တက္ကသိုလ်စိန်တင်ရဲ့ တက္ကသိုလ်စိန်တင် - ၈၁
မင်းဘူးမြို့က ကလေးဘဝ
မင်းဘူးအသင်း (ရန်ကုန်) အစည်း အဝေးမှာ
ဈေးကွက်ဂျာနယ်တွင် မင်းဘူးမြို့မှ မောင်စိန်တင်ကလေး ၏ ငယ်စဉ်က ကလေးဘဝကို တစ်ပတ်ကျော် ရေးပြနေဆဲမှာပင် ယခု တစ်ပတ်တွင် မင်းဘူးမြို့မှ လူ ကြီးဘဝကို ရေးရန် ကြုံဆုံလာပါ တော့သည်။ အဘယ့်ကြောင့်ဆို သော် တက္ကသိုလ်စိန်တင်နှင့် စိမ့် (ပညာရေး) တို့သည် ၂ဝ-၁-၂ဝ၁၃ တနင်္ဂနွေနေ့ညနေ ၆ နာ ရီတွင် ရန်ကုန်-မင်းဘူးသွား ရွှေပွင့် ဖြူအဝေးပြေးကားကြီးဖြင့် မင်းဘူး မြို့သို့ လိုက်ပါသွားခဲ့၍ ဖြစ်လေ သည်။
ပြောရဦးမည်။ မကွေးမြို့ တွင် ကျေးဇူးရှင် မိခင်ကြီး ဒေါ်စုစု အသက် ၉၈ နှစ်အရွယ် ၂ဝဝ၆ ခုနှစ် နိုဝင်ဘာလက ကွယ်လွန် အနိစ္စ ရာက်ခဲ့ပြီးနောက် တက္က သိုလ်စိန်တင်နှင့် စိမ့်(ပညာရေး) တို့သည် မကွေး-မင်းဘူးမြို့များနှင့် အဆက်အသွယ် အသွားအလာ ပြတ် သလောက် ဖြစ်ခဲ့၏။ မကွေး မြို့မှ ညီမလေးတို့ မိသားစု ရန်ကုန် မြို့သို့ ပြောင်းရွှေ့လာကြခြင်းက လည်း မင်းဘူး-မကွေးမြို့များနှင့် အဆက်အသွယ် ကွာလှမ်းသွား ခြင်း ဖြစ်နိုင်သည်။ သို့သော် မင်း ဘူးမြို့မှ ရွှေရောင်မြေရောင်းဝယ် ရေးပိုင်ရှင် အစ်ကိုကြီး ဦးဝင်းမြင့်၊ တိုင်းကုန်သွယ်ရေးအရာရှိ ဦးမြင့် မောင် (ကိုတွတ်)တို့ ရန်ကုန်သို့ အကြောင်းကိစ္စအမျိုးမျိုးနှင့် လာ ရောက်ကြသော အခါညီကလေးစိန်တင်နှင့် တွေ့ဆုံပြီး မင်းဘူးအ ကြောင်း သောင်းပြောင်းထွေ လာ ပြောဖြစ်ခဲ့သောအခါတွင်ကား တို့ မောင်စိန်တင် ကလေးမှာ မင်းဘူး လွမ်းဝေဒနာကလေး သက်သာရာ ရ၏။ ရင်တွင်းမှာ ပီတိဖြာဝေ ပျော် ရွှင်ကြည်နူး၍ နေရှာလေတော့ သည်။
အမှန်ကို ဝန်ခံရလျှင် တက္ကသိုလ်စိန်တင်ကို အမေ ဒေါ် စုစုက မင်းဘူးမြို့တွင် မွေးဖွားသန့် စင်ခဲ့သည်မဟုတ်။ မောင်စိန်တင် ၏ ချက်မြှုပ်ဒေသကား တောင်ငူ ခရိုင် ဖြူးမြို့တွင် ဖြစ်လေသည်။ မောင်စိန်တင်မှာ ဖြူးမြို့တွင် မွေး ဖွားခဲ့ပါသည်ဟု ဆိုသော် လည်း ဖြူး ချောင်းတံတားကြီးနှင့် ဖြူးမြို့ အုတ်ဖြတ်လမ်း၊ ဆရာကြီး ဦးဘိုး ထိုက်၏ မူလတန်းကျောင်း စသည် တို့သာ မှတ်မိတော့ သည်။ ခရစ် နှစ် ၁၉၃၅ ခုနှစ်တွင် ဖြူးမြို့ အုတ် ဖြတ်လမ်း၌ မွေးဖွားခဲ့သော မောင် စိန်တင်သည် ၁၉၄၂-ခုနှစ်တွင် ပုဂံ -ညောင်ဦး မြို့ ညောင်ဦးမြို့၊ ဧရာဝတီမြစ်ကမ်းအနီး သာယာဝတီရပ်အစိုးရအလယ်တန်းကျောင်းသို့ ရောက်ရှိပညာသင်လျက် ရှိခဲ့၏။ ညောင်ဦး မြို့တွင် ၁၉၄၂-၁၉၄၆ ခုနှစ်များ၌ ၅ နှစ်နီးပါး ဒုက္ခဆင်းရဲ များစွာ (ထိုအကြောင်းများကို ဈေး ကွက်ဂျာနယ်၌ ရေးခဲ့ပြီးပြီ။) ခံစား ခဲ့ရပြီး ၁၉၄၆-ခုနှစ်တွင် မင်းဘူး မြို့သို့ ရောက်ရှိခဲ့သည်မဟုတ် လား။ ၁၉၅၄-ခုနှစ်တွင် မင်းဘူးမြို့ အစိုးရအထက်တန်းကျောင်းမှ တက္ကသိုလ်ဝင်တန်း အောင်သည်။ သိန်းဟန်၊ မြင့်မောင်၊ မောင်မောင် ကြီး၊ သန်းထွန်း၊ မရင်ရင်၊ စိန်တင်၊ စိုးမြင့်နှင့် ဆန်တုပ်စင်တို့ မင်းဘူး စာစစ်ဌာနက တက္ကသိုလ်ဝင်တန်း အောင်ပြီး ရန်ကုန်တက္ကသိုလ်သို့ တက်ရောက်ခဲ့ကြ၏။ စိုးမြင့်မှာ မင်းဘူးနှင့် ဆယ်မိုင် ကွာ စကုမြို့မှ ဖြစ်ပြီး ဆန်တုပ်စင်မှာ စကုမြို့က ပင်။ မြန်မာစကားကျွမ်းသော ပန် ချာပီ မုတ်ဆိတ်မွေးထားသည့် လူ မျိုး ဖြစ်လေ သည်။ ထားပါ။
ထို့ကြောင့် ကိုယ့်ဘဝကို မြှင့်တင်ပေးခဲ့သော မင်းဘူးမြို့အား မောင်စိန်တင် မမေ့ခဲ့နိုင်။ ယနေ့ ထက်တိုင်။ လူချစ်လူခင် ပေါများ လှသော အဖေဆရာညွန့်လည်း အသက်အရွယ် ၇၆ နှစ်က ၁၉၈၂ ခုနှစ်တွင် မင်းဘူးမြို့၌ ခေါင်းချခဲ့ သည် မဟုတ်လား။ ထို့ကြောင့်ပင် မင်းဘူးမြို့ဆိုသော နာမည်ကြား လျှင် မောင်စိန်တင်ကလေး၏ ရင် သည် တလှပ်လှပ်တုန်၍ ခုန်မြဲဖြစ် ပေ၏။ မင်းဘူးမြို့ကို စိန်တင်က သည်မျှ ချစ်မြတ်နိုးခဲ့သည်။ ထို့ ကြောင့်ပင် ဖြစ်မည်။ ကျေးဇူးရှင် မိခင်ကြီး ဒေါ်စုစု၏ မွေးနေ့၊ ပြာ သိုလဆန်း ၁၃ ရက်နေ့တွင် မင်း ဘူးမြို့တစ်မြို့လုံးရှိ ဆရာတော်၊ သံဃာတော်များအား နံနက်အရုဏ် ဆွမ်း လောင်းလှူရန် မင်းဘူး မြို့နေ အစ်ကိုကြီး ဦးဝင်းမြင့်နှင့် ဦးမြင့် မောင်တို့က ညီလေးမောင်စိန်တင် ကို အကြံပြုသောအခါ ချက်ချင်း ပင် ဆွမ်းလောင်းလှူရန် စီစဉ်ခဲ့သည်။ သို့သော် ပြာသိုလဆန်း ၁၃ ရက် အမေ့မွေးနေ့မတိုင်မီ ပြာ သိုလဆန်း ၁၁ ရက်နေ့တွင် ဆွမ်း လောင်းရန် ရက်ပြောင်း ရသည်။ ရန်ကုန်၌ ၂၆-၁-၂ဝ၁၃ ပညာရေး တက္ကသိုလ် အာစရိယပူဇော်ပွဲသို့ စိမ့်(ပညာရေး) တက်ရောက်ရမည် ဖြစ်ရာ မင်းဘူး ကအပြန် ခရီးပန်း လာသောဒဏ်ကို သက်သာနိုင်ရန် အနားယူရမည်ဖြစ်၍ပင်။
