ကျွန်တော် လမ်းလျှောက်ဈေးသည်
'လမ်းလျှောက်ဈေးသည်' ဟူသော ဝေါဟာရမှာ တကယ် တော့ မြန်မာမဆန်လှပါ။ မြန်မာ မဆန်ခြင်းမှာ အင်္ဂလိပ်အသုံးအ နှုန်း Peddler နှင့် အဓိပ္ပာယ်တူနေ သောကြောင့် ဖြစ်သည်။ Peddler ၏ရင်းမြစ်မှာ Ped ဖြစ်၏။ အင်္ဂ လိပ်ဒေသိယသုံး ဝေါဟာရဖြစ်၍ ကြိမ်ဆွဲခြင်းကလေးဟု အဓိပ္ပာယ် ရပါသည်။ ထိုအဓိပ္ပာယ်ကိုထောက် သော် Peddler ဟူသည် ရှေးအခါက ကြိမ်ဆွဲခြင်းကလေး ဆွဲ၍ ရွာရိုးကိုးပေါက်လျှောက် ဈေးရောင်းသော အင်္ဂလိပ်လူမျိုးဈေးသည်ကို မြင်ယောင်လာစေပါသည်။ အလွန်ဝေါဟာရ ကြွယ်ဝ ပေါ များ သော မြန်မာဘာသာတွင်မူ ခေါင်း ရွက်ဗျတ်ထိုးသည်က ရှိနေပြီးသား ဖြစ်၏။ ယနေ့ ယခုထိလည်းပဲ မြန် မာပြည် မြို့ကြီး ပြကြီးများမှာသာ မက နယ်တိုင်း ရွာတိုင်းမှာ ခေါင်း ရွက်ဗျတ်ထိုးဈေးသည်အမျိုးမျိုးကို တွေ့မြင်နိုင်ကြပါသည်။
ကျွန်တော်၏ ပုဂ္ဂလအလိုအားဖြင့် လမ်းလျှောက်ဈေးသည် ဝေါဟာရကို ပို၍နှစ်သက် သည်။ ခေါင်းရွက်ဗျတ်ထိုးကို ဘ ဝင် မကျတော့။ ဟောင်းသွားပြီ။ ရိုးသွားပြီ။ ပေါရာဏစကားအို စကား ဟောင်း ဖြစ်သွားပြီဟု ထင်သည်။ စဉ်းစားကြည့်ပါ။ ယနေ့ မြန်မာ တို့ သည် ခေါင်းရွက်ဗျတ်ထိုးဝေါဟာရ ထဲမှာပါနေသော 'ဗျတ်'ကို ဘာမှန်း ညာမှန်း ကောင်းစွာမသိကြတော့ ပါ။ 'ဗန်း' ဟု ပြောမှပဲ နားလည် ကြတော့သည်။ ဗျတ်ဟူသည် သစ်သား (သို့မဟုတ်) ဝါးဖြင့် ပြုလုပ် ထားသော ဗန်းပင် ဖြစ်သည်။ ခေတ် ပြောင်းလဲလာ ချိန်မှာ သတ္တုဗန်းများ၊ ပလတ်စတစ်ဗန်းများ ပေါ်လာကြသော်လည်း ဘယ်သူကမှ ခေါင်းရွက်ဗန်းထိုး ဟူ၍ ပြောင်းမ ခေါ် ကြ။ ခေါင်း ရွက်ဗျတ်ထိုးဟုသာ ခေါ်နေကြပါသည်။
ကျွန်တော့်အထင် ခေါင်းရွက်ဗျတ်ထိုးဈေးသည် (ဝါ) လမ်းလျှောက်ဈေးသည်တို့သည် လူ့သမိုင်းတွင် ဈေးသည်တို့၏ မူလ ဇာစ် မြစ်အစ ဖြစ်နိုင်သည်ဟု ယုံကြည်သည်။ ရှေးလူသည် တစ်ခုခု ကို ရောင်းချလို (Bartar ဘာတာစနစ် ဖြင့် ဖလှယ် လို) သော အခါ ရပ်ထဲ ရွာထဲမှာ လှည့်လည်ကြွေးကြော်ခဲ့ ပေလိမ့်မည်။ မုဆိုးကတော်သည် အမဲသားတွဲကို ဆွဲကာ ''အမဲသား