2013-5-13
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
ဈေးကွက်ဂျာနယ်နှင့် Reporter ဂျာနယ် ဒလမြို့နယ်သို့ သောက်ရေသန့် လှူဒါန်းမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... ၈၁၃
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ကျန်းမာရေး
အိုင်တီနည်းပညာသုံး ခွဲစိတ်ကုထုံးသစ်

ဝင်လုဆဲနေရောင်ခြည်က တိမ် တိုက်များပေါ်သို့ ဖြာကျလျက်ရှိ၏။
    ပုစွန်ဆီရောင် တိမ်တိုက်များက ပြာလဲ့သော ကောင်းကင်ပြင်ကြီးထဲ တွင် ဟိုတစ်စုသည်တစ်စုဖြင့် လှပစွာ တည်ရှိနေ၏။
    အထပ်နှစ်ဆယ်မြင့်သော ဝဿ ဝတီ ဆေးတိုက်ကြီး၏ အပေါ်ဆုံး ထပ်မှနေ၍ ခွဲစိတ်ပါရဂူ ဒေါက်တာ နေမျိုးအောင်သည် ဆည်းဆာချိန် ရှုခင်းကို ငေးမောကြည့်ရှုနေ၏။
    ''မင်္ဂလာပါဆရာကြီး''
    ''မင်္ဂလာပါပွင့်ရေ၊ ထိုင်ကွယ်''
    ပြတင်းဝတွင်ရှိနေရာမှ တပည့် ရင်းဖြစ်သူ ဒေါက်တာပွင့်သက်တင် ဝင်လာ၍ ဆုံလည်ကုလားထိုင်တွင် ဝင်ထိုင်လိုက်၏။
    ''ဆရာကြီးလဲ မနက်က အတော်ညောင်းမှာပဲ''
    ''ညောင်းတာပေါ့ကွယ်၊ စုစု ပေါင်း ခွဲစိတ်ချိန်လေးနာရီကျော် သွားတယ်၊ လူနာက ကင်ဆာရောဂါ ကွယ့်၊ ခွဲရတဲ့နေရာကလဲ အတွင်းပိုင်း ဆိုတော့

ခဲရာခဲဆစ်ကိုလုပ်ရတာ''
    ''နည်းပညာသစ်တွေ ပေါ်လာ ရင် ခုလောက်ပင်ပန်းမယ် မထင် ဘူး''
    ''ဟုတ်တာပေါ့ကွယ်၊ လန်ဒန် မှာခွဲစိတ်ပါရဂူတွေက Toughless Technology ဆိုတဲ့ နည်းပညာကို သုံးပြီး စမ်းသပ် နေကြပြီ၊ ပါရဂူတွေ ခန့်မှန်းတာက နောင်လာမယ့်

ဆယ်နှစ်၊ ဆယ့်ငါး နှစ်လောက်ကျရင် ဒီနည်းပညာဟာ ခွဲစိတ်ပါရဂူတွေ အတွက် ထမင်းစား၊ ရေသောက် အဆင့်လောက် ရောက် လာလိမ့်မယ် တဲ့''
    ''ဒီနည်းပညာကို မကြားဖူး သေးဘူး ဆရာကြီး''
    ''အေး၊ ရှင်းပြပါ့မယ်၊ ဒီနည်း ပညာရဲ့ မူလက TV Game  က ရတာကွယ့်''
    ''ကလေးတွေ ကစားတဲ့ TV Game  လား ဆရာကြီး''
    ''ဟုတ်တယ်၊ အဲဒီကနေ စိတ် ကူးရတာ၊ ခက်ခဲသိမ်မွေ့တဲ့ Keyhole Surgery  ခေါ်တဲ့ အပေါက်သေး သေးလေးကနေ ခွဲစိတ် ရတဲ့နည်းမှာ ဒီနည်းပညာသစ်ကို