ပြောရဦးမည်။ မင်းဘူး မြို့သို့ ခရီးထွက်မည့် ၂ဝ-၁-၂ဝ၁၃၊ တနင်္ဂနွေနေ့တွင် ရန်ကုန် မြို့၊ ဗဟန်းမြို့နယ်၊ ကြားတောရ လမ်း၊ ကုန်သွယ်လယ်ယာဓမ္မာရုံ၌ မင်းဘူးအသင်း (ရန်ကုန်) နှစ်ပတ် လည်စည်းဝေးပွဲရှိရာတွင် ကိုစိန် တင်နှင့် စိမ့် (ပညာရေး) တို့သည် ထိုမင်းဘူးအသင်း အစည်းအဝေး သို့ နံနက် ၉ နာရီတွင် တက် ရောက်ခဲ့ကြ၏။
တက္ကသိုလ်စိန်တင်၏ ညီမအရင်း မခင်စန်းလှ၏ မြေး တော်သူ NGO စာရင်းကိုင်ချုပ် ကို ရဲသန့်ဇင်၊ မတင်ထားဦးတို့၏ သမီးကလေး မစုသီရိဇင် (ကွန်ပျူ တာတက္ကသိုလ်၊ ပထမနှစ်) နှင့် မင်းဘူးမြို့သား ညွှန်ကြားရေးမှူး (ငြိမ်း) ဦးစိန်ဝင်း၊ ဒေါ်မြမြနွဲ့ တို့၏ မြေးချောချောကလေး သမီးငယ် လေး (နာမည်မမှတ်မိ) တို့မှာ ယခု နှစ် တက္ကသိုလ်ဝင်တန်းအောင်၍ ဆုလက်ခံကြမည် ဖြစ် သည်။ မင်း ဘူးမြို့ ကာယပညာအုပ်(ငြိမ်း) ဦး ဘရွှင်၏သား ကိုထွန်းအေးချိုက ကျောင်းသူနှစ်ဦးကို ငွေကျပ်တစ် သောင်းစီဖြင့် ဆုချီးမြှင့်ခဲ့၍ ဝမ်း သာကြည်နူးရပါသေးသည်။
မင်းဘူးအသင်း(ရန်ကုန်) နှစ်ပတ်လည် အစည်းအဝေးသို့ ဗိုလ်မှူးကြီးကျော်စိုး (ငြိမ်း) ၏ဇနီး အစ်မကြီး ဒေါ်ကြည်ကြည်၊ ဒေါ် ခင်သန်းဝင်း၊ ဒေါ်ခင်သိန်းဝင်း၊ ဒေါ်ခင်စိုးမြင့်၊ ဒေါ်စိန်ရီ စသော မင်းဘူးမြို့ မျက်နှာဖုံး အမျိုးသမီး ကြီးများ၊ ဒေါ်စောညွန့်ရီ၊ ဒေါ်စော လှမူနှင့်ဒေါ်ဆွေဆွေစသော အမျိုး သမီးများ အပါအဝင် အသင်းဝင် အမျိုးသမီးများ စည်ကားစွာတက် ရောက် ကြသည်။ ပျော်စရာ ပင်။
ဗိုလ်မှူးခင်မောင်လေး (ငြိမ်း)၊ ဥက္ကဋ္ဌဟောင်း ဦးဝင်းမောင်၊ လက်ရှိဥက္ကဋ္ဌ ဗိုလ်မှူးသိန်းနိုင် (ငြိမ်း)၊အတွင်းရေးမှူးဦးကျော်သီဟ တို့လည်း တက်ရောက်လာကြ သည်။ အထူးခြားဆုံးပုဂ္ဂိုလ်မှာ တရားရုံးချုပ် တရားသူကြီး (ငြိမ်း) ဦးသိန်းဟန် (ဒိုင်ဂျက်စ်) နှင့် ဇနီး ဒေါ်မူမူဟန်တို့သည် ရက်ပိုင်း အတွင်းကပင် ဗုဒ္ဓဂယာမှ ဘုရားဖူး ပြန်လာကြ၍ ဗုဒ္ဓဂယာ၌ သုံးရက် ဒုလ္လဘ ရဟန်းခံခဲ့သူ ကိုသိန်းဟန် မှာ ကတုံးပူပူနွေးနွေးနှင့် ရောက် လာခဲ့၏။
