မော်စီတုန်းနှင့် ကျိုးအန်းလိုင် ၂၅(မောင်မောင်လှိုင်(အပ်စိုက်ကု))

ယခင်အပတ်မှအဆက် ''ငါ့ကိုယ်ရံတော်ကို ဖုန်းဆက်ခေါ် လိုက်စမ်း'' လို့ ကျင်းချန်းကပြောတော့ ဝမ်းတုန်းဆင့် ထွက်ခွာသွားပြီး ဖုန်းဆက်ခေါ်ပါတယ်။ မကြာခင်မှာပဲ ဆွန်းကျန်းလုန် ရောက်လာပါတယ်။ စိတ်မချမ်းသာတဲ့ မျက်နှာနဲ့ အမှန်ကို အမှန်အတိုင်း ပြောပြပါတယ်။ ''ချင်ယွမ်ကုံးကို စားစရာတွေ ပြင်ဆင်ပေးထားဖို့ ကျွန်တော် ဖုန်းဆက်လိုက်တာ ဖြစ်ပါတယ်''