19-10-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
စက်တင်ဘာလမှ ဒီဇင်ဘာလအထိ ၄ လတာ ကာလအတွင်း နိုင်ငံတကာ ခရီးသွားဧည့်သည် တစ်သန်းကျော် လာရောက်လည်ပတ်ရန် ခန့်မှန်းထား
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1033
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သူတို့ ဘ၀မှတ်တမ်း
နှစ်တစ်ရာပြည့်ပြီဖြစ်သော အနောက်ဘက် မဟာဗျူဟာလမ်းနှင့် ဥမင်ကြီး၊ ဥမင်ငယ်

မြန်မာနိုင်ငံ၏ အနောက်ဘက် မဟာဗျူဟာလမ်းဖြစ်သည့် ဘူးသီး တောင်-မောင်တောကားလမ်းပေါ်တွင် ယာဉ်များသွားလာမှုသည် တစ် နှစ်ထက်တစ်နှစ် ပိုမိုများပြားနေ သည်။

အဆိုပါလမ်းပေါ်တွင် အိမ်စီးကားများ၊ ခရီးသည်တင်ကားများ၊ ဌာနဆိုင်ရာများမှ ကားများ၊ ကုန်တင်ကားများနှင့် အိုင်အင်န်ဂျီအိုအဖွဲ့ အစည်းများမှကားများ သုံးမိနစ်လျှင် တစ်ကြိမ်ခန့် ဖြတ်သန်းသွားလာနေသည်။

ယခင်က ဘူးသီးတောင်-မောင် တောကားလမ်းတွင်ဖြတ်သန်းသွား လာနေသည့် ယာဉ်များအားလုံးသည် လမ်းပေါ်ရှိဥမင်ကြီးနှင့်ဥမင်ငယ်ကို ဖြတ်သန်းပြီးမှသာ တစ်မြို့နှင့်တစ် မြို့ကို ရောက်ရှိသော်လည်း ယခုအချိန်မှာဖြင့်  ဖြတ်သန်းသွားသည့် ကားများအားလုံးကို ဥမင်နှစ်ခုက ငေးမှိုင်စွာ ကြည့်နေရပြီဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ဥမင်နှစ်ခုလုံးကို ရှောင်ကွင်းလမ်းများအ ဖြစ် ဖောက်လုပ်လိုက်သည့်အတွက်ယာဉ်များအားလုံးသည် ဥမင်များကို ဖြတ်သန်းရန်မလိုတော့ဘဲ ရှောင်ကွင်းလမ်းမှ သွားနေခြင်းကြောင့်ဖြစ်သည်။ လမ်းပေါ်ရှိ သစ်သားတံတား များနှင့် ဘေလီတံတားများကို ကွန်ကရစ်တံတားအဖြစ် တည်ဆောက် လိုက်ပြီဖြစ်သည်။ ခရီးမိုင်တိုတောင်း သော်လည်း ရေပြွန်အပါအဝင်၊ တံတားပေါင်း တစ်ရာကျော်ရှိသော လမ်းဖြစ်သည်။

 ဥမင်နှစ်ခုစလုံးသည် မောင်တော-ဘူးသီးတောင်သို့ ကာရံထားသည့် မယူတောင်တန်းကြီးကို ဖောက်လုပ်ထားခြင်းဖြစ်ပြီး လွန်ခဲ့သောနှစ် ပေါင်းတစ်ရာကျော်ထိ ဒေသခံများကိုအကျိုးပြုခဲ့သည်။ မောင်တောဒေသ ရှိလူအများအတွက် လိုအပ်သောစားသောက်ကုန် (ရိက္ခာ)များကို ယင်းလမ်းမှ သယ်ဆောင်ရခဲ့ရသည်။ တောင်ကြားလမ်းဖြစ်သည့်အတွက် အကွေ့ကောက်များကာ ၁၆ မိုင် ခရီး ကို ယာဉ်များက တစ်နာရီခန့်အချိန် ကြာ မောင်းနှင်နေရသည်။

