2013-5-20
HOME
ABOUT US
CONTACT US
 
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
ဖက်ဒရယ်အကြောင်း တိုင်းရင်းသားပြည်သူများ ပိုမိုနားလည်ရန် ရည်ရွယ်၍ ဖက်ဒရယ်ဂျာနယ် ပြည်တွင်းတွင် ပထမဦးဆုံး စတင်ထုတ်ဝေ
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... ၈၁၄
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ခေတ်ပြိုင်စီးပွားအမြင်
ကုန်ပစ္စည်းအပြိုင် တင်သွင်းခြင်း

    ကုန်စည်အပြိုင်တင်သွင်း ခြင်း parallel importation  ဆို သည်မှာ မူလပိုင်ရှင်က ကုန်စည် ကို ထုတ်လုပ်၍ တရားဝင် ရောင်း ချပြီးနောက် ဝယ်ယူသူက ဈေးနှုန်း ကွာခြားမှုအပေါ် အမြတ်ရယူရန် တင်ပို့ရောင်းချခြင်းဟု ဆိုလိုပါ သည်။ ဥပမာအားဖြင့် တီထွင်မှု မူ ပိုင်ခွင့် patentကုန်အမှတ်တံဆိပ်  tardemark နှင့် မူပိုင်ခွင့် copyright တို့ကို မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထားပါက အဆိုပါ ကုန်ပစ္စည်းကို အခြားသူ third party က နိုင်ငံခြားဈေးကွက်အတွင်းမှ ဝယ်ယူ၍ မြန်မာနိုင်ငံသို့ တင်သွင်း ရောင်းချလျှင် မူလပိုင်ရှင် ၏ မူပိုင်ခွင့်ကို ချိုးဖောက်ရာ ရောက်မရောက် အငြင်းပွားနိုင်ပါသည်။ (ဥပမာအဖြစ်တင်ပြခြင်း ဖြစ်ပါသည်၊ မြန်မာနိုင်ငံတွင် အသိ ဥာဏ်ပစ္စည်းမူပိုင်ခွင့်နှင့်ပတ်သက်၍ ခေတ်မီဥပဒေများမရှိသေးပါ။) ယေဘုယျမူသဘောမှာ အသိဥာဏ်ပစ္စည်းမူပိုင်ခွင့် ရရှိထားသော ကုန်ပစ္စည်းများ၏ ပိုင်ရှင်သည် မိမိပစ္စည်းများကို ဈေးကွက်တွင် ဖြန့်ဖြူးရောင်းချခွင့်မှာ ၄င်း၏သီးသန့်အခွင့် အရေး ဖြစ်ပါသည်။
    တစ်ဖက်တွင်လည်း အသိဥာဏ်ပစ္စည်း မူပိုင်ခွင့်နှင့် အကျုံးဝင်သော ကုန်စည်များ၏ ပိုင်ရှင်သည် မိမိပစ္စည်းကို ဈေး ကွက် အတွင်းသို့ မိမိကိုယ်တိုင် ဖြစ်စေ၊ မိမိ၏သဘောတူညီချက် ဖြင့်ဖြစ်စေ တင်ပို့ရောင်းချလိုက် သည်နှင့် ထိုပစ္စည်းအပေါ် တစ်စုံ တစ်ရာထိန်းချုပ်နိုင်ခွင့်မှာ ရပ်စဲသွားပြီဖြစ်သည်။ ပစ္စည်းကိုပထမအကြိမ် ဈေးကွက်သို့ တင်ပို့လိုက်သည်နှင့်တစ်ပြိုင်နက် ထို ပစ္စည်း ကို မည်သို့ ဆက်လက်ဖြန့်ဖြူးစေကာမူ ၄င်း၏ ထိန်းချုပ်နိုင်ခွင့်မှာ ပြီးဆုံးသွားပြီ ဖြစ်ပါသည် (First Sale Doctrine)။ ဈေး ကွက် အတွင်းဝယ်ယူသူ၊ ပြန်လည်ရောင်း ချသူများက လွတ်လပ်စွာ ဖြန့်ဖြူး ရောင်းချခွင့် ရရှိသွားပြီ ဖြစ်ပါ သည်။ အသိဥာဏ်ပစ္စည်း ပိုင်ရှင် အနေဖြင့် မူပိုင်ခွင့်ဆိုင်ရာ ခံစား ခွင့်များ ရရှိခံစားပြီးဖြစ်သဖြင့် မိမိ ၏ ပစ္စည်းကို ဝယ်ယူသူများက လွတ်လပ်စွာ ဖြန့်ဖြူးရောင်း ချခွင့် ကို ခွင့်ပြုရမည်သာ ဖြစ်ပါသည်။
    အသိဥာဏ်ပစ္စည်း မူပိုင် ခွင့် အခွင့်အရေးမှာ နယ်မြေဒေသ တစ်ခုအတွင်းသာ ရရှိနိုင်သော အခွင့်အရေး ဖြစ်ပါသည် territoriality principle။ နိုင်ငံတစ် နိုင်ငံတွင် မူပိုင်ခွင့် ရရှိပြီးဖြစ်ပါက တစ်ကမ္ဘာလုံးတွင် အလိုအလျောက်  မူပိုင်ခွင့်ရရှိသော အခွင့် အရေး မဟုတ်ပါ။ နိုင်ငံ A တွင် တီထွင်မှု မူပိုင်ခွင့် (patent)၊ ကုန်အမှတ် တံဆိပ် trademark နှင့် မူပိုင်ခွင့် copyright အခွင့်အရေး ရရှိထား သူသည် နိုင်ငံ A တွင် ¤င်း၏ကုန် ပစ္စည်းကို ရောင်းချလိုက်ပါက ¤င်း ၏မူပိုင်ခွင့် အခွင့်အရေးများမှာ ကုန်ဆုံးသွား ပြီ ဖြစ်ပါ သည်။ သို့ သော် ၄င်းက အခြားနိုင်ငံများတွင် ပါ မူပိုင်ခွင့်အခွင့်အရေးများကို မှတ်ပုံတင်ထားပြီးဖြစ်ပါက ¤င်း၏ ကုန်ပစ္စည်းများကို ထိုနိုင်ငံများတွင် ရောင်းချခြင်း၊ တင်သွင်းမှုကို တား မြစ်ခြင်း၊ နစ်နာကြေး တောင်းဆို ခြင်းတို့ကို ဆောင်ရွက်နိုင်ပါသည်။ ¤င်း၏ မူပိုင် ခွင့်ကို ချိုးဖောက် သော တင်သွင်းမှုများကို တားဆီး ပေးရန်အတွက် အကောက်ခွန် အရာရှိများထံ တောင်းဆိုပိုင်ခွင့် ရှိပါသည်။ ယင်းသဘောတရားနှင့် ဆန့်ကျင်သော မူသဘောတရား မှာ အသိÓဏ်ပစ္စည်းတစ်ခုကို မည်သည့်နေရာတွင် ရောင်းချ လိုက် သည်ဖြစ်စေ၊ ထိုသို့ရောင်းချ ပြီးသည်နှင့်တစ်ပြိုင်နက် အသိဥာဏ် ပစ္စည်းပိုင်ရှင်၏ မူပိုင်အခွင့် အရေးမှာ ပြီးဆုံးချုပ်ငြိမ်းသွားပြီ ဟူသော မူသဘောတရားလည်း ရှိ ပါသည်။ယခုဆောင်းပါးတွင် ဂျပန်နိုင်ငံတွင် လက်တွေ့ဖြစ်ပွားခဲ့သော အမှုအခင်းအချို့ကို တင်ပြ လိုက်ပါသည်။