ယူကြဦးမလား'' ဟု ဘာသာဘာဝ စကားဖြင့် အော်ဟစ်နေခဲ့ပုံမှာ ယ နေ့ခေတ် လမ်းထဲမှာလျှောက်၍ ''ဟောဒီဘက်က ပြောင်းဖူးပြုတ် ပူ ပူနွေးနွေး'' ဟု ဟစ်ကြွေးရောင်းချ နေသော ဈေးသည်၏ မူလအစဟု မှတ်ကြပါလေ။ တစ်နည်းဆိုသော် ကျောက်ခေတ်လောက် ကတည်းက လမ်းလျှောက်ဈေးသည် ရှိနေခဲ့ သည်ဟု ယူဆလိုသော် ယူဆ ကောင်းပါသည်။
ယခုအခါ ကျွန်တော် သည် စာရေးဆရာ ခေါ် စာဈေးသည်ဘဝ ရောက်နေသော်လည်း ငယ်စဉ်အခါက လမ်းလျှောက်ဈေးသည် ဘဝနှင့် မလွတ်ကင်းခဲ့ပါချေ။
၁၉၅၉-၆ဝ ကာလတစ် ဝိုက်တွင် ကျွန်တော်တို့ မိသားစုမှာ ကံအလှည့်မသင့်ခဲ့ကြပါ။ အဖေ သည် ကျပန်းလက်သမား တစ် ယောက် အဖြစ် ဝမ်းစာရှာသည်။ အမေက နံနက်ခင်းမှာ ချောက်တီး ချောက်ချက် မုန့်ဟင်းခါးဆိုင်က လေး ဖွင့်သည်။ ကျွန်တော်ကား ၉ -၁ဝ နှစ်အရွယ်။
အမေသည် နံနက် ၆ နာရီလောက်မှာ မုန့်ဟင်းခါးဆိုင် ဖွင့်ပြီး ၁၁ နာရီ မထိုးမီ ဆိုင်သိမ်း သည်။ မွန်းလွဲ ၁ နာရီလောက်မှာ အမေ သည် ခေါင်းရွက်မုန့်ဟင်းခါး သည်အဖြစ် ရပ်ကွက်ထဲတွင် လှည့်လည်ရောင်းချလေ့ရှိသည်။ အမေ့ ဘေးမှာ ပန်းကန်ဆေးသောရေပုံး ကလေးကိုဆွဲ၍ လိုက်ပါရသူမှာ ကျွန်တော်။ တစ်မိနစ်တစ်ကြိမ် လောက် ကျွန်တော်က အောင်မြင် ခန့်ညားလှသော ကလေး သံကြီး ဖြင့် ဟစ်ကြွေးလိုက်ပါသည်။
''ဟောဒီဘက်က မုန့်ဟင်းခါး'' ညနေ၄နာရီလောက်ဆိုလျှင် ကျွန်တော်တို့သားအမိ၏ လမ်းလျှောက်ဈေးသည် အလုပ်အောင်မြင် စွာ ရပ်နားမြဲ ဖြစ်ပါ သည်။ ကျွန်တော်လည်း 'မုန့်ဟင်း ခါး' အော်ရလွန်းသဖြင့် လည် ချောင်းနာနေပါပြီ။ သို့သော် ကလေးပီပီ နာရ မှန်းလည်းမသိ၊ မောရမှန်း၊ ပန်းရမှန်း၊ ညောင်းရမှန်း၊ ညာရမှန်းလည်း မသိပါချေ။ လမ်း လျှောက်ရ ၍ ပျော်ရွှင် လွတ်လပ်နေ သည်။ ဈေးရောင်းရသောအခါ ငွေစ၊ ကြေးစတွေ မြင်တွေ့ရသဖြင့် (ငါမုန့်ဖိုးရတော့မည်) အတွေး ပေါ်လာ ကာ မြူးတူး တက်ကြွနေ မိခဲ့ပါသည်။ လမ်းလျှောက်ဈေးသည် ဘဝ၏ အနိဋ္ဌာရုံပိုင်းကို မတွေးတတ် မမြင်တတ်သေးသည့် အရွယ် ပေကိုး။
