လှိုင်းထန်တဲ့ ကြားက ဂျပန်စီးပွားရေး
ဂျပန်နိုင်ငံဟာ ဒုတိယ ကမ္ဘာစစ်ကြီး ပြီးဆုံးခဲ့ပြီးနောက် အစောပိုင်းကာလမှာ ကမ္ဘာတစ်လွှားကို ပို့ကုန်တွေ တင်ပို့ရောင်းချပြီး ဆယ် စုနှစ် အနည်းငယ်အတွင်း အ မေရိကန်ပြည်ထောင်စု ပြီးရင် ကမ္ဘာပေါ်မှာ ဒုတိယအကြီးမားဆုံး စီးပွားရေးကြီး ဖြစ်လာခဲ့တယ်။ ဒါ ပေ မယ့် ၁၉၉ဝ ပြည့်လွန်နှစ်များ အတွင်းမှာ စတော့နဲ့ အိမ်ရာမြေ ပူဖောင်းတွေ ပေါက်ကွဲပြီး ဂျပန်စီး ပွားရေး အရည်ပျော်ကျသွားခဲ့ တယ်။
အဲဒီနောက်ပိုင်း ဂျပန်အစိုးရ အဆက်ဆက်ဟာ စီးပွားရေး ပြန်လည်နိုးထ ရှင်သန်လာစေရေးအတွက် နည်းလမ်းမျိုးစုံနဲ့ ကြိုး ပမ်းဆောင်ကြဉ်းခဲ့ကြပေမယ့် ဒီကနေ့အထိ လဲကျရာက ပြန်မထနိုင် ဖြစ်နေတယ်။ ဒီလိုအခြေ အနေမှာ တရုတ်ပြည်က ဂျပန် ကို ဖြတ်ကျော်တက်သွားပြီး ကမ္ဘာ့ဒုတိယအကြီးမားဆုံး စီးပွားရေး ဖြစ် သွားတယ်။ စီးပွားရေးနဲ့ စစ်ရေး အင်အားတောင့်တင်းလာတဲ့ တရုတ်က ဂျပန်ကို သွေးတိုးစမ်းလာတယ်။ ပမာမခန့် လုပ်လာတယ်။ ဒီတော့ ဂျပန်နိုင်ငံဟာ နိုင်ငံရေး အရရော စီးပွားရေးအရပါ ဖိအား ပေးခံလာရပြီး ဘေးကျပ်နံကျပ် ဖြစ်လာတယ်။ ရှေ့ဆက် ဂျပန် ဘာလုပ်မလဲ။
နိုင်ငံရေးအခင်းအကျင်း
၂ဝ၁၂ ဒီဇင်ဘာလ ၁၆ ရက်နေ့ ကျင်းပခဲ့တဲ့ အထွေထွေ ရွေးကောက်ပွဲမှာ အာဏာရ ဂျပန် ဒီမိုကရက်တစ်ပါတီ- Democratic
Party of Japan-DPJ ကို လစ်ဗရယ်ဒီမိုကရက်တစ်ပါတီ-Liberal Democratic Party-LDP က မဲအပြတ်အသတ်နဲ့ အ နိုင် ရ အောင်ပွဲခံခဲ့တယ်။ အမတ် နေရာ ၄၈ဝ နေရာရှိတဲ့ အောက် လွှတ်တော်- Diet မှာ LDP က အမတ်နေရာ ၂၉၄ နေရာ ရရှိခဲ့ပြီး DPJ ပါတီ က ၅၇ နေရာပဲ ရခဲ့ တယ်။ LDP ပါတီအနေနဲ့ သူ့ဟာ သူ အစိုးရဖွဲ့နိုင်ပေမယ့် သူ့ရဲ့ မ ဟာမိတ်ပါတီဖြစ်တဲ့ New Komeito Party နဲ့  ပူးပေါင်းပြီး အစိုးရ ဖွဲ့စည်းခဲ့တယ်။ ဒီတော့ LDP နဲ့ New Komeito နှစ်ပါတီပေါင်း အမတ်နေရာ ၃၂၅ နေရာ ဖြစ် သွားခဲ့ပြီး အောက်လွှတ်တော်မှာ အမတ်ဦးရေ သုံးပုံနှစ်ပုံကျော် ရ သွားတယ်။ ဆိုလိုတာကတော့LDP က သူ့ရဲ့ မဟာမိတ်နဲ့ ပူး ပေါင်းပြီး အောက်လွှတ်တော်မှာ အမတ်ဦးရေ သုံးပုံနှစ်ပုံကျော် ရရှိ ထားတော့ LDP တင်သွင်းတဲ့ အဆိုတွေကို DPJ က ကဖျက်ယ ဖျက်လုပ်နိုင်စရာ အကြောင်းမရှိ တော့ဘူးပေါ့။
