2013-5-20
HOME
ABOUT US
CONTACT US
 
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
ဖက်ဒရယ်အကြောင်း တိုင်းရင်းသားပြည်သူများ ပိုမိုနားလည်ရန် ရည်ရွယ်၍ ဖက်ဒရယ်ဂျာနယ် ပြည်တွင်းတွင် ပထမဦးဆုံး စတင်ထုတ်ဝေ
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... ၈၁၄
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ခေတ်ပြိုင်စီးပွားအမြင်
တစ်ခေတ်ဆန်းလာနိုင်သော အမေရိကန် လယ်ယာစီးပွား

သင်ချမ်းသာချင်လျှင် လယ်သမားလုပ်ပါ။ ဤစကားကို ရင်းနှီးမြှုပ်နှံမှု ကျွမ်းကျင်သူ နာမည်ကျော် စာရေးဆရာလည်းဖြစ် Wall Street ဆိုင်ရာကျွမ်းကျင်သူများ၏ ထိပ်တန်း ပါရဂူတစ်ဦးဟု အများကအထင် ကြီးလေးစားခံရသူလည်းဖြစ်သော Jim Rogers ဆိုသူက  ၂ဝ၁၁ ခုနှစ်၊ ဇူလိုင်လအတွင်း ပြောခဲ့ခြင်းဖြစ်ပါ သည်။ မကြာသေးမီကပင် စားနပ် ရိက္ခာဈေးများ ထိုးတက်လာခဲ့သည်။ ဒီလိုအခြေအနေမျိုး ဘယ်လောက် ကြာကြာရှိနေမှာလဲဟု မေးကြသူ တွေလည်းရှိသည်။ လယ်ယာလုပ် ငန်းဆိုင်ရာ ဝင်ငွေသည် လာမည့် ဆယ်စုနှစ် တော်တော်များများ ကြာ သည့်တိုင် အဆများစွာ တိုးတက် လာလိမ့်ဦးမည်ဟု ခန့်မှန်းကြပါ သည်။ Wall Street လုပ်ငန်းမျိုး၏ ဝင်ငွေကိုပင် ကျော်တက်သွားလိမ့် မည်ဟု ခန့်မှန်းသူတွေလည်းရှိနေ သည်။''အမေရိကန်စီးပွားရေးတိုး တက်လာဖို့ ဘဏ်အသစ်တွေ မလိုပါ ဘူး။ လယ်သမားဦးရေ တိုးလာဖို့ လိုပါတယ်။ မမြင်ရသောလက်တွေ က မျက်လှည့်ဆန်ဆန် အံ့သြဖွယ်ရာ များကိုလုပ်ပေးမှာပါ။  ကမ္ဘာကြီးမှာ ကြီးမားတဲ့ စားနပ်ရိက္ခာ ပြဿနာ ရှိနေပါတယ်''ဟု Jim Rogers က ပြောသွားသည်။  ရိက္ခာပြဿနာကို ဖြေရှင်းနိုင်ဖို့ မျိုးဆက်သစ်တွေ လယ်ထဲပြန်ဆင်းကြပါဟုလည်း ပြော ခဲ့သေးသည်။

          အမေရိကန် ပြည်ထောင်စု အလယ်ပိုင်းဒေသရှိ လယ်ယာလုပ် ငန်းများသည် အဓိက အလုပ်အကိုင် များဖန်တီးပေးရာ ယန္တရားကြီးဖြစ် ကြောင်း ကြာမြင့်စွာကပင် လူသိ များခဲ့သလို အမေရိကန်ပြည်ထောင်စု တစ်လွှား ငွေရှာလို့အကောင်းဆုံး သော ဒေသအဖြစ် ထင်ရှားခဲ့ပြီးဖြစ် သည်။ နည်းပညာများ တိုးတက်လာ သောအခါ Service Jobs ဟု ခေါ် သည့် ဝန်ဆောင်မှုလုပ်ငန်းများ တိုး တက်လာသလို ငွေကြေးချေးငှား ဖလှယ်သောလုပ်ငန်းများ ကြီးထွား လာခဲ့သည်။ ရှေးယခင်က ကျေး လက်မြို့ငယ်ကလေးတွေမှ လက်လုပ် လက်စားတွေ မြို့ကြီးများဆီ ရွှေ့သွား ကြသဖြင့် မြို့ငယ်ကလေးများနှင့် ရွာကြီးများမှာ လုပ်အားအရင်းအမြစ် -Labour Source ကျဆင်းသွားခဲ့ သည်။

