24-8-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
၂ဝ၁၇ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ သြဂုတ်လ ၃ ရက်နေ့အထိ လေးလတာကာလအတွင်း တာချီလိတ်နယ်စပ်ဝင်ပေါက်မှ နိုင်ငံတကာ ခရီးသွားဧည့်သည်ရှစ်ထောင့်ငါးရာကျော်ဝင်ရောက်လည်ပတ်ခဲ့
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1025
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သူတို့ ဘ၀မှတ်တမ်း
သပြေညို ရွှေဘိုပန်းရယ်နဲ့ လှမ်းကြစို့လေး

'ရှစ်လေးလုံး အရေးတော်ပုံကြီး တုန်းက မြောက်ဥက္ကလာပမြို့နယ်က သူရဲကောင်းတွေ အများကြီးထွက် ပေါ်ခဲ့တယ်။ အခု မြောက်ဥက္ကလာပ လူထုက တက္ကသိုလ်စိန်တင်ကို ကြို ဆိုတဲ့ လက်ခုပ်သံအားပျော့လှချည်း လား''
    ထိုသို့ တက္ကသိုလ်စိန်တင်က စင် မြင့်စကားပြောခွက်မှ ပြောလိုက်ရာ တွင် မြောက်ဥက္ကလာပမြို့နယ် ကန် သာယာကွင်းရှိ ကွင်းလုံးပြည့်ရောက် ရှိနေကြသည့် မြောက်ဥက္ကလာပ လူထုလက်ခုပ်သံကြီးသည် ကြီးမား စွာ ထွက်ပေါ်လာတော့၏။
    ၁၃-၂-၂ဝ၁၇ နေ့က ဤစာရေး သူ တက္ကသိုလ်စိန်တင်သည် မြောက် ဥက္ကလာပမြို့နယ် အမျိုးသား ဒီမိုက ရေစီ အဖွဲ့ချုပ်က ကျင်းပသည့် စာပေ ဟောပြောပွဲ စင်မြင့်သို့ တက်လာ သည့်အခါ အချိန်က ည့ဉ် ၉ နာရီ တိတိ။
    မြောက်ဥက္ကလာပမြို့နယ် အမျိုး သား ဒီမိုကရေစီအဖွဲ့ချုပ် NLD မှ ဦးဆောင်ကျင်းပသည့် ၁၃-၂-၂ဝ၁၇ ဗိုလ်ချုပ်အောင်ဆန်း၏ အသက် ၁ဝ၂ နှစ်ပြည့် ဂုဏ်ပြုပွဲတွင် မူလက စီစဉ်ထားသည်မှာ အမျိုးသား ဒီမိုက ရေစီ အဖွဲ့ချုပ် NLD နာယကကြီး သူရဦးတင်ဦး၊ စာရေးဆရာ ရေနံ့သာ ဝင်းမောင်နှင့် တက္ကသိုလ်စိန်တင်တို့ ဖြစ်ပေ၏။ သို့သော် ထိုနေ့က ကျင်းပ သည့် ''ကမ္ဘာ့ကလေးများနေ့'' အခမ်း အနားတွင် နာယကကြီး သူရဦးတင် ဦး ပင်ပန်းနွမ်းနယ်သွားခဲ့သော ကြောင့် ထိုညက စာရေးဆရာ ရေနံ့ သာဝင်းမောင်နှင့် တက္ကသိုလ်စိန်တင် တို့သာ Two Men Show  နှစ် ယောက်တည်း စာပေဟောပြောပွဲဖြစ် သွားလေသည်။ ထိုညက  ပထမဦး ဆုံး ဟောပြောသူမှာ စာရေးဆရာ ရေနံ့သာဝင်းမောင်ဖြစ်ပေသည်။ ရေနံ့သာဝင်းမောင်က ထိုနေ့ည ၇ နာရီခွဲတွင် စင်မြင့်သို့ တက်လာပြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် ပတ်သက် သော ဂုဏ်ပြုတေးများကို ဂီတသံနှင့် နားဆင်ဖွယ်ကောင်းအောင် ပြောဆို သွားခဲ့၏။