နောက်ကြောင်းပြန်ရ မယ်ဆိုရင် ၂ဝဝ၉ ခုနှစ် သြဂုတ် လ ရွေးကောက်ပွဲတုန်းက DPJ ပါ တီဟာ အဲဒီအချိန်က အာဏာရပါ တီဖြစ်တဲ့ LDP ကို မဲအပြတ်အ သတ်နဲ့ အနိုင်ရခဲ့ဖူးတယ်။ အဲဒီ တုန်းက DPJ ပါတီက အမတ်နေ ရာ ၃ဝ၈ နေရာတောင် ရပြီး အောင်ပွဲခံခဲ့တာပါ။ ဒါတောင် မက သေးဘူး။ စစ်ပြီးခေတ် ဂျပန်နိုင်ငံ ရေးသမိုင်းမှာ လပေါင်း ၁၁ လက လွဲပြီး ၅၃ နှစ်တိတိ ဆက်လက် အုပ်ချုပ် လာခဲ့တဲ့ LDP ပါတီကြီးကို DPJ ပါတီက ဖြုတ်ချပစ်နိုင်ခဲ့တဲ့ သမိုင်းမှတ်တိုင်တစ်ခုလည်း ဖြစ် တယ်။
ဒါပေမယ့် ဂျပန်နိုင်ငံ ရေးသမိုင်းရဲ့ ထူးခြားချက်တစ်ခု က ၂ဝဝ၉ ခုနှစ် ရွေးကောက်ပွဲ တုန်းက ဂျပန်ပြည်သူလူထုအနေ နဲ့ DPJ ကို မဲပေးခဲ့ကြတာဟာ အဲ ဒီပါတီကို သဘောကျလို့ ထောက် ခံအားပေးခဲ့ကြတာ မဟုတ်ဘဲ LDP ပါတီကို အော့နှလုံးနာလွန်းလို့ မဲ ပေးခဲ့ကြတာ ဖြစ်တယ်။ ဒီနှစ် ၂ဝ၁၂ ရွေးကောက်ပွဲမှာလည်း ဒီ အတိုင်းပါပဲ။ LDP ကို ကြိုက်နှစ် သက်လွန်း လို့ ပြည်သူတွေ က ထောက်ခံဆန္ဒမဲ ပေးခဲ့ကြတာ မ ဟုတ်ဘဲ DJP ပါတီကို မလိုလား တော့လို့ တစ်လှည့်ပြောင်းပြီး LDP ကို မဲပေးခဲ့ကြတာပါ။ ဂျပန် အစိုးရတွေဟာ ဂျပန်စီးပွားရေးကို နိုးထရှင်သန်အောင် မလုပ်ဆောင် နိုင်ကြတဲ့အတွက် ပြည်သူတွေအ နေနဲ့ LDP ပါတီကိုရော DJP ပါ တီကိုပါ မကြိုက်ကြတော့ဘူး။ နှစ်ပါတီစလုံးကို မကြိုက်ကြပေမယ့် ရွေးချယ်စရာ သိပ်မရှိလို့ နှစ်ပါတီ အနက် တစ်ပါတီကို ဝတ်ကျေတမ်းကျေ မဲပေးနေကြတာပါ။ ပါ တီသစ်ကလေးတွေ ထွက်ပေါ်လာ ပေမယ့် ပါတီကြီးတွေကို ဝင်မတိုး နိုင်ကြဘူး။
ရှေ့တန်းရောက်လာတဲ့ အမျိုးသားရေး
ရွေးကောက်ပွဲမှာ LDP ပါတီ အောင်ပွဲခံ အနိုင်ရခဲ့ပြီး နောက် Shinzo Abe ဟာ ဝန်ကြီး ချုပ်ဖြစ်လာခဲ့တယ်။ ဒါဟာ ရှင်ဇို အာဘေး အတွက် ဒုတိယအကြိမ် ဝန်ကြီးချုပ်တာဝန် ထမ်းဆောင်ရ ခြင်း ဖြစ်တယ်။ သူဟာ ၂ဝဝ၆- ၂ဝဝ၇ နှစ်များအတွင်းကလည်း ပထမ အကြိမ် ဝန်ကြီးချုပ် တက် လုပ်ခဲ့ရသေးတယ်။