    ပထမဦးစွာ တင်ပြလို သော အမှုမှာ BBS case (1997)    ဖြစ်ပါသည်။ ဂျာမနီနိုင်ငံမှ ကား ဘီးများကို ထုတ်လုပ်ရောင်းချသော BBS Kraftfahrzeug Technik GMBH & Co.KG   သည် ¤င်း၏ တီထွင်မှု မူပိုင်ခွင့်ကို ဂျာမနီနှင့် ဂျပန် နှစ်နိုင်ငံလုံးတွင် ရရှိထား သည်။ အလူမီနီယံကားဘီး BBS- RS and RSK ကားများအတွက်) များကို ဂျာမနီနိုင်ငံရှိ Y1 ဆိုသူက Y2 သို့ ရောင်းချသည်။ Y2 က အဆိုပါကားဘီးများကို ဂျပန်ဈေး ကွက်သို့ ဆက်လက်တင်ပို့ရောင်း ချသည်။ ထိုအခါ ဂျာမနီကုမ္ပဏီက ¤င်း၏ပစ္စည်းများမှာ ဂျပန်ဥပဒေအရ တီထွင်မှု မူပိုင်ခွင့် ရရှိထားသော ပစ္စည်းများဖြစ်သဖြင့် ၄င်း၏အခွင့်အရေးကို ချိုးဖောက်ရာရောက်ကြောင်း တရားစွဲ ဆိုပါသည်။ တိုကျိုခရိုင်တရားရုံးက ယခုကဲ့သို့ တီထွင်မှု မူပိုင်ခွင့်ပိုင်ရှင်၏ သဘောတူ ခွင့်ပြုချက်မရှိဘဲ တင် သွင်းခြင်း၊ ရောင်း ချခြင်း၊ သုံးစွဲခြင်းတို့သည် ဂျပန်နိုင်ငံ၏ တီထွင်မှု မူပိုင်ခွင့်ဥပဒေကို ချိုး ဖောက်ရာရောက်ကြောင်း ဆုံးဖြတ် ခဲ့ပါ သည်။
     ထိုအခါ Y တို့က တိုကျို တရားလွှတ်တော်သို့ အယူခံမှု တင်သွင်းခဲ့သည်။ တိုကျိုတရား လွှတ်တော်က အောက်ပါအတိုင်း စဉ်းစားသုံးသပ်ခဲ့ပါသည်။
-    BBS ကုမ္ပဏီသည် ¤င်း၏ ပစ္စည်းကို တရားဝင် ရောင်းချခဲ့ ပြီးဖြစ်သဖြင့် တီထွင်မှု မူပိုင်ခွင့် အခွင့်အရေးကို ခံစားပြီး ဖြစ် ကြောင်း၊
-    BBS ကုမ္ပဏီသည် တီထွင်မှု အတွက် အခကြေးငွေ အပါ အဝင် ကုန်ပစ္စည်း၏ ဈေးနှုန်းကို လွတ်လပ်စွာ သတ်မှတ်ရောင်းချ ခဲ့သဖြင့် Domestic Exhaustion Dortrine (or) First  Sale Doctrine  အရ အခွင့်အရေးကို နှစ်ကြိမ်ခံစားခွင့် မရှိကြောင်း၊
-    ကုန်စည်အပြိုင်တင်သွင်းခြင်း parallel importation  ပြုရာ တွင် BBS ကုမ္ပဏီသည် မိမိ၏ တီထွင်မှုအတွက် ထိုက်သင့် သည့် အခကြေးငွေ ခံစားပြီးဖြစ် သဖြင့် Domestic Exhaustion Doctrine  အရ အမြတ်ရရှိမှု တွင် တစ်စုံတစ်ရာ ကွာခြားမှုမရှိ ကြောင်း၊
