14-12-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1041
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သူတို့ ဘ၀မှတ်တမ်း
အမျိုးသားစာဆို ဆရာဇောဂျီအကြောင်း - ၂

ယခင်တစ်ပတ်က ဆရာဇော်ဂျီ နှင့် ပတ်သက်၍ အကြောင်းအရာ အနည်းငယ်မျှကိုသာ ဖော်ပြခဲ့ပါ သည်။ ဆရာဇော်ဂျီသည် မြန်မာစာ ပေလောက၌ နာမည်ထင်ရှားကျော် ကြားလှသည့် ကဗျာများစွာကို သီဖွဲ့ခဲ့ သော တုနှိုင်းမမီသည့် အမျိုးသား စာဆိုကြီးဖြစ်သည်။
    ပါမောက္ခ ဦးသန်းထွတ်က ဆရာဇော်ဂျီ၏ ထင်ရှားကျော်ကြား လှသည့် ကဗျာများနှင့် ပတ်သက်၍ ဆရာဇော်ဂျီအား မေးမြန်းပြီး ထို ကဗျာများနှင့် ပတ်သက်၍ ဆရာ ဇော်ဂျီ၏ ရှုမြင်သုံးသပ်ချက်များကိုပါ အောက်ပါအတိုင်း ရေးသားဖွဲ့ဆိုတင် ပြခဲ့၏။ မိမိရေးသားခဲ့သည့် ကဗျာတစ်ပုဒ်အပေါ်တွင် ကဗျာဆရာက မိမိမည်သို့ ခံစားသီဖွဲ့ရေးသားခဲ့သည့် အကြောင်း ဖွင့်ဟပြောဆိုနိုင်ခြင်းမှာ အလွန်ပင်တန်ဖိုးကြီးမားလှသည်ဟု ဤစာရေးသူ တက္ကသိုလ်စိန်တင်ရှု မြင်သုံးသပ်ပါသည်။ ယခုဆက်လက် ၍ စာရေးဆရာပါမောက္ခ ဦးသန်း ထွတ်က ဆရာဇော်ဂျီနှင့် ပတ်သက် ပြီး တင်ပြချက်များကို ကောက်နုတ် ဖော်ပြလိုက်ပါသည်။
(၂)

တို့တိုင်းပြည်
    ''ထလော့မြန်မာ အိုမြန်မာတို့၊ အစချီတဲ့ ဒီကဗျာက 'အိုတက်လူတို့' ကဗျာလိုပါပဲ။ ၁၉၃၅၊ သြဂုတ်လ ထုတ် ကြီးပွားရေးမဂ္ဂဇင်း၊ တွဲ (၃)၊ အမှတ် (၁ဝ) မှာ ဖော်ပြထားတယ်။ မြန်မာတွေကို နိုးကြားစေချင်လို့၊ ထြ<ွကစေချင်လို့ တပ်လှန့်ထားတဲ့ ကဗျာပါ''

လှိုင်းကလေးသင်
    ''ဒီကဗျာက ကူညီတတ်တဲ့ သဘော၊ ကူညီတတ်တဲ့ စိတ်ဓာတ်ကို ချီးကျူးထားတယ်။ ခေတ်စကားနဲ့ ကြီးကြီးကျယ်ကျယ်ပြောရရင် ပရဟိ တစိတ်ကို ချီးကျူးတာပေါ့ကွာ။ ဘယ် ကလာလို့ ဘယ်နေရာ သွားမယ်မှန်း မသိရတဲ့ လှိုင်းကလေးက ပန်းခဲ့တဲ့ စင်ရော်ငှက်လေးကို ကမ်းအရောက် သယ်ပိုးပေးခဲ့တာကို ချီးကျူးဝမ်း မြောက်မိတယ်လို့ ရေးထားတယ်။ ဒီကဗျာကို ၁၉၃ဝ၊ ဒီဇင်ဘာလထုတ် တက္ကသိုလ်ကျောင်းတိုက် မဂ္ဂဇင်းမှာ ရေးခဲ့တယ်''