ဒါပေမယ့် အဲဒီနှစ်များ အတွင်းမှာ ဂျပန်နိုင်ငံရဲ့ စစ်ကာလ လွန်ကျွံမှုများနဲ့ ပတ်သက်ပြီး တရုတ်နဲ့တောင်ကိုရီးယားကို တောင်းပန်နေ ရ တာနဲ့ပဲ အလုပ် ရှုပ်သွားခဲ့တယ်။ ဂျပန်ကုမ္ပဏီကြီး တွေအနေနဲ့ တရုတ်နဲ့ တောင်ကိုရီးယားမှာ စီးပွားရေးလုပ်ငန်းတွေ တိုးချဲ့ လုပ်ကိုင်ချင်ကြတာကြောင့် ဝန်ကြီးချုပ် အာဘေးက စိတ်မပါ့တပါနဲ့ တောင်းပန်တဲ့အလုပ်တွေလုပ်ခဲ့ရတယ်။ နောက်တော့ အာ ဘေး ဟာ ကျန်းမာရေးအကြောင်းပြပြီး ဝန်ကြီးချုပ်ရာထူးမှ နုတ်ထွက် သွားခဲ့တယ်။
အသက်အားဖြင့် ၅၈ နှစ်ရှိပြီဖြစ်တဲ့ အာဘေးဟာ ကွန်ဆာဗေးတစ်တစ်ဦးဖြစ်တယ်။ အင် မတန် အမျိုးသားရေး စိတ်ဓာတ် ပြင်းပြတဲ့ ပုဂ္ဂိုလ် ဖြစ်တယ်။ တကယ်တော့ အာဘေးဟာ မျိုးရိုးစဉ်ဆက် အမျိုးသားရေးစိတ်ဓာတ် ပြင်းထန်တဲ့ မိသားစုက ဆင်းသက် ပေါက် ဖွားလာသူ ဖြစ်တယ်။ သူ့ရဲ့ အဘိုးက Nobusuke Kishi ဖြစ်ပြီး ဂျပန်က တရုတ်ပြည်အရှေ့မြောက်ပိုင်း မန်ချူးရီးယားဒေသကို ကျူး ကျော်သိမ်းပိုက်ကာ Manchukuo ရုပ်သေးအစိုးရ ထူထောင်ခဲ့ရာမှာ Kishi ဟာ ၁၉၃၆ နဲ့ ၁၉၃၉ ခုနှစ် များအကြား အဆင့်မြင့် ဗျူရို က ရက်တစ်တစ်ဦးအနေနဲ့ ပါဝင်ခဲ့ တယ်။
ပြီးတော့ Kishi ဟာ အ မေရိကန်နိုင်ငံကို စစ်ကြေညာခဲ့တဲ့ အစိုးရအဖွဲ့မှာ အဖွဲ့ဝင်တစ်ဦးအ ဖြစ် ပါဝင်ခဲ့တဲ့အတွက် ဂျပန်စစ်ရှုံး တဲ့ အခါ စစ်ရာဇဝတ်ကောင်အဖြစ် သင်္ကာမကင်းမှုနဲ့ ထောင်သုံးနှစ် ကျခဲ့တယ်။ ဒါပေမယ့် သူက စစ် ရာဇဝတ်ကောင်အဖြစ် စွဲချက် အတင်မခံခဲ့ရဘူး။ နောက်ပိုင်းမှာ ဝန်ကြီးချုပ် ဖြစ်လာခဲ့တယ်။ အာ ဘေးရဲ့ ဖခင်ကိုယ်တိုင်က လည်း နိုင်ငံခြားရေး ဝန်ကြီး ဖြစ်ခဲ့ဖူး တယ်။ ငယ်စဉ်ကစပြီး ဒီကနေ့အထိ အာ ဘေးရဲ့ ဟီးရိုးကတော့ သူ့အဘိုး Nobusuke Kishi ပါပဲ။
ဂျပန်ခေတ်သစ်သမိုင်း မှာ Nobusuke Kishi ဟာ စစ် ကြိုခေတ်ကာလနဲ့ စစ်ပြီးခေတ် ကာလကို ချိတ်ဆက်ပေးခဲ့တဲ့ အရေးပါတဲ့ ပုဂ္ဂိုလ်အနေနဲ့ ဂျပန် သမိုင်းပညာရှင်အချို့က ရှုမြင်ကြတယ်။ ဂျပန်အမျိုးသားရေးစိတ် ဓာတ်ကို မျိုးဆက်သစ်တွေ လက်ထဲ လွှဲပြောင်းပေးကမ်းခဲ့သူလို့ ယူဆကြတယ်။ အဘိုးရဲ့မြေးပီပီ ရှင်ဇိုအာဘေးကလည်း အမျိုးသားရေး စိတ်ဓာတ်ကို ပြန်လည်မြှင့် တင်ပေးချင်တယ်။ သူ့ရဲ့ အမျိုးသားရေး စိတ်ဓာတ်ကို အစိုးရရဲ့ မူဝါဒတွေ နဲ့ အစိုးရအဖွဲ့ ဝန်ကြီးများ ခန့်အပ်တဲ့နေရာမှာ အတော့် ကို ပေါ် ပေါ်လွင်လွင် တွေ့မြင်ရတယ်။