ကိုသိန်းဟန်မှာ တစ်နှစ် တည်းမှာပင် စိန်တင်နှင့်အတူ တက္ကသိုလ်ဝင်တန်း အောင်ခဲ့သူ စာတော်သော လူငယ် (အဲ-ဟုတ် ပေါင်) လူကြီးတစ်ဦးပင်။ မှတ်မိ သေး၏။ ကိုသိန်းဟန်က မင်းဘူး မြို့အထက်တန်းကျောင်းမှာ ပညာ သင်စဉ်က စိန်တင်တို့ သူငယ်ချင်း တစ်စုသည် သူ့စက်ဘီးကို ကျောင်း ရှေ့တမာပင်ခွကြားတွင် တင်ထား ၍ ပြောင်ကြ၊ နောင်ကြဖူးလေ သည်။ ပျော်လွန်းလို့ဗျာ။
သည်ကနေ့ အစည်း အဝေး၌ မင်းဘူးမြို့၌ မင်းဘူးမြို့ က ပထမဆုံး တိုင်းပြုပြည်ပြုလွှတ် တော် ပါလီမန်အမတ် အရွေးခံခဲ့ သူ ဦးသိန်းဖေ၏ သမီး ဆရာမ စောညွန့်ရီကို တက္ကသိုလ်စိန်တင် က နှုတ်ဆက်စဉ် ဤသို့ ပြောရှာ သည်။
''ကိုစိန်တင့်အဖေ ဆရာ ညွန့်က ကျွန်မတို့ဆရာ ဖြစ်ခဲ့ဖူး တယ်ရှင်။ ဆရာညွန့်ကလေ သိပ် ချစ်ဖို့ကောင်းတာ။ စာသင်ခန်း ထဲ ရောက်ရင် သင်ခန်းစာ မသင်သေး ဘဲ ရယ်စရာကလေးတွေ ပြောပြီးမှ စာအုပ် ဖွင့်ခိုင်းတယ်''
အဖေဆရာညွန့်၏ ကောင်းသတင်းကို အစ်မ ဒေါ်စော ညွန့်ရီက ပြောနေစဉ် သူ့ညီမ ဒေါ်စောလှမူကလည်း အနီးမှာ နားထောင်နေသည်။ ဒေါ်စောညွန့် ရီက ဆက်ပြောသည်။ ''ဆရာညွန့် က စာသင်ပြတဲ့အခါ ကဗျာက လေး ဖွဲ့ပြီး အလွတ်ကျက် ခိုင်းတယ်။ စာဖြေတဲ့အခါ ဆရာသင် ပေးတဲ့ကဗျာကလေးကို ရွတ်ပြီး ဖြေလိုက်ရင် ကွတ်တိပဲ'' ဟု ပြော နေရင်းက အဖေဆရာ ညွန့်သင်ပေးခဲ့သော ကဗျာကို ရွတ်ပြနေရှာ ပါသေးသည်။
မင်းဘူးအသင်း အစည်း အဝေးတွင် ဥက္ကဋ္ဌ ဗိုလ်မှူးသိန်းနိုင် (ငြိမ်း)နှင့် နာယကကြီး ဦးစံလှတို့ က ဦးဆောင်ကျင်းပသွားသည်။ သို့သော်လည်း အသင်းဝင် မင်းဘူးသူ၊ မင်းဘူးသားတွေမှာ ခဏတာတွေ့ရစဉ်ပျော်ရွှင်ကြည်နူးပြီး စကားတွေဖောင်လောက်အောင် ပြောနေရာ အသံချဲ့စက်ကိုပင် လွှမ်းနေလေတော့သည်။ မင်းဘူး အသင်း အစည်းအဝေး၌ ကိုစိန် တင်၏ ညီဝမ်းကွဲ ကိုချစ်လွင် (ညွှန် မှူး-ငြိမ်း) သူ့ဖခင်ဘက်က ညီအစ် ကိုများ ဦးတင့်လွင်၊ ကိုလှကြည်တို့ လည်း တက်ရောက် ကြသည်။