          လယ်ယာလုပ်ငန်းမှာ အကာ အကွယ်လိုအပ်သော တိရစ္ဆာန် မျိုး စိတ်တစ်ခုနှင့်တူသလိုဖြစ်နေပါသည်။ အကောက် အခွန်သက်သာအောင် အစိုးရက စီမံကာကွယ်ပေးရသည်။ အမေရိကန်ပြည်ထောင်စုတွင် လယ် ယာလုပ်ငန်းများကို ဥပဒေအခွင့် အရေးများနှင့် ဥပဒေအချက်အလက် အချို့မှ ကင်းလွတ်ခွင့် ပေးထားပါ သည်။ ဥပမာ-လယ်ယာလုပ်ငန်း တွင် ကလေးငယ်များကို လုပ်သား အဖြစ်ခိုင်းစေခွင့်ရှိပါသည်။

          လွန်ခဲ့သောနှစ် အနည်းငယ် အတွင်း ချမ်းသာလိုသူများ သို့မဟုတ် အလိုဆန္ဒပြင်းပြသူများသည် အလယ် အလတ်တန်းစားဈေးကွက်တစ်ခု ပေါ်ပေါက်လာအောင် ဖန်တီးနိုင်ခဲ့ သည်။ လုပ်ငန်းမှာ Biofuel ခေါ် ဇီဝ လောင်စာဆီ လုပ်ငန်းဖြစ်သည်။ ထို  လုပ်ငန်းကြီးကျယ်လာသည်နှင့်အမျှ လယ်ယာလုပ်ငန်းများပါ တိုးတက် လာခဲ့ပါသည်။ တစ်ချိန်တုန်းဆီက  စီးပွားရေးလောကကြီးတစ်ခုလုံး ချည့် နဲ့တုံ့ဆိုင်းသွားခဲ့ရာ တိုးတက်မှုနှုန်း မှာ စီးပွားရေးကဏ္ဍကြီး တစ်ခုလုံး အတွက် ၁.၉ ရာခိုင်နှုန်းသာရှိခဲ့စဉ် လယ်ယာလုပ်ငန်းဝင်ငွေမှာ အသား တင် ၂၇ ရာခိုင်နှုန်းအထိရှိလာပြီး လွန်ခဲ့သောနှစ် ၂ဝ၁ဝ တွင် နောက် ထပ်  ၂ဝ ရာခိုင်နှုန်း တက်လာခဲ့ သေးသည်ဟု ဆိုပါသည်။ ယခုနှစ် အတွင်းမှာပင် မြေယာအိုးအိမ်၊ စက်ရုံ တိုက်တာအားလုံး၏ ဈေးတွေက ထိုးကျနေသော်လည်း လယ်ယာလုပ် ငန်းများ၏ဝင်ငွေက တက်နေဆဲဖြစ် သည်။ အခြားပိုင်ဆိုင်ခွင့်တွေ ဈေး ကျနေစဉ်မှာ ပြည်ထောင်စု ဗဟို ဘဏ်-Federal Reserve က လွန် ခဲ့သော ခြောက်နှစ်အတွင်း လယ် ယာသီးနှံစိုက်ရန် မြေဈေးများ နှစ်ဆ တက်လာခဲ့သည်ဟုဆိုသည်။ Wall Street ငွေကြေး  ဈေးကွက်တွင် လည်း လယ်ယာမြေ- Farmland အတွက်ရင်းနှီးမြှုပ်နှံမှုမှာ  အများဆုံး ဖြစ်လာခဲ့သည်ဟုဆိုသည်။

          လယ်ယာလုပ်ငန်း ရင်းနှီးမြှုပ်နှံမှု အဖွဲ့ခွဲခေါင်းဆောင် Jeff Conrad အပြောအရ ''ယခု ကျွန်တော်တို့ဆီ ကိုလယ်ယာမြေတွေအတွက် ရင်းနှီး မြှုပ်နှံဖို့ ဆက်သွယ်လာသူတွေ အများ အပြားရှိလာတယ်။ အပြိုင်အဆိုင်တွေ များလာတာလဲ သတိပြုမိတယ်။  နယူးယောက်လိုမြို့ကြီးမှာတောင် စိတ်ဝင်စားသူတွေ တိုးလာနေတယ်'' ဟု ပြောပါသည်။

