2013-5-13
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
ဈေးကွက်ဂျာနယ်နှင့် Reporter ဂျာနယ် ဒလမြို့နယ်သို့ သောက်ရေသန့် လှူဒါန်းမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... ၈၁၃
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သူတို့ ဘ၀မှတ်တမ်း
၃-၂-၂၀၁၃

အပေါ်ဆုံးထပ်က
အသည်းကွဲသမားဟာ
ဆောင်းဦးပေါက် တေးသွားကို တီးခတ်လိုက်တော့
နှင်းမြူတွေဟာ
ပိုပြီး သိပ်သည်းလာတယ်
---
ခင်ဝမ်း
(၁၉၄၇-၂ဝဝဝ)
၁၃ နှစ်မြောက် အလွမ်းရတု
၃-၂-၂ဝ၁၃
ခရမ်းပြာ အမှတ်တရ
အင်းလျားကန်ဘေး၊ ရန်ကုန်မြို့။
---
ကိုခင်ဝမ်း ကွယ်လွန် ခြင်း ၁၃ နှစ်မြောက်ခဲ့ပြီ။
ရန်ကုန်မြို့ အင်းလျား ကန်ဘေး မြက်ခင်းပေါ်မှာ ကိုခင် ဝမ်းသို့ အမှတ်တရပွဲလေးကို ကို ရဲလွင်တို့၊ ကိုတင်အုန်းတို့၊ ကိုတိုး လွင်တို့က ဂစ်တာတွေ၊ ဗုံတွေ၊ တ ယောတွေ၊ ခင်ဝမ်းသီချင်းတွေနှင့် လွမ်းဖွယ်သီဆိုကျင်းပနေကြသည်။ မည်သူမဆို ပါဝင်သီ ချင်းဆိုနိုင်သည်။
---
ကျွန်တော် ကိုခင်ဝမ်း အတွက် ကဗျာအပိုင်းအစလေး ထရွတ်သည်။ လှသန်းက ကိုခင်ဝမ်းအ တွက် ရေးသော ကဗျာ။တံတားဖြူမှာ၊ ခရမ်းပြာ အဆောင်အနီးမှာ၊ အင်းလျားကန် ဘေးမှာ၊ မြက်ခင်းပြင်ပေါ်မှာ ကို ခင်ဝမ်းသို့ လှိုက်လှဲတုန်ရီစွာ သတိရလျက် ကဗျာရွတ် ဆိုမိ၏။
ခင်ဗျားဟာ ကျွန်တော် တို့အတွက် သက်တံတံတားပါပဲ။
ခင်ဗျားရဲ့ စိတ္တဇပန်းချီ ကြောင့် ကျွန်တော်တို့ရဲ့ အနု ပညာ ဒီဂရီ မြင့်ခဲ့ရတယ်။
ခင်ဗျားပြတော့မှ ဧရာ ဝတီကို ကျွန်တော်တို့ သေသေချာ ချာ တွေ့ခဲ့ရတယ်။
ခင်ဗျားရဲ့ အမေကြောင့် ကျွန်တော့်ရဲ့ အမေ မျက်ရည်ကျ ခဲ့ရတယ်။
---
လူငယ်များ ခင်ဝမ်း၏ စိတ္တဇပန်းချီစာအုပ် ဖတ်ခဲ့ကြ သည်။
လူငယ်များ မောင်သာ နိုး၏ ထင်းရှူးပင်ရိပ် ဖတ်ခဲ့ကြ သည်။
လူငယ်များ လှသမိန် ဘာသာပြန်သော ဂျာမန်ခေတ် ပေါ်ဝတ္ထုတို စာအုပ် ဖတ်ခဲ့ကြ သည်။
လူငယ်များ သန်းထွန်းဦး ဘာသာပြန်သော အင်္ဂါနေ့နှင့် အ ခြားဝတ္ထုတိုများ ဖတ်ခဲ့ကြသည်။
ဟိုခေတ်က လူငယ်များ မြဇင်၏ ကဗျာနရီနှင့် နိမိတ်ပုံစာ အုပ်ကို ဖတ်ခဲ့ကြသည်။
လူငယ်များ Martin Walser    (မာတင်ဝေါလ်ဆား) ၏ Experience ဝတ္ထုတိုကို ဖတ်ခဲ့ကြ ၏။
No milk for me. You will catch cold. Not on your life. We were sitting on deck. I blew smoke out.