၁၉၅၆-၅၇ ခုနှစ်များဆီ က ကိုတင့်လွင်၊ ကိုစိန်တင်၊ ကိုချစ် လွင်နှင့် သူတို့အစ်ကိုကြီး ကိုမောင် မောင်တို့သည် ရန်ကင်းမြို့အနီး ကျောက်ကုန်းရပ်တွင် အစ်မကြီး ဒေါ်ဝင်းဝင်းကြည်၊ သူ့ခင်ပွန်း သခင်မြလေး (NLD-ဗဟိုအမှု ဆောင်၊ ကွယ်လွန်) တို့၏ အိမ်တွင်စုပေါင်းနေထိုင်ကြ၏။ ထိုစဉ်အခါက သီချင်းတစ်ပုဒ်နှစ်ပုဒ် ဆိုစပြု နေသော တေးသံရှင်ချိုပြုံး၏ အစ် ကို၊ မောင်ကျော် တင့်၊ မောင်အောင် မြင့်တို့နှင့် ကိုချစ်လွင်၊ ကိုစိန်တင် တို့ မယ်ဒလင်ဂီတဝိုင်းသည် အ တော်ပင် ခရီးတွင်ကြ၏။ ရန်ကင်း မြို့ ကျောက်ကုန်းရပ်က မိန်းမ ချော မိန်းမလှတို့၏အိမ်အနားတွင် ထိုစဉ်က ခေတ်စားနေသော တေး သံရှင် ကိုမြကြီး၏သီချင်း ချစ်ပင် 'ချစ်မိုး၊ ချစ်လိုက်ပါတဲ့မေ၊ သဉ္စာ ညောင်ဗွေ၊ အမြဲပင် တမ်းတနေ' မေသီချင်း အဆိုတော် ကိုလှမိုး၏ 'စိတ်ကူးယဉ် ကဏ္ဍ ထဲမှာပဲ နှစ်သိမ့် နေတာ ကောင်းပါသေးတယ်ကွယ်' နှောင်းသစ္စာသီချင်း၊ အဆိုတော် တပ်ကြပ်ကြီး လှမြင့်၏ 'နှစ်ကိုယ် ချစ်၊ ချစ်တဲ့တရားရယ်၊ ခုအခါများ မယ်၊ အဆင်မပြေနိုင်တယ်၊ ပတ် ဝန်းကျင်ရယ်' စသည်ဖြင့် စေညွှန်း လို သီချင်းတွေ သီဆိုကာ လသာ သာမှာ ပျော်ရွှင်ခဲ့ကြဖူး၏။ တစ် လောက ကိုစိန်တင် လက်ကိုင်ဖုန်း ကလေး ဝ၉-၅ဝဝ-၈၈၆၄ မြည်၍ နားထောင်ကြည့်ရာ ရုပ်ရှင်အ ကယ်ဒမီထပ်ကွမ်း ချိုပြုံး၏မောင် ကိုအောင်မြင့်။ မောင်မင်းကြီးသား က မြောက်ဒဂုံ ဂီတအစည်းအရုံး ဥက္ကဋ္ဌဆိုကိုး။
ထိုနေ့က မင်းဘူးအသင်း (ရန်ကုန်) အစည်းအဝေး တက်ရောက်လာသော လူချောလူ လှ ကိုတင့်လွင်အကြောင်း ကို ပြော ပြချင် ၏။ ကိုယ့်လူက သားသမီး များ ချမ်းသြာ<ွကယ်ဝနေ၍ သူ လည်း သူဌေးဆိုပဲ။ ၁၉၅၇ ခုနှစ် ကဟု ထင်သည်။ ကိုတင့်လွင် လက်ထပ်မင်္ဂလာပွဲ ခမ်းနားစွာ ပြု လုပ်ခဲ့၏။ ကိုတွင့်လွင်က လူချော လူလှ၊အလုပ်က UBA ၊ လေယာဉ် မောင်ဖြစ်ပေရာ နံနက်စောစော UBA ဖယ်ရီကြိုကား လာခေါ် သောအခါ ယူနီဖောင်းအဖြူဝတ်၊ လက်ကိုင်အိတ်ကိုင်ကာ ကားပေါ် သို့ တက်သွားသော သူ့ဟန်မှာ အလွန်ပင် ကြည့်၍ကောင်းလှ၏။ အဲသည့် ကိုတင့်လွင်သည် တစ် နေ့တွင် လက်ထပ်မင်္ဂလာပွဲ ကျင်း ပလေရာ သတို့သမီးချောချောက လေးနှင့် တွဲကာ ဧည့်ခံစားပွဲတကာ လိုက်၍ ဧည့်ခံနေပုံကား ပို၍ပင် ကြည့်ချင် မြင်ချင်စရာ လှပနေပါ တော့၏။ ထားပါ။