          ယခုရက်တွေအတွင်းမှာ Nebraska ရှိ Grand Island ဆိုသည့် မြို့ကလေးဆီသို့ လူတွေ အသွား အလာများနေပါသည်။ လူဦးရေ ၄၈၅ဝဝ သာရှိသော တောမြို့ကလေး ဝန်းကျင်မှာ လယ်ယာမြေတွေ-Farm Lands ဝန်းရံနေပါသည်။ ထိုမြို့ဆီ သို့ လောလောဆယ်သွားသည့် ခရီး တစ်ခေါက်ကတော့ စီးပွားရေးလုပ် ငန်းအတွက် ထူးခြားသည့်ခရီးပဲ ဖြစ်ပါသည်။ မြို့မှာရှိသည့် ဒါဇင် ဝက်လောက်သော ဘဏ်လုပ်ငန်းတွေ အရှုံးမရှိကြပါဘူး။ အမြတ်အစွန်း  ပင် ရရှိနေကြသည်ဟု ဆိုသည်။ ဘဏ်များစွာမှာ လယ်ယာလုပ်ငန်း သို့မဟုတ် ဆက်နွယ်ရာ ရင်းနှီးမြှုပ် နှံမှုတွေအတွက် ငွေချေးရန် ငွေအလုံ အလောက်နှင့် စောင့်နေကြသည်ဟု  ဆိုသည်။ ဒေသတွင်းရှိ အကြီးဆုံး  ကောက်ရိတ်ြေ>ွခလှေ့သန့်စင်စက်ကြီး များ၊ စက်ရုံတွေအားလုံးစွမ်းအားပြည့်  လည်ပတ်နေကြသည်။ International Harvester အဖွဲ့မှ မန်နေဂျာ Bill Baasch ပင်လျှင် လွန်ခဲ့သော ကိုးလအတွင်း အလုပ်သမား ၁၃ဝ ထပ်ငှားခဲ့ရသေးသည်ဟုဆိုသည်။ Grand Island မှာအခြေစိုက်ထား သော Global Industries သည် အဆောက်အအုံသုံးပစ္စည်းနှင့် သီးနှံ မျိုးစေ့မျိုးဆန် သိုလှောင်ရေး စည် များထုတ်လုပ်ရာဌာနဖြစ်ပါသည်။ ၂ဝဝ၃ ခုနှစ်နှင့် နှိုင်းစာလျှင် ရောင်း အား ၁၃ဝ ရာခိုင်နှုန်းအထိ တက် လာခဲ့သည်ဟု ဆိုသည်။ လယ်ယာ လုပ်ငန်းထွက်ကုန် တိုးလာသည်နှင့် အရောင်းအဝယ်တွေပါ တက်လာပြီ ဖြစ်ရာ ကားအရောင်းအဝယ်၊ အိမ် ခြံမြေအရောင်းအဝယ်တွေတိုးတက် လာခဲ့သည်။ အိမ်ရာ ခြံမြေလုပ်ငန်းရှင် Lisa Crumrines ၏ ရုံးမှ အိမ် ၄၈ လုံး ရောင်းစွံခဲ့သည်ဟု ဆိုပါသည်။ Grand Island စီးပွားရေးဇုန်တွင် နွား မွေးမြူရေးခြံများ တည်ထောင်ထား သူ Greg Baxter ကလည်း ခြံမြေ ခြောက်ကွက် လောလောလတ်လတ်  ရောင်းစွံခဲ့ပြီဟုဆိုသည်။ ရောင်း ဝယ်ရေးလုပ်လိုသူတွေ တိုးဝင်လာ ကြသဖြင့် အငှားနေမည့် အိမ်အလုံး များစွာ ဆောက်ပေးနေကြရသည်။ Nebraska တွင် အလုပ်လက်မဲ့ဦးရေ မှာ ပြည်ထောင်စုတစ်ခုလုံးတွင် အနည်းဆုံးဖြစ်ပြီး ၄.၁ ရာခိုင်နှုန်း သာရှိပါသည်။ North Dakota နှင့် Iowa တို့မှာ အလုပ်လက်မဲ့ ခြောက် ရာခိုင်နှုန်းလောက်ရှိပြီး နယူးယောက် မှာ ၇.၉ ရာခိုင်နှုန်း၊ ပြည်ထောင်စု တစ်ခုလုံးမှာ ၉.၁ ရာခိုင်နှုန်း အသီး သီးရှိပါသည်။ အလုပ်လက်မဲ့ အများ ဆုံးမှာ ကာလီဖိုးနီးယားပြည်နယ်ဖြစ် ပြီး ၁၁.၇ ရာခိုင်နှုန်း ရှိနေသည်ဟု ဆိုပါသည်။