ကံကြမ္မာက မျက်နှာသာ မပေးပြန်သဖြင့် ကျွန်တော့်အသက် ၁၈-၁၉ လောက်မှာ လမ်းလျှောက် ဈေးသည်ဘဝ ရောက်ခဲ့ရပြန်လေ သည်။ သည်တစ်ခါတော့ မုန့်ဟင်းခါးမဟုတ်တော့။ သည်တစ်ကြိမ် ကျွန်တော် လမ်းလျှောက် ရောင်းရသည်မှာ အောင်ဘာလေ သိန်းထီလက်မှတ်။
ထိုခေတ် (၁၉၇ဝ တစ် ဝိုက်) က အောင်ဘာလေသိန်းထီ လက်မှတ်အကြောင်းကို မသိသေး သူများအတွက် အနည်း ငယ် ပြောပြချင်သည်။
ထီလက်မှတ်စာအုပ်တစ်အုပ်တွင် လက်မှတ်ရွက်ရေ ၁၁ ရွက် ပါရှိသည်။ အစိုးရက ရောင်း ဈေးမှာ တစ်အုပ်လျှင် ၂ဝ ကျပ်ဖြစ် သည်။ ပြန်ရောင်းသည့်အခါ ထီ လက်မှတ်တစ်ရွက် ၂ ကျပ်ဖြင့် ရောင်းပါက တစ်အုပ်ကုန်လျှင် ၂၂ ကျပ်ရမည်။ အမြတ်ငွေ ၂ ကျပ် ရမည်။ (မရယ်ပါနှင့် မိတ် ဆွေ) ထိုစဉ်က လက်ဖက်ရည် ရှယ်တစ်ခွက်မှ ပြား ၅ဝ သာ ရှိပါ သည်။ ခေါက်ဆွဲကြော်တစ်ပွဲမှ ၂ ကျပ် သာ ပေးရသည်။ ဒူးယားအစီ ခံစီးကရက် ၂ လိပ်မှ ၂၅ ပြား ရယ်။ ယခုခေတ်ကုန်ဈေးနှုန်းများ ဖြင့် ချိန်ထိုးကြည့်ကြပါလေ။ တစ် နေ့ လျှင် ထီလက်မှတ် ၂ အုပ် ရောင်းရလျှင် ထမင်းစားဖို့ ရပါပြီ။ မိသားစု များလျှင်တော့ တစ်နေ့ လျှင် ထီလက်မှတ် ၁ဝ အုပ် လောက် ရောင်းထွက်ဖို့ လိုပေလိမ့် မည်။
လမ်းလျှောက်ထီရောင်းသမား ကျွန်တော်၏သွင်ပြင်ကို တစ်ချက်ရှုစားလိုက်ပါ။ ဂျန်းဂဲလ ဟက်ခေါ် ရေညှိရောင် တော ဆောင်း အဝတ်ဦးထုပ်ကို အမေရိ ကန်ကောင်းဘွိုင်ရုပ်ရှင်ထဲမှ ဇာတ် လိုက်လို ခပ်ငိုက်ငိုက်ဆောင်းထား သည်။ ရှပ်လက်ရှည်နှင့် လုံချည် ကို ဝတ်ထားသည်။ အကြမ်းခံ ရေ စိမ်ခံ ရာဘာဖိနပ်ကို စီးထားသည်။ ပခုံးတစ်ဖက်မှာတော့ တွဲလောင်း ကျနေသော လွယ်အိတ်။ လွယ် အိတ်ထဲမှာ အောင်ဘာလေသိန်း ထီလက်မှတ်စာအုပ်ကလေး တွေ ပါရှိသည်။
ထိုစဉ်က အမြင့်ဆုံးဆု ငွေမှာ ကျပ် တစ်သိန်း။ အနိမ့်ဆုံး ဆုငွေမှာ ကျပ်ငွေခုနစ်ရာ။ (မရယ် ပါနှင့် မိတ်ဆွေ။)
''မိဘပြည်သူအပေါင်းတို့ ခင်ဗျား။ တိုက်ဆောက်ချင်ကြပါသ လား။ ကားဝယ်ချင်ကြပါသလား။ အလှူကြီးအတန်းကြီး ပေးလှူချင် ကြပါသလား။ မိဘပြည်သူများရဲ့ အလိုဆန္ဒများ ပြည့်ဝပြီးမြောက်နိုင် အောင် ကျွန်တော်များက အောင် ဘာလေသိန်းထီလက်မှတ် များကို တစ်စောင်လျှင် ၂ ကျပ်နှုန်းဖြင့် အစိုးရဈေးအတိုင်း ရောင်းချပေး နေပါပြီခင်ဗျား။ ကံစမ်းတော်မူကြ ပါခင်ဗျား''