မင်္ဂလာပွဲပြီးစီး၍ သတို့ သား၊ သတို့သမီးတို့ကို မင်္ဂလာ အခန်း အပ်နှံတော့မည့်အချိန်၌ သူငယ်ချင်း လူပျိုတစ်စုက ရွှေဆွဲ ကြိုးကလေးဖြင့် ရွှေကြိုးတားမင်္ဂ လာ လုပ်ကြ၏။ ကိုတင့်လွင်၏ သူ ငယ်ချင်း ကိုစိန်တင် ထိုစဉ်က ဥပ စာ(ခ)တန်း၊ စာမေးပွဲ နှစ် ခါကျရှုံး ပြီးသူလည်း ဘုမသိ ဘမသိနှင့် ဒုက္ခရောက်ချင်၍ ရွှေကြိုးဝင်တား သည်။ မင်္ဂလာသတို့သမီး၏ မိခင် ပိန်ပိန်ပါးပါး ချောချော လှလှသည် ငွေဖလားကြီးထဲက တစ်ကျပ်တန် တစ်ရာထုပ် အသစ်နှစ်ထုပ်ကို လူ ပျိုတစ်စုထဲက ကိုစိန်တင်လက်သို့ ကမ်း၏။ ကိုစိန်တင်၊ ကိုချစ်လွင် နှင့် လူပျိုတစ်စု ပျော်ရွှင်သွားကာ ဟေးခနဲ အော်လိုက်ကြသည်။ ထို စဉ် သတို့သမီးအရံ အပျိုတစ်စု ကလည်း အလားတူ ရွှေကြိုးတား ကြပြန်သည်။ အပျိုချောတွေကို လည်း ကိုတင့်လွင်၏ ယောက္ခမ၊ မိန်းမသူက အလားတူပင် ဗိုလ်ချုပ် အောင်ဆန်းပုံ၊ ကျောဘက် ရွက် လှေပုံပါ တစ်ကျပ်တန် အသစ် နှစ် ထုပ်ပေးလိုက်ပြန်၏။ အပျိုချော တစ်စုလည်း ဟေးဟု အသံစာစာ နှင့် အော်ကြပြန်လေသည်။
မင်္ဂလာပွဲပြီးပြီ။ ကိုစိန် တင်တို့ လူပျိုတစ်သိုက်သည် ကျောက်မြောင်းရပ် နာမည်ကြီး တရုတ်ဟိုတယ်ကြီးသို့ ပျော်ရွှင်မြူး တူးစွာ ချီတက်ကြသည်။ လက်ဖက် ရည်တစ်ခွက် တစ်မတ် (၂၅-ပြား)၊ ကိတ်မုန့်တစ်ခု တစ်မတ် (၂၅- ပြား)၊ ခေါက်ဆွဲကြော်တစ်ပွဲ သုံး ကျပ်၊ အို- ရွှေတစ်ကျပ်သားမှ ၂၅ဝ (နှစ်ရာ့ငါးဆယ်ကျပ်) သာရှိသော ဝန်ကြီးချုပ် ဦးနုခေတ်၊ ဖဆပလ ခေတ် နိုင်ငံကြီး ပွားနေသောခေတ် က ကုန်ဈေးနှုန်းခေတ်မှာ ငွေတစ် ကျပ်တန် တစ်ရာထုပ် အသစ်နှစ် ထုပ်၊ ငွေနှစ်ရာတိတိဖြင့် တရုတ် ဟိုတယ်မှာ စားချင်တာစား လူပျို တော်သား ၆ ဦး တဝါးဝါး ပျော်ရွှင် ရယ်မော၍ တရုတ်ဟိုတယ်ထဲ ဝင် ကြလေသည်။
ကိုစိန်တင်က ၅ နှစ် သား အရွယ်ကတည်းကပင် ကုန်း သတ္တဝါသား မစားသဖြင့် ပုစွန် ခေါက်ဆွဲကြော်တစ်ပွဲ ထိုခေတ် ဈေး ၃ ကျပ်တန် မှာလိုက်သည်။ ကိုချစ်လွင် (ကိုတင့်လွင်၏ ညီ တော်မောင်တစ်ဝမ်းကွဲ)နှင့် အခြား လူပျိုတော်သား သုံးလေးယောက် စားချင်တာ၊ သောက်ချင်တာ၊ ပျော် ရွှင်စွာ မှာကြား စားသောက်ကြ သည်မှာ တဝါးဝါး ရယ်မောပျော် ရွှင်နေကြပြီ။ စားကြ သောက် ကြ သည်မှာ တကယ့်ကို ပျော်ရွှင်စရာ ကောင်းပါဘိသည်။ သို့သော် ..။
