင့် သူဋ္ဌေးကို တခြားလူ အကူအညီနဲ့တိုက်ရိုက်ဖုန်းဆက်လိုက် သတဲ့။ သူဋ္ဌေးက ချက်ချင်းခေါ်စာ ပို့ပြီး လေယာဉ်လက်မှတ်ပါ တစ်ပါ တည်းပို့လိုက်တယ်။ ကေအယ်လ် ကွာလာလမ်ပူ - Kl Kuala Lumpur လေဆိပ်မှာလည်း ကိုယ်တိုင်လာကြိုမှာ ဖြစ်ကြောင်းပြောပြီး အမြန်ဆုံးလိုက် လာနိုင်ဖို့ အစီအစဉ်လုပ်ပေးခဲ့တယ်တဲ့။
''ဒါကြောင့် သမီးအခု မလေး ရှားကို သွားရမှာလေအန်တီရဲ့။ အေ ဂျင်စီကလူတွေက ငွေယူပြီး ဆုံး အောင်လုပ်မပေးဘူး။ ဘယ်ရမလဲ။ သူဋ္ဌေးကိုယ်တိုင်က ကျွန်မကို ကြိုက် ပြီးခေါ်တာပဲ။ သမီးက သွားရအောင် လုပ်တာပေါ့။ အခုသမီးသွားလို့ရ ပြီ''လို့ မြူးမြူးကြွကြွနဲ့ ကျွန်မကို ရှင်းပြခဲ့ပါတယ်။
ကျွန်မကတော့သူ့လို မဟုတ် ပါဘူး။ စိတ်ထဲမှာ စနိုးစနောင့်ဖြစ် နေတာပါ။ သူ့အလုပ်ရှင်သူဋ္ဌေးက ကေအယ်လ် ကွာလာလမ်ပူ လေဆိပ် မှာ လာကြိုပြီးနောက်နေ့မှာ နယ် ခြားရှိ ကိုတာဘာရူဖက်ကို ခေါ်သွား မှာပါ။ မလေးရှားလေဆိပ်ကိုလည်း ဘန်ကောက်လေဆိပ်မှာ Transit (လေယာဉ်ကွင်းအထဲမှာ ခေတ္တနား နေခြင်း)ပြီးမှ ဆက်သွားရမှာဖြစ်ပါ တယ်။
အင်္ဂလိပ်စာ မတတ်တာကြောင့် ကျွန်မက စိတ်ပူမိပေမယ့် သူက လုံးဝ မပူပါဘူး။ တခြားမလေးရှား သွားကြမယ့် သူတွေနောက်ကို လိုက် စီးရင်ရတာပေါ့ တဲ့လေ။ ဒီလို ဖြတ် ထိုးÓဏ်ရှိပေမယ့် တကယ် အရေး ကြုံလာခဲ့ရင် မိန်းကလေးတစ်ယောက် တည်းသွားရမှာကြောင့် အခက်အခဲ ရှိနိုင်ပါတယ်။
ကဲ-ထားလိုက်ပါတော့။ ဘန် ကောက်လေဆိပ်မှာ တစ်ထောက် နားပြီး ကေအယ်လ် ကွာလာလမ်ပူ မြို့တော် လေဆိပ်ကိုရောက်ကြမှာ ပေါ့။ ပြီးရင် ကျန်အဖွဲ့တွေက အသီး သီး လေဆိပ်ကထွက်ပြီး သူတို့ သွား ရမယ့် စက်ရုံများကို ကိုယ်စားလှယ် များက လေဆိပ်မှာ လာကြိုကြမှာလို့ သိရပါတယ်။
ဒီမိန်းကလေးကျတော့ လေ ယာဉ်ကွင်းမှာ မနက်မိုးလင်းသည် အထိ စောင့်ရမှာပါ။ မိုးလင်းပြီးမှ သူတို့ အလုပ်ရှင်က ကိုယ်တိုင်လာ ကြိုမှာတဲ့လေ။
''လေဆိပ်မှာ စောင့်တာ ကိစ္စ မရှိပါဘူးအန်တီ။ အအေးစက်တွေ လည်း ဖွင့်ထားတော့ အေးအေးလူလူ အိပ်စောင့်လို့ရတာပေါ့''လို့ ပြော လာတော့ ကျွန်မဒီကလေးမ တကယ် အတွေ့ အကြုံမရှိတာပါလား။ ဘာမှ လည်း လေ့လာထားပုံမရှိတာကို သိလိုက်ပါတယ်။
နိုင်ငံရပ်ခြားသွား အလုပ်လုပ် တာ နည်းနည်းပါးပါးလေးမှ လေ့ လာထားခြင်းမရှိပါလား။
ပေါ့ပေါ့ဆဆ လွယ်လွယ် လေးလို့ ထင်နေတာလား။
ကိုယ့်ကိုယ်ကိုပဲ အထင်ကြီး သွားပြီလား။
ကျွန်မအတွေးတွေ တစ်ခုပြီး တစ်ခု ဝင်လာပါတော့တယ်။