ထပ်ထွင်တာ ကွယ့်''
    TV Game  က ရတာဆိုတော့ Computer နဲ့ ပတ်သက်မှာပဲ''
    ''ပတ်သက်တာပေါ့ကွယ်''
    ''ဒါဆို ခွဲစိတ်ပါရဂူက Keyboard တွေ၊ Mouse တွေ ကိုင်ရ မှာပေါ့''
    ''ကိုင်စရာမလိုဘူးကွယ့်၊ အဲဒါ ထူးခြားချက်ပဲ၊ ကိုင်ရရင်ပိုးဝင်နိုင် တယ်။ ခွဲစိတ်တဲ့အခါ မသန့်ရှင်းတာ တွေ ဖြစ်နိုင်တယ်။ ခု မကိုင် ရတော့ သန့်ရှင်းတယ်ကွယ့်''
    ''မကိုင်ဘဲနဲ့ ဘယ်လိုခွဲစိတ်လဲ ဆရာကြီး''
    ''ပုံရိပ်တွေကို အသံရယ်၊ လက်အမူအရာရယ်သုံးပြီး ထိန်းချုပ် တာကွယ့်''
    ''ဟာ-အံ့သြစရာကြီး၊ အသံနဲ့ လက်အမူအရာ၊ ဟုတ်လား၊ ဆရာကြီး''
    ''ဟုတ်တယ်ကွယ့်၊ အဲဒါက သိပ်ကိုထူးခြားတယ်၊ ခွဲစိတ်ပါရဂူ တွေရဲ့ အဆိုအရ ခုလိုထိန်းချုပ်နိုင်တဲ့ အတွက် ခွဲရတာပိုပြီး ထိရောက်တယ် တဲ့၊ အနှောင့်အယှက်လဲ

ပိုပြီးကင်း တယ်တဲ့''
    ''ဒါဆို ခွဲစိတ်ပါရဂူတွေ သဘောကျတယ်ပေါ့''
    ''ကျတာပေါ့ကွယ်၊ ရှုပ်ထွေး သိမ်မွေ့ပြီး ခဲရာခဲဆစ် ခွဲစိတ်နည်းတွေ မှာ 3D Image တွေ သုံးပြီး ခွဲရတာ အတော်အဆင်ပြေ တယ်ဆိုပဲ''
    ''ဟုတ်ကဲ့၊ ဆရာကြီး''
    Right Image  ရအောင် ဘေး ကနေ လက်ထောက်ကပြောတဲ့ နည်း ကလဲ အချိန်ကုန်တယ်ကွယ့်၊ အနှောင့်အယှက် လဲ ဖြစ်တယ်။ ခု နည်းက လက်ထောက်ကပြောစရာလဲ မလိုဘူး''
    ''ဟုတ်ကဲ့၊ ဆရာကြီး''
    ''ခု စမ်းသပ်နေတဲ့ နေရာက London မှာရှိတဲ့ ST Thomas ဆေးရုံ ကြီးမှာကွယ့်။ Gesture Based Gaming Technology ကို သုံးထား တယ်။ ဒီနည်းပညာနဲ့ ပုံရိပ်တွေကို မြင်ရစေတယ်။ ပုံရိပ်တွေကို လိုသလို ထိန်းချုပ်နိုင် စေတယ်။ သိပ်ကောင်း တဲ့ နည်းပညာကွယ့်''
    ''တစ်လောက ကလေးတစ် ယောက်ပြောတာ ကြားဖူးလိုက် တယ်။ နိုင်ငံခြားမှာ Kinect Interactive Game ဆိုတာတွေ ပေါ်   နေပြီတဲ့။ ဒီ Game တွေက ခုပြောတဲ့ နည်းပညာနဲ့ ဆက်စပ်နေမလားပဲ''
    ''ပွင့်ပြောတာ ဟုတ်တယ်။ Kinect Interactive Game ကို ကစားဖူးရင် ဒီနည်းပညာသစ်ကို သဘောပေါက်နိုင်တယ်ကွယ့်''
    ''ဟုတ်ကဲ့ ဆရာကြီး''