အထက်ပါအတိုင်း ကျွန် တော်သည် လည်ချောင်းကွဲမတတ် အော်ဟစ်ရောင်းချပါသည်။ လမ်း ပေါ်တွင် မဟုတ်ပါ။ မြို့ပတ်မီးရ ထားပေါ် တွင် ဖြစ်ပါသည်။ လက်ဖက်ရည်ဆိုင်များထဲသို့ ဝင်ရောင်း လျှင်တော့ အော်သံကို လျှော့ချလိုက်ပါသည်။ ဘုံဆိုင်ထဲသို့ ဝင်၍ ယမကာလုလင်ကြီးများထံ ရောင်း ချရာတွင်မူ မောင်မင်းကြီးသားများ ၏ အရစ်မခံရအောင် အထူးသတိ ထားရပါသည်။ မိမိ၏ ဆွေမျိုးမိတ် သင်္ဂဟအချို့ရှိရာ ရုံးဌာနများအ တွင်းသို့ ဝင်ရောက်ရောင်းချရာ တွင်မူ အော်ဟစ်ကြွေး ကြော် ဈေး ခေါ်စရာ မလိုတော့ပါ။ ပျားရည် ကော သကာပါ ဆမ်းထားသည့် မျက်နှာဖြင့် လက်သိပ်ထိုး ရောင်း ချရပါသည်။ တစ်ခါတစ်ရံ မိမိ၏ ဆရာဟောင်း၊ ဆရာမဟောင်းများထံ သွားရောက်ရောင်းချသည့်အခါ သူတို့ကစုတ်တသပ်သပ်ဖြင့် ကရုဏာသက်ပြီး အားပေးတော် မူ ကြပါ သည်။ သြော်- ဆယ်တန်းမအောင် လို့ ကျောင်းဆက်မနေနိုင်ဘဲ ပရိ ယေသနရေးအတွက် နေပူစပ်ခါး မှာ ဝမ်းစာရှာနေရတဲ့ ငါ့တပည့် ကလေးပါလားဟု သူတို့ခမျာများ တွေးတောမိကြပါလိမ့်မည်။ ဟုတ် ကဲ့၊ ကျွန်တော် လမ်းလျှောက်၍ ဝမ်းစာရှာဖွေခဲ့ပါ သည်။
လမ်းလျှောက်ထီလက်မှတ်ရောင်းသမားဘဝက မစားသာလှ ပါ။ ရရှိသော ငွေကြေးအကျိုးအ မြတ်နှင့် ခွန်အားစိုက်ထုတ်ရခြင်း တို့ကမမျှတပါ။ တစ်နေကုန် လမ်းလျှောက်ပြီးနောက် ညနေဘက် အိမ်သို့ ပြန်ရောက်ပြီး ထိုင်ချလိုက် သည့်အခါ ကျွန်တော် ၏ ခြေသလုံး အစုံမှာ သံချောင်းကြီးနှစ်ချောင်းလို မာတောင့် ညောင်းညာနေပါတော့ သည်။
''တော်ပါတော့ကွာ။ မင်း ငယ်ငယ်ရွယ်ရွယ်နဲ့ ဒူလာစွဲနေပါ့ မယ်။ ထီလက်မှတ် မရောင်းပါနဲ့ တော့''ဟု ဖခင်ကြီးက တားမြစ် သည်။
''ဒါဟာ သမ္မာအာဇီဝပါ အဖေ၊ ဘိန်းရောင်း၊ ဆေးခြောက် ရောင်း၊ မှောင်ခိုကုန်ကူးနေတာ မဟုတ်ပါဘူး။ဒီကြားထဲ ကံကောင်း ရင် ရောင်းမကုန် တဲ့ ထီလက်မှတ်ကနေ သိန်းဆုကြီး ထပေါက်နိုင်တယ်ဗျ'' ဟု ကျွန်တော်က မစားရ ဝခမန်း ပြောလိုက်သော် ဖခင်ကြီး က မဲ့ပြုံးပြုံးပြီး တစ်ဖက်သို့ လှည့်ထွက်သွားသည်။