    တက္ကသိုလ်စိန်တင် စင်မြင့်သို့ ရောက်လာသောအခါ၌ ဗိုလ်ချုပ် အောင်ဆန်းဂုဏ်ပြုသီချင်းကို ပထမ ဦးဆုံးစွာ သီဆိုဖျော်ဖြေရန် အစီစဉ် ရှိ၏။ ထို့ကြောင့် ဗိုလ်ချုပ်အောင် ဆန်း သီချင်းကို ကြိုတင်၍ စာရွက် များ ပုံနှိပ်ကာ စာပေဟောပြောပွဲ တက်ရောက်သူများသို့ ဝေငှထား သည်။ ထို့အပြင်လည်း တက္ကသိုလ် စိန်တင်နှင့်အတူ ပေါင်းစည်းသီဆိုရန် ကျောင်းသားသုံးဦး။ ကျောင်းသူသုံး ဦးကို ကြိုတင်ဖိတ်ခေါ်ထားသည်။
(၂)
    ''ဗမာ့လွတ်လပ်ရေးအတွက် တပ်မတော်ဖွဲ့ဖို့ ဂျပန်ပြည်မှာကွယ် တကယ်ပဲ အသက်နဲ့လဲလို့ ဆင်းရဲ ဒုက္ခခံကာကြံစည်တယ်။ သြော် သူရဲ ကောင်းနဲ့ ဗိုလ်အောင်ဆန်းနဲ့ အာဇာ နည်တွေရယ်။
    ရာဇဝင် အတ္ထုပ္ပတ္တိလည်းရှိရ မယ်။ မော်ကွန်းလည်း ထိုးလောက် တယ်။ မြင့်မြတ်တဲ့ ဗိုလ်အောင်ဆန်း ရယ်။ တိုင်းပြည်အကျိုးထွန်းခဲ့တဲ့များ ဇာနည်နွယ်၊ လွတ်လပ်ဖို့တို့အများကို ကျွန်တွင်းမှာကယ်၊ တို့ဗမာတွေ စိုးမို့ လို့မျှော်ကြရှာတုန်း ပေါ်လာတယ်။
    ဗိုလ်ချုပ်အောင်ဆန်းသီချင်းသံ သည် ကောင်းကင်ဝေယံသို့ ဟိန်း ထွက်လာလေသည်။ စာပေဟော ပြောပွဲလာသော ပရိသတ်ကြီးကပါ ဗိုလ်ချုပ်အောင်ဆန်းသီချင်းကို ညီ ညာဖျဖျဝိုင်းဆိုနေကြသောကြောင့် ယခုတစ်ကြိမ် ဗိုလ်ချုပ်အောင်ဆန်း သီချင်းကို သီဆိုနေရသည်မှာ စိတ် ဓာတ်အင်အားတက်ကြဖွယ်ရာ ကောင်းလှပါပေ၏။
    မကြာမီ ဗိုလ်ချုပ်အောင်ဆန်း သီချင်းကို မြောက်ဥက္ကလာပမြို့နယ် ကန်သာယာဥယျာဉ်ကွင်းလုံးပြည့် တက်ရောက်လာသည့် ပရိသတ်ကြီး နှင့် အတူသီဆို၍ပြီးသွားလေသည်။ ယခုတော့မှပင် ဗိုလ်ချုပ်အောင်ဆန်း ၏ အသက် ၁ဝ၂ နှစ်ပြည့် ဂုဏ်ပြု စာပေဟောပြောပွဲစတင်ပြောရလေ တော့၏။
(၃)
တက္ကသိုလ်စိန်တင်။    ။ ဒီကနေ့ ပြောရမယ့် ခေါင်းစဉ်ကတော့ စော စောက အခမ်းအနားမှူး သမီးကလေး ပြောသွားခဲ့သလိုပါပဲ ''ပြည်ထောင်စု ဗိသုကာဗိုလ်ချုပ်အောင်ဆန်းဖြစ်ပါ တယ်။ ဗိုလ်ချုပ်အောင်ဆန်းဆိုတာ  စောစောက သီချင်းထဲမှာပါတဲ့အ တိုင်း ''တို့များကို ကျွန်တွင်းမှကယ်'' စာသားအတိုင်း မြန်မာနိုင်ငံကြီးကို နယ်ချဲ့လက်အောက် ကျွန်သဘောက် ဘဝမှ ကယ်တင်ခဲ့တဲ့ တကယ့်တုနိုင် သူမရှိတဲ့ သူရဲကောင်း အစစ်ပါပဲ။ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပတ်သက်လို့ စာပေဟောပြောပွဲလာရောက်တဲ့ ပရိ သတ်ကြီးက ကောင်းကောင်းကြီး သိရှိကြီးဖြစ်လို့ ဗိုလ်ချုပ်အောင်ဆန်း ရဲ့ အတ္ထုပ္ပတ္တိထဲက ထူးခြားလှတဲ့ အကြောင်းအရာ အချို့ကိုသာပြော ဆိုသွားပါ့မယ်။
    ပထမဆုံးပြောချင်တာကတော့ ဗိုလ်ချုပ်အောင်ဆန်းကို ၁၉၁၅ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်မှာ နတ်မောက် မြို့ ရှေ့နေဦးဖာ ဒေါ်စုတို့မှ မွေးဖွား ခဲ့ပါတယ်။ သူများတကာတွေ အ သက် ငါးနှစ်မှာ ကျောင်းစတင်နေ သော်လည်း မောင်အောင်ဆန်းလေး ဟာ မိခင်ကို နွဲ့ဆိုးဆိုးပြီးနေတာ ကြောင့် အသက်ရှစ်နှစ်အရွယ်ကျ တော့မှ နတ်မောက်မြို့ ဒီပင်္ဂရာ ဘုန်း တော်ကြီးကျောင်းမှာ စတင်ပညာသင် ကြားခဲ့ရပါတယ်။ ဒီအချိန်တုန်းက မောင်အောင်ဆန်းရဲ့ အစ်ကို ကိုအောင်သန်းက သင်္ကန်းဆီးတဲ့ အခါ ရွှေထီးဆောင်း၊ အဝတ်အစား တောက်တောက်ပြောင်ပြောင်ဝတ်၊  မြင်းစီးပြီး ရှင်းလောင်းလှည့်တာမြင် တော့ မောင်အောင်ဆန်းက အမေ ဒေါ်စုကို ပြောတယ်။ ''ကျုပ်လည်း ရှင်ပြုချင်တယ်ဗျာ''တဲ့။ ဒီအခါမှာ မိခင်ဒေါ်စုက ''ဟဲ့၊ မင်းက စာမှမ တတ်ဘဲ ကိုရင်ဝတ်မယ်ဆိုရင် စာ တတ်တော့မှဖြစ်မှာ''လို့ ပြောတာနဲ့ မောင်အောင်ဆန်းကျောင်းနေခဲ့တာ ဖြစ်ပါတယ်။
    မောင်အောင်ဆန်းရဲ့ ငယ်ဘဝ လေးတွေကို ပြန်လည်စဉ်းစားကြည့် တဲ့အခါ ကလေးဘဝတုန်းကပင် လိမ် ပြောတာကို မကြိုက်ဘူးတဲ့ ခင်ဗျား။ ဒီကိစ္စနဲ့ ပတ်သက်လို့ ဗိုလ်ချုပ် အောင်ဆန်းရဲ့ အမူအကျင့်ဟာ ငယ် စဉ်ကပဲ မုသားပြောဆိုတာကို မ ကြိုက်နှစ်သက်တဲ့ အကြောင်း ပေါ် လွင်ခဲ့ပါတယ်။ တစ်ချိန်မှာတော့ မောင်အောင်ဆန်းရဲ့ မိခင်က စပါး အရောင်းအဝယ်လုပ်ရာမှာ ''ကျွန်မ ဝယ်ထားတဲ့ ဈေးနဲ့ပဲ ရှင်တို့ကို ရောင်း လိုက်မယ်။ ဒီစပါးတွေအပေါ်မှာ ကျွန်မအမြတ်တစ်ပြားတစ်ချပ်မှမရပါ ဘူး''လို့ ပြောလိုက်တယ်။  အနားမှာ ရှိနေတဲ့ မောင်အောင်ဆန်းလေးက ဈေးဝယ်သူတွေ ရှေ့မှာ သူ့မိခင်ကို ဒီလိုပြောလိုက်ပါသတဲ့။ ''အစ်မရယ် အစ်မဘာဖြစ်လို့ လိမ်ပြောတာလဲ။ ဒီ စပါးတွေကို အစ်မဝယ်တုန်းက ဘယ် ဈေးနဲ့ ဝယ်ထားတာလဲဆိုတာ ကျုပ် သိတယ်။ အခု အမြတ်တင်ထားရဲ့သား နဲ့ ဘာဖြစ်လို့ မဟုတ်မမှန်တာ ပြော ချင်တာလဲဗျ''လို့ ပြောလိုက်သတဲ့။