လေယာဉ်ကွင်းမှာ စောင့်တယ် ဆိုတာ သူထင်ထားသလို ဟိုတယ် ခန်းမှာလို အိပ်စောင့်ရတာမျိုး လုံးဝ မဟုတ်ပါဘူး။ လေယာဉ်ထွက်ဖို့ စောင့်တဲ့ လူကတော့ နည်းနည်း အဆင်ပြေကြပါတယ်။ လေယာဉ် မထွက်မချင်း ထိုင်စောင့်ဖို့၊ စားဖို့ သောက်ဖို့ အပြင် အိမ်သာကအစ ရှိ တာပါ။
လေယာဉ်ဆိုက်ပြီး ဆင်းလာတဲ့ ခရီးသည်တွေကျတော့ လူဝင်မှု ကြီး ကြပ်ရေးကိုပြ၊ ပစ္စည်းရွေးပြီးတာနဲ့ အပြင်ကို ထွက်ကြရတာပါ။ အပြင် ရောက်ရင် ကြိုသူ ရှိရင်ရှိ၊ မရှိရင် ကိုယ့်အစီအစဉ်နဲ့ကိုယ် လိုရာခရီးကို ကားငှားပြီးပဲဖြစ်ဖြစ်၊ လေယာဉ်ကွင်း က တက္ကစီစီးပြီး မြို့ထဲသွားပြီးမှ တစ်ဆင့် လိုရာခရီးကို သွားကြတာ လည်း ရှိကြပြန်ပါတယ်။ ဒီမိန်းက လေးလို ရှစ်နာရီလောက် ထိုင်စောင့် ရမယ့်နေရာက ရှာယူရမှာပါ။ လွယ် တဲ့ကိစ္စ မဟုတ်ပါဘူး။
ထိုင်စောင့်နေစရာ ရှာတွေ့တယ် ပဲထားဦး။ သူထင်ပြီးပြောခဲ့သလို အိပ် စောင့်လို့ ဘယ်ဖြစ်ပါ့မလဲ။ ကိုယ်နဲ့ ပါသွားတဲ့ သေတ္တာ၊ အိတ်၊ ပစ္စည်း တွေကို ဘယ်သူက ကြည့်ထားမှာ တဲ့လဲ။ ဒါတွေက အသေးအမွှားလို့ ထင်ရပေမယ့် အရေးကြီးမှန်း ဒီက လေးမ သိပုံမရပါဘူး။
မိန်းကလေးက တကယ်လို့များ စောင့်နေရတာ အဆင်ပြေသွားတယ် ပဲထားဦး။ သူက အင်္ဂလိပ်စကား လုံးဝ မပြောတတ်၊ မဖတ်တတ်တဲ့ သူပါ။ သူ့ကို လာကြိုမယ့် သူဋ္ဌေးနဲ့ နယ်စပ်ရှိ ကိုတာဘာရှုကိုသွားရမယ် လို့ ပြောပါတယ်။ ဒီနေရာအကြောင်း သူလေ့လာထားရဲ့လား။ သိရဲ့လား။
သူပြောတဲ့ ဒီကိုတာဘာရူဆို တာက မလေးရှား၊ ထိုင်းနယ်စပ် မှာရှိပြီး ဟိုတယ်မယ်များ၊ ဘားမယ် များ၊ ပြည့်တန်ဆာများ၊ စားပွဲထိုး လုပ်ငန်းပြ လိင်မှုဆိုင်ရာ လုပ်ငန်းများ အများအပြားရှိတဲ့မြို့လို့ ကျွန်မ သိ ထားပါတယ်။
ကလေးမလေး ရုပ်ရည်က ချစ် စရာလေးဖြစ်ပြီး ကိုယ်လုံးကိုယ် ပေါက်ကလည်း ပြေပြစ်ပါတယ်။ ဒါကြောင့်လည်း ဒီမိန်းကလေး လိမ် လည် ဖြားယောင်းခြင်းခံရတာများ လားလို့ ကျွန်မထင်မိပါတယ်။ တကယ်တော့ သူ့မိသားစု အားလုံးက ငွေရေးကြေးရေးနဲ့ ပတ်သက်ပြီး အခက်အခဲရှိသူတွေ မဟုတ်ပါဘူး။ ဖခင်ကလည်း လယ်မြေအသင့်အတင့် ပိုင်ဆိုင်ပြီး သားအဖနှစ်ယောက် အေးအေးလူလူ စားနိုင်သောက်နိုင်တဲ့ သူတွေပါ။ မိသားစုအတွက် ဒီ မိန်းကလေးက ရုန်းကန်ရှာဖွေ ကျွေး စရာ မလိုသူပါ။
ပတ်ဝန်းကျင်မှာ နိုင်ငံခြားမှာ အလုပ်သွားလုပ်တာကို အားကျပြီး နိုင်ငံခြားရောက်ဖူးချင်တဲ့စိတ်၊ လစာ ကောင်းကောင်းရရင် မိန်းကလေးပီပီ ဝတ်မယ်စားမယ်စိတ်ကူးမိမှာပါပဲ။ ဒီလိုအချိန်မှာ အေးဂျင့်နဲ့တွေ့ပြီး မလေးရှားမှာ အလုပ်လုပ်ရဖို့ ဖြစ် လာခဲ့တယ်။ သူဋ္ဌေးကိုယ်တိုင် ရန်ကုန်လာပြီး လူတွေ့စစ်တော့ မိန်း ကလေးကိုတွေ့ပြီး ရွေးသွားခဲ့တယ်။
