2013-5-20
HOME
ABOUT US
CONTACT US
 
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
ဖက်ဒရယ်အကြောင်း တိုင်းရင်းသားပြည်သူများ ပိုမိုနားလည်ရန် ရည်ရွယ်၍ ဖက်ဒရယ်ဂျာနယ် ပြည်တွင်းတွင် ပထမဦးဆုံး စတင်ထုတ်ဝေ
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... ၈၁၄
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ခေတ်ပြိုင်စီးပွားအမြင်
တရုတ်ရှေးဟောင်း ဒသနဖြင့် အမေရိကန်ကို အနိုင်ယူမည်

ဂလိုဘယ်စီးပွားရေး အပေါ်မှာ တရုတ်နိုင်ငံရဲ့ သြဇာအာဏာက တစ်စတစ်စ မြင့်တက်လာတယ်။ စစ် ရေးအရှိန်အဝါ အသုံးပြုနိုင်မှု စွမ်း ရည်ကလဲ တဖြည်းဖြည်း ကြီးမား လာတယ်။ ဒီတော့ အမေရိကန် ပြည် ထောင်စုနဲ့ တရုတ်နိုင်ငံတို့အကြား ယှဉ်ပြိုင်မှုဟာ မလွဲမရှောင်သာ ဖြစ်ပေါ် လာနိုင်တယ်။

          နှစ်နိုင်ငံစလုံးက ခေါင်းဆောင် တွေကတော့ အကောင်းမြင်ဝါဒ ကိုင်စွဲပြီး နှစ်နိုင်ငံအကြား ထိပ်တိုက် တွေ့မှုမဖြစ်ရအောင် ရှောင်ကွင်းနိုင်ကြ လိမ့်မယ်လို့ ယူဆကြတယ်။ ဒါပေ မယ့် ပညာတတ်ဆန်းစစ်ဝေဖန်ကြသူ အတော်များများက ဒီလိုမထင်ကြ ဘူး။ အမေရိကန်အတွက် တရုတ် ဟာ တကယ့် စိန်ခေါ်မှုကြီးတစ်ခု ဖြစ်နေတယ်။

          တိုးတက်လာတဲ့ အာဏာပါဝါ  ဟာ ဂလိုဘယ် စနစ်ထဲမှာ ပိုပြီး သြဇာတိက္ကမ ရှိအောင် ကြိုးပမ်း တယ်။ ကျဆင်းလာတဲ့ အာဏာပါဝါ ကလဲ တစ်ပွဲတစ်လမ်း မစမ်းဘဲနဲ့ တော့ ခေါင်းငုံ့ခံမှာမဟုတ်ဘူး။ တရုတ်နဲ့ အမေရိကန်နိုင်ငံများကြားမှာ နိုင်ငံရေးစနစ်တွေ ကွဲပြားနေမှုက အဆိုးမြင်ဝါဒီတွေရဲ့အမြင်မှာ စစ်ဖြစ် နိုင်ခြေ မြင့်မြင့်မားမား ရှိတယ်လို့ ယုံ ကြည်ကြတယ်။

          ဒါပေမယ့် တစ်ခုတော့ရှိတယ်။ အပြည်ပြည်ဆိုင်ရာ ဆက်ဆံရေးမှာ လူ့ကျင့်ဝတ်ကလဲ အရေးပါတယ်။ အရှိကို အရှိအတိုင်းလက်ခံတဲ့ အစစ် အမှန်ဝါဒ- Realism ဆိုတာက နိုင်ငံ ရေးသမားတွေဟာ စစ်ရေးနဲ့ စီးပွား ရေး အင်အားကြီးမားရေးအတွက် သာ လုပ်ကိုင်ဆောင်ကြဉ်းကြရမယ် လို့ ဆိုလိုတာမဟုတ်ပါဘူး။ နိုင်ငံ ရေး အာဏာပါဝါများအကြား အပြည်ပြည်ဆိုင်ရာ ယှဉ်ပြိုင်မှုကို ဖန်ဆင်းပုံဖော်တဲ့နေရာမှာ လူ့ကျင့် ဝတ်ကလဲ တစ်ခန်းတစ်ကဏ္ဍ ပါဝင် အသုံးတော်ခံနိုင်ပါတယ်။