ဒီဇင်ဘာလ ၂၆ ရက် နေ့က ဝန်ကြီးချုပ်အာဘေးဟာ သူ့ရဲ့ အဖွဲ့ဝင် ၁၉ ဦးပါ ဝန်ကြီး အဖွဲ့စာရင်းကို ကြေညာခဲ့တယ်။ အဖွဲ့ဝင်များ အနက် ၁၄ ဦးဟာ Yasukuni သို့ အတူတကွ သွား ရောက်ဝတ်ပြု ဆုတောင်းရေးအ သင်း-League for Going to
Worship Together at Yasukuni ရဲ့ အသင်းဝင်တွေ ဖြစ်ကြတယ်။ ယာဆုကုနိဆိုတာက ဒုတိယကမ္ဘာ စစ်အတွင်းက ကျဆုံး သွားခဲ့တဲ့ စစ်ဗိုလ်စစ်သားတွေနဲ့ စစ်ရာဇဝတ် ကောင်အဖြစ် စွပ်စွဲအပြစ်ပေး ကွပ်မျက်ခံခဲ့ကြရတဲ့ တာဝန်ရှိပုဂ္ဂိုလ်တွေရဲ့ ရုပ် အလောင်းတွေ ကို မြှုပ်နှံ သင်္ဂြိုဟ်ထားတဲ့ တိုကျိုမြို့ကဗိမာန် ဖြစ်တယ်။
ဒီယာဆုကုနိဗိမာန်ကို အမျိုးသားရေးစိတ်ဓာတ် ဖော်ပြလို တဲ့ ဂျပန်နိုင်ငံရေးခေါင်းဆောင် အချို့ သွားရောက်ဂါရဝပြုတတ် ကြတယ်။ ဒီလို သွားရောက်အ လေးအမြတ် ပြုကြတဲ့ နိုင်ငံရေး သမားတွေကို တရုတ်နဲ့ တောင်ကို ရီးယားနိုင်ငံတွေက စစ်လိုလားသူ တွေလို့ သတ်မှတ်ပြီး ကန့်ကွက် ကြတယ်။ ၂ဝ၁၂ ခုနှစ် ရွေး ကောက်ပွဲမတိုင်မီ နှစ်လအလိုက ရှင်ဇိုအာဘေးဟာ အဲဒီဗိမာန်ကို သွားရောက် ခဲ့သေးတယ်လို့ သတင်းစာအချို့မှာ ရေးသားဖော်ပြခဲ့ ကြတယ်။
ဝန်ကြီးအဖွဲ့ဝင်တွေထဲ က ၁၃ ဦးဟာ အမျိုးသားရေးဝါဒီ တွေးခေါ်ရှင် Nihon Kaigi ကို ထောက်ခံကြသူတွေ ဖြစ်ကြတယ်။ Kaigi က ဂျပန်တွေအနေနဲ့ အစဉ်အလာ တန်ဖိုးတွေဆီ ပြန် သွားဖို့နဲ့ စစ်တွင်းကာလ လွန်ကျူး မှုတွေအတွက် တိုးလျှိုးတောင်းပန် တဲ့ အလုပ်တွေကို မလုပ်ကြဖို့ ဟော ပြောတိုက်တွန်းနေတဲ့ ပုဂ္ဂိုလ် ဖြစ် တယ်။
ဝန်ကြီးအဖွဲ့ဝင်များအနက် ကိုးဦးကတော့ ပါလီမန်တွင်း အဖွဲ့အစည်းတစ်ခုမှာ ပါဝင်ကြသူတွေဖြစ်တယ်။ သူတို့က ဂျပန်ကျောင်းတွေ မှာ သမိုင်းဘာသာရပ် သင်ကြားတဲ့နေရာမှာ ဂျပန်စစ်ဝါဒီ ခေတ်ကို အမွှမ်းတင်ပွဲထုတ်လိုကြ တယ်။ စစ်တွင်းကာလ ဂျပန်တွေ ရဲ့ လွန်လွန် ကျူးကျူး လုပ်ရပ်အ တော်များများကို မဟုတ်မမှန် ကြောင်း ငြင်းဆိုလိုကြသူတွေ ဖြစ် တယ်။
အဲဒီထဲမှာ ပညာရေးဝန် ကြီးသစ်ဖြစ်လာတဲ့ Hakubun Shimomura က ၁၉၉၅ ခုနှစ်မှာ ဝန်ကြီးချုပ် Murayama ရဲ့ စစ် တွင်းကာလ အာရှနိုင်ငံတွေမှာ ဂျ ပန်ရဲ့ ကြမ်းကြုတ်ရက်စက်ခဲ့တဲ့ ကျူးလွန်မှုတွေအတွက် နောင်တရ တောင်းပန်ကြောင်း ထုတ်ပြန်ခဲ့ တဲ့ ကြေညာချက်ကို ပယ်ဖျက်လို သူ ဖြစ်တယ်။ ဒါတောင်မက ၁၉၄၆-၁၉၄၈ ခုနှစ်များက တိုကျို မြို့မှာ ပြုလုပ်ခဲ့တဲ့ စစ်ရာဇဝတ်မှု စစ်ဆေးချက်များရဲ့ အဆုံးအဖြတ် တွေကိုပါ ပယ်ဖျက်ပစ်လိုသူ ဖြစ် တယ်။
