2013-5-20
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
ဖက်ဒရယ်အကြောင်း တိုင်းရင်းသားပြည်သူများ ပိုမိုနားလည်ရန် ရည်ရွယ်၍ ဖက်ဒရယ်ဂျာနယ် ပြည်တွင်းတွင် ပထမဦးဆုံး စတင်ထုတ်ဝေ
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... ၈၁၄
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ကျန်းမာရေး
ဓာတ်ခွဲခန်း၌ အချစ်ကို တိုင်းတာခြင်း

     အချစ်နဲ့ပတ်သက်ပြီး လူတွေရဲ့ ခံစားပြုမူပုံတွေကို အဓိပ္ပါယ်ဖွင့်ဆိုရတာ အခက်အခဲဆုံးပညာဖြစ်ပါတယ်။ ဒါပေမယ့် သိပ္ပံ ပညာရှင်တွေဟာ အဲဒီစိန်ခေါ်မှုကြီးကို ရှာဖွေစူးစမ်း ခဲ့ရာ ယခုအခါ အဓိပ္ပါယ်ဖွင့်ဆိုလာနိုင် ပြီဖြစ်ပါတယ်။ Rutgers တက္ကသိုလ် မှ မနုသဗေဒပညာရှင် Helen Fisher က ''လူတွေဟာ အချစ်အတွက် ကဗျာတွေစပ်၊ ဝတ္ထုတွေရေး၊ ဝက်ဘ် ဆိုက်တွေ ဖန်တီး ခဲ့ကြပါတယ်။ အချစ်အတွက် ရှင်သန်နေသလို၊ အချစ်အတွက်ကြောင့်လဲ သတ်ကြ ဖြတ်ကြ၊ အသေခံကြပါတယ်။ သူတို့မှာ အသက်ရှင်သန်ဖို့ ရုန်းကန်ရ တဲ့စိတ်ဓာတ် အချစ်အတွက် ကြိုးပမ်း တဲ့စိတ်ဓာတ်က ပိုမိုပြင်းထန်နေ တတ်တယ်''လို့ ထောက်ပြ ပါတယ်။
    Hawii တက္ကသိုလ်မှ စိတ်ပညာ ရှင်-Elaine Hatfield နဲ့ Illinois  ပြည် နယ်တက္ကသိုလ်မှ လူမှုရေးသိပ္ပံပညာ ရှင်-Susan Sprecher  တို့ နှစ်ဦးဟာ နှစ်နှစ်ကာကာချစ်တဲ့စံနှုန်း Passionate Love Scale  နဲ့ ပတ်သက်တဲ့ သုတေသနကို လွန်ခဲ့တဲ့ အနှစ် ၃ဝ ကစပြီး လေ့လာခဲ့ပါတယ်။ သူတို့ရဲ့ သုတေသနပြုချက်တွေမှာ အချစ်နဲ့ ပတ်သက်တဲ့ ခံစားချက် ၁၅ မျိုးပါရှိပြီး လူတစ်ယောက် ဟာ အနိမ့်ဆုံး ၁၅ မှတ်ကနေ အမြင့်ဆုံး ၁၃၅ မှတ်အထိ ရရှိနိုင်ပါတယ်။ အဲဒီစမ်းသပ်ချက်ကို အချစ်ရဲ့ သာမိုမီတာ- The Thermometer of Love  လို့ တင်စားပြီး ခေါ်ဆိုခဲ့ပါတယ်။ အဲဒီသုတေသနပြု ချက်တွေကို အမေရိကန်နိုင်ငံမှာအပြင် ပစိဖိတ် ကျွန်းစုနိုင်ငံတွေ၊ ရုရှား၊ မက္ကစီ ကို၊ ပါကစ္စတန်နဲ့ အိန္ဒိယနိုင်ငံတွေမှာ လဲ ပြုလုပ်ခဲ့ပါတယ်။ စိတ်ပညာရှင်- Elaine Hatfield က 'အနောက်နိုင်ငံ တွေမှာသာ တစ်ဦးနဲ့တစ်ဦး နှစ်နှစ် ကာကာချစ်ကြပြီး လက်ထပ်ကြ တယ်လို့ထင်ကြပေမယ့် လူမျိုးအသီး သီးမှာလဲ အချစ်နဲ့ပတ်သက်လို့ လေး လေးနက်နက်ထားပြီး လက်ထပ် တတ်ကြပါတယ်'လို့ မှတ်ချက်ချ ထားပါတယ်။