    ဒီအကြောင်းအရာဟာ အလွန် အရေးကြီးတဲ့ ကိစ္စဖြစ်ပါတယ်။ ဗိုလ် ချုပ်အောင်ဆန်းဟာ လိမ်ပြောတာ မကြိုက်ဘူးဆိုတာ သိကြရဲ့လား။
ပရိသတ်ကြီး။     ။ သိပါတယ်၊ သိပါ တယ်။
တက္ကသိုလ်စိန်တင်။    ။ အာဏာ ရှင်ခေတ် နှစ် ၅ဝ မှာ တိုင်းပြည်ကို လိမ်ညာပြောတဲ့ လူတွေအများကြီး ပေါ်ပေါက်ခဲ့လို့ တိုင်းပြည်ဒုက္ခကြီးစွာ ရောက်ခဲ့တာသိကြရဲ့လား။
ပရိသတ်ကြီး။    ။  သိပါတယ်၊ သိပါ တယ်။
    ထို့နောက်တွင်တော့ စာပေ ဟောပြောသူ တက္ကသိုလ်စိန်တင်က ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်ရေး သားသည့် အတ္ထုပ္ပတ္တိအကျဉ်းမှ အ ကြောင်းအရာများကို ဆက်လက် ပြောပြခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်း ကရေးခဲ့၏။ ''ကျွန်တော်သည် လူရိုင်း ဘဝမှလာသည်လားမသိ။ ငယ်စဉ်က မိခင်ဖြစ်သူဈေးကအပြန်တွင်ဆွဲခြင်း ထဲမှ အသားစိမ်းများကို အတင်းလု ယူ အစိမ်းလိုက်စားမည်ပြုသည်ဟု မိခင်ပြောပြ၍ သိရသည်။
    ''ကျွန်တော်လူလားမြောက်လာ သည့်အခါတွင် ကျွန်တော်၏ အိပ် မက်ထဲတွင်ပင် မြန်မာနိုင်ငံကြီး နယ် ချဲ့လက်အောက်မှ လွတ်မြောက်ရန် ပူဆွေးပြီး အကြိမ်ကြိမ်ငိြုေ<ွကး၏။ တစ်ကြိမ်တွင် ကျွန်တော်စဉ်းစားမိ သည်မှာ နိုင်ငံလွတ်လပ်ရေးရရန် တန်ခိုးရှင်များထံမှ ပြဒါးရှင်လုံးများ ကိုပင် ရလျှင်ကောင်းမှာပဲဟု စဉ်းစား မိ၏''ဟု ရေးသားခဲ့သည်။ နောင်အ ခါတွင် နိုင်ငံတော်ကောင်စီဝင်ဖြစ် လာသော သခင်ခင်ဇော်သည် ရေနံ ချောင်းမြို့တွင် ပညာသင်ကြားစဉ်က ကိုအောင်ဆန်းနှင့် ကျောင်းနေဖက် ဖြစ်ခဲ့၏။ ထိုစဉ်က သူငယ်ချင်း မောင်ခင်ဇော်က ကိုအောင်ဆန်းကို မေးဖူးသည်။ ''ဟေ့ အောင်ဆန်း၊ မင်း က ဖေဖော်ဝါရီ ၁၃ ရက် ဖွားဆိုတော့ ၁၃ ဂဏန်းဆိုတာ့ ညူကခုပ နံပါတ် ကွ''။
    ထိုအခါ၌ ကိုအောင်ဆန်းက ပြန်ပြောသည်။ ''ခင်ဇော်၊ မင်းဘာသိ လို့လဲ။ ကမ္ဘာကျော်လက္ခဏာ ဆရာ ကြီး ကိုင်ရိုရေးတဲ့ စာအုပ်ထဲမှာ ၁ နဲ့ ၃ နဲ့ ပေါင်းရင် ၄ တဲ့။ ၄ ဂဏန်း ဆိုတာ နိုင်ငံတစ်ခုကို အောင်မြင် အောင်ထူထောင်တဲ့ လူတွေရဲ့ နံပါတ် တဲ့ကွ''ဟု ပြန်ပြောခဲ့သည်။

တက္ကသိုလ်စိန်တင်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.