အင်းလေးလူရည်ချွန်စခန်းမှာ
    ''လူရည်ချွန်တွေ စပြီး ရွေးတဲ့ နှစ်ကပေါ့။ အင်းလေးရဲ့ သဘာဝ အလှ၊ လူရည်ချွန်တွေရဲ့ စိတ်ဓာတ်၊ လူရည်ချွန်တွေရဲ့ လှုပ်ရှားပုံလေးတွေ ကို မြင်တဲ့အတိုင်း ရေးဖွဲ့ထားတာ။ ဒီကဗျာထဲက ရေခြံဝင်းဆိုတာ၊ ကျွန်း မျောတွေကို ဆိုချင်တာ အင်းသား တွေက ဒီကျွန်းမျောပေါ်မှာ ခြံစိုက် ကြတာကိုး။ ကြာဖက်နင်းဆိုတာ ငှက်အမည်ပဲ။ လက်သီးဆုပ် တစ် ဆုပ်စာလောက်ရှိတယ်။ ခြေတံရှည် ရှည်နဲ့ ခြေထောက် အစိမ်းရောင်၊ နှုတ်သီးက နီနီလေး။ ကြာဖက်ပေါ် လျှောက်သွားလို့ရအောင် ပေါ့ပေါ့ပါး ပါးလေး။ ဒါကြောင့် ကြာဖက်နင်း ငှက်လို့ ခေါ်တာ''

ရှေးခေတ်ပုဂံပြည်
    ''ဒီကဗျာကို ရေးဖွဲ့ဖြစ်တဲ့ အ ကြောင်းရင်းခံကို ပြောပြရဦးမယ်။ ၁၉၂၄ ခုနှစ်မှာ အမျိုးသားသပိတ် တွေမှောက်တယ်။ ကျောင်းသူ ကျောင်းသားတိုင်းရဲ့ ပါးစပ်ဖျားမှာ ဝံသာနုစိတ်ရှိရမယ်။ မျိုးချစ်စိတ် ရှိ ရမယ်ဆိုတာ ခေတ်စားနေတယ်ပေါ့။ ဆရာကိုယ်တိုင်လည်း ဝံသာနု စိတ် ဓာတ်အကြောင်း၊ တိုင်းချစ် ပြည်ချစ် စိတ်ရှိရမယ့်အကြောင်း ပြောနေတာ ပဲ။ ဒီတော့ ဆရာ့အမေက 'တိုင်းချစ် ပြည်ချစ်စိတ်ရှိရမယ်ဆိုတာက ဟုတ် ပါပြီ။ ပုဂံကို ရောက်ဖူးရဲ့လား။ ပုဂံကို ရောက်ဖူးမှ တိုင်းပြည်ချစ်ရမယ်ဆို တာ ပိုပြီးသိလာမယ်။ နားလည်လာ မယ်'လို့ ပြောဖူးတယ်။ ဒီအသိလေး က ဆရာ့ရင်ထဲမှာ စွဲနေတယ်။
    တက္ကသိုလ်ရောက်လို့ ကျောက် စာကူးဖို့ လေ့လာဖို့ ပုဂံကို ခဏခဏ ရောက်လာရတယ်။ ပုဂံကို ရောက် တော့ အမေ့စကားကို အမှတ်ရ တယ်။ ဒီကဗျာကို ရေးဖွဲ့ဖြစ်ပုံက ဒီ လို...
    ''ရန်ကုန် မြို့မကျောင်းမှာ ဆရာ ဘဝနဲ့ ၂ နှစ် ၃ နှစ်လုပ်တယ်။ နောက် မန္တလေးကောလိပ်မှာ ဆရာ အဖြစ်နဲ့ နေရတယ်။ မြို့မကျောင်းမှာ က ရန်ပုံငွေရှာတဲ့ ကပွဲခုန်ပွဲက အမြဲ လုပ်နေကျကိုး။ မြို့မကျောင်း ကျောင်းအုပ်ဆရာကြီးက ဆရာ့ဆီကို လှမ်းစာရေးတယ်။ ရန်ပုံငွေ ရှာပွဲအ တွက် တစ်ခုခုလုပ်ပေးဖို့ပေါ့။ ဒါနဲ့ ဒီ 'ရှေးခေတ်ပုဂံပြည်' ကဗျာကို ရေးပေး တယ်။ ရန်ပုံငွေပွဲမှာ ရွတ်ဖို့ပေါ့။ ဆရာကိုယ်တိုင်သွားနိုင်ဖို့ ကြိုးစားပေ မယ့် မမြောက်ဘူး။ ဒါနဲ့ မန္တလေး သား ဆရာ့တပည့် မောင်စံရင်က ရန်ကုန်ယူနီဗာစတီမှာ ပထမနှစ် ဂုဏ်ထူးတန်း တက်နေတာကိုး။ သူက အသံလည်းကောင်း အဆိုအရွတ် လည်းကောင်းတော့ သူ့ဆီလည်း ဆရာ့ကဗျာကို ရွတ်ပေးဖို့ စာရေး၊ မြို့မကျောင်း ကျောင်းအုပ်ကြီးဆီ လည်း မောင်စံရင်ကို ခေါ်ပြီး ကဗျာ ရွတ်ခိုင်းဖို့ စာရေးရတယ်။ မောင်စံ ရင်ပဲ ဆရာ့ကဗျာကို ရွတ်ဖတ်ပြဖြစ် ပါတယ်။ ၁၉၃၆ ခု၊ မေလထုတ် ဂန္တလောကအတွဲ ၂၂၊ အမှတ် ၁၃၆ မှာ ပုံနှိပ်ဖော်ပြထားပါတယ်''

