2013-5-20
HOME
ABOUT US
CONTACT US
 
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
၁၄ ကြိမ်မြောက် အင်္ဂလိပ်ဘာသာ သင်ကြားရေး နှီးနှောဖလှယ်ပွဲတွင် ဦးဆောင်ဆွေးနွေးမည့် မြန်မာနိုင်ငံသား အင်္ဂလိပ် ဘာသာ သင်ကြားရေး ပညာရှင်များအား ဖိတ်ခေါ်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... ၈၁၄
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ခေတ်ပြိုင်စီးပွားအမြင်
သူကြွယ်ကြီး George Soros ရဲ့ အတွေးအမြင်

George Soros ဆိုတဲ့ ပုဂ္ဂိုလ်ကိုတော့ သိကြမှာပါ။ မကြာသေးမီ ၂ဝ၁၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက် နေ့က သူ့မိသားစုနဲ့ အတူ မြန်မာနိုင်ငံကို လာရောက်လည်ပတ်ခဲ့ပြီး ဇန်နဝါရီလ ၂ ရက်နေ့မှာ မြန်မာနိုင်ငံ မှ ပြန်လည်ထွက်ခွာ သွားခဲ့တယ်လို့  မီဒီယာတွေမှာ ဖော်ပြခဲ့တယ်။ ကမ္ဘာ့နိုင်ငံရေးလောကမှာတော့ သူ့ကို ဒီမိုကရေစီ ထွန်းကားရေး အားပေးအားမြှောက် လုပ်ပေးသူလို့ သိထားကြတယ်။

          ဒါပေမယ့် သူတကယ် ကျွမ်းကျွမ်းကျင်ကျင် ကျင်လည်ကျက်စားတဲ့ နယ်ပယ်က ငွေကြေး ဘဏ္ဍာလောက ဖြစ်ပါတယ်။ သူ့ကို ရင်းနှီး မြှုပ်နှံသူရဲ့ ရင်းနှီးမြှုပ်နှံသူ Investor's Investor လို့တောင် ခေါ်ကြတယ်။  ဒီလိုခေါ်ကြတဲ့ အကြောင်းကလဲရှိတယ်။

          သူဟာ တစ်နေ့တည်း ရင်းနှီးမြှုပ်နှံရုံနဲ့ စံချိန်ချိုးလောက်အောင် အမြတ်အစွန်း မြိုးမြိုးမြက်မြက် ရဖူးတယ်။ ၁၉၉၂ ခုနှစ်က သူဟာ ဗြိတိ သျှ ပေါင်စတာလင် ငွေကြေးကို ယှဉ် ပြိုင်ပြီး အလောင်းအစားလုပ်ခဲ့တယ်။  ၂၄ နာရီအတွင်းမှာ စတာလင် Sterlin ဟာ တန်ဖိုး ၂ဝ ရာခိုင် နှုန်း ကျဆင်းသွားခဲ့ရတဲ့အပြင် ဗြိတိန် ဟာ ဥရောပ ငွေဖလှယ်နှုန်းစနစ်ထဲ  က ကပြာကယာ နုတ်ထွက်လိုက်ရ တယ်။

          ဂျော့ဆိုးရော့စ်ရဲ့ သူဌေးဖြစ် ခွေး ဖြစ် လောင်းကြေးထပ်ရာမှာ အနိုင် ရလိုက်တဲ့အတွက် သူ့အနေနဲ့ တစ် နေ့တည်းမှာ အမေရိကန်ဒေါ်လာ တစ်ဘီလီယံ မြတ်စွန်းခဲ့တယ်။ ဗြိ တိသျှ အစိုးရကတော့အရှက်ကွဲသွား တယ်။ ဂုဏ်သတင်းကြီးမားလှတဲ့ အင်္ဂလိပ် ဗဟိုဘဏ်- Bank of England ကြီး အရှုံးပေါ်ပြီး မျက်နှာ မပြရဲဖြစ်သွားတယ်။ အင်္ဂလိပ်တွေ  ကတော့ ဆိုးရော့စ်ကို အင်္ဂလိပ် ဗဟိုဘဏ်ကို မွဲပြာကျစေသူThe man who broke the bank of England လို့ စိတ်နာနာနဲ့ ခေါ်နေကြ ဆဲဖြစ်ပါတယ်။