ယခင်ဥမင်ရှောင်ကွင်းလမ်းများမရှိချိန်က ဘူးသီးတောင်၊ မောင် တောဟုပြောလျှင် ပထမဆုံး သတိရကြသည်မှာ ဥမင်လိုဏ်ခေါင်းနှစ်ခုဖြစ်သည်။ ဘူးသီးတောင်-မောင်တောကားလမ်းသည် မြန်မာနိုင်ငံ၏ ပထမဆုံးရထာလမ်းဖြစ်သည်။ ထို့နောက် ပထမနှင့် ဒုတိယကမ္ဘာစစ်အတွင်းက အင်္ဂလိပ်နှင့် ဂျပန်တို့ တပ်ဆုတ်ထွက်ပြေးခဲ့ရသည့် လမ်း လည်းဖြစ်သည်။

 အလားတူ ၁၉၄၂ ခုနှစ်က ဖြစ် ပွားခဲ့သည့် ရခိုင်-ကုလားအဓိကရုဏ်း ကာလက မောင်တောမြို့နယ်မှ ရခိုင်တိုင်းရင်းသားများ ထွက်ပြေးခဲ့ရသည့် လမ်းဖြစ်နေပြီး ယခုအခါ မူးယစ်ဆေးဝါးကုန်သွယ်မှုပြုရာတွင် အဓိကအရေးပါနေသည့် လမ်းဖြစ်နေသည်။ လမ်းက အပြစ်မရှိသော်လည်းလမ်းကို အသုံးပြုသူများက အရောင် အမျိုးမျိုးဆိုးပေးကြသည်။

အိန္ဒိယကုမ္ပဏီက ရထားပြေးဆွဲပေးချိန်က ရထားသည် မောင်တော မြို့နယ် ကညင်ချောင်းမှ ဘူးသီးတောင်မြို့ထိရထားပြေးဆွဲပေးခဲ့သော်လည်း ဒေသရှိ ဘင်္ဂါလီများသည် ရထားလက်မှတ်ဖိုးမပေးလို၍ ဘူးသီးတောင်နှင့် မောင်တောကို ခြေကျင်လျှောက်သွားကြသဖြင့် ရထားကုမ္ပဏီအရှုံးပေါ်ကာ ရထားကို ပိတ်သိမ်းခဲ့ရသည်ဟု ရှေးလူကြီးများ က ပြောသည်။

 အဆိုပါ လမ်းနှင့်အတူ ပေါက်ဖွားလာသည်မှာ ၁၉၁၈ ခုနှစ်တွင် မာတင်ကုမ္ပဏီကဖောက်လုပ်ခဲ့သည့် ဥမင်လိုဏ်ခေါင်းကြီးနှင့် လိုဏ်ခေါင်း ငယ်ဖြစ်သည်။ ဥမင်းလိုဏ်ခေါင်းကြီး သည် ၆၅၈ ပေရှိပြီး ဥမင်လိုဏ်ခေါင်းငယ်သည် ၉၈ ပေ ရှည်လျား သည်။ ဥမင်နှစ်ခု၏ အမြင့်သည့် ၁ဝ ပေ ကျော်ရှိပြီး ဘူးသီးတောင်-မောင် တော ကားလမ်းပေါ်တွင် ပြေးဆွဲမည့်  ယာဉ်များသည် အမြင့်ပေ ဆယ်ပေ ထက် ကျော်လွန်၍ မရပေ။

ထို့ကြောင့် မောင်တောနယ်စပ်မှ ဘင်္ဂလားဒေ့ရှ်သို့ တင်ပို့မည့်ပို့ကုန် တင်ကားများသည် ကုန်ပစ္စည်းများကို ချင့်ချိန်တင်ဆောင်ခဲ့ရပြီး ကွန်ကရစ် တံတားများ မဖြစ်မီက ကုန်နှင့်ယာဉ် ဖြတ်သန်းခွင့်ကို ဆယ်တန်ထိသာ ခွင့်ပြုပေးခဲ့သည်။ ယင်းသို့ ကုန် ပစ္စည်းများကို တစ်ပါတည်း မသယ်ဆောင်နိုင်ခြင်းက ကုန်သွယ်သူများ၏ ကုန်ကျစရိတ်ကို များစွာကုန်စေခဲ့သည်။ ယခုတော့ တင်ချင်သည့် ပမာဏအတိုင်း တင်ဆောင်မောင်း နှင်နိုင်ပြီဖြစ်သည်။