၁၉၄၈ ခုနှစ်၊ လွတ်လပ်ရေးအတွေး
    ''ဒီကဗျာက ကဗျာလက်ရွေးစင် မှာ ပေးထားတဲ့ ကဗျာနာမည်။ ကဗျာပေါင်းချုပ်သစ်ထဲမှာတော့ '၁၉၄၈ ခုနှစ်၊ လွတ်လပ်ရေးနေ့တွင်' တဲ့။ ဆရာ စရေးတုန်းက '၁၉၄၈ ခုနှစ်၊ လွတ်လပ်ရေးနေ့တွင် အတွေး' လို့ ရေးတယ်။ ဟံသာဝတီ အထူးစာ စောင်ထဲမှာ စပြီးဖော်ပြခဲ့တာ။ လွတ် လပ်ရေးမပေးမီ ၁၉၄၈ ဇန်နဝါရီ ၃ ရက် ညက ဆရာတို့ ဝန်ကြီးများရုံး မှာ အလုပ်ရှုပ်နေတယ်။ လွတ်လပ် ရေးကြေညာဖို့ ကိစ္စတွေနဲ့ ပတ်သက် လို့ပဲပေါ့။ ဒီချိန်မှာ ဟံသာဝတီ သတင်းစာက ဇန်နဝါရီလ ၄ ရက်၊ လွတ်လပ်ရေးနေ့မှာ သတင်းစာ စ ထုတ်တာကိုး။ ဆရာ့ကို လွတ်လပ် ရေးနေ့နဲ့ ပတ်သက်ပြီး တစ်ခုခုရေး ပေးပါဆိုလို့ အဲဒီ '၁၉၄၈ ခုနှစ်၊ လွတ်လပ်ရေးနေ့တွင် အတွေး' ဆိုတဲ့ ကဗျာကို ရေးပေးလိုက်တာ။ ဇန်နဝါ ရီ ၃ ရက်နေ့ည ၁၂ နာရီခွဲလောက် ရေးတာဆိုတော့ ၄ ရက်နေ့ထဲ ရောက်နေပြီပေါ့။ ကဗျာ အဓိပ္ပာယ် က ရှင်းပါတယ်။ လွတ်လပ်ရေးရခဲ့ ပေမယ့် အတိတ်က နိုင်ငံရဲ့ အရေး ကို တွေးပြီး ရှေ့ဆက်လုပ်ရမယ့် တာ ဝန်တွေကို တွေးမိတယ်။ ဒါနဲ့ ဒီ ကဗျာကို ရေးလိုက်တယ်''