-    ဂျာမနီနိုင်ငံတွင် တရားဝင် ရောင်းချပြီးဖြစ်သဖြင့် ဂျပန်နိုင် ငံရှိ တီထွင်မှု မူပိုင်ခွင့်မှာ ချုပ် ငြိမ်းသွားပြီဖြစ်ကြောင်း international exhaustion doctrine။ BBS ကုမ္ပဏီက ဂျပန် တရားလွှတ်တော်ချုပ်သို့ ထပ်မံ အယူခံတင်သွင်းသည့်အခါ ဂျပန် တရား လွှတ်တော်ချုပ်က အောက် ပါအတိုင်း စဉ်းစားသုံးသပ်ခဲ့ပါ သည်။
-    ယခုအမှုမှာ ဂျပန်နိုင်ငံရှိ တီ ထွင်မှု မူပိုင်ခွင့် အခွင့်အရေးပိုင် ရှင်က ¤င်း၏ အခွင့်အရေးကို အတည်ပြုပေးရန် လျှောက်ထား မှုဖြစ်သဖြင့် Paris Convention (or) territoriality principle  နှင့် မသက်ဆိုင်ကြောင်း၊
-    ဂျပန်နိုင်ငံရှိ တီထွင်မှု မူပိုင်ခွင့် အခွင့်အရေးအရ မိမိပစ္စည်းကို ဂျပန်ဈေးကွက်တွင် ရောင်းချပြီး ပါက တီထွင်မှု မူပိုင်ခွင့်အတွက် အကျိုးအမြတ်ကို ခံစာရရှိသွားပြီ ဖြစ်သဖြင့် ၄င်း၏အခွင့်အရေး မှာ ချုပ်ငြိမ်းသွားပြီဖြစ်ကြောင်း၊ သို့ရာတွင် အခြားနိုင်ငံ တွင် ရောင်း ချခြင်းဖြစ်လျှင်မူ ဂျပန် နိုင်ငံရှိ တီထွင်မှု မူပိုင်ခွင့် အခွင့် အရေးကို ထပ်မံခံစားခွင့် မရှိ တော့ကြောင်း၊
-    နိုင်ငံတကာ ကုန်စည်ကူးသန်း ရောင်းဝယ်ကြရာတွင် ကုန် ရောင်းကုန်ဝယ်ပြုခြင်းနှင့် တီ ထွင်မှု မူပိုင်ခွင့် အခွင့်အရေးကို မျှတစွာ ချိန်ဆရန်လိုကြောင်း၊ ဂျပန်နိုင်ငံတွင် တီထွင်မှု မူပိုင်ခွင့် ရရှိထားသူက ¤င်း၏ကုန် ပစ္စည်းကို နိုင်ငံခြားတွင် ရောင်း ချလိုက်ရာ ထိုကုန် ပစ္စည်းများကို ဂျပန်နိုင်ငံသို့ စီးပွားဖြစ် ပြန်လည်တင်ပို့ခြင်း၊ အသုံးပြုခြင်း၊ ရောင်းချခြင်းကိုလက်ခံခွင့်ပြုရမည် သာဖြစ်ကြောင်း၊ သို့ဖြစ်၍ ဂျပန်တရားလွှတ်တော်ချုပ်က ''ဂျပန်နိုင်ငံတွင် တီထွင်မှုမူပိုင်ခွင့် အခွင့်အရေး ရရှိထားသူက ၄င်း၏ကုန်ပစ္စည်း ကို နိုင်ငံခြား တွင် ရောင်းချလိုက်လျှင် ထိုတီထွင်မှု မူပိုင်ခွင့် ရရှိထားသူ နှင့် တစ်ဆင့်ပြန်လည်ရောင်းချသူ တို့အကြား ဂျပန်နိုင်ငံသို့ ပြန် လည် တင်ပို့ ရောင်းချခြင်း မပြုပါ ဟု သဘောတူညီထားခြင်း မရှိပါ က ဂျပန်နိုင်ငံသို့ ပြန်လည်တင်ပို့ ရောင်းချခြင်းနှင့်စပ်လျဉ်း၍ ¤င်း၏