          ဒါက အသားလွတ်ကြီးပြော တာတော့ မဟုတ်ပါဘူး။ ချင်-Qin ခေတ်မတိုင်မီက ကွမ်ကျီ-Guanzi ကွန်ဖြူးစီးရပ်စ်-Confucius ရွှင်ကျီ Xun-zi,  မင်းစီးယပ်-Mencius တို့ လို ရှေးတရုတ်သဘောတရားပညာ ရှင်တွေရဲ့ ကျမ်းတွေဆီက ထွက် ပေါ်လာတဲ့ အတွေးအမြင်တစ်ရပ် ဖြစ် တယ်။ သူတို့တစ်တွေရဲ့ အင်မတန် အရေးပါတဲ့ ထိုးထွင်းမြင်သိမှု တစ် ရပ်ကတော့ အပြည်ပြည်ဆိုင်ရာမှာ သြဇာညောင်းမှုအတွက် အဓိက အချက်ဟာ နိုင်ငံရေး အာဏာ Political Power ဖြစ်တယ်။ ဒီနိုင်ငံ ရေး အာဏာရဲ့ ဗဟိုချက်မကျတဲ့ ပင်ကိုအရည်အချင်းဟာ လူ့ကျင့်ဝတ်  သိက္ခာနဲ့ ပြီးပြည့်စုံတဲ့ ခေါင်းဆောင်မှု ဖြစ်တယ်။

          ဖြစ်နိုင်သမျှ ကျင့်ဝတ်သိက္ခာနဲ့  အညီ ဆောင်ရွက်နိုင်တဲ့ အုပ်ချုပ်သူ များဟာ ရေရှည်ခေါင်းဆောင်မှု ပြိုင် ပွဲမှာ အမြဲအောင်မြင်မှု ရရှိတတ်ကြ တယ်။ ခရစ်နှစ်မတိုင်မီ ဘီစီ ၂၂၁ မှာ ချင်ဘုရင်ဟာ တရုတ်နိုင်ငံကို  ရက်ရက်စက်စက် ပေါင်းစည်းခဲ့ တယ်။ ဒါပေမယ့် အဲဒီဘုရင်ရဲ့ စိုးမိုး အုပ်ချုပ်မှုဟာ ကြာရှည်မခံခဲ့ဘူး။ ဟန် Han မင်းဆက် ဧကရာဇ်ဘုရင် ဝူ Wu လောက် အောင်မြင်မှုမရရှိခဲ့ဘူး။

          ဧကရာဇ် ဘုရင်ဝူဟာ တရား ဥပဒေနဲ့ အညီ အစစ်အမှန် ဝါဒကို ကွန်ဖြူးစီးရပ်စ်ရဲ့ ညင်သာပျော့ပျောင်း  မှုရှိတဲ့ အာဏာနဲ့ ရောနှောတွဲဖက်ပြီး တိုင်းပြည်ကို ခရစ်မတိုင်မီ ဘီစီ ၁၄ဝ မှစပြီး ဘီစီ ၈၆ အထိ စိုးမိုးအုပ် ချုပ်နိုင်ခဲ့တယ်။

          ရှေးတရုတ် ဒဿနပညာရှင် ရွှင်ကျီရဲ့ အဆိုအရ ခေါင်းဆောင်မှု ပုံစံသုံးမျိုးရှိတယ်။ လူသားဆန်တဲ့ အာဏာပိုင်-Humane Authority, ဗိုလ် ကျစိုးမိုးရေး-Hegemony, နဲ့ နိုင်လို မင်းထက်ပြု ကြီးစိုးမှု-Tyranny  တို့ဖြစ်တယ်။ လူသားဆန်တဲ့ အာဏာပိုင်ဆိုင်မှု က ပြည်တွင်းမှာ ရော ပြည်ပမှာပါ ပြည်သူတွေရဲ့ အသည်းနှလုံးနဲ့စိတ်ကို ဖမ်းယူ သိမ်း သွင်းနိုင်တယ်။ နိုင်လိုမင်းထက် ကြီး စိုးမှု ဆိုတာက စစ်အင်အားအပေါ် အခြေခံတယ်။ မလွှဲမရှောင်သာ ရန် သူတွေကို ဖန်ဆင်းတယ်။ ဗိုလ်ကျ စိုးမိုးမှုအာဏာပါဝါကတော့ ဒီနှစ်ခု ကြားမှာရှိတယ်။ ပြည်တွင်းက ပြည် သူတွေအပေါ်မှာလဲ ကလိမ်မကျတဲ့ အပြင် ပြည်ပက မဟာမိတ်တွေ  အပေါ်မှာလဲ ကလိမ်ကကျစ် မလုပ် ဘူး။ ဒါပေမယ့် ကျင့်ဝတ်သိက္ခာပိုင်း ဆိုင်ရာကိစ္စတွေမှာ ဘာသာလဝါ နေ တတ်ပြီး မဟာမိတ် မဟုတ်သူတွေ အပေါ်မှာ အကြမ်းဖက်မှု လုပ်တတ် တယ်။