    ''နည်းပညာသစ်မှာက ခွဲစိတ် ပါရဂူရဲ့ အသံနဲ့ လက်ရွေ့လျားမှုကို သုံးပြီး ခွဲစိတ်ကရိယာတွေကို လိုသလို ရွေ့ခိုင်းတာကွယ့်''
    ''ထူးဆန်းလိုက်တာ''
    ''ထူးဆန်းတာတော့ အတော် ထူးဆန်းတာပဲ။ ST Thomas ဆေးရုံ ကြီးမှာစပြီး စမ်းသပ်တော့ Vascular Surgery  ခေါ်တဲ့ သွေးကြောခွဲစိတ် မှု ယူဆပြီးစမ်းတာတဲ့။ လူ့ခန္ဓာကိုယ် မှာ အကြီးဆုံး သွေးလွှတ်ကြောကြီး က Aorto လို့ခေါ်တယ်။ ဒီသွေးလွှတ် ကြောကြီး ချို့ယွင်းနေတာကို Graft ထည့်ပြီး ပြန်ပြုပြင်ဖို့ရှိတယ်။ လွယ် လွယ်ပြောရရင် အပေါက်ဖာ သလို ပေါ့ကွယ်။ ခါတိုင်းက လက်နဲ့လုပ်ရ တယ်၊ ခုနည်းပညာဘက်မှာ လက် မလိုတော့ဘူး။ 3D ပုံရိပ်ကနေ တစ်ဆင့်ခွဲစိတ်တာ''
    ''ဟုတ်ကဲ့ ဆရာကြီး''
    ''ခွဲစိတ်ဆရာဝန်ကြီးက တီးဝိုင်းခေါင်းဆောင်လို လက်နဲ့ပဲ  လက်ဟန်ခြေဟန်လုပ်ပြတယ်။ Monitor မှာ တပ်ဆင်ထားတဲ့ Kinect Sensor ကနေ ထိန်းချုပ်နေတယ်။ ပုံရိပ်မှာက လူနာရဲ့ သွေးလွှတ်ကြော ကြီးရဲ့ 3D ပုံရိပ်က ပေါ်နေတယ်။ ခွဲစိတ် ဆရာဝန်ကြီးက 3D ပုံရိပ်ကို ကြည့်ပြီးလိုတာ လုပ်နေတယ်''
    ''ဘယ်ပါရဂူ ခွဲစိတ်တာလဲ ဆရာကြီး''
    Tom Carell  ဆိုတဲ့ ဆရာ ဝန်ကြီးပေါ့ကွယ်။ သူက လက်ဟန် ခြေဟန်နဲ့ ထိန်းချုပ်နေတာကွယ့်။ ပုံရိပ်ကိုလိုသလို ချုံ့နိုင်ချဲ့နိုင်တယ်။ Zoom In လုပ်လို့ရတယ်။
Zoom Out  လုပ်လို့ရတယ်။ ပုံရိပ်ကို Lock လုပ်နိုင် တယ်။ ပြီးတော့ Marker တွေနဲ့ သတ်မှတ်ပေးနိုင်တယ်။ ပုံရိပ်ကို Rotate လဲ လုပ်နိုင်တယ်''
    ''ဒါဆိုမြင်ကွင်းမျိုးစုံမြင်ရတဲ့ သဘောပဲပေါ့''
    ''ဟုတ်တယ်၊ မြင်ကွင်းမျိုးစုံ မြင်ရတယ်။ Tom Carrell က ပြော တယ်။ တိုက်ရိုက်ထိန်းချုပ်ရလို့ အလုပ်လုပ်ရတာ အဆင်ပြေ ပါတယ် တဲ့။ နည်းပညာပိုင်းမှာ ထိထိရောက် ရောက် အာရုံစူးစိုက်လို့ ရပါတယ် တဲ့''
    ''ဟုတ်ကဲ့ ဆရာကြီး''