          ဆိုးရော့စ်ဟာ ရင်းနှီးမြှုပ်နှံမှု နယ်ပယ်မှာပဲဖြစ်ဖြစ် နိုင်ငံရေး နယ် ပယ်မှာပဲဖြစ်ဖြစ် အလုပ်လုပ်ရင် ကြီး ကြီးမားမားတွေ လုပ်တတ်တယ်။ သူ ဟာ အရှေ့ဥရောပနဲ့ အာရှတစ်လွှား မှာ ဒီမိုကရေစီ နိုးထ ရှင်သန်စေဖို့ အတွက် သူ့ကိုယ်ပိုင်ငွေတွေကို ဘီ လီယံနဲ့ချီ သုံးစွဲပြီး အားနဲ့မာန်နဲ့ ကူညီထောက်ပံ့မှုတွေ လုပ်တယ်။ ဘာကြောင့်လဲဆိုတော့သူဟာ နာဇီ စနစ်နဲ့ ကွန်မြူနစ်စနစ်တွေရဲ့ အနိဋ္ဌာ ရုံတွေကို သူကိုယ်တိုင် မျက်ဝါး ထင်ထင် မြင်တွေ့ခံစားခဲ့ဖူးတဲ့ အတွက် ဖြစ်တယ်။

          သူဟာ အခုတော့ အသက် ၈ဝ ရှိနေပါပြီ။ အရင်ကလိုလဲ စွန့်စွန့်စား စား ရင်းနှီးမြှုပ်နှံမှုတွေ မလုပ်တော့ ဘူး။ သူ့ရဲ့ရင်းနှီးမြှုပ်နှံမှုသက်တမ်း နှစ် ၆ဝ လောက်အတွင်းမှာ အခုလို ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိတဲ့ အဖြစ်နဲ့ ကြုံတွေ့ရတာဟာ ဒါဟာ ပထမဆုံး အကြိမ်ဖြစ်တယ်လို့ ဆိုးရော့စ်ကဆိုတယ်။ ဒါပေမယ့် သူ့အနေနဲ့ ခိုင်မာတဲ့ကုမ္ပဏီတွေမှာ တော့ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်နေ တုန်းပဲလို့ သူနဲ့ လုပ်ဖော်ကိုင်ဖက် တွေက ထောက်ပြကြတယ်။

          သူကတော့ သူ့ရဲ့ ရင်းနှီးမြှုပ်နှံ  မှု လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ပြော လေ့ပြောထမရှိဘူး။ ဒါက သူ့ရဲ့ ကိုယ်ရေးကိုယ်တာလုပ်ငန်းလို့ သဘော ထားတယ်။ နောက်တစ် ချက်က သူ့လုပ်ငန်းတွေကို ထုတ် ဖော်ပြောရင် အခြားသူတွေက အကွက်ရိုက်တယ်၊ အကြံ ဖန်လုပ် တယ်လို့ ထင်ကြမှာကိုလဲ သူ စိုး ရိမ်တယ်။ ဒါပေမယ့် သူ့အနေနဲ့  လုံးဝရင်းနှီးမြှုပ်နှံမှုမလုပ်တဲ့ ကဏ္ဍ တစ်ခုရှိတယ်။ သူက ရွှေကို ရှောင် တယ်။ ရွှေမှာ ရင်းနှီးမြှုပ်နှံမှု မလုပ် ဘူး။ ဘာကြောင့်လဲဆိုတော့ ရွှေဟာ  နောက်ဆုံး အန္တိမ ပူဖောင်းကြီး-The Ultimate Bubble ပဲလို့သူက မြင် တယ်။ ဒါကြောင့် သူဟာ ငွေသား Cash ကိုပဲ လက်ထဲ ကိုင်ထား တယ်။

          ဆိုးရော့စ်ဟာ ဘယ်ငွေကြေးက  မာတယ်၊ ဘယ်ငွေကြေးက ပျော့ တယ်ဆိုတာကို အမြဲလေ့လာ စောင့် ကြည့်နေသူဖြစ်ပေမယ့် ပေါင်စတာ လင်တုန်းကလိုတော့ အလောင်းအစား လုပ်လိုစိတ်မရှိတော့ဘူး။ အခုကတော့ အရင်က စိတ်ဓာတ်နဲ့ ပြောင်းပြန် ဖြစ် နေတယ်။ လောလောဆယ်မှာ သူက ယူရိုငွေ ပြိုလဲမသွားအောင် ကြိုးပမ်း ကြဖို့ ဥရောပ ခေါင်းဆောင်တွေကို  တိုက်တွန်းလျက်ရှိတယ်။

          ယူရိုငွေ ရှင်သန်ဖို့လိုတယ်။ ယူရို ဇုန်ပြိုလဲ သွားရင် ဥရောပ တစ်ခုလုံး အရည်ပျော်ကျသွားနိုင်တယ်။ ဥရောပ ပြိုလဲသွားရင် ကမ္ဘာလဲ တောင့်ခံဖို့ မလွယ်ဘူး။ ဒါကြောင့် ယူရိုငွေ ပြို လဲမခံနိုင်ဘူးလို့ ဆိုးရော့စ်က ထောက် ပြတယ်။ သူကိုယ်တိုင်လဲ ယူရိုကို အားပေးတဲ့အနေနဲ့ အမေရိကန် ဒေါ် လာ နှစ်ဘီလီယံဖိုးလောက် ယူရို ဘွန်း တွေ European Bonds ဝယ်ယူထား တယ်။