အင်တာဗျူးမှာ သူဋ္ဌေးက သူ့ ကိုရွေးလိုက်တော့ သူ့ကိုယ်သူ အထင် ကြီးသွားမှာပါ။ ဘယ်အထင်မကြီးဘဲ ခံနိုင်မှာလဲ။ ဘွဲ့ရတွေတောင် ရင်း ဂစ် ၈ဝဝ၊ ၁ဝဝဝ နဲ့ ရိုးရိုးစက်ရုံ ဝန် ထမ်းတွေ ရနေချိန်မှာ သုံးတန်း အောင် လေးတန်းတက်မယ့်သူက စက်ရုံမှူးရင်းဂစ် ၂၅ဝဝ ရမှာဆို တော့ သိပ်ကို ဝမ်းသာသွားမှာပါပဲ။
ဒါကို သူ့စိတ်ထဲ သံသယ လုံး ဝ မဝင်ရှာဘူး။ တယ်တော်တဲ့ငါလို့ ဖြစ်သွားပုံရတယ်။ မိန်းကလေးက ကျွန်မကို -
''အန်တီ၊ ကျွန်မ ဒီအလုပ်ကို လုပ်နိုင်ပါတယ်''
''သူဋ္ဌေးက ကိုယ်တွေ့မေးပြီး ကျွန်မ အရည်အချင်းကို သိလို့ ချက် ချင်း စက်ရုံမှူးတာဝန်ပေးတာပေါ့''
''ကျွန်မက ဘာအလုပ်မဆို ဖြစ်အောင်လုပ်မယ်လို့ သူဋ္ဌေးကို ပြောလိုက်သေးတယ် အန်တီရဲ့''လို့ ပြောခဲ့ပါတယ်။
တကယ်တော့မိန်းကလေးရော အဖော်လိုက်ပေးတဲ့ အစ်မကြီးတို့က နည်းနည်းတော့ စုံစမ်းကြည့်ဖို့ လို သွားပါတယ်။ ထောင်ချောက်များရှိ မလား။ ဘာကြောင့် ဒီလောက် အခွင့် အရေးပေးတာလဲ စဉ်းစားသင့်ပါ တယ်။ သူတို့နှစ်ယောက်က မစဉ်း စားပေမယ့် သူတို့ သွားဆက်သွယ် တဲ့ အေးဂျင့်စီက သံသယရှိပုံပေါ် ပါတယ်။
ဒါကြောင့်လည်း အင်တာဗျူး လုပ်ပြီး သုံးလအတွင်း ပို့ဖို့ရှိပေမယ့် အချိန်ဆွဲထားဟန်တူပါတယ်။ မိန်း ကလေးက သုံးလပြည့်ခါနီးတော့ အေဂျင်စီကို ကျော်ပြီးတိုက်ရိုက် သူဋ္ဌေးနဲ့ ဆက်သွယ်ပြီး မလေးရှား သွားဖို့ အလျင်စလိုလုပ်ခဲ့တယ်။ နောက်ဆုံး အားလုံးပြီးစီးသွားပြီ။ ကေအယ်ကွာ လာလမ်ပူသွားဖို့ ကျွန်မနဲ့အတူ ရန်ကုန်လေဆိပ် Departure Lounge မှာ ရောက်နေခဲ့ပါပြီ။
သူကတော့ ဘဝသစ် စရမှာကို တက်တက်ကြွကြွ မြူးမြူးကြွကြွ လေး ဖြစ်နေတာပါ။ ကျွန်မခေါင်းထဲ တော့ အတွေးအမျိုးမျိုးဝင်လာခဲ့ပါ တယ်။
မလွှဲမရှောင်သာလို့ မျက်စိ စုံ မှိတ်ပြီး ဘဝကို အနစ်မွန်းခံသွားရတဲ့ မိန်းကလေးတွေ၊ ဘဝရဲ့ ထွက်ပေါက် ရှာရင်းရေတိမ်နစ်သွားကြသူတွေ အမျိုးမျိုးရှိကြပေမယ့် အခုလို ဗဟု သုတခေါင်းပါးပြီး စဉ်းစားချင့်ချိန်မှု မရှိဘဲ သံသယကင်းစွာနဲ့ အယုံ လွယ်တာ စိတ်ကူးယဉ်သူမိန်းက လေးတွေ အတွက်တော့ ကျွန်မ ရင် လေးမိသွားတာ အမှန်ပါပဲ။
ရှောင်လွှဲလို့ ရနိုင်လျက်သားနဲ့ ဖြစ်သွားကြတယ်ဆိုရင် ဘယ်သူ့ကို များ အပြစ်တင်ရပါမှာပါလိမ့်။
ဒေါက်တာခင်လက်ျာ