အဲဗျ။ အားလုံး စားကြ သောက်ကြပြီးသောအခါ၌ ငွေရှင်း ရန် ဘီလ်စာရင်း ရောက်လာသော အခါ စုစုပေါင်း ၅၆ ကျပ် ကျသင့် သတဲ့။ ကိစ္စမရှိ။ လက်ထဲတွင် ငွေ နှစ်ရာတိတိ ပါလာပေသကိုး။ ကို စိန်တင်က ညီတော်မောင်ဖြစ်သူ ကိုချစ်လွင်ထံ ငွေတစ် ကျပ်တန် အသစ်နှစ်ထုပ်ကို လှမ်းလိုက်၏။ ထိုစဉ်မှာ ကိုချစ်လွင်က တစ်ကျပ် တန် အသစ်ထုပ်တွင် ပတ်ထား သော စာက္ကူပတ် ကြက်ခြေခတ်ကို ဆုတ်ဖြတ်လိုက်လေသည်။ ဟော ဗျာ ... ဟောဗျာ။
ငွေစက္ကူအသစ် တစ် ကျပ်တန် အပေါ်တစ်ရွက်အောက် တစ်ရွက်သာ ထွက်လာသည်။ အလယ်မှာ ဓားစက်ဖြင့် တိတိကျ ကျ သပ်သပ်ရပ်ရပ် ဖြတ်ထား သော ငွေစက္ကူမဟုတ်သည့် စက္ကူ ဖြူများသာ။ တစ်ကျပ်တန်က နှစ် ထုပ်ဖြစ်ပေရာ စုစုပေါင်းလေးကျပ် သာ ရတော့၏။ ဤတွင် ပါသမျှ စုပေါင်းစပ်ပေါင်း ငွေအြေ<ွကများ တောင်း၊ စားထားသော ငနဲသား တွေ တဝါးဝါး ရယ်၊ ပျော်ရတယ်ဗျ။ ဟီဟိ။ အဲဒါ ဒီကနေ့ မင်းဘူး အသင်း (ရန်ကုန်) အစည်းအဝေး သို့ ရောက်လာခဲ့သူ လူချောလူလှ တို့ ကိုတင့်လွင်ကြီးရဲ့ ယောက္ခမ မိန်းမသူ ကျီစယ်ခဲ့သောပုံပြင်ပါ ခင်ဗျ။
ပြောရဦးမည်။ ဒီနေ့ မင်းဘူးအသင်း (ရန်ကုန်) နှစ်ပတ် လည်အစည်းအဝေးသို့ တက် ရောက်လာသော သူငယ်ချင်း ကိုစိုး ဝင်း။ သူ့က ကုလသမဂ္ဂ အငြိမ်း စားအမှုထမ်း ဒေါ်လာစားဟု သူ့ သူငယ်ချင်း ကိုစိန်ဝင်းက ပြောဖူး လေသည်။ ကိုစိုးဝင်းမှာ မင်းဘူးမြို့ က ဆန်စက်သူဌေး ဦးအုန်းစိန်၏ တူတော်သည်။ မကြာမီက စာရေး ဆရာ စိုးဝင်း (ဟာဝိုင်ယီ) ရေး သား ပြုစုသော ရွှေ တိဂုံစေတီ ကုန်းတော် ပေါ်က ဂန္ထဝင်သမိုင်းဝင် အ ဆောက်အအုံများအကြောင်း စာ အုပ်တစ်အုပ် ထွက်လာ သည်။ ဖတ်၍ မှတ်၍ ကောင်းလှသည်။ ရောင်းစွံပုံရသည်။ Óဏ်ပူဇော်ခ သိန်းချီ၍ရသည်ဟု သိရ၏။ မင်း ဘူးက စာရေးဆရာတွေ များလှပါ လား။ ကိုစိုးဝင်းဘေးမှာ ထိုင်နေသူ က ဒီကနေ့ ရောင်းစွံလှသော သူ ရဇ္ဇမဂ္ဂဇင်းကြီးမှာ အနောက်တံခါး မှူး မောင်မှူးအမည်ဖြင့် သမိုင်း မှတ်တမ်းတွေ ရေးသားနေသူ ဦးစိန် ရိုး (လူကလည်း