          ဆိုးရော့စ်ဟာ နယူးယောက်မြို့ Seventh Avenue မိုးမျှော် အဆောက် အအုံရဲ့ ၃၃ ထပ်မှာ ရုံးခန်းဖွင့်ထား တယ်။ အခုလိုအချိန်မှာ ချမ်းသာြ<ွကယ်ဝရေးထက် ရှင်သန်ရေးက ပိုပြီး အရေးကြီးတယ်လို့ သူကဆိုတယ်။  ပြီးတော့အခုအခါမှာ ပိုင်ဆိုင်ပစ္စည်း တွေကို အကာအကွယ်လုပ်ရမယ့်အ ချိန်လဲမဟုတ်ဘူးလို့ သူက ဆိုတယ်။  အရေးကြီးတာက အန္တရာယ်ကို ရှောင် ရှားဖို့ဖြစ်တယ်လို့ သူက ဖော်ညွှန်း တယ်။

          ဒီကနေ့ကမ္ဘာကြီးဟာ ခေတ် သစ် သမိုင်းမှာ အင်မတန် အန္တရာယ်  များတဲ့ ခေတ်ဆိုးကြီးနဲ့ ရင်ဆိုင်ကြုံ တွေ့နေရတယ်လို့ သူက ရှုမြင်သုံး သပ်တယ်။ ဥရောပဟာဝရုန်းသုန်း ကားဖြစ်မှုတွေ ပဋိပက္ခတွေထဲ ကျ ဆင်းသွားတော့မယ့်ကိန်း ရင်ဆိုင်နေရ တယ်။ အမေရိကန်နိုင်ငံမှာလဲ Occupy Wall Street ဆန္ဒပြမှုတွေ  ဆက်တိုက်ဖြစ်ပေါ်နေတယ်။ ဒါကို အစိုးရက အကြမ်းပတမ်းနည်းတွေ အသုံးပြုပြီး နှိမ်နင်းခဲ့မယ်ဆိုရင် ပြည် သူ့ လွတ်မြောက်ရေး ပျောက်ကွယ် သွားနိုင်တယ်။ နောက်ဆုံးမှာတော့ ဂလိုဘယ် စီးပွားရေးစနစ်တောင်ပြို လဲသွားနိုင်တယ်လို့ ဆိုးရော့စ်ကသုံး သပ်တယ်။ 

          သူက ခုလို ဆက်ပြီးပြောပြပါ သေးတယ်။ အခုအခါ အလွန့်အလွန် ခက်ခဲတဲ့ အချိန်နဲ့ ရင်ဆိုင်နေကြရ တယ်။ ဖြစ်ရပ်တော်တော်များများကို  ၁၉၃ဝ နှစ်များက ကမ္ဘာ့စီးပွားပျက် ကပ် Great Depression နဲ့ နှိုင်းယှဉ် ကြည့်နိုင်တယ်။ ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ  ငွေကြေးသုံးစွဲမှုတွေ လျော့နည်း ကျ ဆင်းလာတယ်။ ဒီလုပ်ရပ်က စီးပွား ရေးတိုးတက်မှုကို ခြိမ်းခြောက်နေ တယ်။ အကောင်းဆုံးအနာဂတ် ဖြစ် နိုင်ခြေကတော့ စီးပွားရေး ဆုတ်ယုတ် နိုင်ပြီး အဆိုးရွားဆုံး ရှေ့အလားအလာ ကတော့ ဘဏ္ဍာရေးစနစ် ပြိုလဲသွား နိုင်ခြေရှိတယ်။

          တကယ်တော့ ဆိုးရော့စ်ဟာ ရင်းနှီးမြှုပ်နှံတဲ့ လုပ်ငန်းတွေကို နှစ် ၆ဝ လောက် ဆက်တိုက်လုပ်လာခဲ့သူ  ဖြစ်တဲ့အတွက် သူ့မှာ စီးပွားရေးတစ် ခုရဲ့ အတက်၊ အကျကို ကြိုတင်မှန်း ဆသိမြင်နိုင်စွမ်းရှိတယ်။ ဒါကြောင့် သူ့ရဲ့သတိပေးချက်ကို အလေးဂရုပြု  သင့်ကြတယ်လို့ အချို့က ဆိုတယ်။ ဆိုးရော့စ်က ''ကျွန်တော်ဟာ ဒီ ထက်မက ဆိုးရွားတဲ့ အခြေအနေ တွေကို ကြုံတွေ့ခဲ့ရပြီး ရှင်သန် လွတ် မြောက်လာခဲ့သူပါ''လို့ သူ့ဘဝ အကြောင်းတစေ့တစောင်း ပြောပြ တတ်တယ်။