မှန်သည်။ လမ်းလျှောက် ဈေးသည်ဘဝမှာ တစ်နေ့လျှင် ၁၂ နာရီလောက် တစ်လျှောက်တည်း လျှောက်နေရသဖြင့် ကျွန် တော့် ခန္ဓာကိုယ်တွင် ဓာတ်ကြီးလေးပါး မမျှတတော့ပါ။ ကျွန်တော် အိပ်ရာပေါ် ပစ်လဲကျသွားကာ ပန်းဖျားဖျားရာက ကျွန်တော်၏ လမ်းလျှောက်ဈေးသည်ဘဝလည်း ဤတွင် နိဋ္ဌိတံသွားခဲ့ပါသည်။ အဲသည်ကလည်းက လမ်းလျှောက် ဈေးသည်ဘဝ ကို ပြန်ရောက် မှာကို ကျွန်တော် ကြောက်သွားခဲ့ပါသည်။ နောက်နှစ်အနည်းငယ်ကြာလျှင် မဂ္ဂဇင်းတိုက်များအကြား အပြေး အလွှား ထီးဖြူဖိနပ်ပါး စာမူဈေး သည်ဘဝသို့ ရောက်သွားပြန်သည်။ လျှောက်ရတာ မညောင်းလှပါ။ စာရေးရတာ ထိုင်ရလွန်း၍ အညောင်းမိကာ ဒူလာစွဲ၍ ဘကြီး ဘုန်းကြီးပေးသည့် ဆေးနှင့် မနည်း ကုယူခဲ့ရပါသည်။
ယနေ့ လမ်းလျှောက် ဈေးသည်တို့၏ လက်ဦးဆရာ မည် သူဖြစ်မည်ဟု ထင်ကြပါသနည်း။
သမိုင်းဆရာအချို့က လမ်းလျှောက်ဈေးသည်တို့၏ လက်ဦးဆရာမှာ ရှေးခေတ်ဥရောပ မှ Troubadour ခေါ် လမ်း လျှောက် သီချင်းသည် ဂီတအနုပ ညာသမားများဟု ဆိုကြသည်။ သူ တို့သည် အရပ်တကာလှည့်၍ သီဆိုတီးမှုတ်ရင်း ဥာဏ်ပူဇော်ငွေ အသပြာအနည်းငယ်မျှကို တောင်း ခံကြပါသည်။
အရပ်ထဲမှာ လှည့်လည် အော်ဟစ်ရောင်းချကြသော သရေ စာဈေးသည်များကား ကျွန်တော် တို့ဆီမှာ မရေမတွက်နိုင်အောင် များပြားလှသည်။ တစ်ချိန်က ကျွန်တော်သည် နံနက် ၆ နာရီလောက် အိမ်ရှေ့လမ်းပေါ်မှာ အော်ဟစ်သွားသော အဆိုတော် မေခလာ၏ အသံနှင့် ခပ်ဆင်ဆင် ပဲပြုတ်ဟူ သည့် အရောင်းကြေညာသံနှင့်အတူ အိပ်ရာမှ နိုးထခဲ့ရဖူးပါသည်။
ကျွန်တော် လက်ရှိနေထိုင်ရာ ရန်ကုန်မြောက်ပိုင်းခရိုင် ထဲမှာ ထူးခြားသော ဈေးသည် အမျိုးသမီးတစ်ယောက် ရှိသည်။ သူက လမ်းလျှောက်ဈေးသည် တော့ မဟုတ်။ လမ်းလျှောက်ခြင်းကို ပို၍ တိုးချဲ့ဆန့်ထုတ် Extension လုပ်လိုက်သော စက်ဘီးစီး ၍ ဈေးရောင်းခြင်းဖြစ်သည်။ စက်ဘီး ကို မှန်မှန်ကလေးနင်းရင်း အမျိုး သမီးက အော်ဟစ်ကြေညာလိုက်သည်။
''ဟောဒီဘက် က ငါးယူ ကြဦးမလား''
ကြူးနှစ်