2013-5-13
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
ဈေးကွက်ဂျာနယ်နှင့် Reporter ဂျာနယ် ဒလမြို့နယ်သို့ သောက်ရေသန့် လှူဒါန်းမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... ၈၁၃
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ကျန်းမာရေး
စီးပွားဖြစ် ဖန်ခါး စိုက်ပျိုးရေး

ဖန်ခါးပင်သည် တောတောင် များအတွင်း၌ သဘာဝအလျောက် ပေါက်ရောက်နေသော အပင်များဖြစ် သည်။ ဖန်ခါးပင်သည် အလယ် အလတ်တန်းစားအပင်မျိုးဖြစ်၍ အပင် အပေါ်ပိုင်းတွင် ဝိုင်းခတ်ပြီး အခက် အလက်များမှာ အရပ်လေးမျက်နှာ  သို့ ဖြန့်ထွက်ဖြာဝေလျက်ရှိပါသည်။  အရွက်၏ ကျောဘက်ရှိ အကြောများ သည် အလွန်ထင်ရှားပြီးြ<ွကတက်နေ သည်။ ရွက်ရိုးတံအဖျားအဆုံးတွင်  အဖုတစ်ခုနှစ်ခုစီရှိတတ်သည်။ အဖူး သည် ဖျော့တော့သော အဖြူရောင် ရှိ၍ အရွက်များထွက်လာသောအခါ အဖူး၊ အငုံကလေးများအတူပါလာ လေ့ရှိသည်။

          အပွင့်မှာ တစ်လက်မ၏ခြောက် ပုံတစ်ပုံခန့်အရွယ်ရှိပြီး သစ်ပုပ်ရောင် သမ်းလျက် ဖြူရော်ရော် ဝါကျင့်ကျင့် ဖြစ်သည်။ အနံ့ဆိုးသော်လည်း အပွင့် များကိုပိုးမွှားများကြိုက်ကြသည်။ အသီးမှာဘေးသို့ပြန့်ကားနေသော အကိုင်း၊ အခက်၊ အခိုင်များအလိုက် စုပြုံ၍တွဲကျနေအောင် သီးတတ်ပါ သည်။ အသီးများသည် များသော အားဖြင့် နိုဝင်ဘာလနှင့် မတ်လ အတွင်း ရင့်မှည့်ပြီး မှည့်သည်နှင့်ြေ<ွကကျတတ်သည်။ အသီး၏ပုံ သဏ္ဌာန်မှာ ရှည်လျား၍ ထိပ်နှစ် ဘက်ချွန်ပြီး ဒေါင်လိုက်အရေး အကြောင်း ငါးခုပါရှိသည်။ အသား အရောင်မှာ အချို့အစိမ်းရင့်ရောင် ဖြစ်ပြီး အချို့အစိမ်းဝါရောင်ရှိ၍ အခွံ မှာပါးပြီး အစေ့မာသည်။

          ဖန်ခါးသီးသည် မြန်မာ့ထမင်း ဝိုင်း၏ တို့စရာအဖြစ်သာမက အရောင်ဆိုးဆေးမင်၊ ပရဆေးများဖော် စပ်ရာတွင်များစွာအသုံးဝင်လေသည်။ သားရေနယ်ရာ၌ သားရေကို ချော မွတ်စေပြီး အရောင်ကိုလည်း ခိုင်စေပါ သည်။ ယခုအခါ ပရဆေးကုန်ကြမ်း များအဖြစ်တရုတ်နိုင်ငံသို့ တင်ပို့နေရ သဖြင့် နိုင်ငံခြားဝင်ငွေရှာဖွေပေးသော သစ်သီးလည်းဖြစ်ပါသည်။ ထို့ကြောင့် ဥယျာဉ်ခြံမြေတို့တွင် စနစ်တကျ စိုက်ပျိုးသင့်သော အပင်ဖြစ်ပါသည်။

စိုက်ပျိုးနည်း

          ဖန်ခါးပင်ကိုမြေအမျိုးမျိုး၌ စိုက် ပျိုးနိုင်ပြီး မြေစေးနှင့် သဲမြေမျိုး၌ ပိုမို ဖြစ်ထွန်းသည်။ ဖန်ခါးစေ့သည် အပင် ဖြစ်ထွန်းစေတတ်သော ဂုဏ်သတ္တိ နည်းသည်။ မျိုးစေ့အဖြစ် အသုံးပြုရာ တွင် အသီးပေါ်၌ အရေးအကြောင်း များပိုမိုထင်ရှားသော အသီးကိုစိုက် ပျိုးပါက အပေါက်နည်းသည်။ အခွံမာ ၍ မည်းနေသော အမျိုးအစားမှသာ လျင်မြန်စွာပေါက်ရောက်တတ်သည်။