          ယခင်ကတော့အမေရိကန် ပြည် ထောင်စု၏ GDP တွင် စိုက်ပျိုးရေး ဝင်ငွေမှာ တစ်ရာခိုင်နှုန်းသာ ရှိခဲ့ လေရာ တာဝန်ခံ Jamie Dimon က ''ကျွန်တော်တို့ ရေနံဝယ်တဲ့ငွေကို လယ်ယာထွက်ကုန်တန်ဖိုးနဲ့ မကာ မိပါဘူး''ဟု ပြောပါသည်။ သို့သော် လည်း အချို့သော ကျွမ်းကျင်သူတွေ က လယ်ယာထွက် သီးနှံအချို့ဖြင့် လောင်စာထုတ်လုပ်ရေးလုပ်ငန်းကို ပိုပြီးလုပ်နိုင်မှာဟု ယုံကြည်နေကြ ပါသည်။ မစ်ဇိုရိတက္ကသိုလ်မှ ကျေး လက်မူဝါဒရေးရာသုတေသီ Chuck Fluharty က လယ်ယာလုပ်ငန်းများ ဝန်းရံထားသော မြို့ငယ်များတစ် ခေတ် ပြန်ထွန်းကားလာမှာကို မြင် ယောင်နေသည်ဟုဆိုပါသည်။ လယ် သမားများ သီးနှံရောင်းရငွေ တိုး လာသည်နှင့်အမျှ ထိုငွေပို ငွေလျှံ များကို တခြားနေရာမှာ ရင်းနှီးမြှုပ်နှံဖို့ လိုလာဦးမည်ဟု ဆိုလိုပါသည်။  ယခု အခါ ပြောင်းဖူးစေ့မှ ဇီဝလောင်စာ ထုတ်လုပ်နိုင်ပြီဖြစ်ရာ လယ်သမား တွေ လယ်ယာလုပ်ငန်း အခြေတည် သည့် စက်မှုလုပ်ငန်းတွေထဲ ဝင် ရောက်ရင်းနှီးမြှုပ်နှံစရာရှိပါသည်။ သီးနှံမှ အခြားပစ္စည်းများ ဥပမာ-အာလူးမှ သဘာဝပတ်ဝန်းကျင်ကို မထိခိုက်သော ပလတ်စတစ်ပစ္စည်းနှင့် အခြားဇီဝ အခြေခံထုတ်ကုန်တွေ ထုတ်လုပ်နိုင်ပါသည်။ အကျိုးဆက် အနေဖြင့်  အလုပ်ကိုင် အခွင့်အလမ်း  တွေတိုးလာမည်ဖြစ်သည်။ Fluharty ကတော့-

          ''အမေရိကန်နိုင်ငံ၏ ယနေ့စီးပွား ရေးကဏ္ဍမှာစိုက်ပျိုးရေးလုပ်ငန်း သည် အရေးပါအရာအရောက်ဆုံးနဲ့ အဆုံးအဖြတ်ပေးနိုင်ဆုံးဖြစ်လာမှာပါ'' ဟုဆိုနေပါသည်။ အမေရိကမှာ ထို သို့ဖြစ်လာလျှင် ကမ္ဘာ့စီးပွားရေးကို လည်း သက်ရောက်မှုရှိနိုင်ပါသည်ဟု ဆိုပါသည်။

          လယ်ယာလုပ်ငန်းများအခြေ မလှခဲ့သော အချိန်တွေလည်း ရှိခဲ့ဖူးပါ သည်။ မိမိတို့ပိုင် လယ်ယာခြံမြေ  ဆုံးရှုံးခဲ့ရသည့်ဘဝကို လက်တွေ့ ခံ စားခဲ့ရသော လယ်သမားကြီး Ken Woitaszewski တစ်ယောက် ယခုထိ တိုင် ပြန်လည်သတိရနေသေးသည်။ သူတို့မိသားစုပိုင် လယ်ဧက ၅ဝဝ ကို ၁၉၈၅ ခုနှစ်က ဘဏ်အပေါင် ဆုံးခဲ့ဖူးသည်။ ထိုစဉ်က လက်ထပ် ပြီးစ အသက် ၂၄ နှစ် အရွယ်ရှိ လယ်သမားကလေး ကင် ခမျာ ထွန် စက်နောက်တွဲ Trailer ကို အိမ်လုပ် ပြီးနေခဲ့ရသည်။ သူနှင့် သူ့ညီအစ်ကို သုံးယောက်လုံး ကြုံရာကျပန်းအလုပ် တွေနှင့် ဝမ်းကျောင်းနေခဲ့ကြရသည်။ Woita-szewski ကိုယ်တိုင်က အခြားသူတစ်ဦး၏ လယ်ယာမြေမှာ လူငှားအဖြစ် ဝင်ရောက်လုပ်ခဲ့ရသည်။ သူကလယ်ယာသုံး စက်ကိရိယာတွေ ကို အငှားတပ်ဆင်ပေးရပြီး သူ့ညီ နှစ်ယောက်က Drill လွန်ဖောက် သမားတွေအဖြစ် လုပ်ခဲ့ကြရသည်။