ဝန်ကြီးချုပ် ရှင်ဇိုအာ ဘေးကိုယ်တိုင်ကလည်း အမေရိကန်တွေ ၁၉၄၆ခုနှစ်က ရေးဆွဲပြဋ္ဌာန်းခဲ့တဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ကို ပြန် လည်ပြင်ဆင်လိုတယ်။ အဲဒီဖွဲ့စည်းပုံက ဂျပန်တွေကို စစ်ဆန့်ကျင်ရေးဝါဒီတွေဖြစ်အောင် ပုံသွင်းထားတယ်။ ဂျပန်နိုင်ငံ ကာ ကွယ်ရေးအတွက် စစ်အင်အားကို အတိုင်းအတာတစ်ခုအထိ ထူထောင်ခွင့်ပြုပေမယ့် ဧရာမစစ်အင်အားကြီးမား တဲ့ နိုင်ငံ ဖြစ်အောင် တည်ဆောက် ခွင့်မပြုဘူး။
ပညာရေးဆိုင်ရာ ဥပဒေ ကလည်း ဂျပန်မျိုးချစ်စိတ်ကို ချိုး နှိမ်ထားတယ်။ အမေရိကန်ပြည် ထောင်စုနဲ့ ချုပ်ဆိုထားတဲ့ လုံခြုံ ရေး စာချုပ်တွေမှာလည်း ဂျပန်ရဲ့ အခန်းကဏ္ဍကို အမေရိကန်နိုင်ငံ ရဲ့ လက်အောက်မှာ ဖိနှိပ်ချုပ်ချယ် ထားတယ်။ ဒါကြောင့် အာဘေးက ဒါတွေအားလုံးကို ဂျပန်နိုင်ငံရဲ့ လက်ရှိဘဝအခြေအနေနဲ့ ကိုက်ညီ အောင် ပြင်ဆင်လိုတယ်။
တရုတ်နဲ့ ထိပ်တိုက်တွေ့မလား
ရွေးကောက်ပွဲကာလ မဲဆွယ်စည်းရုံးရေး ဆင်းစဉ်က အာ ဘေးဟာ တရုတ်ကို ဆန့်ကျင်အာခံမယ့် နိုင်ငံရေး ခေါင်းဆောင်တစ်ဦး အဖြစ် ပုံဖော်ဖန်ဆင်းခဲ့တယ်။ လွန်ခဲ့တဲ့ စက်တင်ဘာလအတွင်းကစပြီး ဂျပန်နဲ့ တရုတ်ဟာ တောင်တရုတ်ပင်လယ်ထဲက လူသူ မနေ တဲ့ ဂျပန်က Senkaku လို့ခေါ်ပြီး တရုတ်က Diaoyu လို့ ခေါ်တဲ့ ကျွန်းကလေးတွေနဲ့ ပတ် သက် ပြီး ပြဿနာ တက်ခဲ့ကြ တယ်။ ဂျပန်တို့က ၁၈၉၅ ခုနှစ် မှာ သိမ်းပိုက်သွားခဲ့ သူတို့ပိုင်ကျွန်း တွေလို့ တရုတ်က ထောက်ပြ တယ်။ ဒါပေမယ့် ဂျပန်တို့က အဲဒီ ကျွန်းကလေးတွေဟာ ၁၈၉၅ ခုနှစ်က တရုတ်တွေ ပိုင်ဆိုင် ကြောင်း တရားဝင် သတ်မှတ်ဖော် ပြထားခြင်းမရှိတဲ့ ကျွန်း ကလေး တွေ သာ ဖြစ်တယ်။ ဒါကြောင့် တရုတ်မပိုင်ဘူးလို့ ဂျပန်က အခိုင် အမာဆိုတယ်။
ဒီဖြစ်ရပ်တွေနဲ့ ပတ်သက်ပြီး စက်တင်ဘာလနှောင်း ပိုင်းမှာ တရုတ်ပြည် မြို့ကြီးအ တော်များများမှာ ဂျပန်ဆန့်ကျင် ရေး ဆန္ဒပြ မှုတွေ ပေါ်ထွက်လာ တယ်။ အချို့က တရုတ်ပြည်မှာ ဖွင့်လှစ်ထားတဲ့ ဂျပန်ကုမ္ပဏီတွေ ကို ဝင်ရောက်ဖျက်ဆီးပစ်ခဲ့ကြ တယ်။ ဂျပန် ပစ္စည်းတွေ ကို သပိတ် မှောက်ကြဖို့ ဆော်သြခဲ့ကြတယ်။ ဒါကြောင့် ဂျပန်စီးပွားရေးလုပ်ငန်းရှင်တွေ တရုတ်ဈေးကွက်မှာ ဆုံးရှုံး နစ်နာမှု အတော်များပြားသွား တယ်။