အလွန်ရိုးသားပြီး စကားနည်းသူ၊ လူဝင်မှုကြီးကြပ် ရေး ဝန်ကြီးဌာနက ညွှန်မှူး-ငြိမ်း) ဖြစ်လေသည်။ ထိုနေ့က ကိုစိန် တင်၏ ငယ်သူငယ်ချင်း ကျောင်း ဆရာ၊ ကန်ထရိုက်တာ မင်းဘူး သား ကိုသက်ဝင်းက ဤသို့ပြော လေသည်။ ''ဟေ့- ဖိုးစိန်တင်၊ မောင်ရင့်အတွက် စာတစ်အုပ်ရေး ဖို့ အကြံပေးချင်တယ်ကွ။ ရေးရ မယ့်အကြောင်းက ဘုန်းကြီးတွေ အကြောင်းပဲ''ဤတွင် တက္ကသိုလ် စိန်တင်က ထိတ်လန့်စွာ ပြန်ပြော သည်။ ''ဟာ- ဘာအကြံမှ မပေးပါ နဲ့ ကိုသက်ဝင်းရယ်။ ဘုန်းတော် ကြီးတွေနဲ့ ပတ်သက်ရင် လာမ ပြောပါနဲ့။ ဘုန်းတော်ကြီးတွေကို မသင့်မတော် ပြုမိ ကြံမိတဲ့သူတွေ လက်ပံတောင်းတောင် ကြေးနီ တောင်ကိစ္စမှာ ဒုက္ခတွေ များကုန် ကြတာ မကြားမိ၊ မဖတ်မိဘူးလား'' မင်းဘူးအသင်း (ရန်ကုန်) နှစ် ပတ် လည်အစည်းအဝေး၌ မင်းဘူးမြို့ ကိုဘသန်း၊မသန်း ဆေးတိုက်ပိုင် ရှင် ဦးစောလှိုင်၊ တိုင်းစက်မှုအရာရှိ က မုဒိတာစကားပြော ရင်း အား ငယ်စကား ပါရှိခဲ့သည်။ ''မင်းဘူး သားတွေ၊ ဧရာဝတီမြစ်အနောက် ဘက်ကမ်းသားတွေဆိုပြီး အနှိမ်ခံ နေရတယ်။ အဲဒါ စိတ်မကောင်း ဘူး'' တဲ့။ မင်းဘူးအသင်း(ရန်ကုန်) နှစ်ပတ်လည် အစည်းအဝေးမပြီး ဆုံးမီ စကားပြောချင်သူရှိပါကြ<ွက ပါဟု အခမ်းအနားမှူး အစ်ကိုကြီး ဦးစံလှ (အင်ဂျင်နီယာ)ကပြော၍ တက္ကသိုလ်စိန်တင် ရှေ့ထွက်ပြီး ပြောလေသည်မှာ ''စောစောက အစ်ကိုကြီး ဦးစောလှိုင်က မင်းဘူး သားတွေ အနှိမ်ခံနေရတယ်ဆို တာ မဟုတ်ပါဘူး။ မင်းဘူးမြို့ မန်း စက်တော်ဘုရားကို တစ်ပြည်လုံး က ဘုရားဖူးတွေ ကြိတ်ကြိတ်တိုး ဦးခိုက်နေကြရပါတယ်။မင်းဘူး သား ဆရာတော်ကြီး ဦးသြဘာသ ရဲ့ ဇာတ်တော် ကြီး ရှစ်ဘွဲ့စာအုပ် တွေ သမိုင်းဝင်ဂန္ထဝင်တွေပါ။ မင်း ဘူးသား ရဲဘော်သုံးကျိပ် ဗိုလ်လ ရောင်က မြန်မာ့ လွတ်လပ်ရေး ရဖို့ ရှေ့ဆုံး က တိုက်ခဲ့ပါတယ်။ မင်းဘူး သား စာရေးဆရာကြီး လက်ဝဲမင်း ညို ဦးချမ်းသာကလည်း ကျွန်တော် အိုင်စီအက်စ်စာအုပ် နဲ့ ကျော် ကြား လှပါတယ်။ ဆရာကြီး မင်းသုဝဏ် ရဲ့ သပြေညိုကဗျာထဲကလို ရောင် နီမှာ၊ အောင်စည်ရွမ်းပြီး၊ မင်းဘူး သားတွေ၊ လှမ်းကြ ပါစို့'' ဟု ပြော လိုက်လေ၏။
တက္ကသိုလ်စိန်တင်