          Woitaszewski က အတိတ်ကို ပြန်သတိရတိုင်း သူ့ဖခင်ခမျာ ငွေ ကြေးအကျပ်အတည်းကြား ဘယ်လို ရုန်းကန်ခဲ့ရသလဲဆိုတာ မစဉ်းစား တတ်အောင်ပါဟု ပြောပါသည်။ သူ့ အဖေသည် အလွန်ရိုးသားပြီး ရှေး ဆန်ကြောင်း သူသိထားသည်။ ယခု  ခေတ်လယ်သမားတွေက ပွင့်လင်း ကြတယ်လို့ သူယူဆခဲ့သည်။ ၁၉၈ဝ ပြည့်လွန်စမှာ အတိုးနှုန်းတွေက မြင့်တော့ ခြံလုပ်ငန်းရှင်တွေ ငွေကြေး ပြန်မဆပ်နိုင်ဘဲ လယ်ယာမြေတွေကို ဘဏ်ကြီးတွေ လက်ထဲထိုးအပ်ခဲ့ကြ ရသည်။ သူတို့ ညီအစ်ကိုတစ်တွေ ရသမျှငွေစုပြီး သူ့ဖခင်ပိုင်ခဲ့သော မြေ၏ လေးပုံတစ်ပုံသာသာ ဧက ၁၆ဝ ကို ပြန်ရွေးယူနိုင်ခဲ့သည်။ ထို လယ်ဧက ၁၆ဝ သည် သူတို့ညီ အစ်ကိုတွေ လယ်သမားအဖြစ် ပြန် လည်ရပ်တည်နိုင်ဖို့ အရင်းအနှီးဖြစ် လာခဲ့သည်။ နောက်တစ်ကြိမ် သည် လို မကြုံစေရဘူးဟု Woitaszewski က ကြုံးဝါးခဲ့သည်။ ပထမနှစ်တွေမှာ အတော် ရုန်းကန်ကြရသည်။ သီးနှံ ဈေးတွေကကျ၊ လယ်ယာဝင်ငွေ အကျိုးအမြတ်က မတည်ငြိမ်ခဲ့၊ သူ တို့လယ်တွေထပ်မပေါင်ဘဲ တတ်နိုင် သမျှ ချိုးခြံချွေတာခဲ့ရသည်။ ထွန် စက်တွေပျက်လျှင် ကိုယ်တိုင်ပြင် သည်။ ညီအစ်ကိုတွေလည်း ကြုံရာ ကျပန်း အလုပ်တွေကို အချိန်ရသလို  ဝင်လုပ်နေခဲ့ရသည်။ လယ်ယာမြေ အတွင်း သိုလှောင်ရုံများကို ကိုယ်တိုင် ဆောက်သည်။ အခြားလယ်သ မားတွေ အခက်အခဲကြုံလာပြန်သော အခါ မြေယာဈေးက ကျလာတော့ Woitaszewski တို့တွေ ဈေးသက် သက်သာသာနှင့် မြေဝယ်ဖို့ အခွင့် အရေးရလာသည်။ သူတို့မှာ လို အပ်ချက်တွေသိပ်မရှိတော့။ ချေးငှား ဖို့လည်း မလိုတော့။ သူတို့ညီအစ်ကို တွေ ကံကောင်းခဲ့ကြသည်။ ၁၉၉ဝ ပြည့်နှစ်တွင် သူတို့ညီအစ်ကို တစ်စု ဧက ၁၂ဝ ဝယ်နိုင်ခဲ့သည်။ ၁၉၉၄ ခုနှစ်မှာ နောက်ထပ် ဧက ၄ဝ ထပ် ဝယ်နိုင်ခဲ့သည်။ အဲသည်မြေဝယ်ပြီး မြေဈေးတွေတက်လာလိုက်တာ တစ် ဧက ဒေါ်လာ  ၂ဝဝဝ ဖြစ်လာသည်။  ယနေ့တော့ Woitaszewski ညီအစ် ကိုတွေ ပိုသောမြေမှာ ဧက ၁ဝဝဝ ဖြစ်လာခဲ့သည်။ မြေဈေးတွေက တစ် ဧကလျှင် ဒေါ်လာ  ၄ဝဝဝ ဖြစ်လာ ရာ သူတို့ ညီအစ်ကိုပိုင် မြေသက် သက်ပင် ဒေါ်လာ ခြောက်သန်းဖိုး ရှိလာပါသည်။

