ကားနှင့်ကားပစ္စည်းဆိုင်ရာ ၀က်ဘ်ဆိုက်များ
တိုးတက်လာတဲ့ ခေတ် ကြီးနဲ့အတူ ယှဉ်တွဲပါလာတာက တော့ မြို့ပြလူနေမှု အဆင့်အတန်း တစ်ရပ်ပဲ ဖြစ်ပါတယ်။ အဲဒီအထဲ မှာမှ မြို့ပြလူတန်းစားများ သိထား သင့်တဲ့ အချက်အရာတစ်ခုက တော့ ကားအကြောင်းပဲ ဖြစ်လိမ့် မယ် ထင်ပါ တယ်။ နေ့စဉ် ထိတွေ့ နေရတဲ့အရာတစ်ခုဖြစ်တဲ့ ကား အကြောင်းကို တင်ပြချင်ပါတယ်။ ကားနဲ့ ကားပစ္စည်းအကြောင်းတွေ ပါတဲ့ ဝက်ဘ် ဆိုက်လေးတွေကို စာ ဖတ်ပရိသတ် လေ့လာဖို့အတွက် စုစည်းထားပါတယ်။ အဲဒါတွေက တော့ -
www.ford.com
နာမည်ကျော် Ford ဖို့ (တ်) ကားကုမ္ပဏီရဲ့ တရားဝင် ဝက်ဘ်ဆိုက် ဖြစ်ပါတယ်။ ဖို့(တ်) ကုမ္ပဏီ ဘယ်လိုဖြစ်လာပုံ၊ သမိုင်း ကြောင်းကစပြီး ဖို့(တ်)ကားအမျိုး မျိုး၊ မော်ဒယ်အမျိုးမျိုးကို စီးနင်းနိုင် တဲ့ လူအရေအတွက် နဲ့ ဈေးနှုန်း တွေ ပါ ဖော်ပြပေးထားတဲ့အပြင် အာမခံဆားဗစ်စတာတွေလည်း ပါဝင်ပြီး အွန်လိုင်း ကားပြခန်းကို ပါ ဝင်ရောက်ကြည့်ရှုနိုင်မယ့် နေ ရာပါ။
www.japancarpages.com
တိုယိုတာ၊ စူဇူကီးစတဲ့ ဂျပန်အမှတ်တံဆိပ် ကားအမျိုး အစားပေါင်းစုံကို ဈေးနှုန်း(USD)၊ ထုတ်လုပ်တဲ့ခုနှစ်နဲ့တကွ စုစည်း ဖော်ပြပေး ထားပါတယ်။ ကားအ စိတ်အပိုင်း ပစ္စည်းများကိုလည်း ဈေးနှုန်းနဲ့တကွ တွေ့နိုင်ပါတယ်။
www.carvector.com
ကမ္ဘာတစ်ဝှမ်း ကားလေ လံပွဲတွေ ပြုလုပ်တဲ့ Car Vector ကုမ္ပဏီရဲ့ ဝက်ဘ်ဆိုက် ဖြစ်ပါ တယ်။ နိုင်ငံပေါင်းစုံက ကား အမှတ် တံဆိပ်မျိုးစုံ ဖော်ပြပေးထား တဲ့ ကားကတ်တလောက်ကဏ္ဍကို လည်း ဗဟုသုတအဖြစ်ကော အပျင်းပြေအဖြစ်ပါ ဝင်ရောက်လေ့ လာနိုင်ပါတယ်။
www.auctiondatasearch.jp
ကားလေလံပွဲတွေကို စိတ်ဝင်တစား ရှာဖွေလိုသူတွေ အတွက် ကားအမှတ်တံဆိပ်၊ ထုတ်လုပ်တဲ့နိုင်ငံ၊ ခုနှစ် စသည် ဖြင့် အတိအကျ ရှာဖွေနိုင်တဲ့ ဝက်ဘ်ဆိုက် ဖြစ်ပါတယ်။
www.automobile.com
ကားတစ်စီးလုံးနဲ့ ပတ် သက်သမျှ ကားဘော်ဒီပစ္စည်းတွေ၊ ဘရိတ် suspension၊ ဂီယာ၊ အင်ဂျင်၊ ကားအပြင်ဘက် အပြင် အဆင် အစိတ်အပိုင်းတွေ၊ ကားမီး မျိုးစုံ၊ ကားဘီး၊ ကားအတွင်းအပြင် အဆင်အစိတ်အပိုင်း စတာတွေကို တစ်ခုချင်း ရှာဖွေနိုင်တဲ့နေရာပါ။
www.just-auto.com
ကားနဲ့ ပတ်သက်သမျှ သတင်းတွေ၊ ကားထုတ်လုပ်သူတွေ အကြောင်း၊ ကားမော်ဒယ်အသစ် တွေအကြောင်း၊ လူကြိုက်များတဲ့ ကားသန့်တွေအကြောင်းနဲ့ ကား ဝယ်လိုသူတွေအတွက် ကားဝယ် လမ်းညွှန် စတာတွေကိုပါ စုံစုံလင် လင်ဖော်ပြပေးထားတဲ့ ဝက်ဘ် ဆိုက် ဖြစ်ပါတယ်။
www.automobilemag.com
ကမ္ဘာ့နေရာအနှံ့အပြားက ကားသစ်၊ အသုံးပြုပြီး ကားတွေမျိုး စုံ တင်ပေးထားပြီး ကားပြပွဲတွေ အကြောင်းပါ လေ့လာနိုင်တဲ့ ဝက်ဘ်ဆိုက်ပါ။
သူက ကားကဏ္ဍ အပြင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ရေးဆိုင်ရာ အမြင်တွေလည်း တင် ပြပေးထားပါတယ်။ သဘာဝပတ် ဝန်းကျင် ထိန်းသိမ်းရေးအတွက်ပါ အထူးပြင်ဆင် ထုတ်လုပ်ထားတဲ့ ကားတွေကိုလည်း တွေ့ရမှာပါ။