          ဒီသဘောတရားတွေဟာ ယနေ့  ခေတ်အမြင်မှာ ကုန်ဆုံးသွားပြီလို့ ထင်မှတ်ကြပေမယ့် မျက်မှောက် ခေတ်နဲ့ကိုက်ညီတာတွေရှိတယ်။ တစ်ခါက ဟင်နရီ ကစ်ဆင်းဂျား -Henry Kissinger က တရုတ်နိုင်ငံ ခြားရေးမူဝါဒရဲ့နောက်ကွယ်မှာ အင် အားကောင်းတဲ့ Óဏ်ပညာစွမ်းအား တစ်ရပ်အဖြစ် ရှေးတရုတ်လူမျိုးတွေရဲ့ ဝါဒစနစ်ရှိနေနိုင်တယ်လို့ ယုံကြည် ကြောင်း သူ ပြောဆိုခဲ့ဖူးတယ်။

          ချင်ခေတ်မတိုင်မီက အစိတ် စိတ်အမြွှာမြွှာ ကွဲအက်ခဲ့မှုဟာ ယနေ့ ခေတ်ရဲ့ ဂလိုဘယ်အစိတ်စိတ် အပိုင်း ပိုင်းကွဲပြားနေမှုနဲ့ အသွင်တူတယ်။ အဲဒီခေတ်က နိုင်ငံရေးသဘောတရား ပညာရှင်တွေရဲ့ ဆေးညွှန်းဟာ ဒီက နေ့ခေတ်နဲ့လဲ တိုက်ရိုက်သက်ဆိုင် လျက်ရှိတယ်။ ဒါကတော့ ကျင့်ဝတ် သိက္ခာပြည့်စုံတဲ့ ခေါင်းဆောင်မှု အတွက် အလေးဂရုမပြုဘဲ စစ်ရေးနဲ့ နိုင်ငံရေးအင်အားအပေါ် မှီခိုအားထား လွန်းတဲ့ နိုင်ငံများဟာ အောင်မြင်မှု မရဘဲ ကျရှုံးနိုင်တယ် ဆိုတာပါပဲ။

          ကံဆိုးချင်တော့ ဒီလိုအမြင်တွေ ဟာ အခုလို စီးပွားရေးပြဋ္ဌာန်းခံဝါဒ Economic Determinism ခေတ်ကြီး မှာ သိပ်ပြီး သြဇာညောင်းမှု မရှိတော့ ဘူး။ အစိုးရတွေကလဲ ဒီလိုအမြင်တွေ ကို ဟောင်ဖွာ ဟောင်ဖွာ ဝန်ဆောင် မှု-Lip Service လောက်ပဲပေးနေကြ တော့တယ်။

          တရုတ်အစိုးရကလဲ ကွန်မြူနစ် ပါတီရဲ့ နိုင်ငံရေးဦးဆောင်မှုက တရုတ်ပြည်ရဲ့ စီးပွားရေးအံ့ဘနန်း တိုးတက်မှုရဲ့ အခြေခံဖြစ်တယ်လို့ြေ<ွကးကြော်ခဲ့တယ်။ ဒါပေမယ့် တရုတ်အစိုးရက အမေရိကန်ပြည် ထောင်စုနဲ့ ယှဉ်ပြိုင်မှုဟာ တကယ် ကစားရမယ့် တစ်ခုတည်းသော စီး ပွားရေးပြိုင်ကွင်းပဲလို့ သတ်မှတ်လုပ် ဆောင်လျက်ရှိတယ်။ အမေရိကမှာ ကျတော့ နိုင်ငံရေးသမားတွေက သူ တို့ကိုယ်တိုင်ရဲ့ ခေါင်းဆောင်မှုဟာ အမြဲအောင်ပွဲခံနေရမယ်။ ဘယ်တော့ မှ မဆုံးရှုံးဘူးလို့ အချိန်မှန်မှန် ဟစ်ြေ<ွကးနေကြတယ်။