အိုတက်လူတို့
    ''၁၉၃၅၊ ဒီဇင်ဘာလ အိုးဝေ မဂ္ဂဇင်းမှာ ဖော်ပြခဲ့တဲ့ ကဗျာပါပဲ။ ရှင်းပါတယ်။ လူငယ်လေးတွေကို အားမာန်တွေ ဝင်စေချင်တယ်။ အနာဂတ်ရဲ့ ခေါင်းဆောင်ကြီးတွေ ရယ်လို့ သိစေချင်တယ်။ လူငယ်တွေ အတွက်ရေးတဲ့ ကဗျာပါ။ 'ဘော' ဆိုတာ ပါဠိစကား 'အို အချင်းတို့' လို့ အဓိပ္ပာယ်ရတယ်။ ဒီ 'တက်လူ တေးသံ'၊'အိုတက်လူတို့'၊ 'သင်သေ သွားသော်'၊ 'ယခုအခါ' ဆိုတဲ့ ကဗျာ လေးပုဒ်ကို ၁၉၃၅ ၊ ဒီဇင်ဘာလ ထုတ် အိုးဝေမဂ္ဂဇင်းမှာ စုပြီးဖော်ပြ ခဲ့တယ်။ 'တက်လူတေးသံ' က လူ ငယ်တွေ တက်တက်ကြွကြွရှိဖို့၊ 'ယခု အခါ' နဲ့ 'သင်သေသွားသော်' တို့က တော့ ဆရာ့ရဲ့ အမျိုးသား စိတ်ဓာတ်၊ ဝံသာနုစိတ်ဓာတ်ကို ဖော်ထုတ်ရေး ထားတယ်။ ရှေးခေတ်က အကြောင်း တွေကို ကြွားနေစရာမလိုဘူး။ ယခု လက်ရှိ အခြေအနေက အလုပ်လုပ် ဖို့၊ ကြိုးစားဖို့၊ ရွှေထီးဆောင်းခဲ့တာ လွမ်းနေရင် စားစရာမဲ့လိမ့်မယ်ဆိုတဲ့ သဘောမျိုးရေးထားတယ်။
    'အိုတက်လူတို့' မှာလည်း ဆွေး နေစရာ၊ တမ်းတနေစရာမလိုဘူး။ အဟောင်းပျက်သွားရင် အသစ်ပြင်ရ မယ်ဆိုပြီး အပြုသဘောနဲ့ တည် ဆောက်ရေးဘက်ကို ဦးတည်ပြီး ရေး ခဲ့တယ်''

ပိတောက်ပန်း
    'ပိတောက်ပန်း' ကဗျာ ရေးဖြစ် တာကတော့ ပထမနှစ် ဘီအေတန်း ကျောင်းပိတ်တော့ အိမ်ပြန်လာရ တယ်။ အိမ်ခေါင်းရင်းမှာ ပိတောက် ပင်ကြီးရှိတယ်။ ဆရာကတော့ အ မှတ်တမဲ့ပဲ။ မနက်အစောကြီး အိမ် ခေါင်းရင်းမှာ ဆူဆူညံညံအသံတွေ ကြားရတယ်။သင်္ကြန်ရက်မို့ ပွင့်နေတဲ့ ပိတောက် ပန်းတွေကို ခူးကြ၊ ချိုးကြနဲ့ကိုး။ အသံ တွေ တိတ်သွားလို့ ပိတောက်ပင်ကြီး ကို ကြည့်လိုက်တော့ ကိုင်းတွေက ကျိုး၊ အရွက်တွေြေ<ွကနဲ့ အရုပ်ဆိုးပြီး ကျန်ခဲ့တာကို တွေ့ရတယ်။ ဒီကနေ အတွေးတွေရလာတယ်။ တစ်နှစ်မှာ တစ်ခါပွင့်တဲ့ ပိတောက်ကို မခူးစေ ချင်ဘူး။ သူလည်း သူ့အပင်မှာ အလှဂုဏ်ဝင့်ချင်မှာပဲလို့ တွေးမိပြီး ဒီကဗျာကို ရေးခဲ့တယ်။ ပန်းတွေကို အကြောင်းပြုပြီး ပြောခဲ့ပေမယ့် အ နှိပ်စက်ခံ၊ အညှဉ်းပန်းခံရသူတွေ ဘက်ကိုလိုက်ပြီး ရေးတာပဲ။ ကျောင်း ဖွင့်တော့ ၁၉၂၈၊ မတ်လ တက္ကသိုလ် ကျောင်းတိုက် မဂ္ဂဇင်းမှာ 'ပိတောက် ပန်း' ကဗျာကို ပုံနှိပ်ဖော်ပြခဲ့တယ်။
    ဆရာ စပြီးရေးခဲ့တဲ့ ကဗျာတွေ က ရှေးရေးကဗျာတွေပဲ။ လေးဆစ်ဆို လည်း လေးဆစ်ပုံစံအတိုင်း၊ သဖြန် ဆိုလည်း သဖြန်ဖွဲ့နည်းအတိုင်းရေး လိုက်ရင် ပြီးသွားတာပဲ။ ခံစားစရာ မလိုဘူး။ တွေးစရာမလိုဘူး။ ကြာ တော့ စိတ်ထဲမှာမရှိဘဲ ရေးရတဲ့ ရေး နည်းကားတွေကို ငြီးငွေ့လာတယ်။ အင်္ဂလိပ်ကဗျာတွေ ဖတ်၊ ရှေးရေး နည်းတွေအတိုင်း မရေးချင်တော့ဘူး။ ဒီလိုနဲ့ 'ပိတောက်ပန်း' သံချိုကဗျာကို ရေးဖြစ်တယ်။

