2013-5-20
HOME
ABOUT US
CONTACT US
 
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
ဖက်ဒရယ်အကြောင်း တိုင်းရင်းသားပြည်သူများ ပိုမိုနားလည်ရန် ရည်ရွယ်၍ ဖက်ဒရယ်ဂျာနယ် ပြည်တွင်းတွင် ပထမဦးဆုံး စတင်ထုတ်ဝေ
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... ၈၁၄
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ခေတ်ပြိုင်စီးပွားအမြင်
စစ်တွေဆိပ်ကမ်း၊ ပုဏ္ဏားကျွန်းစက်မှုဇုန်နှင့် အိမ်ရာမြေဈေးကွက်

     မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ သဘောတူညီချက်ဖြင့် ကုလား တန်မြစ်ကြောင်း ဘက်စုံသုံးဖွံ့ဖြိုး ရေးစီမံကိန်းကို ၂ဝ၁၃ ခုနှစ်တွင် စတင်အသုံးပြုနိုင်ရန် အရှိန်အဟုန်ဖြင့် တည်ဆောက်လျက်ရှိသည်။ ကုလားတန်မြစ်ဝရှိ စစ်တွေဆိပ်ကမ်းအားပင်လယ်ကူး ဆိပ်ကမ်း အဖြစ် တည်ဆောက်နေ သည်။ စစ်တွေဆိပ်ကမ်းသို့ တန် ချိန် ၂ဝဝဝဝ ပါသင်္ဘောကြီးများ ဆိုက်ကပ် ပြီး နိုင်ငံ ရပ်ခြားဒေ သ အသီးသီးမှ ကုန်ပစ္စည်းများ သယ် ဆောင်လာမည်ဖြစ်သကဲ့သို့ မိမိ နိုင်ငံမှလည်း ကုန်ပစ္စည်းများကို စစ်တွေ ဆိပ်ကမ်း မှတစ် ဆင့် တင်ပို့နိုင်ကြမည်ဖြစ်သည်။ဒေသထွက် ပစ္စည်းများကို ကုန်ကြမ်းသာမက ကုန်ချောအဖြစ် ပြုပြင်ထုတ်လုပ် ပြီး တင်ပို့ခြင်းဖြင့်ဒေသ တွင်း စီးပွားရေးကို တိုးတက်မြင့်မားလာ စေနိုင်မည်ဖြစ်ကြောင်း မျှော်လင့် ထားကြသည်။ အိန္ဒိယနိုင်ငံမှ ရာ နှုန်းပြည့်ရင်းနှီးငွေဖြင့် တည်ဆောက်သည့် ကုလားတန်မြစ် ကြောင်း ဘက်စုံသုံးဖွံ့ဖြိုးရေး စီမံ ကိန်းတွင်ပါဝင်သည့် စစ်တွေပင် လယ်ကူးဆိပ်ကမ်း တည်ဆောက် ရေးလုပ်ငန်းသည် အဓိကအားဖြင့် အန္ဒိယနိုင်ငံ၏အကျိုးစီးပွားအတွက် ရည်ရွယ်တည်ဆောက်ခြင်း ဖြစ် သော်လည်း စီမံကိန်းပြီးစီးပါက ပင်လယ်ကူးဆိပ်ကမ်းအပါအဝင် ကုလားတန်မြစ်ကြောင်း သယ်ယူ ပို့ဆောင်ရေးလုပ်ငန်းများ မြစ် ကြောင်း အတွင်း ဆိပ်ကမ်းများ၏ စီမံခန့်ခွဲလုပ်ကိုင်ခွင့်ကို မြန်မာ နိုင်ငံအစိုးရသို့ လွှဲပြောင်းပေးမည် ဖြစ်ရာ ဒေသသားများ အလုပ် အကိုင် အခွင့်အလမ်းများ ပိုမိုတိုး တက်ရရှိလာနိုင်မည်ဖြစ်သည်။ စစ်တွေပင်လယ်ကူးသင်္ဘောဆိပ် ကမ်းနှင့်အတူ ပူးတွဲပါဝင်လာ မည့် ပြည်ပနိုင်ငံများနှင့် ဆက်သွယ် ကုန်သွယ်မှုပြုလုပ်နိုင်မည့် ကုန် သွယ်ရေးစီးကြောင်းတွင် ပါဝင် ကုန်သွယ်မှုများပြုလုပ်သွားနိုင် ရန် ရည်ရွယ်ပြီး