          နှစ်ဘက်စလုံးက အစိုးရတွေ နားလည်သဘောပေါက်သင့်တဲ့အချက် က နိုင်ငံရေးခေါင်းဆောင်များက ပြဿနာတွေအပေါ်မှာ ငွေတွေပုံအော ခြင်းထက် ဂလိုဘယ်စိုးမိုးရေးအတွက် ပြိုင်ပွဲမှာ ဘယ်သူက အောင်နိုင်မယ် ဆိုတာကို အဆုံးအဖြတ်ပေးတယ်ဆို တဲ့အကြောင်း သိထားသင့်ကြတယ်။

          လူအတော်များများက လွဲမှားစွာ ယုံကြည်နေကြတယ်။ တကယ်လို့ တရုတ်အနေနဲ့ နိုင်ငံခြားဆက်ဆံရေး ကို မြှင့်တင်စေချင်တယ်ဆိုရင် စီးပွား ရေးထောက်ကူပေးမှုတွေကို သိသိ သာသာ တိုးပေးသင့်တယ် ဆိုပြီး တော့ပေါ့။ ဒါပေမယ့် ခင်မင်ရင်းနှီး မှုကို ငွေနဲ့ဝယ်လို့မရနိုင်ဘူး။ ဒီလို နည်းနဲ့ မိတ်ဆွေဖြစ်လာခဲ့တယ်ဆိုရင် လဲ ခက်ခဲတဲ့အချိန်တွေရဲ့ စမ်းသပ်မှု ကို မခံနိုင်ပါဘူး။

          ဒီလိုဆိုတော့ ကမ္ဘာတစ်လွှားက လူတွေရဲ့ အသည်းနှလုံးကို တရုတ် အနေနဲ့ ဘယ်လိုနည်းနဲ့ ရယူနိုင်မလဲ။ ရှေးတရုတ်ဒဿနပညာရှင်တွေရဲ့ လမ်းညွှန်ချက်အရ ဒီလိုရယူနိုင်ဖို့ ကိုယ့်နိုင်ငံထဲမှာ ပထမစတင်ကျင့် သုံးကြရမယ်။ လူသားဆန်တဲ့ အုပ်ချုပ်မှုကို မိမိတို့ ပြည်တွင်းမှာ လိုအပ်တဲ့ မော်ဒယ်တစ်ခု ပုံဖော်ဖန် ဆင်းပြီး စတင်ကြရမယ်။ ဒီလိုလုပ် နိုင်ရင် နိုင်ငံခြားက ပြည်သူတွေလဲ စိတ်ပါဝင်စားလာလိမ့်မယ်။

          ဆိုလိုတာကတော့ တရုတ်နိုင်ငံ ဟာ ၄င်းရဲ့ ဦးစားပေးမှုကို စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးလမ်းစဉ်မှ ဖယ်ခွာ ပြီး ချမ်းသာဆင်းရဲ သိပ်ပြီးကွာခြားမှု မရှိတဲ့ အတွဲဖက်ညီတဲ့ လူ့အဖွဲ့ အစည်းတစ်ရပ် တည်ဆောက်မှုဆီသို့ ရွှေ့ပြောင်းရမယ်။ ငွေကြေးကိုးကွယ် မှုကို ထုံးတမ်းစဉ်လာ လူကျင့်ဝတ် သိက္ခာနဲ့ အစားထိုးဖို့ လိုအပ်တယ်။ ပြီးတော့ နိုင်ငံရေးခြစားမှုကို ဆွဲနုတ် ပစ်ပြီး လူမှုရေးတရားမျှတမှုနဲ့ အစား ထိုးရမယ်။

          အခြားနိုင်ငံတွေနဲ့ ပတ်သက်ရင် တရုတ်နိုင်ငံအနေနဲ့ အမေရိကန်ပြည် ထောင်စုနဲ့ ယှဉ်ပြိုင်နိုင်ဖို့အတွက် လူ သားဆန်တဲ့ စိုးမိုးအုပ်ချုပ်မှုကို ခင်း ကျင်းပြသဖို့လိုတယ်။ အမေရိကန် နိုင်ငံဟာ ကမ္ဘာ့အကြီးမားဆုံး ဗိုလ် ကျစိုးမိုးရေး အာဏာပါဝါ Hege-monic Power ဖြစ်နေဆဲဖြစ်တယ်။ ဗိုလ်ကျစိုးမိုးရေးကို စစ်အင်အား တောင့်တင်းခိုင်မာမှုက ကျော ထောက်နောက်ခံပေးထားတယ်။ ဒီ အချက်က အမေရိကန်ပြည်ထောင်စု မှာ ဘာကြောင့်မဟာမိတ်တွေ အများ အပြားရှိနေသလဲဆိုတာကို ဖော်ညွှန်း တယ်။