ဘဝအတွေ့အကြုံ

          ၁၉၄၄ ခုနှစ်၊ မတ်လမှာ သူ့ရဲ့ ဇာတိ ဟန်ဂေရီနိုင်ငံကို နာဇီ ဂျာမန် စစ်သားတွေ ကျူးကျော်ဝန်ရောက် လာခဲ့တဲ့ အချိန်မှာ သူ့အသက်က ၁၃ နှစ်သာသာပဲရှိသေးတယ်။ ဂျာမန် စစ် သားတွေဟာ ရက်သတ္တပတ် ရှစ်ပတ် အတွင်းမှာ ဟန်ဂေရီ ဂျူး သန်းဝက် လောက်ကို တိုင်းပြည်က မောင်း ထုတ်ပြီး အတော်များများကို Auschwitz လို့ လူသိများတဲ့ ဂျူးလူ မျိုးသုတ်သင်ရေးစခန်းဆီ ပို့ပစ်ခဲ့ ကြတယ်။

          ဒီဖြစ်ရပ်ကို သူ ဒီကနေ့ အထိ မြင်ယောင်နေမိသေးတယ်။ ဂျူးတွေ ကို ကယ်တင်နိုင်ဖို့ကြိုးစားခဲ့ကြတဲ့ ခရစ်ယာန်တွေနဲ့ ဂျူးတွေရဲ့ ရုပ် အလောင်းတွေကို ဓာတ်မီးတိုင်တွေ ပေါ်မှာ တွဲလောင်းချိတ်ဆွဲထားကြ တယ်။ အချို့ရုပ်အလောင်းတွေရဲ့ ဦး ခေါင်းတွေ ဟက်တက်ကွဲနေတာကို တောင် လှမ်းမြင်ကြရတယ်။

          ဒီအထဲမှာ ဆိုးရော့စ်တို့ မိသားစုဟာ သူ့ဖခင် Tivadar ရဲ့ ကျေးဇူးကြောင့် လွတ်မြောက် ရှင်သန်ခဲ့ကြတယ်။ သူတို့မိသားစု အတွက် သူ့ဖခင်ဟာ အလိမ်အညာ လုပ်ထားတဲ့ သက်သေခံ အထောက်အထားတွေ  တင်ပြနိုင်ခဲ့တယ်။ အဲဒီနောက်ပိုင်း သိပ်မကြာမီမှာပဲ ရုရှားတပ်တွေ ရောက်လာခဲ့ပြီး နာဇီတွေကို တိုက် ခိုက်နှင်ထုတ်ပစ်ခဲ့ပြန်တယ်။ ဒီတော့ အစောပိုင်းကာလ ဖက်ဆစ်ဝါဒ -Fascism ကို ကွန်မြူနစ်ဝါဒလို့ခေါ်တဲ့ အကြွင်းမဲ့ အာဏာရှင် စနစ်သစ်တစ်ခုက ဝင်ရောက်စိုးမိုး ခြယ်လှယ် လာပြန်တော့တယ်။ စစ်ပြီး နောက်ပိုင်းကာလမှာ ဆိုဗီယက်တို့ရဲ့ အုပ်ချုပ်မှု တဖြည်းဖြည်း တင်းကျပ် လာတော့ ဆိုးရော့စ်ဟာ ကနဦး လန်ဒန်မြို့ဆီ ထွက်ခွာလာခဲ့တယ်။ နောက်တော့မှ နယူးယောက်မြို့မှာ လာ ရောက်အခြေချဖြစ်ခဲ့တာပါ။

အတိတ်မှ သင်ခန်းစာ

          ဒီကနေ့ ဂလိုဘယ် စီးပွားရေး ပြဿနာဟာ သိသိသာသာ အရေးပါ တယ်။ ပြီးတော့ခန့်မှန်းဖို့ မလွယ် ဘူး။ အတပ်ပြောရခက်တယ်။ ကွန် မြူနစ်ဝါဒ ကျဆုံးချိန်ကလိုပဲ။ ''ဆို ဗီယက်စနစ်ပြိုလဲမှုဟာ ထူးခြားတဲ့ ဖြစ်ရပ်တစ်ခုဖြစ်တယ်။ လောလော ဆယ် ဖွံ့ဖြိုးပြီးကမ္ဘာ Developed World မှာလဲ အလားတူ အတွေ့ အကြုံမျိုးနဲ့ ရင်ဆိုင်နေကြရတယ်။ တကယ်ဘာဖြစ်နေသလဲဆိုတာကို နား မလည်ကြဘူး။ အပြည့်အစုံ မသိ ကြဘူး''လို့ ဆိုးရော့စ်က ရှုမြင်တယ်။