ဒါတောင်မကသေးဘူး။ တရုတ်သင်္ဘောတွေက Senkaku ကျွန်းအနီး ဂျပန်ရေပိုင်နက်ထဲ ခုတ်မောင်းဝင်ရောက်လာပြီး ဂျပန် ကို သွေးတိုးစမ်းကြတယ်။ ဂျပန်က လည်း သူ့ရဲ့ကမ်းခြေစောင့် သင်္ဘောများကိုစေလွှတ်ပြီး တရုတ် သင်္ဘောတွေ ကို စောင့်ကြည့် အကဲ ခတ်တယ်။ ဒီကနေ့အထိ ပစ်လား ခတ်လားတော့ မရှိသေးဘူး။ ဒီဇင် ဘာလအတွင်းက တရုတ်ထောက် လှမ်းရေး လေယာဉ် တစ်စင်း Senkakus ကျွန်းကလေးများအပေါ် ဖြတ်ပြီး ပျံသန်းလာတဲ့အတွက် ဂျပန်ဂျက်တိုက်လေယာဉ် ရှစ်စင်းက ဂျပန် ပိုင် လေပိုင်နက်ထဲက မောင်း နှင်ထုတ်ခဲ့ရတယ်။ ဒီလို ဂျပန်လေ ပိုင်နက်ထဲ တရုတ်လေယာဉ် ဝင် ရောက်မှုဟာ ၁၉၅၈ ခုနှစ်ကစပြီး ပထမဆုံးအကြိမ် ဖြစ်တယ်လို့ ထောက်ပြကြတယ်။
အခုလို ဂျပန်နဲ့ တရုတ် တို့အကြား အခြေအနေတွေ ရှုပ် ထွေးပြီး တင်းမာနေပေမယ့် အာ ဘေးကတော့ ဒီကိစ္စ တရုတ် နဲ့ ဆွေးနွေး မှာ မဟုတ်ဘူးလို့ ဒီနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့က မီဒီယာကို ထုတ်ဖော်ပြောကြားခဲ့ တယ်။ ပြီးတော့ အာဘေးအစိုးရ အဖွဲ့ဟာ နိုင်ငံ ကာကွယ်ရေး စစ် အသုံးစရိတ်တွေကို ဆယ်စုနှစ်များ စွာအတွင်း ပထမဆုံးအကြိမ်အ ဖြစ် တိုးမြှင့်လိုက်တယ်။ ဂျပန်တပ် တွေဟာ တရုတ်ကို ယှဉ်ပြိုင်နိုင် လောက်အောင် အင်အားကြီးမား လိမ့်မယ်လို့ မထင်ကြပေမယ့် ဂျ ပန်စစ်အသုံးစရိတ်ဟာ ကမ္ဘာပေါ် မှာ ဆဋ္ဌမမြောက် အကြီးမားဆုံး ဖြစ်တယ်လို့ လေ့လာသူအချို့က ထောက်ပြကြတယ်။
စီးပွားရေး စစ်မျက်နှာ
ဝန်ကြီးချုပ်အာဘေးအ နေနဲ့ အဓိက ဦးစားပေးလုပ်သင့် တာက စစ်ရေးထက် စီးပွားရေး တိုးတက်ရေးအတွက် ပိုပြီး ဇောက် ချလုပ်ကိုင်ဖို့ လိုတယ်လို့ ဝေဖန် သူတွေက ဆိုကြတယ်။ အာဘေး ကိုယ်နှိုက်ကလည်း ဂျပန်စီးပွားရေး ကို မြှင့်တင်မယ် လို့ ရွေးကောက် ပွဲကာလ စည်းရုံး မဲဆွယ်စဉ်က ပြည် သူတွေကို ကတိပေးခဲ့တယ်။
အာဘေးက ဂျပန်နိုင်ငံ စီးပွားရေး ဆုတ်ယုတ်ကျဆင်းနေ ရတာဟာ ဂျပန်ဗဟိုဘဏ်- Bank of Japan ရဲ့ မူဝါဒ ချွတ်ချော် မှု ကြောင့်လို့ မြင်တယ်။ ဗဟိုဘဏ် ဟာ ပြည်တွင်းမှာ ငွေဖောင်းပွမှု မြင့်တက်မလာရအောင်လို့ သတ် မှတ်တဲ့နေရာမှာ လွဲမှားစွာ သတ် မှတ်ထားတယ်။ ဒါကို ဗဟိုဘဏ် တွေရဲ့ အသုံးအနှုန်းနဲ့ ပြောရင် Inflation Targeting လို့ ခေါ် တယ်။ ဗဟိုဘဏ်တိုင်း လုပ်နေကျ လုပ်ရပ်တစ်ခုပါ။