          သမ္မတအိုဘားမားဟာ အာဖဂန် နစ္စတန်၊ အီရတ်နဲ့ လစ်ဗျားနိုင်ငံတွေ မှာ မဟာဗျူဟာအမှားတွေ ပြုလုပ်ခဲ့ ပေမယ့် အမေရိကန်နိုင်ငံဟာ တစ် ပြိုင်တည်းမှာ နိုင်ငံခြားစစ်ပွဲသုံးပွဲ ဆင် နွှဲနိုင်ကြောင်း ပြသခဲ့တယ်။ နှိုင်းယှဉ် ပြောရရင် တရုတ်စစ်တပ်ဟာ ၁၉၈၄ ခုနှစ် ဗီယက်နမ်နဲ့ တိုက်ခိုက်ခဲ့ရတဲ့ စစ်ပွဲနောက်ပိုင်းကာလမှစပြီး ဘယ် စစ်မှာမှ ပါဝင်ပတ်သက်မှုမရှိခဲ့သေး ဘူး။ တရုတ်စစ်သားတွေကို မဆို ထားနဲ့ တရုတ်အဆင့်မြင့် စစ်ဗိုလ် ကြီးတွေတောင်မှ စစ်မြေပြင်အတွေ့ အကြုံမရှိကြဘူး။

          အမေရိကန်နိုင်ငံဟာ တရုတ် ထက်ပိုပြီး ကမ္ဘာ့အခြားနိုင်ငံတွေနဲ့ အရည်အသွေးအရရော အရေအတွက် မှာပါ ကောင်းမွန်တဲ့ဆက်ဆံရေးတွေ ရှိတယ်။ အမေရိကန်နိုင်ငံမှာ တရား ဝင်စစ်မဟာမိတ်နိုင်ငံပေါင်း ၅ဝ ကျော်ရှိတယ်။ တရုတ်မှာ တစ်နိုင်ငံ မှမရှိဘူး။ မြောက်ကိုရီးယားနဲ့ ပါကစ္စ တန်နိုင်ငံတွေဟာ တရုတ်ရဲ့တစ်ဝက် တစ်ပျက်မဟာမိတ်တွေသာဖြစ်တယ်။

          မြောက်ကိုရီးယားနဲ့ တရုတ် နိုင်ငံဟာ ၁၉၆၁ ခုနှစ်မှစပြီး တရား ဝင်မဟာမိတ်ဖွဲ့ခဲ့ကြပေမယ့် ပူးတွဲ စစ် ရေးလေ့ကျင့်မှုလုပ်တာလဲ မရှိခဲ့တဲ့ အပြင် တရုတ်က မြောက်ကိုရီးယား ကို လက်နက်မရောင်းချခဲ့တဲ့ ကာလ ဟာ ဆယ်စုနှစ်နဲ့ ချီခဲ့ပြီဖြစ်တယ်။ တရုတ်နဲ့ ပါကစ္စတန်နိုင်ငံကြားမှာ သိသိသာသာ စစ်ရေးပူးပေါင်းဆောင် ရွက်မှုတွေ ရှိပေမယ့် နှစ်နိုင်ငံကို နှောင် ဖွဲ့ထားတဲ့ တရားဝင်မဟာမိတ်ဖွဲ့မှု မရှိ ပါဘူး။

          တရုတ်ပြည်ဟာ ရှေ့ကို တက် လှမ်းနိုင်ဖို့အတွက် ခင်မင်ရင်းနှီးကျွမ်း ဝင်တဲ့ အပြည်ပြည်ဆိုင်ရာ အသိုက် အဝန်းတစ်ခုကို ထုဆစ်ပုံဖော်ချင် တယ်ဆိုရင် အမေရိကန်တို့ထက် သာလွန်ကောင်းမွန်တဲ့ သံခင်းတမန် ခင်းနဲ့ စစ်ရေးဆက်ဆံမှုတွေပြုလုပ်ဖို့ လိုအပ်တယ်။