ယင်းသို့ နယ်စပ်ပို့ကုန်တင် ယာဉ်များပို့ကုန်များစွာ တင်ဆောင် မောင်းနှင်နိုင်ခြင်းကြောင့် နယ်စပ်ကုန်သွယ်သူများကို အထောက်အကူ ရစေပြီး ကုန်သွယ်မှုလုပ်ငန်းကိုလည်း တိုးတက်စေသည်။

ဥမင်လိုဏ်ခေါင်းနှစ်ခု၏ သက်တမ်းသည် ယခု ၂ဝ၁၇ ခုနှစ်တွင် နှစ်တစ်ရာပြည့်ပြီဖြစ်ပြီး ကားလမ်း၏သက်တမ်းသည်လည်း နှစ်တစ်ရာ ကျော်ပြီဖြစ်သည်။ နှစ်ကာလကြာမြင့် ပြီး မိုးရေယိုစိမ့်မှုများဖြစ်ပွားကာ တဖြည်းဖြည်း နိမ့်ဝင်လာသည့်အတွက် မကြာသေးမီကာလက အကြီးစားပြင်ဆင်မှုကို ပြုလုပ်ခဲ့ရသည်။ ဥမင်နှစ်ခု၏ သက်တမ်းနှင့် နှစ်တစ်ရာကျော်ရှိပြီဖြစ်သည့် ဘူးသီးတောင် -မောင်တောကားလမ်းသည်လည်း မိုးတွင်းကာလတွင် တောင်မြေပြိုကျ မှု၊ လမ်းမြေသားပြိုကျမှုများနှင့် ရင် ဆိုင်နေရဆဲဖြစ်ပြီး နှစ်စဉ်ပြုပြင်နေရသည်။

ထိုသို့ပြုပြင်မှုများ ဆောင်ရွက်မှုများသည် နှစ်ပေါင်းတစ်ရာကျော် ထိ ရှည်ကြာလာပြီဖြစ်သော်လည်း ယခုအချိန်ထိကွန်ကရစ်လမ်းမဖြစ်သေးဘဲ နှစ်လမ်းမောင်းလည်း မဖြစ် သေးပေ။

ဘူးသီးတောင်-မောင်တော ကားလမ်းပေါ်တွင် ဥမင်နှစ်ခုရှိနေခြင်းက အနောက်ဘက်နယ်စပ်လုံခြုံရေးအတွက် အဟန့်အတားတစ်ခု သဖွယ်ဖြစ်နေခဲ့သည်ဟု ဒေသခံ အများစုကသုံးသပ်ခဲ့ကြသည်။ အကြောင်းမှာ စစ်ရေးအမြင်အရ တင့် ကားများ ဖြတ်သန်းဝင်ရောက်ရန် အခက်အခဲရှိနေသောကြောင့်ဖြစ်သည်ဟုဆိုကြသည်။ ယခုတော့ မည့်သည်ကားအမျိုးအစားမဆို ဖြတ် သန်းသွားလာနိုင်ပြီဖြစ်သည်။

ဘူးသီးတောင်-မောင်တောကားလမ်းသည် ဘင်္ဂလားဒေ့ရှ်-မြန်မာ- တရုတ်တို့၏ မဟာမဟာဗျူဟာ မြောက် ဘင်းစ်စတစ်လမ်း၏ တစ် ပိုင်းတစ်ဖြစ်သော်လည်း လက်ရှိ အခြေအနေတွင် ဘင်းစ်စတစ်လမ်းဖောက်လုပ်ရေး စီမံချက်သည်လည်း ပျောက်ကွယ်နေသည်။ ဘင်းစ် တစ်လမ်းသည် ဘင်္ဂလားဒေ့ရှ် ဘာလူ ခါလီ (ခေါင်းတုံး) ဒေသမှ မောင် တောမြို့နယ် မြောက်ပိုင်း တောင်ပြို လက်ဝဲသို့ ချိတ်ဆက်ကာ တောင် ပြိုလက်ဝဲမှ ကြိမ်ချောင်း-မောင်တော ကားလမ်းအတိုင်း ဆက်သွယ်မည် ဖြစ်သည်။