လောလောဆယ် ဂျပန် ဗဟိုဘဏ်ရဲ့ သတ်မှတ်ချက်ကို အတိအကျ မသိရပေမယ့် တချို့ က တစ်ရာခိုင်နှုန်းလောက် ရှိနိုင် တယ်လို့ ခန့်မှန်းကြတယ်။ အာ ဘေးကတော့ ဂျပန်ဗဟိုဘဏ်ရဲ့ Inflation Targeting ကို နှစ်ရာ ခိုင်နှုန်းအထိ တိုးမြှင့်ဖို့ ဖိအားပေး လျက် ရှိ တယ်။ တကယ်လို့ ပြော တဲ့အတိုင်း ဗဟိုဘဏ်က မဆောင်ရွက်ဘူးဆိုရင် ဂျပန်ဗဟိုဘဏ်ကို ပေးအပ်ထားတဲ့ လွတ်လွတ်လပ်လပ် လုပ်ဆောင်ခွင့် ပြန်ရုပ်သိမ်းမယ်လို့ ဝန်ကြီးချုပ် အာဘေးက ခြိမ်းခြောက်ထားတယ်။ (ဒီစာရေး နေတဲ့ အချိန်မှာ ဒီကိစ္စနဲ့ ပတ် သက် ပြီး ဂျပန်ဗဟိုဘဏ်ဟာ အစည်းအဝေး ကျင်းပလျက်ရှိ ကြောင်း သိရပါတယ်။)
ပြီးတော့ ဂျပန်ဗဟို ဘဏ်အနေနဲ့ အစိုးရရဲ့ ပေါ်လ စီတွေနဲ့ ကိုက်ညီအောင် ဗဟို ဘဏ် မူဝါဒတွေကို ပြောင်းလဲမှု မရှိဘူးဆိုရင် လာ မယ့် ဧပြီလမှာ သက်တမ်းကုန်ဆုံးတော့မယ့် ဗဟို ဘဏ်ဥက္ကဋ္ဌ Masaaki Shirakawa ရဲ့ ရာထူးသက်တမ်းကို တိုးမ ပေးတော့ဘဲ ဝန်ကြီးချုပ်စိတ်ကြိုက် လူသစ်လဲပစ်မယ်လို့လည်း လေ သံပစ်ထားတယ်။
ဂျပန်နိုင်ငံမှာ ငါးနှစ်ကာ လအတွင်း သုံးကြိမ်မြောက် စီးပွား ရေး ကျဆင်းမှုနဲ့ ကြုံတွေ့နေရ တယ်။ ဂျပန်စီးပွားရေးတစ်ခု လုံး နိုင်ငံခြားသို့ ကုန်စည်တင်ပို့ ရောင်းချမှုအပေါ် မှီခိုအားထားနေ ရတယ်။ တစ်နည်းပြောရင် ပြည်ပ ဈေးကွက်ကို ဖက်တွယ် အားကိုးနေ ရ တယ်။ ဂျပန်နိုင်ငံရဲ့ ထူးခြား ချက်က ပြည်တွင်းဈေးကွက်ကို မြှင့်တင်လို့မရခြင်း ဖြစ်တယ်။ ဂျ ပန်ပြည်သူတွေဟာ စစ်ဘေး၊ မြေ ငလျင်ဘေးနဲ့ ဆူနာမီဘေးစတဲ့ ဘေးအန္တရာယ် အတွေ့အကြုံတွေ ကြောင့် ငွေတွေကို မသုံးမဖြုန်း တတ်ကြဘဲ ငွေ စုဆောင်း ဖို့ ဝါသ နာပါကြတယ်။ ဒါကြောင့် စားသုံးမှုကို ဘယ်လိုမှ မြှင့်တင်လို့ မရ ဖြစ်နေတယ်။
ဒီတော့ ဂျပန်နိုင်ငံ စီးပွားရေး မြင့်တက်လာရေးအတွက် လုပ်ဆောင်ရမယ့် နည်းလမ်းတစ်ခုပဲရှိတယ်။ ဒါက နိုင်ငံခြားကို ကုန် စည်များ များ တင်ပို့ရောင်းချနိုင် အောင် ကြိုးပမ်းလုပ်ဆောင်ကြဖို့ ဖြစ်တယ်။ အာဘေးပြောသလို ဂျ ပန်ဗဟိုဘဏ်က Inflation Targeting ကို နှစ်ရာခိုင်နှုန်းအထိ မြှင့်တင်လိုက်ရင် မြင့်မားနေတဲ့ ဂျပန်ယန်းငွေတန်ဖိုး ကျဆင်းလာနိုင် တယ်။ ဒီတော့ ဂျပန်ကုန်စည်တွေ အဝယ်လိုက်ပြီး ရောင်းအား ကောင်းလာနိုင်တယ်။