          ဈေးကွက်တွေဟာ အကျိုးသင့် အကြောင်းသင့်နှိုင်းနှိုင်းယှဉ်ယှဉ် ဆင် ခြင်နိုင်စွမ်းရှိပြီး သူ့ဘာသာသူ အန္တရာယ်ကို ရှောင်ရှားထိန်းညှိနိုင် တယ်။ Markets are rational and can regulate themselves to avert disaster ဆိုတဲ့ စွမ်းရည်ပြည့်ဝတဲ့ ဈေးကွက်များ Efficient Markets အယူအဆ မမှန်ကန်ဘူးလို့ ပြောဆို လာကြမှုဟာ ဘာနဲ့အလားတူသလဲ ဆိုရင် နိုင်ငံရေးစနစ် တစ်ရပ်အဖြစ်  မာ့ခ်ဝါဒ Marxism ပြိုလဲသွားခဲ့မှုနဲ့ တူတယ်လို့ ဆိုးရော့စ်က သုံးသပ် တယ်။

          ''အခုခေတ်မှာ အနက်ဖွင့်ဆိုမှု တွေဟာ တလွဲတချော်တွေ ဖြစ်လာ တယ်။ ခြောက်ပြစ်ကင်းသဲလဲစင်  အသိပညာကို အခုတော့ အမှန်လို့  ယူဆလာကြတယ်။ ဒါဟာ အမှန် တရားနဲ့ သိပ်ပြီးအလှမ်းကွာဝေးလွန်း  တယ်။ လူတွေအနေနဲ့ ဒီကနေ့ ပြဿ နာတွေကို မည်မည်ရရ နားလည် သဘောပေါက်ဖို့အတွက် အကြောင်း ယုတ္တိ ခေတ် Age of Reason  ကနေ ပြီး ယုတ္တိမှားတတ်မှုခေတ် Age of Fallibility ဆီသို့ ရွေ့လျားသွားနိုင် ဖို့ လိုတယ်'' လို့ ဆိုးရော့စ်က ထောက်ပြတယ်။

          နားလည်သဘောပေါက်မှုဟာ  အဓိက အချက်ပဲလို့ သူကဆိုတယ်။  ''အထိန်းအချုပ်မရှိတဲ့ ယှဉ်ပြိုင်မှု တွေဟာ လူတွေကို တစ်နည်းအားဖြင့်  သူတို့အနေနဲ့ နောင်တရစိတ် ထိခိုက် နိုင်တဲ့ လုပ်ဆောင်မှုတွေဆီ တွန်းပို့ နေတယ်။ ပစ္စက္ခ အခြေအနေရဲ့  ကြေကွဲဖွယ်ဖြစ်ရပ်ဟာ တစ်ဝက် တစ်ပြက် နားလည်သဘောပေါက်မှုရဲ့ မရည်ရွယ်တဲ့ အကျိုးဆက်ဖြစ်တယ်။ ကမ္ဘာပေါ်မှာ ဖြစ်ပေါ်နေတဲ့ မကောင်း မှုဒုစရိုက် အတော်များများဟာ တကယ်တော့ ရည်ရွယ်ပြီး လုပ်တာ တွေမဟုတ်ပါဘူး။ ဘဏ္ဍာရေး စနစ်  ထဲမှာ ပါဝင်လှုပ်ရှားနေကြသူ အတော် များများကလဲ ရည်ရွယ်မှုမရှိဘဲနဲ့ ထိ ခိုက်နစ်နာအောင် အများအပြားလုပ် ခဲ့ကြတယ်''လို့ သူက ပြောကြားခဲ့ တယ်။

          တစ်ချိန်တစ်ခါက အရှေ့ဥရောပ  နိုင်ငံတွေ နိုင်ငံရေးအရ ရုန်းကန် လှုပ် ရှားခဲ့ကြရသလို ဒီကနေ့ အနောက် နိုင်ငံတွေမှာလဲ ဘဏ္ဍာရေး စကြဝဠာ ရဲ့ ဆိုးမွေတွေနဲ့ ရုန်းကန်နေကြရ တယ်လို့ ဆိုးရော့စ်က သုံးသပ်တယ်။  သူဟာ အနောက်နိုင်ငံတွေရဲ့ ယနေ့ ခေတ်ဘဏ္ဍာရေး လောကို ဝေဖန်တဲ့ နေရာမှာ မှားယွင်းတယ် - Wrong ဆိုတဲ့ ဝေါဟာရကို သိပ်မသုံးကြဘဲ  ထူးထူးခြားခြား ဆိုးယုတ်တယ် - evil လို့ သုံးနှုန်းတာတွေ့ကြရတယ်။