ဗေဒါလမ်း
    ''ပြဋ္ဌာန်းစာအုပ်မှာ 'ဗေဒါလမ်း' လို့ ခေါင်းစဉ်တပ်တယ်။ ကဗျာပေါင်း ချုပ်ထဲမှာတော့ 'သူ့လမ်းစဉ်' လို့ နာ မည်ပေးထားတယ်။ ဒီကဗျာတွေကို စရေးတုန်းက ဗေဒါလမ်း (၁) (၂) (၃) ဆိုပြီး ခေါင်းစဉ်တပ်တယ်။ တစ်ပုဒ်နဲ့ တစ်ပုဒ် ကွဲပြားစေချင်လို့။ ကဗျာ ပေါင်းချုပ်သစ်စာအုပ်မှာ စပြီးနာ မည်တွေ ပေးလိုက်တယ်။ သိပြီးကြတဲ့ အတိုင်း ဖျာပုံကို သင်္ဘောနဲ့အပြန် တွေ့ရတဲ့ ချောင်းထဲမြောင်းထဲကနေ မြစ်ထဲကို စုန်လာဆန်လာတဲ့ ဗေဒါ တွေရဲ့ သတ္တိကို သတိမူမိပြီး လူ့ဘဝ နဲ့ ယှဉ်တဲ့အတွေးနဲ့ ဗေဒါလမ်းကဗျာ စုကို ရေးဖွဲ့ဖြစ်တာပဲ။ ၁၉၅၉-၆ဝ တက္ကသိုလ်နှစ်လည် မဂ္ဂဇင်းမှာ စပြီး ဖော်ပြထားတယ်''
(၃)
    ဆရာဇော်ဂျီ၏ ဗေဒါလမ်း ကဗျာနှင့် ပတ်သက်ပြီး ဤစာရေး သူတက္ကသိုလ်စိန်တင်က အနည်း ငယ်ရှင်းလင်းတင်ပြလိုသည်။ ဆရာ ဇော်ဂျီက ဗေဒါလမ်းကဗျာကို ၁၉၅၈ - ၁၉၅၉ ခုနှစ်များတွင် ဖွဲ့ဆိုသီကုံး ရေးစပ်ခြင်းဖြစ်၏။ ဗေဒါလမ်း ကဗျာ များထံမှ စာတစ်ပုဒ်မှာ ဤသို့ဖြစ်၏။
    ဘဲအုပ်က တစ်ရာနှစ်ရာ
    မဗေဒါက တစ်ပင်တည်း
    အယက်အကန်ခံလို့
    ဗေဒါပျံ အံကိုခဲ
    ပန်းပန်လျက်ပဲ။
    ၁၉၈၈ ခုနှစ် (၈-၈-၈၈) ရှစ် လေးလုံး အရေးတော်ပုံကြီး၊ ဒီမိုက ရေစီ လူထုတော်လှန်ရေးကြီးဖြစ်ပွား ခဲ့သောအခါ ယင်းတော်လှန်ရေးကြီး အတွင်း၌ ဒီမိုကရေစီတောင်းဆိုသော လူထုကြီးသည် တန်ဖိုးမဖြတ်နိုင် သည့် မိမိတို့ ရှေ့မှ မားမားမတ်မတ် ရပ်မည့်၊ စွန့်လွှတ်၊ စွန့်စား၊ အနစ်နာ ခံနိုင်မည့် ခေါင်းဆောင်ကောင်းတစ် ဦးကို ရရှိစေခဲ့၏။  ယနေ့ ၂ဝ၁၆ ခုနှစ်၊ ဒီမိုကရေစီ အစိုးရအဖွဲ့ကို ခေါင်းဆောင်နေသော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်း စုကြည်ဖြစ်ပေသည်။ ၁၈-၉-၁၉၈၈ နေ့ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်ဗိုလ်ချုပ်မှူးကြီး စောမောင်က နိုင်ငံတော် အာဏာကို သိမ်းယူခဲ့ပြီး သည့် အချိန်မှစ၍ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစု ကြည်ကို နဝတ၊ နအဖ စစ်အစိုးရ ခေါင်းဆောင်များသည် နည်းအမျိုးမျိုး ဖြင့် ရန်ပြုခဲ့ကြသည်။ ရန်ကုန်မြို့၊ ကမ္ဘာအေးဘုရားလမ်းတွင်လည်း ကောင်း၊ မန္တလေးသို့ ထွက်မည့် ရန်ကုန်ဘူတာကြီးမှ မန္တလေးရထား ပေါ်တွင်လည်း ကောင်း၊ ရန်ကုန်မြို့၊ ဒလမြို့နယ် ဘက်ကမ်း တောလမ်း ခရီးတွင်လည်းကောင်း၊ လှိုင်သာယာ မြို့နယ်မှ အထွက်ဧရာဝတီတိုင်း စည်းရုံးရေး ခရီးဗိုလ်မြတ်ထွန်း တံ တားတွင်လည်းကောင်း၊ ၃ဝ-၃-၂ဝဝ၃ ခုနှစ် ဒီပဲယင်းအရေးအခင်း ကြီးတွင်လည်းကောင်း၊ လူအုပ်စုနှင့် အကြမ်းဖက်ရိုက်နှက်၊ ဒုက္ခပေးသော လုပ်ငန်းများကို လုပ်ဆောင်ခဲ့ကြ၏။ ထိုအကြောင်းအရာများကို တွေ့ရှိရ သောအခါ ဤစာရေးသူတက္ကသိုလ် စိန်တင် အပါအဝင် ဆောင်းပါးရှင် များစွာတို့သည် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစု ကြည်ကို ဆရာဇော်ဂျီရေးသီဖွဲ့ခဲ့သည့် ဗေဒါလမ်းကဗျာထဲမှ ဗေဒါပန်းတစ် ပွင့်နှယ်တင်စားကာ ဆောင်းပါးများ စွာကို ရေးသီဖွဲ့၍ ဒေါ်အောင်ဆန်းစု ကြည်ကို ဂုဏ်ပြုခဲ့ကြသည်။
    ဤဖြစ်ရပ်မှာ အမှန်ဆိုလျှင် အမျိုးသားစာဆိုကြီး ဆရာဇော်ဂျီက ဧရာဝတီတိုင်းဒေသကြီး မြစ်ဝကျွန်း ပေါ်၌ တွေ့မြင်ရသည့် ဗေဒါပန်း အလှကို လူ့ဘဝနှင့် ယှဉ်တွဲကာ စဉ်း စားတွေးတောဖွယ်ရာအကြောင်း အရာများစွာဖြင့် တင်ပြခဲ့ခြင်းသာဖြစ် သည်။ သို့သော်လည်း စာရေးဆရာ များအဖို့မူ ပန်းတစ်ပွင့်ကို လှလှပပ ပန်ထားသည့် မြန်မာဒီမိုကရေစီ ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် ရုပ်သွင်နှင့် 'ဗေဒါပျံ အံကိုခဲ၊ ပန်းပန် လျက်ပဲ'ဆိုသော ဗေဒါလမ်း ကဗျာ မှ စာပုဒ်ကို ယှဉ်တွဲကာ မကြာခဏ ရေးသားတင်ပြခဲ့သည်မှာ များစွာမှ များစွာ အရသာရှိပေတော့၏။ 

(စာကိုး။    ။ ဇော်ဂျီ၊ မင်း သုဝဏ်တို့၏ စာပေစကား၊ ရေးသူ ဦးသန်းထွတ် (ပါမောက္ခငြိမ်း) ပညာ ရေး တက္ကသိုလ်။)

တက္ကသိုလ်စိန်တင်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.