          တကယ်တော့ ဘယ်အင်အား ကြီးနိုင်ငံကမှ ကမ္ဘာတစ်လွှား ရှိသမျှ နိုင်ငံတွေအားလုံးနဲ့ မိတ်ဖြစ်ဆွေဖြစ် ဆက်ဆံဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ဒီတော့ တရုတ်နဲ့ အမေရိကန်ပြည် ထောင်စုကြားမှာ အဓိက ယှဉ်ပြိုင်ရ မယ့်အချက်က ဘယ်သူ့မှာ အရည် အသွေးအဆင့်အတန်း မြင့်မားတဲ့ မိတ်ဆွေနိုင်ငံများ ရှိနိုင်မလဲ ဆိုတဲ့ အချက်ပါပဲ။ ဒီလိုဖြစ်လာနိုင်ဖို့က တရုတ်နိုင်ငံအနေနဲ့ အမေရိကန်ပြည် ထောင်စုထက် သာလွန်ကောင်းမွန် တဲ့ အဆင့်မြင့် ကျင့်ဝတ်သိက္ခာ ခေါင်းဆောင်မှုပေးနိုင်ဖို့ လိုတယ်။

          ပြီးတော့ အခုအခါ တရုတ်နိုင်ငံ ဟာ အရှေ့က နေဝန်းထွက်ပေါ်သည့် အလား အာဏာပါဝါနဲ့ အရှိန်အဝါ မြင့်မားလာတာကို ကိုယ့်ဘာသာ ကိုယ် အသိအမှတ်ပြုပြီး မိမိရဲ့ အဆင့်အတန်းနဲ့ လျော်ညီစွာပါရှိလာ တဲ့ တာဝန်တွေကိုလဲ ထမ်းဆောင်ဖို့  လာမယ့်ဆယ်စုနှစ်အတွင်းမှာ တရုတ် ပြည်ရဲ့ ခေါင်းဆောင်သစ်တွေကို ယဉ် ကျေးမှုတော်လှန်ရေး-Cultural Revolution ရဲ့ ပင်ပန်းဆင်းရဲမှု အတွေ့အကြုံရှိခဲ့ဖူးတဲ့ မျိုးဆက်သစ် တွေထဲမှ ရွေးချယ်ကြရတော့မယ်။ သူတို့တစ်တွေဟာ မဆုတ်မနစ် ပြတ်ပြတ်သားသား လုပ်ကိုင်တတ်သူ တွေဖြစ်နိုင်တယ်။ ရုပ်ဝတ္ထုအကျိုး အမြတ်ထက် နိုင်ငံရေးသဘောတရား တွေကို အမွန်အမြတ် တန်ဖိုးထားသူ တွေဖြစ်လာနိုင်တယ်။

          ဒီခေါင်းဆောင်သစ်တွေဟာ ကမ္ဘာ့ဇာတ်ခုံပေါ်မှာ ကြီးမားကျယ် ပြန့်တဲ့ အခန်းကဏ္ဍတစ်ခုမှာ ပါဝင် အသုံးတော်ခံသင့်တယ်။ အင်အား နည်းနိုင်ငံတွေအပေါ်မှာ ပိုပြီးလုံခြုံရေး အကာအကွယ်ပေးသင့်တဲ့အပြင် စီး ပွားရေးအထောက်အကူတွေလဲ ပေး သင့်တယ်။ ဒါရဲ့ဆိုလိုချက်ကတော့ တရုတ်နိုင်ငံအနေနဲ့ အမေရိကန်ပြည် ထောင်စုကို နိုင်ငံရေးအရ၊ စီးပွားရေး အရနဲ့ နည်းပညာအရ ယှဉ်ပြိုင်ရေး ဖြစ်တယ်။

          ဒီလိုယှဉ်ပြိုင်မှုကြောင့် တရုတ်နဲ့ အမေရိကန်နိုင်ငံအကြားမှာ သံတမန် ရေးရာတင်းမာမှုတွေဖြစ်ပေါ်လာနိုင် ပေမယ့် စစ်ရေးအရ ထိပ်တိုက်တွေ့ နိုင်တဲ့အန္တရာယ်တော့ရှိမှာမဟုတ်ဘူး။ ဘာကြောင့်လဲဆိုတော့ အနာဂတ်ယှဉ် ပြိုင်ရေးဟာ အမေရိကန်ပြည်ထောင် စုနဲ့ ဆိုဗီယက်ယူနီယံအကြား ယှဉ် ပြိုင်ခဲ့မှုနဲ့ ကွာခြားတယ်။ မတူဘူး။