          ဒါပေမယ့် ဆိုးရော့စ်ဟာ ဒီဈေး ကွက်တွေမှာရင်းနှီးမြှုပ်နှံခဲ့ပြီး ကျိကျိတက် ချမ်းသာလာသူ တစ်ဦး ဖြစ်ပါတယ်။ သူဟာ အချုပ်အခြာ အာဏာပိုင် အစိုးရများထက်တောင် ပိုပြီး အာဏာပါဝါရှိတဲ့ ရင်းနှီးမြှုပ် နှံသူဖြစ်ခဲ့ဖူးတယ်။ Bank of England ကို မွဲပြာကျအောင်လုပ်ခဲ့သူ၊ ဗြိတိသျှ စားသုံးသူတွေရဲ့ အိတ်ကပ်ထွေထဲ ကငွေတွေကို တစ်နေ့တည်းမှာ ငါးပုံ တစ်ပုံလောက် တန်ဖိုးကျသွားအောင် လုပ်ခဲ့သူ၊ ပြီးတော့  ဘုရှ်အစိုးရကို စီးပွားရေးအရ အရည်အချင်း ပြည့်ဝမှု မရှိဘူးလို့ နစ်နစ်နာနာ ပြောဆိုခဲ့ဖူးသူ ဖြစ်တယ်။ အရင် မလေးရှားဝန်ကြီး ချုပ်-Mahathir Mohamad က ဆိုး ရော့စ်ကို ဥာဏ်မရှိတဲ့ အကောင်လို့ တောင် မှိုချိုးမျှစ်ချိုး ပြောခဲ့ပါသေး တယ်။ သူက နယူးယောက်မြို့ လမ်း မတွေပေါ်မှာ ဆန္ဒပြမှုတွေဖြစ်ပေါ်လာ လိမ့်မယ်လို့ ကြိုတင်ဟောကိန်းထုတ် ခဲ့တယ်။ သူပြောတဲ့အတိုင်းပဲ နယူး ယောက်လမ်းမကြီးတွေပေါ်မှာ ဝေါစ ထရိ သိမ်းပိုက်ပြ- Occupy Wall Street  ဆန္ဒပြမှုတွေ ထွက်ပေါ်လာ တယ်။ ဒါကြောင့် တချို့က ဆိုးရော့စ် ဟာ ကနေဒါနိုင်ငံက Adbusters ကိုငွေကြေးထောက်ပံ့ပေးကမ်းမှုတွေ  လုပ်ပြီး Occupy လှုပ်ရှားမှု မီးကို မွှေးပေးခဲ့တယ်လို့ စွပ်စွဲခဲ့ကြတယ်။ ဆိုးရော့စ်က မဟုတ်ရပါဘူးလို့ ငြင်းခဲ့ တယ်။

          ဆိုးရော့စ်မှာ Open Society Institute လို့ခေါ်တဲ့ ကိုယ်ပိုင် အဖွဲ့ အစည်းတစ်ခု တည်ထောင်ထား တယ်။ အဲဒီအဖွဲ့ကနေပြီး တစ်နှစ်မှာ အမေရိကန် ဒေါ်လာ သန်း ၅ဝဝ ဖိုး လောက် ပေးကမ်းလှူဒါန်းမှုတွေ ပြုလုပ်တယ်။ အထူးသဖြင့် နိုင်ငံ တကာမှာ ဒီမိုကရေစီ ထွန်းကားရေး အတွက် ဆောင်ရွက်နေကြတဲ့ အသင်း အဖွဲ့တွေကို ငွေကြေး ထောက်ပံ့တယ်။ ၂ဝဝ၈ ခုနှစ် အမေ ရိကန် ရွေးကောက်ပွဲမှာ ဘုရှ်မနိုင်ရ အောင် ဆန့်ကျင်ဘက် ပါတီကို ငွေ ကြေးထောက်ပံ့ခဲ့တယ်။

          ဒီလို လှူဒါန်းနိုင်လောက်အောင်  ငွေအမြောက်အမြားကို သူရဲ့ ရင်းနှီး မြှုပ်နှံမှုလုပ်ငန်းက ရရှိတယ်။ သူရဲ့ ရင်းနှီးမြှုပ်နှံမှု ဖန် The Quantum Fund ဟာ အမေရိကန် ဒေါ်လာ ၂၆ ဘီလီယံလောက် အင်အားတောင့် တင်းတယ်။ အဲဒီကရတဲ့ အမြတ်ငွေ တွေနဲ့ သူက အလှူအတန်းလုပ် နေ တာပါ။ ရင်းနှီးမြှုပ်နှံ ရေးလုပ်ငန်း တွေ မရေရာ မသေချာဖြစ်လာတဲ့ အတွက် သူ့ Fund မှာ အပြင်လူ တွေရဲ့ ရင်းနှီးမြှုပ်နှံငွေတွေကို ၂ဝ၁၁ ခုနှစ်ကစပြီး လက်မခံတော့ဘူး။