မူပိုင်ခွင့် အခွင့်အရေးကို အတည် ပြုပေးရန်(ခံစားနိုင်စေရန်)လျှောက် ထားခွင့် မရှိ'' ဟု ဆုံးဖြတ်ခဲ့ပါ သည်။ သို့ဖြစ်၍ BBS ကုမ္ပဏီ အမှုရှုံးသွားပါသည်။
    ဆက်လက်၍ Fred Perry case (2003)  အမှုကို တင် ပြလိုပါသည်။ Fred Perry Sport-swear Limited (FPS)  သည် ဗြိတိသျှကုမ္ပဏီဖြစ်ပါသည်။ Perry ကုန်အမှတ်တံဆိပ်ကို ဂျပန်၊ တရုတ်နိုင်ငံ အပါအဝင် နိုင်ငံ ပေါင်း ၁၁ဝ တွင် မှတ်ပုံတင်ထားပါ သည်။ Y သည် FPS ၏ ခွင့်ပြု ချက်ဖြင့် Fred Perry  ကုန်အမှတ် တံဆိပ်ပိုင်ရှင်အဖြစ် ဂျပန်နိုင်ငံ တွင် မှတ်ပုံတင်ထားသည်။ X သည် Fred Perry  ကုန်အမှတ်တံ ဆိပ် တပ်ထားသော ပိုလိုရှပ်အင်္ကျီ များကို ဂျပန်နိုင်ငံသို့ တင်ပို့ သည်။
    အဆိုပါ ရှပ်အင်္ကျီများ ကိုစင်္ကာပူကုမ္ပဏီဖြစ်သော OCEA International Pte. Ltd (OCEA)  ၏ တစ်ဆင့်ခံကုမ္ပဏီတစ်ခုက တရုတ်နိုင်ငံတွင် ထုတ်လုပ်ခြင်း ဖြစ်သည်။ FPS နှင့် OCEA တို့ အကြားပြုလုပ်ထားသော သဘော တူစာချုပ်တွင် အဆိုပါ ရှပ်အင်္ကျီ များ ထုတ်လုပ်နိုင်သော နေရာဒေ သများကို သတ်မှတ်ထားရာ ယင်း ဒေသများတွင် တရုတ်နိုင်ငံ မပါ ဝင်ပါ။ သို့ဖြစ်၍ အဆိုပါ ရှပ်အင်္ကျီများကို ဂျပန်နိုင်ငံသို့ တင်ပို့ခြင်းအတွက် နစ်နာကြေးပေးရန် နှင့် တားဝရမ်းထုတ်ဆင့်ပေးရန် Y က လျှောက် ထားခဲ့ခြင်း ဖြစ်ပါသည်။
   အိုဆာကာခရိုင်တရားရုံး က လိုင်စင်စာချုပ်တွင် မပါဝင် သောနေရာ၌ ထုတ်လုပ်ထားသော ရှပ်အင်္ကျီများဖြစ်သဖြင့် ကုန် အမှတ် တံဆိပ် မူပိုင်ခွင့်ကို ချိုး ဖောက်ရာရောက်ကြောင်း ဆုံးဖြတ် ခဲ့ပါသည်။ အဆိုပါ ရှပ်အင်္ကျီများ သည် အစစ်အမှန်များဖြစ်ပြီး ကုန် အမှတ်တံဆိပ်အစစ်များဖြင့် ဂျပန်နိုင်ငံသို့ အပြိုင်တင်ပို့ခြင်းသာဖြစ်၍ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ကို ချိုးဖောက်ရာ မရောက်ကြောင်း ထုချေချက်ကို ပယ်ချခဲ့ပါသည်။