ဒါပေမယ့် တစ်ဖက်မှာ ဂျပန်နဲ့တရုတ် ဆက်ဆံရေးတင်းမာလာတာကြောင့် ဂျပန်စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ တရုတ် ဈေးကွက် က ပြန်နောက်ဆုတ်လာ နိုင်တယ်။ လက်တွေ့မှာလည်း တရုတ်ပြည်မှာ ရင်းနှီးမြှုပ်နှံမှုတွေကို ဂျပန်က ရုပ်သိမ်းဆုတ်ခွာလျက် ရှိ တယ်။ အခြားတစ်ဖက်မှာလည်း ဂျပန်နိုင်ငံဟာ ဈေးကွက်သစ်တွေ ရှာဖွေနေတယ်။ အထူးသဖြင့် ဂျ ပန်ဟာ ကျန်အာရှနိုင်ငံတွေကို ချဉ်းကပ်လျက်ရှိတယ်။
မကြာသေးမီက ဝန်ကြီးချုပ် ရှင်ဇိုအာဘေးကိုယ်တိုင် ဗီယက်နမ်၊ ထိုင်းနဲ့ အင်ဒိုနီးရှားနိုင်ငံတွေဆီ သွားရောက်ခဲ့ပြီး ဒုတိယ ဝန်ကြီး ချုပ်လည်းဖြစ်၊ ဘဏ္ဍာရေး ဝန်ကြီးလည်းဖြစ်တဲ့ Taro Aso က မြန်မာနိုင်ငံ လာရောက်ခဲ့တယ်။ နိုင်ငံခြားရေးဝန်ကြီး Fumio Kishida က စင်ကာပူ၊ ဘရုနိုင်း၊ ဖိလစ်ပိုင်နဲ့ သြစတြေးလျနိုင်ငံတွေ ဆီ လှည့်လည်ခဲ့တယ်။ ဂျပန်နိုင်ငံ အနေနဲ့ စွမ်းအင်ကိစ္စ၊ လုံခြုံရေး ကိစ္စနဲ့ ရင်းနှီးမြှုပ်နှံရေးကိစ္စတွေအတွက် ဆွေးနွေးညှိနှိုင်းမှာတော့ သေချာတယ်။ အာဘေးဟာ ၂ဝဝ၆ ခုနှစ် စက်တင်ဘာလမှာ ဝန်ကြီး ချုပ် ဖြစ်ခဲ့စဉ်က သူ ပထမဆုံး သွားရောက်ခဲ့တဲ့နိုင်ငံဟာ တရုတ်ပြည် ဖြစ်ခဲ့ပေမယ့် အခုတစ်ကြိမ် ဝန်ကြီးချုပ် ဖြစ်လာတဲ့အခါ မှာတော့ တရုတ်ကို ဦးစားမပေးဘဲ အာဆီယံအဖွဲ့ဝင် နိုင်ငံတွေကို ဦးစားပေးလာတာ တွေ့ရတယ်။
ဂျပန်နိုင်ငံဟာ အာဆီ ယံနိုင်ငံတွေမှာ ရင်းနှီးမြှုပ်နှံမှု ပို လုပ်လာပြီး သူ့ရဲ့ ထုတ်ကုန်တွေ ကိုလည်း အာဆီယံဈေးကွက်မှာ ပို မို တင်ပို့ရောင်းချ လာနိုင်တယ်။ ဂျပန်နိုင်ငံဟာ စီးပွားရေး ကျဆင်း နေတယ်ဆိုပေမယ့် ဆင်ပိန်တော့ ကျွဲလောက်ဆိုသလို ကမ္ဘာ့ တတိယ အကြီးမားဆုံး စီးပွားရေး ဖြစ်နေဆဲပါ။ ပြီးတော့ ဂျပန်နိုင်ငံဟာ အဆင့်မြင့်နည်းပညာတွေ ပိုင်ဆိုင် ထားတဲ့ နိုင်ငံဖြစ်တဲ့ အတွက် အာ ဆီယံနိုင်ငံတွေအနေနဲ့ အပေးအ ယူလုပ်တတ်ရင် အကျိုးအမြတ် ရရှိနိုင်တယ်။
မင်းရွှေမောင် (Ref : The Economist )