www.edmunds.com
ဆီဒင်၊ ထရပ်၊ မီနီဗန်၊ ဝါဂွန်၊ လတ်ဇရီ၊ ဒီဇယ်စတဲ့ ကား အမျိုး အစားတွေနဲ့ ဟွန်ဒါ၊ ဂျာဂွာ၊ ဖို့(ထ်)၊ ဖာရာရီ၊ ကက်ဒီလက်၊ ရိုးလ် ရွိုက်စ် စတဲ့ ကမ္ဘာ့လူတန်းစား အနည်းငယ်သာ စီးနင်းနိုင်တဲ့ ကား ကောင်းတွေ အကြောင်းပါ ရှာဖွေ ကြည့်ရှုနိုင်တဲ့အပြင် ကိုယ့် ဧရိယာ တစ်ခွင်က အသုံးပြုပြီး ကား ကောင်းကားသန့်တွေကိုပါ ရှာဖွေ နိုင်မှာ ဖြစ်ပါတယ်။
www.aaa.com
အမေရိကန်ကားအသင်း (The American Automobile Association INC.)ရဲ့ အွန်လိုင်း စာမျက်နှာပါ။ အမေရိကအတွင်းအပြင် ကားမောင်းလိုင်စင်အကြောင်း တွေ၊ ကားတင်ပို့ လုပ်ငန်း အကြောင်းတွေ၊ အမေရိက ကား လုပ်ငန်းအကြောင်းတွေ ဖတ်ရှုနိုင် မယ့်နေရာပါ။
www.kentcarcollection.com
ခေတ်ဟောင်း ဂန္ထဝင် (classic) ကားအမျိုးအစားတွေနဲ့ ပြိုင်ကားအမျိုးအစားတွေ ထုတ် လုပ်တဲ့နာမည်ကြီး ကန့်(Kent) အမှတ်တံဆိပ် ကားများ စုစည်းမှု ဖြစ်ပါတယ်။ ကားပုံစံတွေကို ထုတ် လုပ်တဲ့ ခုနှစ်အလိုက် ရုပ်ပုံတွေနဲ့ ပြထားပြီး ကားတန်ဖိုး ကာလ ပေါက်ဈေးတွေကိုပါ ထည့်သွင်း ဖော်ပြပေးထားပါတယ်။
www.cardecor.com
ဒါကတော့ ကားချစ်သူ ဖန်စီမိန်းကလေးတွေအတွက် မိမိ ကိုယ်ပိုင်ကားလေးကို စိတ်ကြိုက် အလှဆင်နိုင်မယ့် ဖန်စီအသုံး အဆောင် ချစ်စဖွယ်ပစ္စည်းပစ္စယလေးတွေကို ဈေးနှုန်းနဲ့ရုပ်ပုံနဲ့တစ်ခုချင်း ဖော်ပြပေးထားတဲ့ဝက်ဘ်ဆိုက်ဖြစ်ပါတယ်။နောက်ထပ်ပြီး မြန်မာနိုင်ငံ က ကားနဲ့ပတ်သက်တဲ့ ဝက်ဘ်ဆိုက်တွေကို ဖော်ပြပေး လိုက်ပါတယ်။
www.myanmarcarsdb.com
ဆိုက်အဖွင့်စာမျက်နှာနဲ့ အခြားစာမျက်နှာတွေကိုပါ မြန် မာလို ဖော်ပြထားလို့ လေ့လာရ လွယ်ကူပါတယ်။ ကဏ္ဍစုံစုံလင် လင် တင်ထားလို့ ဝင်လေ့လာသင့် ပါတယ်။
ဆက်လက်ပြီး အောက် မှာဖော်ပြပေးထားတဲ့ ဆိုက်တွေကို လည်း ဝင်ရောက်ကြည့်သင့်ပါ တယ်။
1. www.myanmarcar trade.com
2. www.motors.com. mm
3. www.iknowauto. com
4. www.myanmarcar market.com
ဆက်လက်ပြီး မြန်မာ့ ကားဈေးကွက်မှာ ရေပန်းစားနေတဲ့ ဂျပန်ကားဝက်ဘ်ဆိုက်တွေကို ဖော် ပြပေးလိုက်ပါတယ်။ ကားထုတ်လုပ် မှုမှာ ထိပ် တန်းဖြစ်နေဆဲဖြစ်တဲ့ ဂျပန်နိုင်ငံ ထုတ် ဂျပန်ကားချစ်သူတွေ အတွက် နာမည်ကျော် အမှတ်တံ ဆိပ်ကားတွေရဲ့ ဝက်ဘ် ဆိုက်တွေ ကို ဖော်ပြပေးလိုက်ပါတယ်။ ကိုယ် တိုင်ဝင်ရောက် လေ့လာကြည့်ပါ။
1. www.world.honda.com
2. www.hino-global.com
3. www.lexus.com
4. www.nissanglobal. com/EN
5. www.daihatsu.com
6. www. mitsubishimo tors.com/en
7. www.volvogroup.com/
8. www.isuzu.co.jp
9. www.toyotaglobal. com
10. www.corolland.com
11. www.subaruglobal. com
12. www.daihatsu.com
13. www.globalsuzuki.com
ကလျာအိအိလွင်