ယင်းမှတစ်ဆင့် ဘူးသီးတောင်- မောင်တောကားလမ်းနှင့် ချိတ်ဆက်ကာ ဘူးသီးတောင်-ကျောက်တော် လမ်းမှတစ်ဆင့်ရန်ကုန်-စစ်တွေ ပြည်ထောင်စုလမ်းမကြီးကို ချိတ် ဆက်သွားမည်ဖြစ်သည်။ ၄င်းတို့သည် လွန်ခဲ့သည့် ဆယ်စုနှစ်ခန့်က စီမံချက်များဖြစ်ခဲ့ပြီး ယခုလက်ရှိ စီမံ ချက်များ မဟုတ်ပေ။

ဘူးသီးတောင်-မောင်တောကားလမ်းသည် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေး လုပ်ငန်း၏မရှိမဖြစ်လိုအပ်သော လမ်းလည်းဖြစ် သည်။ ဒေသအသီးသီးမှ ရခိုင်ပြည်သို့ ဝင်ရောက်လာသော ဘင်္ဂလားဒေ့ရှ် ဈေးကွက်ဝင် ကုန်စည်များသည် စစ်တွေမှတစ်ဆင့်သင်္ဘောများဖြင့် ဘူးသီးတောင်မြို့သို့ သယ်ယူကာ ဘူးသီးတောင်မြို့မှ မောင်တော-ဘူးသီးတောင်ကားလမ်းအတိုင်း ပစ္စည်းများကို ဆက်လက်သယ်ယူရသည်။ အဆိုပါကားလမ်း ဆက်သွယ်ပြတ် တောက်မှုဖြစ်ပါက နှစ်နိုင်ငံကုန် သွယ်မှုသည်လည်း ရပ်ဆိုင်းပြီး တိုင်း ပြည်ဝင်ငွေများ ထိခိုက်နစ်နာမှုကို ဖြစ်ပေါ်စေသည်။

လက်ရှိ မောင်တောခရိုင်တွင် ဖြစ်ပွားနေသည့် အနေအထားအရ ဘူးသီးတောင်-မောင်တောကားလမ်း သည် မဟာဗျူဟာမြောက်လမ်း ဖြစ်နေပြီး မောင်တောမြို့နယ်ရှိ ဒေသခံ များ၏ တစ်ခုတည်းသော ထွက်ပေါက်လမ်းလည်းဖြစ်သည်။ အဆိုပါ လမ်းပိတ်ဆို့မှုဖြစ်ပါက မောင်တောရှိဒေသခံများ တခြားဒေသများသို့ သွားရောက်ရန် ခက်ခဲမည်ဖြစ်သည်။

ယင်းသို့ အခက်အခဲများကြုံတွေ့လာပါက ဖြေရှင်းရမည့် ထွက်ပေါက် လမ်းတစ်ခုကို အစိုးရကရှာဖွေထားသင့်ပြီဖြစ်သည်။ လက်ရှိမောင်တောခရိုင်၏ အနေအထားသည်လည်းထွက်လမ်းများစွာ လိုအပ်လျက်ရှိနေသည်ကို အားလုံးသတိထားမိကြ မည်ဖြစ်သည်။

သို့အတွက်ကြောင့် လွန်ခဲ့သော နှစ်ပေါင်းတစ်ရာကျော်မှ ဒေသခံများကို အကျိုးပြုခဲ့သော ဘူးသီးတောင်- မောင်တောကားလမ်းပေါ်က ဥမင်ကြီးနှစ်ခုကဲ့သို့ နောက်လာမည့် မျိုးဆက်များအတွက်အကျိုးဖြစ်စေမည့် ဥမင်များ၊ လမ်းများ လိုအပ်နေပြီ ဖြစ်သည်။

လက်ရှိအချိန်မှာဖြင့် ထုံးဖြူသုတ်လိမ်းထားသည့် ဥမင်ကြီးနှစ်ခုကို မောင်တောနယ်စပ်ဒေသသို့ ရောက်ရှိလာကြသည့် ဧည့်သည်များက စိတ်ဝင်တစား သွားရောက်လေ့ လာနေခြင်းမှတစ်ပါး တခြားမည်သူမျှအလေးမထားဘဲ မိမိကိုယ်ကို တည်ငြိမ်စွာ တည်ရှိနေလေသည်။

မောင်ကံ

မောင်ကံ
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.