---
ကျွန်တော်တို့သည် Martin Walser  (မာတင်လ်ဝေါလ် ဆား) ဝတ္ထုတို ဖတ်ခဲ့ကြသည်။
ယက်ဖ်တူရှင်ကို၏ကဗျာ ကို ဖတ်ခဲ့ကြသည်။
ကျွန်တော်တို့သည် အ ရက်မူးသမား လမ်းလျှောက်သလို ဒယီးဒယိုင် လမ်းလျှောက်ခဲ့ကြ သည်။
ကျွန်တော်တို့သည် အ ဆက်အစပ်ကင်းမဲ့သော ရစ်သမ် ကို ကြိုက်နေကြသည်။ ကြိုက်ခဲ့ကြ သည်။
အခု ကိုရဲလွင်နှင့် အဖွဲ့ သည် ပန်းခရမ်းပြာ အဆောင်အ နီးမှာ၊ ခရမ်းပြာအဆောင်အနီးမှာ၊ အင်းလျားကန်ဘေးမှာ၊ စိမ်းသော မြက်ခင်းပေါ်မှာ ခင်ဝမ်းသီချင်း တွေ သီဆိုနေကြသည်။
အဆက်အစပ်မဲ့တဲ့ ဘဝတွေက
အကျည်းတန် အညစ်အကြေး တွေနဲ့
စွန်းထင်းပေကျံနေတဲ့
ညကောင်းကင်ရဲ့ တေးသမား
ကိုရဲလွင် သီချင်းဆိုနေ သည်။ တိုးလွင် သီချင်းဆိုနေ သည်။ ကိုတင်အုန်း သီချင်းဆိုနေ သည်။ ကိုနိုင် သီချင်းဆိုနေ သည်။ မောင် မင်းသန်း သီချင်းဆိုနေ သည်။ ဖိုးစံ တယောထိုးနေသည်။ တိုးလွင် ဗုံတီးနေသည်။ မောင်ကို ကိုက ကိုခင်ဝမ်းအတွက် လှသန်း ၏ ကဗျာတစ်ပိုင်းတစ်စကို ရွတ် ဆိုသည်။
၁၉၈၃ ခုနှစ်တုန်းက
၅၂ လမ်းထိပ် လက်ဖက်ရည်ဆိုင် မှာ
စွပ်ကျယ်လက်တိုနဲ့
ဆေးပေါ့လိပ် နားရွက်ကြား ညှပ် ထားတဲ့
ခင်ဗျားရဲ့ ရုပ်ပုံလွှာ
B.B King နဲ့ ကိုသန်းလှိုင်ကို ကြိုက်တယ်ဆိုတဲ့
ခင်ဗျားရဲ့ စကား
ခင်ဗျားနဲ့ ကျွန်တော်
အကြိုက်ချင်း ထပ်တူ ထပ်မျှ
---------
---------
'နှုတ်ဆက်ခဲ့ပါတယ်' ဆိုတဲ့
ဝိဇ္ဇာကြီးရေ
ခုတော့ အနေဝေး ... ရေဝေးမှာ
၂ဝ ရာစု ကုန်ခါစမှာ
သက်တန့်တံတား ကျိုးကျခဲ့ရရှာ ပေါ့။
---
အင်းယားကန်ဘေးမှာ ကိုရဲလွင် ဂစ်တာတီးနေသည်။ ဖိုးစံ တယောထိုးနေသည်။ ကိုတင်အုန်း ဂစ်တာတီးနေသည်။ တိုးလွင် ဗုံတီး နေသည်။
အနေဝေး ရေဝေးမှာ
ဆုံးရှုံးသွားရတော့မယ့်
ပြည်မှာ ဆောင်း
အခုတော့ ကိုခင်ဝမ်းရေ
အနေဝေး ရေဝေးမှာ
ဆုံးရှုံးသွားရတော့မယ်
ပြည်မှာ ဆောင်းဖြစ်ခဲ့ပေါ့။
တစ်လောကလုံးမှာတော့ ခရမ်းနုရောင်လေးတွေ မှိုင်းမှိုင်းဝေ နေသည်။
ကျွန်တော်တို့အားလုံး၊ လူတွေအများကြီး အင်းလျားကန် ပေါင်ပေါ်က မြက်ခင်းပြင်ပေါ်မှာ ကိုခင်ဝမ်းသီချင်းတွေကို ကိုရဲလွင် တို့အဖွဲ့နှင့်အတူ ပြိုင်တူသီဆိုကြ ပြီ။