          နောက်တစ်ဦးကတော့ John Willoughby ဖြစ်သည်။ သူကမြေဧက ၂ဝဝဝ ပိုင်ပါသည်။ သူ့ယောက္ခမ   ဆုံးသော ၁၉၉၂ ခုနှစ်မှာမှ အချိန် ပြည့်လယ်သမားစစ်စစ် ဝင်လုပ်ခြင်း ဖြစ်သည်။ ယခင်က ဘဏ်စာရေးလုပ် ခဲ့ဖူးသည်။ သူဘဏ်က အလုပ်ထွက် ပြီး လယ်သမားဝင်လုပ်တော့ လယ် သမားအများစုနှင့် လူအချို့က ဒီလူ ရူးတာပဲဟု မှတ်ချက်ပေးကြသော ဟူ၏။ ယခုအခါ သူ အလုပ်ပြောင်း တာမှန်ကြောင်း လက်တွေ့သိလာရ သည်။ ယခု ၂ဝ၁၁ ခုနှစ် သူ့လယ် ယာက အမြတ်ငွေ ၂၅ ရာခိုင်နှုန်း ကျော်မည် ခန့်မှန်းထားသည်။ လွန် ခဲ့သော နှစ်အနည်းငယ်အတွင်း သူ့ ဇနီးသည်က အိပ်ခန်းကြီး ငါးခုပါ သော အိမ်တစ်လုံးကို ဆောက်နိုင်ခဲ့ သည်။ သမီးလေးယောက်ရှိရာြေ<ွကး မြီကင်းကင်းနှင့် တက္ကသိုလ်ကိုပို့ နိုင်တော့မည်ဟု ဆိုပါသည်။

          သူရသမျှ အမြတ်တွေကို လယ် ယာလုပ်ငန်းမှာပဲ ပြန်မြှုပ်နှံသည်။  သို့မှသာ နောင် ချေးရ ငှားရ သက် သာပြီးအတိုးမပေးရဘဲ နေနိုင်မည်ဟု ဆိုသည်။ လွန်ခဲ့သောနှစ်က ထွန်စက် အသစ်အတွက်ဒေါ်လာ ၂၂ဝဝဝဝ၊ သိုလှောင်ရုံ တစ်ခုအတွက် ဒေါ်လာ ၆ဝဝဝဝ၊ ဆေးဖျန်းစက်အတွက် ဒေါ်လာ ၃ဝဝဝဝ သုံးခဲ့သည်။ သူ လွန်ခဲ့သော သုံးနှစ်က လုပ်ငန်းကို ဧက ၁၆ဝ နှင့် လုပ်ငန်းစခဲ့သည်။ ရှေးဆန်ပြီး ချွေတာတတ်သည်။ သူ့ အနေဖြင့် လယ်သမားအဖြစ် ပင်ပန်း ကြီးစွာလုပ်ကိုင်ခဲ့ရခြင်း ငွေအလ ဟဿ မဖြုန်းတီးနိုင်ပါဟုဆိုသည်။ အမေရိကန် လယ်သမားတို့ လုပ်ငန်း တိုးတက်မှုနှင့် အဆင်ပြေလာချိန်တွင် တစ်ဘက်မှာ အမေရိကန်အစိုးရ၏ြေ<ွကးမြီပြဿနာ ပေါ်လာပြီး စိုက်ပျိုး ရေးအတွက်  အခွန်အခ သက်သာခွင့် တွေ ရပ်ဆိုင်းပစ်လိုက်သည်။ ကုန် သွယ်ရေးအတားအဆီးကိုလည်း ရပ် ဆိုင်းဖို့ အထက်လွှတ်တော်မှာ ဇွန်လ ကမဲပေးခဲ့ကြပါသည်။ ပြည်ပက ပြောင်းဖူးတင်သွင်းခွင့် တားဆီးထား ချိန်မှာ အမေရိကန် လယ်သမားတွေ ဇီဝလောင်စာကုန်ကြမ်းဖြစ်သော ပြောင်းဖူးကို ဈေးကောင်းကောင်းနှင့် ရောင်းချခဲ့ရာ အကျိုးအမြတ်ရခဲ့ကြ ပါသည်။

ြေ<ွကးမြီကိစ္စနှင့် ပတ်သက်၍ ကွန်ဂရက်လွှတ်တော်တွင် လယ်ယာ လုပ်ငန်းကို ဦးစားပေးဆွေးနွေးကြဖို့ ရှိသည်။ ယခင်က သဘောတူ ထားခဲ့ သော လယ်သမားများ ထောက်ပံ့ ငွေ ဒေါ်လာ သန်း ၁၉ဝဝဝ ထဲတွင် တိုက်ရိုက် ငွေသားအဖြစ် ထုတ်ပေး ရန် သန်း ၈ဝဝဝ ပါဝင်သည်။ ဤဥပဒေကို အများက ကန့်ကွက်နေ သည်။ ဥပဒေအရ ထောက်ပံ့ငွေမှာ (ဂျုံလို၊ပြောင်းလို) Grain Crops တွေ ကို ဦးစားပေးထား၍သော်လည်း ကောင်း၊ Commercial Farms ကြီး တွေနှင့် ငွေကြေးပြည့်စုံသော်လည်း ဝါသနာအရ လယ်ယာလုပ်ငန်းကို လုပ်နေသူများအား ထောက်ပံ့ပေးသ ကဲ့သို့  ဖြစ်နေသောကြောင့်ဖြစ်သည်။ ထိုသူတွေမှာ ငွေကြေးပြည့်စုံပြီးဖြစ်၍ အထောက်အပံ့မလိုဟုဆိုသည်။ Iowa Farm Bureau ကတော့ ယခုနှစ်က စ၍ Direct Payment ခေါ်သည့် ငွေ သားတိုက်ရိုက်ထုတ်ပေးခြင်းကို ရပ် ဆိုင်းတော့မည်ဟု ဆိုပါသည်။ လယ်သမား Woitaszewski ကတော့ လောလောဆယ် လယ်သမားတွေ စီး ပွားရေးတိုးတက်လာသဖြင့် ထောက်ပံ့ ငွေမှာ နည်းလာခဲ့ပြီဟုဆိုပါသည်။ သူရသော Direct payment ငွေမှာ သူပိုင်ဆိုင်သော အဆောက်အအုံ အသုံးအဆောင်တို့အတွက် အခွန်အခ ပေးနိုင်ရုံလောက်ပဲ ရပါတော့သည်ဟု ဆိုသည်။