          တရုတ်ရော၊ အမေရိကန်နိုင်ငံ ကပါ ၄င်းတို့ရဲ့အကျိုးစီးပွားကို ကာ ကွယ်ဖို့အတွက် ဒါမှမဟုတ် သဘာဝ သယံဇာတရင်းမြစ်တွေနဲ့ နည်းပညာ ရရှိရေးအတွက် ကိုယ်စားပြုစစ်ပွဲတွေ Proxy Wars ခင်းကျင်းစရာမလိုဘူး။

          တရုတ်အနေနဲ့ ကမ္ဘာ့ခေါင်း ဆောင်မှုအဆင့်ကို တက်လှမ်းနိုင်ဖို့ ကြိုးပမ်းမှုနဲ့ အမေရိကန်နိုင်ငံရဲ့ ပစ္စက္ခအခြေအနေကို ထိန်းသိမ်းထား နိုင်ဖို့အားထုတ်မှုဟာ တကယ်တော့ အြ<ွကင်းသုညဂိမ်း-Zero-Sum Game သာဖြစ်တယ်။ ကမ္ဘာ့ပြည်သူ တွေရဲ့ အသည်းနှလုံးနဲ့စိတ်ကို ဆွဲ ဆောင်ဖမ်းစားဖို့ ကြိုးပမ်းအားထုတ် မှုသာဖြစ်ပြီး အနိုင်အရှုံးဟာ ကမ္ဘာ့ ပြည်သူတွေအပေါ်မှာသာမူတည်တယ်။ သူတို့ကပဲ အဆုံးအဖြတ်ပေးနိုင် တယ်။

          လက်တွေ့မှာတော့ ရှေးတရုတ် ဒဿနပညာရှင်တွေ ဖော်ညွှန်းခဲ့သလို လူသားဆန်တဲ့ အာဏာပိုင်မှုကို ဖော် ဆောင်ပြီး လက်ဝါးပေါ်တင်ပြနိုင်တဲ့ နိုင်ငံကသာ အောင်နိုင်သူဖြစ်လာမှာပါ။

မင်းရွှေမောင်

Ref: Yan Xuetong:"How China can defeat America" International Herald Tribune, Nov-21-2011.

Note: Yan Xuetong သည် Tsinghua University မှ Institute of Modern International Relations ၏ဌာနမှူးနှင့် ပါမောက္ခဖြစ်ပြီး "Ancient Chinese Thought, Modern Chinese Power"  စာအုပ်ရေးသားခဲ့သူလည်းဖြစ် ပါသည်။

မင်းရွှေမောင်
 
Untitled Document
ကိုပေါက် said...
Thursday 1 November 2012, 2:15 am
တ၇ုတ်ခေါင်းဆောင်တွေ လူသားဆန်တဲ့အာဏာပိုင်မှု ၇ှိ.မ၇ှိကတော့ ဆီး၇ီးယား အေ၇းအခင်းကိုကြည့်၇င်သိနိုင်တယ်.လူထောင်ပေါင်းများစွာသေ နေလဲ သူတို့ကိုယ်ကျိုးအတွက် ဗွီတိုအာဏာ သုံးပြီး ဘာမလုပ်မ၇အောင် ပါယ်ချခဲ့တယ်.လတ်တလော တ၇ုပ်ခေါင်းဆောင်တွေကထဲက ၀မ်ကျားပေါင်ကတော့ ဒေါ်လာဘီလျှံ နဲ့ကိုချီပြီး အပွကြံချမ်းသာနေတာ တွေ့နေ၇တယ်.ပတ်ဆံ၇၇င် ဘနဖူး သိုက်တူး တဲ့ တ၇ုတ်ခေါင်းဆောင် တွေအဘို့ကတော့ စစ်သာဖြစ်ခဲ့၇င်တော့ သူတို့၇ဲံ စိတ်ကူးယဉ် အိမ်မက်ကတော့ ပြိုကွဲသွား၇မှာ အမှန်ပါဘဲ.
:) :) said...
Sunday 29 January 2012, 8:42 am
chi dote min shwe mg
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: zaygwet1997@gmail.com Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.