   ဂျပန်တရားလွှတ်တော် ချုပ်ကလည်း ကုန်အမှတ်တံဆိပ် မူ ပိုင်ခွင့် ချိုးဖောက်ခြင်းနှင့် စပ်လျဉ်း ၍ အောက်ပါချက်တစ်ရပ်ရပ်နှင့် ညီညွတ်ပါက ကုန်ပစ္စည်းအပြိုင် တင်ပို့ခြင်းမှာ တရားမဝင်ဟု ဆို နိုင်မည်မဟုတ်ကြောင်း ဆုံးဖြတ်ခဲ့ ပါသည်။
-  အချင်းဖြစ် အင်္ကျီများတွင် ကုန် အမှတ်တံဆိပ်ကို တရားဝင် ကပ်နှိပ်အသုံးပြုခဲ့ရမည်။ထိုသို့ အသုံးပြုရာတွင် ဂျပန်နိုင်ငံ ပြင်ပ (တရုတ်)တွင် ပိုင်ရှင်ဖြစ် သူက သို့မဟုတ် ပိုင်ရှင်ဖြစ်သူ ၏ ခွင့်ပြုချက်ဖြင့် အသုံးပြုခဲ့ ခြင်း ဖြစ်ရမည်။
-    အငြင်းပွားသည့် ကုန်အမှတ်တံ ဆိပ်နှင့် ဂျပန်နိုင်ငံတွင် မှတ်ပုံ တင်ထားသော ကုန်အမှတ် တံဆိပ်တို့တွင် ထုတ်လုပ်ရာ မူ လပင်ရင်းမှာ တူညီကြောင်း ဖော်ပြရမည်။ အငြင်းပွားသည့် ရှပ်အင်္ကျီပါ ကုန်အမှတ်တံဆိပ် နှင့် ဂျပန်နိုင်ငံတွင် မှတ်ပုံတင် ထားသော ကုန်အမှတ်တံဆိပ် တို့၏ ပိုင်ရှင်များမှာ တစ်ဦး တည်းဖြစ်ကြောင်း ဖော်ပြရ မည်။ ¤င်းတို့အကြားတွင် ဥပဒေအရလည်းကောင်း၊ စီးပွားရေးအရလည်းကောင်း ဆက် နွယ်ပတ်သက်မှု ရှိရမည်။
-    ဂျပန်နိုင်ငံသို့ တင်သွင်းသော ရှပ်အင်္ကျီနှင့် ဂျပန်နိုင်ငံတွင် မှတ်ပုံတင်ထားသော ကုန်အ မှတ်တံဆိပ် ကပ်ထားသည့် ရှပ် အင်္ကျီတို့မှာ အရည်အသွေး ကွာခြားမှု မရှိစေရ။
ထို့အပြင် ဂျပန်တရား လွှတ်တော်ချုပ်က ကုန်အမှတ်တံ ဆိပ်ဥပဒေ၏ ရည်ရွယ်ချက်ကို ထည့်သွင်း စဉ်းစားခဲ့သည်။ ကုန် အမှတ် တံဆိပ် ဥပဒေ၏ ရည်ရွယ် ချက်များမှာ စီးပွားရေးလုပ်ငန်း အပေါ် ယုံကြည်မှုကို ထိန်းထားနိုင် ရန်၊ ကုန်ထုတ်လုပ်ငန်း တိုးတက်မှု ကို အထောက်အကူပြုစေရန်နှင့် သုံးစွဲသူတို့၏ အကျိုးစီးပွားကို  ကာကွယ်ပေးရန် ဖြစ်ပါသည်။
ယခုအမှုတွင် ''ကုန် ထုတ်လုပ်ရာ မူလရင်းမြစ်မှာ တူညီ ခြင်းမရှိသဖြင့် အရည်အသွေး ကွာ ခြားမှု ရှိနိုင်ပါသည်။ အချင်းဖြစ် ပွား သည့် ရှပ်အင်္ကျီများမှာ ကုန် အမှတ်တံဆိပ် မူလပိုင်ရှင်၏ ထိန်း ချုပ်မှု၊ ကြီးကြပ်ကွပ်ကဲမှုအောက် တွင် မရှိသဖြင့် အရည်အသွေးပိုင်း