          ၂ဝ၁ဝ ပြည့်နှစ်က အိန္ဒိယနိုင်ငံ ရဲ့ Bombay Stock Exchange မှာ အမေရိကန်ဒေါ်လာ တစ်ဘီလီယံ လောက် ရင်းနှီးမြှုပ်နှံခဲ့တယ်။ ဒါ ကြောင့် သူဟာ အိန္ဒိယဈေးကွက်မှာ ထဲထဲဝင်ဝင် ပါဝင်ခွင့်ရလာတယ်။  ရင်းနှီးမြှုပ်နှံသူတွေဟာ အများအား ဖြင့် ရေရှည်အကျိုးစီးပွား ဖြစ်ထွန်း  နိုင်တယ်လို့ မြင်တဲ့နေရာတွေမှာ ရင်း နှီးမြှုပ်နှံမှု လုပ်တတ်ကြတယ်။ သူတို့ အနေနဲ့ စီးပွားရေး အလားအလာတွေ ကိုသာ ခန့်မှန်းကြရတာ မဟုတ်ဘဲ  နိုင်ငံတွေရဲ့ နိုင်ငံရေး မိုးလေဝသ အခြေအနေတွေကိုလဲ အကဲခတ် စောင့်ကြည့်နေကြရသေးတယ်။

          အထိန်းအကွပ်မဲ့ ဈေးကွက်တွေ မှာ ရင်းနှီးမြှုပ်နှံမှု လုပ်ရင်း ဘီလီယံ နြာ<ွကယ်သူဌေးကြီးဖြစ်လာခဲ့တဲ့ ဆိုး ရော့စ်ဟာ ခုတော့ တော်တော်ကြီး ပြောင်းလဲသွားပါပြီ။ အခုတော့ သူက  ဈေးကွက်ကို ထိန်းကျောင်းဖို့ လို တယ်လို့ ပြောဆိုနေပါပြီ။ လောလော ဆယ်မှာ ယူရိုငွေကြေးပြိုလဲမှာ  သူ အတော်စိုးရိမ်နေတယ်။ ယူရိုသာ ပရမ်းပတာ ပြိုကွဲသွားရင် ဥရောပ တစ်နံတစ်လျားမှာ ပဋိပက္ခတွေ  ဖြစ် ပေါ်ပြီး အမျိုးသားရေးဝါဒ Nationalism ပြန်လည် ခေါင်းထောင် လာမှာ သူစိုးရိမ်တယ်။

          ဥရောပဟာ လွန်ခဲ့တဲ့ ရာစုနှစ် များက ဒီအမျိုးသားရေးဝါဒ ခလောက်ဆန်မှုကြောင့် စစ်ကြီးတွေ  ဖြစ်ပြီး သွေးချောင်းစီးခဲ့ရတယ်။  အမျိုးသားရေးဝါဒဟာ သူစိမ်း ကြောက်မှု - Xenophobia ကို ဖန် ဆင်းပုံဖော်တတ်တယ်။ နိုင်ငံခြား သားတွေ၊ မတူတဲ့ လူမျိုးစုနွယ်တွေ ကို ဖယ်ရှားပစ်ချင်တယ်။ ဟစ်တ လာလက်ထက်မှာ ဂျူးလူမျိုးတွေကို သုတ်သင်ဖယ်ရှားခဲ့သလိုမျိုး။ အခုလဲ ဥရောပမှာ အတိုင်းအတာ သေးသေး နဲ့ ဒါမျိုးတွေရှိနေတယ်။ ပမာအားဖြင့် တစ်နေရာတည်းမှာ အတည်တကျ နေထိုင်လေ့မရှိကြတဲ့ ဂျစ်ပစီ Gypsies လူမျိုးတွေ၊ ရိုမာ - Roma လူမျိုး တွေကို နှင်ထုတ်နေကြသလိုမျိုးပေါ့။ ပြီးတော့ အခုအခါ ဥရောပမှာ အခြေ ချနေထိုင်ဖို့ ရောက်လာကြတဲ့ မွတ် စလင်တွေကိုလဲ လက်မခံချင်ကြ တော့ဘူး။