          စိုက်ပျိုးသည့်အခါတွင် ဖန်ခါး  သီးကို ခြောက်သွေ့အောင်နေလှန်းပြီး  အပေါ်မှ မာကြောသော အခွံအနှစ် များကို ခွဲပြီးနောက် အစေ့များကို မိုးမကျမီပျိုးသေတ္တာမှာ စနစ်တကျ  ပျိုးထောင်နိုင်ပါသည်။ ဖန်ခါးပင် သည် အညှောင့်အထွက်နှေးကွေး သဖြင့် စိုက်ပျိုးရာ၌ စိတ်ရှည်ရပါ သည်။ အညှောင့်များထွက်လာသော် လည်း အခြားသော အပင်များကဲ့သို့ လျင်မြန်စွာကြီးထွားမှုမရှိဘဲနှေးကွေး တတ်သည်။ စနစ်တကျနှင့် စိတ်ရှည် ရှည်ဖြင့် ပြုစုသွားရမည်ဖြစ်ပါသည်။

ဆေးကျမ်းများအလို

          မြန်မာ့ဆေးကျမ်းအချို့က ဖန် ခါးသီးသည် ခါး၏။ ခြောက်သွေ့ သော သလိပ်ကို စိုစေတတ်၏။ လေပူတို့ကို ကြေစေတတ်၏။ အလွန် ဖန်ခြင်း၊ အလွန်ခါးခြင်းမရှိ။ စား၍ အသင့်တော်ဆုံးဖြစ်၏။ အရသာအား ဖြင့် ဖန်၊ ချဉ်၊ ခါး အရသာ သုံးပါး စလုံးရှိ၍ ဆီးနည်းခြင်း၊ ဓာတ်ချုပ် ခြင်း၊ လေချုပ်ခြင်း၊ သွေးချုပ်ခြင်း ဖြစ်တတ်၏။

          ဖန်ခါးသီးသည်အစာကို ကြေ ညက်လွယ်၏။ ပု၏။ဖန်၏။ ကြေ ညက်သောအခါချို၏။ ဝမ်းမီးကို တောက်စေ၏။ ပျို့အန်ခြင်းကို ပိတ် စေ၏။ ရေငတ်ခြင်းကို ပြေစေ၏။ နှုတ်ကိုမြိန်စေ၏။ ဝမ်းဗိုက်ရောဂါများ  ကိုအကျိုးပြု၏။ လေကိုသက်စေ၏။  လေလုံး၊ ဘေလုံး၊ သရက်ရွက်ကြီး ခြင်း၊ အသည်းရောဂါတို့ကို အကျိုး ပြုသည်ဟု ဖော်ပြထားပါသည်။

နာမည်ကျော် မကွေးဖန်ခါးသီး

          မြန်မာလူမျိုးအချို့သည် ဖန်ခါး သီးကို တို့စရာအဖြစ် ငါးပိချက်၊ ငါးပိ ရည်များဖြင့် ရောယှက် စားသုံးကြ သည်။ မကွေးနယ်မှထွက်သော မကွေးဖန်ခါးသီးသည် နာမည်အလွန် ကြီးပြီး လူကြိုက်များသည်ကို တွေ့ ရသည်။

          မကွေးဖန်ခါးသီးသည်အလုံး သေးပြီး မာကျောသည်။ အရောင်မှာ ဝင်းဝါပြောင်လက်ပြီးအနံ့မွှေးသည်။ အရသာမှာ အဖန်ထက် အချိုသို့ ပို ကဲသည်။ ရှေးမြန်မာမင်းများ လက် ထက်က ဘုရင်ကို ဆက်သရသော ကြောင့် မကွေးဖန်ခါးသီးကို တော်ဝင် ဖန်ခါးသီးဟု ပြောစမှတ်ပြုကြပါ သည်။

ရောဂါမျိုးစုံသုံး ဖန်ခါးသီး

          ရှေးခေတ်လူကြီးများသည် ဖန် ခါးသီးကို ဒူလာကောင်းသည်။ နွား နက်၏ ကျင်ငယ်ရည်နှင့် စိမ်၍ ဆေး အဖြစ် မှီဝဲသုံးဆောင်လျှင် အနာရော ဂါအမျိုးမျိုးမစွဲကပ်နိုင်ဟု အယူရှိ ကြ သည်။ ဝက်ခြံအမြစ်မထွက်ခဲ့သော် ဖန်ခါးသီးကိုဆန်ဆေးရည်ဖြင့်သွေး လိမ်းရသည်။