တွင် ကွာခြားပါသည်။ သို့ဖြစ်ရာ အစစ်အမှန်ပစ္စည်းကို တင်ပို့ခြင်း ဖြစ်သော်လည်း OCEA ကုမ္ပဏီက လိုင်စင်ပါ ပြဋ္ဌာန်းချက်များကို ချိုးဖောက်ခဲ့သဖြင့် ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ကို ချိုးဖောက်ရာရောက် သော အချက်များ ယခုအမှုတွင် တွေ့ရှိရပါသည်'' ဟု သုံးသပ်ခဲ့ပါ သည်။
နောက်ဆုံးအနေနှင့် Parker Case (1970)  အမှုကို တင်ပြလိုပါသည်။ တရားလို ဂျပန် ကုမ္ပဏီသည် အမေရိကန်နိုင်ငံရှိ The Parker Pen Company  ကုမ္ပ ဏီက ထုတ်လုပ်သော ပတ်ကား ဖောင်တိန်များကို ဂျပန်နိုင်ငံတွင် ရောင်းချပါသည်။ တရား ပြိုင် နိုင်ငံခြားကုမ္ပဏီသည် Parker ကုန် အမှတ်တံဆိပ်ကို ဂျပန်နိုင်ငံတွင် အသုံးပြုရန် အမေရိကန်ရှိ Parker ကုမ္ပဏီထံမှ ခွင့်ပြုမိန့် ရရှိ ထားသည်။ တရားပြိုင်က အိုဆာ ကာ အကောက်ခွန်ရုံးတွင် စာရွက် စာတမ်းများ ပြသ၍ Parker တံ ဆိပ်ပါ ဖောင်တိန်များကို တရားလို အပါအဝင် အခြားသူများ thrid party  က ဂျပန်နိုင်ငံသို့ တင်သွင်း ခြင်းမှာ တရားပြိုင်၏ မှတ်ပုံတင် ထားပြီးဖြစ်သော ကုန်အမှတ်တံ ဆိပ်ဆိုင်ရာ သီးသန့်အခွင့်အရေး  ကို ချိုးဖောက်ခြင်းဖြစ်ကြောင်းနှင့် အဆိုပါပစ္စည်းများကို တားမြစ်ပေး ပါရန် တောင်းဆိုခဲ့သည်။ ထိုအခါ တရားလိုဂျပန်ကုမ္ပဏီက တရား ပြိုင်သည် ကုန်အမှတ်တံဆိပ်ဥပ ဒေအရ ထိုသို့တားမြစ်ပိုင်ခွင့် မရှိကြောင်း တရားစွဲဆိုခဲ့သည်။ အိုဆာကာခရိုင်တရားရုံး က မှတ်ပုံတင်ထားသော ကုန် အမှတ်တံဆိပ်ကပ်ထားသည့် အစစ်အမှန် ကုန်ပစ္စည်းများ အပြိုင်တင် သွင်းခြင်းကို ခွင့်ပြုခဲ့ ပါသည်။ တရားလို တင်သွင်းသော ပစ္စည်းနှင့် တရားပြိုင်တင်သွင်း သော ပစ္စည်း တို့မှာ ပစ္စည်းတစ်မျိုး တည်းဖြစ်ကြောင်း၊ အရည်အသွေး ပိုင်းတွင် ကွာခြားမှုမရှိကြောင်း၊  သုံးစွဲသူများအနေနှင့်လည်း ကုန် ပစ္စည်း အပေါ် ဇဝေဇဝါဖြစ်မှု မရှိ ကြောင်း၊ သို့ဖြစ်၍ ကုန်အမှတ် တံဆိပ် အကာအကွယ်ပေးခြင်းနှင့် စပ်လျဉ်း၍ ထိခိုက်မှုတစ်စုံတစ် ရာ မဖြစ်စေကြောင်း တရားရုံးက သုံးသပ်ခဲ့ပါသည်။