          ၂ဝ၁၂ ခုနှစ်အတွင်းမှာ ဂရိနိုင်ငံ  ဟာြေ<ွကးမြီ ပြန်မဆပ်နိုင် Default ဖြစ်လာနိုင်တယ်။ ဥရောပခေါင်း ဆောင်တွေဟာ ပြဿနာရင်းမြစ်ကို ဖြေရှင်းဖို့ မကြိုးပမ်းဘဲ ခေတ္တခဏ ငြိမ်းအေးသွားအောင်ပဲ လုပ်နေကြ တယ်လို့ ဆိုးရော့စ်က မြင်တယ်။ ဥရောပခေါင်းဆောင်တွေဟာ ကိုယ့် ပြဿနာ ကိုယ်ဖြေရှင်းနိုင်ပါလျက်နဲ့ မဖြေရှင်းဘဲ ပြင်ပအကူအညီတွေကို လွဲမှားစွာ မျှော်လင့်စောင့်စားနေကြ တယ်။ တရုတ်က ဥရောပကို ကယ် တင်မှာလား။ မကယ်တင်ပါဘူးလို့ ဆိုးရော့စ်က ယတိပြတ်  ပြောကြားခဲ့ တယ်။

          ၂ဝ၁၂ ခုနှစ်အတွက် မျှော်လင့် ချက်ရောင်ခြည်တစ်ခုကတော့ ထွန်း သစ်စ ဈေးကွက်တွေ Emerging Markets ပဲလို့ သူကဖော်ညွှန်းတယ်။ ပြီးတော့အရှေ့အလယ်ပိုင်းဒေသ - Middle East မှာ ဒီမိုကရေစီ အသွင် ပြောင်းရေးလှုပ်ရှားမှုတွေ ကျယ် ကျယ်ပြန့်ပြန့် ထွက်ပေါ်လာတယ်။  အာဖရိကတိုက်မှာ ဒီမိုကရေစီနှင့် စီးပွားရေး တိုးတက်မှုတွေ မြင်တွေ့ လာရတယ်။ အာဏာရှင်တွေ တဖြုတ်ဖြုတ် ပြုတ်ကျသွားတယ်။  ရုရှားနိုင်ငံမှာတောင် ပြုပြင်ပြောင်းလဲ ရေး တောင်းဆိုသံတွေ ကြားလာကြ ရတယ်။ ပွင့်လင်းတဲ့ လူ့ဘောင် အဖွဲ့ အစည်းအတွက် ကမ္ဘာ့ပြည်သူတွေရဲ့ အားတက်သရောဖြစ်မှုဟာ အင်မတန် မှကျေနပ်အားရစရာကောင်းပါတယ် လို့ ဆိုးရော့စ်က ထောက်ပြတယ်။

          ကြုံတွေ့ခဲ့ရသမျှ ပြဿနာတွေကို မေ့မပစ်ဖို့ အရေးကြီးတယ်လို့ သူကဆိုတယ်။ ဘာကြောင့်လဲဆိုတော့ ပြဿနာ တက်နေချိန်မှာ  မဖြစ်နိုင်တာတွေ ဖြစ်လာနိုင်တယ်လို့ သူက ဆိုတယ်။ ဥရောပသမဂ္ဂ European Union ဟာ ပြန်လည် လင်းလက် တောက်ပလာနိုင်တယ်။  အမေရိကန် ပြည်ထောင်စုဟာ တစ်နည်းနည်းနဲ့ အားအင်တွေ ပြန်လည် ပြည့်ဖြိုးလာ နိုင်တယ်လို့ ဆိုးရော့စ်က  အမှောင် ထဲကအလင်းရောင်တန်းကလေးတွေ ကိုလဲ မီးမောင်းထိုးပြခဲ့ပါသေးတယ်။ 

 မင်းရွှေမောင်

Ref: Jonh Arlidge: " Billionaire - Provocateur George Soros" Newsweek Jan 30, 2012.

မင်းရွှေမောင်
 
Untitled Document
ူlwin tun said...
Tuesday 19 June 2012, 4:29 am
Good idea.
moe ar kar said...
Thursday 29 March 2012, 3:33 pm
In 1997, during the Asian financial crisis, the Prime Minister of Malaysia Mahathir bin Mohamad accused Soros of using the wealth under his control to punish the Association of Southeast Asian Nations (ASEAN) for welcoming Myanmar as a member. Following on a history of antisemitic remarks, Mahathir made specific reference to Soros' Jewish background ("It is a Jew who triggered the currency plunge"[31]) and implied Soros was orchestrating the crash as part of a larger Jewish conspiracy. Nine years later, in 2006, Mahathir met with Soros and afterwards stated that he accepted that Soros had not been responsible for the crisis.[32] In 1998's The Crisis of Global Capitalism: Open Society Endangered Soros explained his role in the crisis as follows:

  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: zaygwet1997@gmail.com Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.