    Tom Carrell  က ဆက်ရှင်းပြ တယ်။ အရင်ကဆိုရင် ပါးစပ်နဲ့ လက်ထောက်တွေကိုခိုင်းရတာ တစ်ခါတစ်လေ နေရာမကျဘူးတဲ့။ စိတ်တိုင်းမကျဘူးပေါ့ကွယ်။ ခု သူက Kinect ကနေ လုပ်ရတာပိုပြီး အဆင် ပြေတယ်တဲ့။ လိုချင်တဲ့အနေ အထား ကို ပိုပြီးမြန်မြန် ဆန်ဆန်ရတယ်တဲ့။ ပြီးတော့ Keyboard တွေ Mouse တွေလဲ မကိုင်ရဘူးတဲ့။ မသန့်ရှင်းတာ တွေလဲ မရှိဘူးတဲ့''
    ''ခွဲစိတ်ပါရဂူတွေပဲ သုံးနိုင်မှာ ထင်တယ်''
    Mr.Carrell အဆိုအရ ကတော့ သိပ်မခက်ခဲပါဘူးတဲ့။ လုပ်ရ တာလွယ်ပါတယ်တဲ့။ Smart Phone  သုံးရသလိုပါပဲတဲ့။ နည်းသိသွားရင် လွယ်ပါတယ်တဲ့''
    ''ဟုတ်ကဲ့ ဆရာကြီး''
    Mr.Carrell လုပ်တာက ပထမဆုံး စမ်းသပ်ချက်ပဲ။ ဒီ နည်း ပညာတီထွင်မှုက Microsoft Research ကနေ မြစ်ဖျားခံလာ တာပဲ။ ပံ့ပိုးကူညီတာက Lancaster University  ကွယ်။ Microsoft က ပါရဂူ တစ်ဦးဖြစ်တဲ့ Helena Mentis  က ပြောတယ်။ Game Technology  နဲ့ Complex Surgery  နှစ်ခုကို ပေါင်း စပ်ရတာမလွယ်လှပါဘူးတဲ့။ အတော် ကြိုးစားတီထွင်ခဲ့ရပါတယ်တဲ့။ ခွဲစိတ် ခန်းကို သိပ်ပြီးသန့်ပျံ့ရတဲ့နေရာမှာ လုပ်ရတာမလွယ်ပါဘူးတဲ့''
    ''ဟုတ်ကဲ့ ဆရာကြီး''
    ''ခု နည်းပညာကို အခြားနေရာ တွေမှာလဲ ဆက်ပြီးစမ်းဖို့ စီစဉ်ထား တယ်။ အင်္ဂလန်မှာ The Pritish Society for Endovascular Therary ဆိုတဲ့အသင်းကြီးရှိတယ်။ သွေးကြော ခွဲစိတ်ကုသမှုဆိုင်ရာ အသင်းကြီး ဆိုပါတော့။ ဒီအသင်းကြီးက ဥက္ကဋ္ဌ ဖြစ်တဲ့ John Brennan ကပြော တယ်။ ခုနည်းပညာသစ်ဟာ စိတ်ဝင် စားစရာကောင်းပါတယ်တဲ့။အလား အလာ အများကြီးရှိပါတယ်တဲ့''
    ''ဟုတ်ကဲ့ ဆရာကြီး''
    ''သူက ဆက်ပြောတယ်။ Image Manipulation  ဟာ ဒီနည်း ပညာသစ်က အဓိကအပိုင်းပါပဲတဲ့။ ဒီအပိုင်းကလဲ နောင်ကိုပိုပြီး တိုးတက် လာဦးမှာပါတဲ့။  အားရစရာ ပါပဲ ကွယ်''
    ''ဟုတ်ကဲ့ ဆရာကြီး''
    '' Lancaster University မှာ School of Computing and Comm-unications  ဆိုတာရှိတယ်။ အဲဒီက ပါရဂူ Dr. Mark Rouneefield  ကလဲ ခု နည်းပညာသစ်ကို ကြိုဆိုပါတယ် တဲ့။ ခု တီထွင်ချက်က ဘာသာရပ် ပေါင်းစုံ ဝိုင်းဝန်းကြိုးပမ်းမှုပါတဲ့။ Interdiscipsurary Research့  ပေါ့ ကွယ်။ ကွန်ပျူတာ ပညာရှင်တွေ၊ ဆေးပညာရှင်တွေ၊ လူမှုရေး၊ သိပ္ပံ ပညာရှင်တွေရဲ့ ဝိုင်းဝန်း ကြိုးပမ်းမှု ပါပဲတဲ့။ အားလုံးဝိုင်းပြီး ကြိုးစား ကြလို့ အောင်မြင်တာပါတဲ့။