ပုဏ္ဏားကျွန်းစက်မှုဇုန် အား ဖော်ထုတ်ဆောင်ရွက်ရန် ပြည်နယ်အစိုးရမှ စီမံဆောင်ရွက် လျက်ရှိနေပြီဖြစ် သည်။အဆိုပါ စီမံကိန်းအား ဂျပန်နိုင်ငံကုမ္ပဏီ တစ်ခုမှ ရင်းနှီးမြှုပ်နှံလုပ်ကိုင်သွား ရန် ဆက်သွယ်ဆောင်ရွက်နေပြီ ဖြစ်ပြီး ပုဏ္ဏားကျွန်းမြို့ တောင် ဘက် ဦးရာဇ်တော်စေတီခြေရင်းရှိ မြေနေရာအား လေ့လာခဲ့ပြီးဖြစ် ကြောင်းလည်း သိရသည်။ လယ် မြေပိုင် ရှင်များ၊ ဒေသခံများနှင့် အကျေအလည် ညှိနှိုင်းဆွေးနွေးပြီး သဘောတူညီချက်များ ရယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လည်း သိရသည်။ပုဏ္ဏားကျွန်း စက်မှုဇုန် တည်ဆောက်ပြီးစီးပါက ပုဏ္ဏာကျွန်း၊ မြောက်ဦး ရသေ့ တောင် စသည့် မြို့နယ်များမှ ဒေသခံများ အလုပ်အကိုင် အခွင့် အလမ်းများ ပိုမိုရရှိလာနိုင်မည် ဖြစ်ကြောင်းဖြင့်လည်း သိရသည်။ ဒေသထွက် ဝါး၊ ကြိမ်၊ ဖျဉ်ဥ၊ ဆား၊ ပုစွန်၊ ကဏန်း၊ ဆန်၊ စပါးများကို ကုန်ကြမ်းမှ ကုန်ချောထုတ်လုပ်  ရောင်းချသွားနိုင်မည်ဖြစ်ရာ ဒေသ ခံများ ဝင်ငွေတိုးတက် ရရှိလာနိုင် ကြမည်လည်းဖြစ်သည်။
  စစ်တွေဆိပ်ကမ်း၊ ပုဏ္ဏားကျွန်း စက်မှုဇုန်စီမံကိန်းများ ကြောင့် ဖြစ်ထွန်းလာမည့် စီးပွား ရေးလုပ်ငန်းများကို မျှော်မှန်း၍ စစ် တွေမြို့တွင် ပုဂ္ဂလိကဘဏ်များ ဖွင့်လှစ်ဆောင်ရွက်လာကြသည်။အင်းဝဘဏ်၊ မွေးမြူရေးနှင့် ရေ လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဘဏ်၊ ကမ္ဘောဇဘဏ်၊ ရိုးမဘဏ်၊ မြဝတီ ဘဏ်များကို ဖွင့်လှစ်ကာ ငွေကြေး ဝန်ဆောင်မှု လုပ်ငန်းများကို ဆောင်ရွက်နေပြီဖြစ်ကာ မကြာ မြင့်မီကာလတွင် သမဝါယမဘဏ် လီမီတက်အား ဖွင့်လှစ်ရန်လည်း ဆောင်ရွက်နေပြီဖြစ် ကြောင်းလည်းသိရသည်။ အာရှ စိမ်းလန်းဘဏ်ကိုလည်း ဖွင့်လှစ် ရန် ဆောင်ရွက်နေပြီဖြစ်ကြောင်း လည်းသိရသည်။ မကြာမြင့်မီဖြစ် ပေါ်လာမည့် စစ်တွေမြို့နှင့် အနီး ပတ်ဝန်းကျင်တွင် တွေ့မြင်ကြရ မည့် စီးပွားရေးအခင်းအကျင်း ပုံ ရိပ်များဖြစ်ပြီး အဆိုပါ စီးပွားရေး အခင်းအကျင်းများနှင့်အတူ စစ် တွေနှင့် စစ်တွေ ပုဏ္ဏားကျွန်းကား လမ်းပေါ်ရှိ မြေကွက်များမှာလည်း ဈေးမြောက်လျက်ရှိသည်။စစ်တွေ မြို့ပေါ်မြေကွက်များမှာ သာမန် အခြေခံလူတန်းစားများသာမက လူလတ်တန်းစားများပါ လက်လှမ်း မမီနိုင်သော မြေဈေးများ ဖြစ်ပေါ် လျက်ရှိသည်။ စစ်တွေမြို့ စီးပွား ရေးရပ်ကွက်များဖြစ်သည့် အိုး တန်း၊ ကျေးပင်ကြီး ရပ်ကွက်များ၊ စစ်တွေမြို့ လမ်းမကြီးပေါ်ရှိ ရူပ တောင်၊ ရူပမြောက်၊ မောလိပ်ရပ် ကွက်များရှိမြေကွက်များမှာ ပေ ၄ဝ ပေ ၆ဝ မြေကွက်များမှာ သိန်း ၈ဝဝ နှင့်အထက်တွင် ရှိနေ ကြောင်း လည်း သိရသည်။ စစ်တွေ ညဈေးတန်းဟုခေါ်သည့် လမ်းမ ကြီးရှိမြေကွက်များမှာ သိန်း ၂ဝဝဝ နှင့် အထက်တွင်ရှိနေကြောင်း လည်းသိရသည်။စစ်တွေဆင်ခြေ ဖုံးရပ်ကွက်များတွင်လည်း မြေ တစ်ကွက်၏ တန်ဖိုးများတွင်လည်း မြေတစ်ကွက်၏တန်ဖိုးမှာ သိန်း ၅ဝ နှင့်အထက်တွင်ရှိနေကြောင်း သိရသည်။ တချို့မြေကွက်များမှာ သိန်းတစ်ရာသို့ ကပ်နေကြောင်း လည်းသိရ သည်။ မြေဈေးနှင့် အတူ အိမ်ငှားရမ်းခဈေးမှာလည်း ကြီးမြင့် နေကာ တစ်လအနည်းဆုံး ၃၅ဝဝဝ မှ ၆ဝဝဝဝ  ကျပ်ထိဈေး ရှိ နေကြောင်းသိရသည်။ ဆိုင်ခန်း များ ကုမ္ပဏီရုံးခန်းများအတွက် အိမ်ငှားရမ်းခမှာလည်း ကျပ်နှစ် သိန်းခန့်ရှိကြောင်းသိရသည်။သာ မန်ဝန်ထမ်းများ၊ လူ လတ်တန်းစား များ မတို့မထိနိုင်တော့သည့် အိမ် ရာမြေအရောင်းဈေးကွက်နှင့် အငှားဈေးကွက်ဖြစ်သည်။
   ပုဏ္ဏားကျွန်း စက်မှုဇုန် စီမံကိန်းကြောင့်လည်း စစ်တွေ-ပုဏ္ဏားကျွန်းကားလမ်း တစ် လျှောက် မြေများအားစီးပွားရေး လုပ်ငန်းရှင် များ စိတ်ဝင်စားစွာလေ့ လာမှုများ ရှိနေကြောင်းလည်း သိရသည်။ မြေကွက်ကျယ်ကျယ် ဝန်းဝန်းကိုသာ ဝယ်ယူကြရန် လေ့ လာမှုများရှိကြောင်းလည်း စီးပွား ရေးလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။ စစ်တွေမှပုဏ္ဏားကျွန်းသို့ ၁၆ မိုင် ခန့်သာဝေးသည်ဖြစ်ရာ လက်ရှိ လမ်းအနေအထားကြောင့် ၄၅ မိနစ် ခရီးသာရှိကြောင်းလည်း သိရ သည်။ အကယ်၍ လမ်းတိုးတက် ကောင်းမွန်လာပါက စစ်တွေနှင့် ပုဏ္ဏားကျွန်းသည် မိနစ် ၃ဝ ခရီး သာရှိရာ အိမ်ဦးနှင့် ကြမ်းပြင် သဖွယ် ကူးလူးသွားလာနိုင်ကြမည် ဖြစ်သည်။
       စစ်တွေပင်လယ်ကူးဆိပ် ကမ်း တည်ဆောက်မှု ပုဏ္ဏားကျွန်း စက်မှုဇုန် ရည်မှန်းချက်များဖြင့် ရခိုင်ပြည်နယ် စစ်တွေနှင့် အနီး ဝန်းကျင်ရှိ အိမ်ရာမြေဈေးကွက် မှာမြင့်တက် လှုပ်ရှားနေကြောင်း တွေ့မြင်နေရပေသည်။

ကိုကြီးမန်း
 
Untitled Document
ကိုနိုင်ဦး said...
Thursday 20 December 2012, 10:54 am
အရောင်ဝယ် နဲ့ပတ်သက်တဲ့ စာအုပ်မျာ သိရင်ကျေးဇူးပြု၍ လမ်းပြပေးပါ
မင်္ဂလာပါ။
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: zaygwet1997@gmail.com Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.