    အထက်ပါအမှုများတွင် ဆုံးဖြတ်ထားချက်များအရ ဂျပန် နိုင်ငံတွင် အစစ်အမှန် ပစ္စည်းများ ကို အပြိုင်တင်သွင်းခြင်းမှာ ကုန် အမှတ်တံဆိပ်ဥပဒေကို ချိုးဖောက် ရာမရောက်ကြောင်း တွေ့ရပါ သည်။ ကုန်ပစ္စည်းများတွင် ကုန် အမှတ်တံဆိပ် ကပ်ခြင်းမှာ ကုန် ပစ္စည်းကို မည်သူက ထုတ်လုပ် ကြောင်း သိရှိစေရန်၊ ကုန်ပစ္စည်း၏ အရည်အသွေးကို အာမခံချက်ပေး  ရန်နှင့် ကုန်ပစ္စည်းများကို နည်း လမ်းတကျ ဖြန့်ဖြူးခြင်းဖြင့် သုံးစွဲ သူများ၏ အကျိုးစီးပွားကို ကာ ကွယ်ပေးရန် ဖြစ်ပါသည်။ အစစ် အမှန်ပစ္စည်းများကို အပြိုင် တင် သွင်းကြခြင်းမှာ ခွင့်ပြုသင့်ကြောင်း တွေ့ရပြီး အစစ်အမှန်ပစ္စည်း ဟုတ် မဟုတ်ကိစ္စမှာ အငြင်းပွား ဖွယ် ရာ ပြဿနာ ဖြစ်ပါ သည်။ ကုန်ပစ္စည်းတစ်ခုမှာ အစစ်အမှန် ပစ္စည်း ဟုတ် မဟုတ် တိုင်းတာရ မည့် အချက်များကို  Fred Perry case တွင် အသေး စိတ် ဖော်ပြထား ပါသည်။
   မြန်မာနိုင်ငံတွင် ကုန် အမှတ်တံဆိပ်နှင့် ပတ်သက်၍ လည်းကောင်း၊ တီထွင်မှု မူပိုင်ခွင့် နှင့် ပတ်သက်၍လည်းကောင်း ကမ္ဘာ့ ကုန်သွယ်ရေးအဖွဲ့  WTO မူ များနှင့်အညီ ဥပဒေသစ် ရေးဆွဲ လျက်ရှိကြောင်း သိရပါသည်။ ကုန် စည်အပြိုင်အဆိုင် တင်သွင်းခြင်း  Parallel importation  နှင့် စပ်လျဉ်း၍ တိတိကျကျဥပဒေ ပြဋ္ဌာန်းထားခြင်းမျိုး မတွေ့မိပါ။ ယနေ့အချိန်တွင် နာမည်ကြီး ကုန် အမှတ်တံဆိပ်ပါ ကုန်ပစ္စည်းများကို ပြည်တွင်းသို့အပြိုင်တင်သွင်းကြရာမှ တစ်ခါတစ်ရံ အငြင်းပွားမှုများပေါ်ပေါက်သဖြင့် သတင်းစာ များတွင် တောင်းပန်စာများထည့်သွင်းဖော်ပြကြသည်ကို တွေ့မြင်ရပါသဖြင့် ယခုဆောင်းပါးကို ရေးသားတင်ပြ လိုက်ရခြင်းဖြစ် ပါသည်။

ဒေါက်တာမင်းသိန်း
 
Untitled Document
h said...
Tuesday 20 November 2012, 1:50 am
h
a said...
Tuesday 20 November 2012, 1:47 am
hi
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: zaygwet1997@gmail.com Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.