    ''စုပေါင်းဆောင်ရွက်မှုပေါ့ နော်''
    ''ဟုတ်တယ်ကွယ်၊ စုပေါင်း ဆောင်ရွက်လို့ အောင်မြင်တာပေါ့ ကွယ်''
    ''ခု ဆရာကြီးဆီကို Reroft လာလုပ်တာပါ။ မနက်က လူနာ အခြေအနေကောင်းပါတယ်။ တာဝန် ကျဆရာဝန် Round လှည့်ပြီးပါပြီ''
    ''အေး၊ ဟုတ်ပြီ။ ဆေးတွေ ဆက်သွင်းထားတယ် မဟုတ်လား''
    ''သွင်းထားပါတယ် ဆရာကြီး''
    ထိုစဉ် သူနာပြုဆရာမလေး နွဲ့ယမင်းရောက်ရှိလာ၏။
    ''မင်္ဂလာပါ ဆရာကြီး''
    ''မင်္ဂလာပါကွယ်၊ လက်ထဲမှာ လဲ ချိုင့်ကြီးပါလား''
    ဆရာမလေးလက်ထဲတွင် ငါးဆင့်ချိုင့်ကြီးပါလာ၏။
    ''ဓာတ်ခွဲမှူး ဦးဥာဏ်အုန်း ပို့ခိုင်းလိုက်တာပါ။ မုန့်ဟင်းခါးပါ ဆရာကြီး''
    ''ဟာ-ဟန်ကျတာပဲ၊ ဦးဥာဏ် အုန်း လက်ရာက သိပ်ကောင်းတယ်။ ကဲ-ဆရာမလေးရေ ထည့်ကွာ၊ ပွင့်လဲစားမယ်မဟုတ်လား''
    ''ဟုတ်ကဲ့ ဆရာကြီး''
    ''ဘူးသီးကြော်နဲ့ ငါးဖယ်ပါရဲ့ လား''
    ''ပါပါတယ် ဆရာကြီး''
    ''ငြုပ်သီးမှုန့် များများထည့်ကွာ၊ စပ်စပ်ကလေး စားချင်တယ်''
    ''ဟုတ်ကဲ့ ဆရာကြီး''
    ''ကဲ-ပွင့်ရေ ထမင်းစားခန်း သွားရအောင်''
    ''ဒီတစ်ခါ ဒေါက်တာ ကျော်ဆွေသိန်း ပေါ်မလာပါလား ဆရာကြီး''
    ''ဘယ်လာတော့မလဲ၊ ဆရာမ လေးက သင်္ဘောသားတစ်ယောက်နဲ့ စေ့စပ်လိုက်ပြီလေ၊ ဒါကြောင့် မလာ တော့တာ''
    ''သြော်-ဒီလိုကိုး။ သူမလာရင် သူ့ကိုယ်စား ပိုစားလိုက်မယ်''
    ''စားလိုက်ပွင့်ရေ၊ စားလိုက်၊ စားလိုက်''
အောင်(ဆေး-၁)
Ref: BBC News rS "Trial of Touchless Gaming Technology in Surgery"  ဆေးပညာ ဆောင်းပါးကို မှီငြမ်းကိုးကားပါ သည်။

အောင်-ဆေး-၁
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: zaygwet1997@gmail.com Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.