          အချို့ကလည်း Congress က ပေးသော ထောက်ပံ့ကြေးမှာလယ် သမားတွေအခြေအနေကောင်းလာ သည်နှင့် ရပ်ဆိုင်းလိုက်မှာကို စိုးရိမ် နေကြပါသည်။ စင်စစ်တော့ လယ် ယာလုပ်ငန်းမှာ အရင်းအနှီး များ စွာဝင်ပါသည်။ လယ်ယာလုပ်ငန်းခွင် တွင် လုပ်လိုသူ အလုပ်သမားရှား ပါးလာသည်။ အစစအရာရာမှာ စက်ဖြင့် မပြီးနိုင်ပါ။ စက်မောင်း မည့်သူ၊ စက်က ထွက်လာသော ပစ္စည်းကို ထိန်းသိမ်းမည့်သူ စသည် တို့မှာ လူ့လုပ်အားကို တိုက်ရိုက်သုံး ကြရသဖြင့် စရိတ်ကြီးလာသည်။ လူ သားတို့  သဘာဝလွင်ပြင်လေတိုက်၊ မိုးရွာ၊ နေပူဒဏ်မခံလိုကြပေ။ သက် သောင့်သက်သာ လုပ်ကိုင်စားသောက် လိုကြသည်။ မြန်မာနိုင်ငံမှာလည်း ဆောက်လုပ်ရေးလုပ်ငန်း၊  စက်ရုံများ၊ ဆက်သွယ်ရေးလုပ်ငန်း၊ အဝေးပြေး ကားလုပ်ငန်းတွေက ကျေးလက်မှ လယ်သမားလူငယ်များကို ဆွဲခေါ်နေ ကြရာ လယ်ယာလုပ်သား ရှားပါး လာသည်။ လယ်ယာထွက်ကုန်ထုတ် လုပ်မှုစရိတ်ကြီးလေးလာသည်။ ယခု ခေတ်စပါး တစ်ဧကစိုက်မှာ ကျပ် နှစ်သိန်းမှ နှစ်သိန်းခွဲလောက်ကုန်မှ အပြီးအစီး သန့်စင်ပြီး အိတ်သွတ်ပြီး ရသည်။ စပါးစိုက်နေစဉ် စားသုံး စရိတ်၊ အခြား စရိတ်စကအခွန်အခ စသည်တို့ကရှိသေးရာ စပါးတင်း ၁ဝဝ ကို နှစ်သိန်းခွဲလောက်သာ ဈေး ပေါက်လျှင် လယ်ရှင်များမှာ ရှုံးဖို့ သေချာသည်။

          ယေးလ်တက္ကသိုလ်မှ ပညာရှင် Robert Shiller ကတော့ လယ်ယာ လုပ်ငန်းမှာ ပူဖောင်းတွေ အများကြီး ပဲဟုပြောပါသည်။ မမျှော်လင့်ဘဲ ကုန်စရာ၊ မရေရာတာတွေများတယ် ဟု ဆိုလိုဟန်တူပါသည်။ စိုက်ပျိုး ရေး ဘောဂဗေဒပညာရှင် အများစုက တော့ အာရှနှင့်ကမ္ဘာ့အခြားဒေသတွေ မှာ စားနပ်ရိက္ခာ-Food Demand လိုအပ်မှုတွေရှိနေဆဲဖြစ်သည်။ နောင် လည်း လူဦးရေ တိုးတက်မှုအရ အစားအစာလိုအပ်မြဲ လိုအပ်နေမည်ဖြစ် ရာ ကမ္ဘာ့အထွေထွေ စီးပွားရေးတွေ ကောင်းလာလျှင်လည်း အစားအစာ ရိက္ခာဈေးတွေကတော့ တက်နေဦးမှာ  ဟု ခန့်မှန်းကြပါသည်။