ကိုခင်ဝမ်းအတွက် ကို ခင်ဝမ်းသီချင်းကို ၂ဝ၁၃ ဖေဖော် ဝါရီ ၃ မှာ အတူတူ သီဆိုနိုင်သည်။ လူတွေ အများကြီး ဝိုင်းအုံလာကြ သည်။ လူတွေ အများကြီး အင်း လျားကန်ဘေးမှာ ခင်ဝမ်းသီချင်း များ သီဆိုနေကြ၏။
အနေဝေး ရေဝေးမှာ ဆုံး ရှုံးသွားရတော့မယ် ပြည်မှာ ဆောင်း။
ပြန်သင့်၊ မပြန်သင့် ဆုံး ဖြတ်ခွင့် မရှိတော့တဲ့ ပြည်မှာ ဆောင်း
တေးရေးသော်ဒီဝေက ခင်ဝမ်းအကြောင်း ပြောပြနေပြီ။ မြတ်ကျော့၊ ဧကစာချို ငိုနေပြီ။
ပန်းချီဆရာ မောင်ဒီက သူ့သူငယ်ချင်း ခင်ဝမ်းနှင့်အတူ ညလုံးပေါက် လက်ဖက်ရည်ဆိုင်မှာ မိုးအလင်းထိုင်ခဲ့ကြပုံ အကြောင်းတွေ ပြောပြနေသည်။
အို မောင်ဒီ၊ ခင်ဗျားနဲ့ ကျွန်တော် လမ်းဘေးက ကော်ဖီ ဆိုင် အတူထိုင်ခဲ့ကြတဲ့အကြောင်း တွေ သတိရမိတယ်။ မောင်ဒီ ဆွဲ သော ခင်ဝမ်းကာဗာမှာ ကြယ်ပွင့် လေးပါလို့ ဖြုတ်ပေးခဲ့ရ၏။
ခရမ်းပြာအဆောင်အနီး မှာ ဖြစ်ပါသည်။ တံတားဖြူ၊ အင်း လျားကန်ပေါင်ပေါ်က မြက်ခင်း ပြင်ပေါ်မှာ ဖြစ်ပါသည်။ ခင်ဝမ်း ကွယ်လွန်ခြင်း ၁၃ နှစ်မြောက်ပြီ။
ပန်းခရမ်းပြာ ဗေဒါလည်း
ကမ်းစပ်နားမှာ ငြိတွယ်
နန်းတံတားဖြူနေရာလေး တေး သံလွမ်းစေကွယ်
ကိုရဲလွင်တို့သည် ညနေ ၆ နာရီအထိ ခင်ဝမ်းသီချင်းတွေ သီဆိုကြသည်။
နှုတ်ဆက်ခဲ့ပါတယ်
ကျွန်တော် သွားတော့မယ်
လမ်းရဲ့ သယ်ဆောင်ရာ ဟိုအဝေး ကို
အဝေးကို အဝေးကို အဝေးကို
လွမ်းတတ်ရင်လည်း လမ်းမှာပဲ လွမ်းတော့မယ်
လေထန်ရင်လည်း လေဆန်ကို လျှောက်မယ်
နေပူမှာ ခြေပူခံမယ်
ငိြုေ<ွကးခြင်းကို စွန့်လွှတ်ခဲ့ပြီ
အားလုံးအဆင်ပြေသွားမှာပါ။
---
၂ဝ၁၃ ဖေဖော်ဝါရီ ၃
အင်းလျားကန်ဘေး မြက်ခင်းအစိမ်းပေါ်မှာ။
အလွမ်းသည် အလွန် စင်ကြယ်ခဲ့သည်။ အလွမ်းသည် အလွန်ရိုးသားခဲ့သည်။ အလွမ်း သည် အလွန်သန့်စင်ခဲ့သည်။ အလွမ်းသည် အလွန်ကြည်လင်ခဲ့ သည်။
အလွန်သန့်စင်ကြည်လင် သော သီချင်းကို သင်တို့လည်း ပါဝင်သီဆိုနိုင်သည်။
မျှော်လင့်ချက် အနာဂတ် တစ်နေ ရာ
အေးချမ်းတဲ့ဘဝ ရောက်ရမှာ
တည်ငြိမ်တဲ့ အသိတရား ရင်ထဲ တည်ဆောက်ကာ။

မောင်ကိုကို (အမရပူရ)
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: zaygwet1997@gmail.com Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.