          ကလေးငယ်များ ပါးစပ်ကွဲခြင်း၊ လည်ချောင်းနာခြင်းဖြစ်သည့်အခါ ဖန်ခါးသီးပြုတ်ရည်ကို ပျားရည်နှင့် ရောသောက်လျှင် ပျောက်ကင်း သည်။ အသက်ကြီးသောသူများ ဖန် ခါးသီးမှုန့်ကို ရှားစေးနှင့်အတူ သွား ကိုသိပ်လျှင် သွားများခိုင်သည်။ မျက်စိနာခြင်း၊ ကိုက်ခဲခြင်းဖြစ်သော် ဖန်ခါးသီးကို ထုခွဲ၍ တစ်ညလုံး ရေ စိမ်ထားပြီး နံနက်လင်းလျှင် ထိုရေ ကြည်ဖြင့် မျက်စိကို ဆေးပေးက ပျောက်ကင်းနိုင်သည်။ မတော်တဆ မီးလောင်သော် ဖန်ခါးသီးရည်ဖြင့် လိမ်းကျံပေးခြင်း၊ မီးလောင်ဖုအကွက် များ၌ ဖန်ခါးသီးအမှုန့်ကို အုန်းဆီ ဖြင့် လိမ်းပေးခြင်းတို့ဖြင့် ပျောက် ကင်းနိုင်ပါသည်။ ပန်းနာရင်ကျပ် ဖြစ်သူများတွင် ဖန်ခါးသီး တစ်လုံး ကိုထုထောင်း၍ ပုန်းရည်ကြီးနှင့် စိမ် ပြီး သောက်ရသည်။ မြင်းသရိုက်  ရောဂါရှိသူများ အောက်သို့ သက်စေ ရန်အတွက် ဖန်ခါးသီးကို ထောပတ် နှင့် ကြော်၊ အမှုန့်ပြုလုပ်ပြီး ပိတ်ချင်း သီးမှုန့်၊ ထန်းလျက်တို့နှင့် ရော၍ သောက်ပါက ရောဂါပျောက်ကင်းနိုင် ပါသည်။

ဘက်စုံသုံး ဖန်ခါးသီး

          ဖန်ခါးသီးသည် သားရေနယ် ရာတွင်လည်း အသုံးဝင်ပါသည်။ သားရေနယ်ရာ၌ သားရေကို ချော မွတ်စေပြီး အရောင်ကိုလည်း ခိုင်ခံ့ စေပါသည်။

          ဖန်ခါးသီးကို အရောင်ဆိုးရာ တွင်လည်း အသုံးပြုနိုင်သေးသည်။ ချည်များကို အနက်ရောင်ဆိုးရာတွင်  ဖန်ခါးသီးခေါက်သည် ချပ်၍ အလွန် အသုံးဝင်ကြောင်းသိရသည်။

          အဝတ်အထည်များကို အဝါ ရောင်ဆိုးလိုသော် ဖန်ခါးသီးကို အခွံ ခွာ၍ အမှုန့်ပြုလုပ်ပြီးရေ၌စိမ်ထားရ သည်။ ထို့နောက် အဝတ်အထည် များကိုထည့်၍ ပြုတ်သည့်အခါ ညစ် ပုပ်ပုပ်၊ ပြာနှမ်းနှမ်းအရောင်ဖြစ်လာ ပြီး ထိုအထဲသို့ ကျောက်ချဉ်ထည့် လိုက်သည့်အခါ အဝါရင့်ရောင်ဖြစ် လာပါသည်။ ဖန်ခါးသီး၊ သံနှင့် ကန့်တို့ကို အချိန်အတွယ်မှန်ကန်စွာ  ရောစပ်၍ အရောင်ဆိုးပေးလျှင် ကာကီရောင်ဖြစ်လာသည်။ ဖန်ခါးသီး  ကို နနွင်းနှင့် မဲနယ်တို့နှင့် ရော၍ ဆိုးပါက အစိမ်းရောင်ဖြစ်လာသည်။  မဲနယ်နှင့်သာ ရောဆိုးပါက အညို ရောင်ဖြစ်ပြီး သံနှင့် ရှားစေးတို့ကို ရော၍ ဆိုးပါက အပြာရောင်ဖြစ်လာ ပေသည်။

          အိန္ဒိယနိုင်ငံ၌ ချည်ထည်၊ သိုး မွှေးထည်နှင့် သားရေများအရောင်ဆိုး ရာတွင် ဖန်ခါးသီးများကို အသုံးများ သည်ဟု သိရှိရပါသည်။

          ထို့ပြင် ဖန်ခါးသီးအခွံအောက်၌ အနည်းငယ်သော အသားကို သံ၊ ဆားတို့နှင့် အတူရော၍ စာရေးမင် များလည်း ပြုလုပ်နိုင်ပါသေးသည်။

          ထို့ကြောင့် ဘက်စုံအသုံးဝင်လှ  သော ဖန်ခါးပင်ကို ဥယျာဉ်ခြံမြေများ တွင် စနစ်တကျ စိုက်ပျိုး၍ ကျယ် ကျယ်ပြန့်ပြန့် စီးပွားဖြစ် ထုတ်လုပ် သင့်ကြောင်း ရေးသားတင်ပြလိုက်ရ ပါသည်။

မောင်နွယ်သန်း
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: zaygwet1997@gmail.com Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.