          အမေရိကန် လယ်သမားများ အတွက် စိုက်ပျိုးရေးနည်းပညာသစ် တွကလည်း အဆင်သင့် စောင့်နေ ကြရာ ထုတ်လုပ်မှုစွမ်းအားမြှင့်တင် လာနိုင်ပါသည်။ ဇီဝပြုပြင်ထားသော မျိုးစေ့များရလာသောအခါ ရေကုန် သက်သာပြီး ဓာတ်မြေသြဇာ၊ ပိုး သတ်ဆေးနည်းနည်းဖြင့် အထွက် တိုးသော မျိုးတွေရလာနိုင်သည်။ ယခင်က အပင်ရေ ၆ဝဝဝဝ သာ စိုက်လေ့ရှိသောသီးနှံများကို ၁ဝဝဝဝဝ ထိသော်လည်းကောင်း၊ နှစ်ဆသော် တိုး၍သော်လည်းကောင်း စိုက်လာ နိုင်သည်။ ၁၉၈ဝ ပြည့်လွန်နှစ်မှ စတင်ကာ တစ်ဧက ပြောင်းဖူးစေ့ တင်း ၉ဝ သာထွက်ခဲ့ရာ ယခု တစ် ဧက ၁၅၂ တင်း ထွက်လာပြီဟုဆိုသည်။ သံသယတော့ဖြစ်စရာ ပင်။ လယ်ယာမြေဈေးတွေတက်လာသည်နှင့် လယ်သမားတွေ ချမ်းသာလာမည်ဟု ခန့်မှန်းကြသည်။ အမေရိကန်လယ်သမား တွေ နာလန်ထူနိုင်အောင် နိုင်ငံရပ်ခြား တိုးတက်ဖြစ်ပေါ်မှုတွေ ကလည်း တွန်းအားပေးသုလိုရှိသည်။ အမေရိကန်တွေ တစ်နှစ် လျှင် လူတစ်ဦး ပျမ်းမျှအသား ပေါင် ၂၅ဝ စားသည်။ အိန္ဒိယက တစ်နှစ် လူတစ်ဦး အသား ၁ဝ ပေါင်စားသည်။ တရုတ်နိုင်ငံက လူတစ်ဦး ပေါင် ၁ဝဝ စားလာသည်။ အမေရိ ကန်တွင် လူဦးရေ သန်း ၃ဝဝ ခန့်သာရှိရာ နှစ်စဉ် အသား ပေါင် သန်း  ၇၅ဝဝဝ လိုအပ်လာမည်။ အိန္ဒိယတွင် လူဦးရေ သန်း ၁၄ဝဝ ခန့်ရှိရာ အသားလိုအပ်ချက် တစ်နှစ်အတွက် ပေါင် သန်း ၁၄ဝဝဝဝ ဖြစ်ရာ အမေရိကန်ပြည်ထောင်စုထက် တစ်ဆပိုနေသည်။ အသားအတွက် အသားစားနွားများကျွေးရန် ပြောင်းဖူးပိုလိုလာမည်။ ဝက်၊ ကြက်တို့အတွက်လည်း ပြောင်းဖူးစေ့ လိုလာသည်။ ပြောင်းဖူးစေ့ကို ဇီဝလောင်စာချက် လုပ်လာသဖြင့် ပြောင်းဖူးစေ့ဈေးသည် လွန်ခဲ့သောနှစ် ၂ဝ၁ဝ တွင်မှာပင် နှစ်ဆတက်ပြီး တစ်တင်းလျှင် ၆.၈၁ ဒေါ်လာ ရောက်လာခဲ့သည်။ အမေရိကန်၏ ပြည်ပပို့ ပဲပုပ်အားလုံး၏ ထက်ဝက်ကျော်ကို တရုတ်ပြည်သို့ ပို့နေရသည်။ ပဲပုပ်ဈေး လည်းတက်လာသည်။ သို့အားဖြင့် အမေရိကန်လယ်ယာ လုပ်ငန်းနှင့် လယ်သမားတို့ တစ်ကျော့ပြန် စန်းပွင့်လာပြီ ဆိုသည်မှာ ဟုတ်တန်ရာသည်။ 

သုတကျော်

Source :  :  If you want to become rich

Page 36  Time July 2011.

သုတကျော်
 
Untitled Document
Khin Lin said...
Sunday 20 January 2013, 3:00 pm
Appreciate the view of author! In Burma, we should have same approach too. Burma is unfortunately far behind from the world, and best from the worst is we still have chance to take a benefit from others. Good article Ko Thu Ta Kyaw!
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: zaygwet1997@gmail.com Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.