    အချစ်နဲ့ပတ်သက်လို့ သိပ္ပံပညာရှင်တွေက နက်နက်နဲနဲ လေ့လာလေလေ သိပ္ပံပညာရဲ့နယ်ပယ်တွေထဲ ပိုပြီးရောက်ရှိလေ့ လာဖြစ်ခဲ့ပါတယ်။ အမြင်ဆိုင်ရာ၊ အကြားဆိုင်ရာ၊ အနံ့ ဆိုင်ရာ၊ ပရိယာယ်ဆိုင်ရာနဲ့ ဓာတုအာ ရုံဖြစ်စဉ်ဆိုင်ရာ စသည်ဖြင့် နယ်ပယ် စုံအထိ ကျယ်ဝန်းခဲ့ပါတယ်။ လူတွေ ဟာ လူသားမျိုးဆက်ပြန့်ပွားရေး အတွက် မိမိချစ်ခင်တဲ့ ဘဝကြင်ဖော် တွေရှာဖွေကြပါတယ်။ ဒီလိုရှာဖွေကြရမှာ ရှေးအကျဆုံး ဆန္ဒတစ်ခုကတော့ မိမိရဲ့ကြင်ဖော်ဟာ မိမိနှစ်သက်တဲ့ အနံ့အသက်ရှိ၊ မရှိခံစားခြင်းပဲ ဖြစ်ပါတယ်။ တစ်ချို့လူတွေဟာ မွေး ကတည်းက သူတို့ကိုယ်ပိုင်အနံ့တွေ ပါရှိလာတတ်ပါတယ်။ တချို့အနံ့ တွေဟာ ဆန့်ကျင်ဖက်လိင်ကို ဆွဲဆောင်စေနိုင်ပါတယ်။ လူတွေရဲ့ ခန္ဓာကိုယ်တွင်း ရောဂါပိုးကာကွယ် ရေးကို ထိန်းချုပ်တဲ့မျိုးဗီဇ- Genes စနစ်ဖြစ်တဲ့ Major Histocompatibility Complex-MHC ဟာ လူရဲ့ အကြောမျှင်တွေ လှုပ်ရှားမှုအပေါ် အကျိုးသက်ရောက်စေပါတယ်။ လူတွေဟာ မိမိမှာရှိတဲ့ MHC စနစ်နဲ့ မတူတဲ့ ဆန့်ကျင်ဖက်ကြင်ဖော်ကိုသာ ရှာဖွေပြီး ချစ်လေ့ရှိပါတယ်။ MHC တူသူအချင်းချင်း ရှောင်ကြဉ်တတ် တယ်လို့ UCLA မှ စိတ်ပညာရှင်- Martie Haselton  က ဆိုပါတယ်။ ကြွက်တွေနဲ့စမ်းသပ်ခဲ့ရာမှာ MHC တူညီတဲ့ကြွက်ဖိုမတွေဟာ
သူတို့ရဲ့ ကျင်ငယ်နံ့ကိုခံပြီး သိရှိနိုင်တဲ့အတွက် တစ်ကောင်နဲ့တစ်ကောင် မိတ်မလိုက် ကြဘူးလို့ သိရပါတယ်။ ဆွီဇာလန်နိုင် ငံ-Bern တက္ကသိုလ်မှာ အမျိုးသမီးတွေကို သူတို့မသိတဲ့ ယောက်ျားတွေရဲ့ စွပ်ကျယ်အင်္ကျီ အပိုင်းအစတွေအား ရွေးချယ်ခိုင်းရာမှာ MHC ခြင်း မတူတဲ့ ယောက်ျားတွေရဲ့ စွပ်ကျယ် အင်္ကျီအပိုင်းအစတွေကိုသာ ရွေးချယ် ခဲ့တယ်လို့ဆိုပါတယ်။
    လူတွေဟာ မိမိချစ်ခင်နှစ်သက် တဲ့ မျက်နှာရှိသူနဲ့ လိင်အရဆွဲဆောင်မှု ရှိတဲ့ကိုယ်ခန္ဓာရှိသူတွေကိုသာ ချစ်သူ အဖြစ်ရှာဖွေတတ် ပါတယ်။ ယောက်ျားတွေဆိုရင် ရင်သားနဲ့ တင်ပါးပြည့်ဖြိုးတဲ့ အမျိုးသမီးတွေကို ရင်သွေးတွေ ကျန်းမာစွာမွေးဖွားပေးနိုင် ပြီး ကြီးပြင်းလာအောင် ပြုစုထိန်း သိမ်းပေးနိုင်သူတွေလို့ မြင်ကြပါ တယ်။ အမျိုးသမီးတွေကလဲ ပခုံးနဲ့ ရင်အုပ်ကျယ် တဲ့ ယောက်ျားတွေ ကို အစားအစာရှာဖွေပေးနိုင်သူဖြစ်ပြီး ဘေးအန္တရာယ်က စောင့်ရှောက်ပေးနိုင်တယ်လို့ ယူဆကြပါတယ်။ လေးနက်တဲ့စကားသံရှိ သူတွေကိုလဲ ဆွဲဆောင်မှုရှိတဲ့ သူတွေလို့ မှတ်ယူကြ ပါတယ်။
      နှုတ်ခမ်းနဲ့နမ်းခြင်း- Kissing ဟာ MHC ကို စမ်းသပ်ခြင်းတစ်မျိုး ဖြစ်သလို တစ်ခြားဆွဲဆောင်မှုအမှတ် လက္ခဏာတွေ လဲ ဖြစ်ပေါ်စေပါတယ်။ စိတ်ပညာရှင်- Gordon Gallup  က ''နှုတ်ခမ်းနဲ့ နမ်းနေစဉ်အတွင်း အချစ် နဲ့ ပတ်သက်တဲ့ရုပ်နဲ့ ဓာတုဗေဒ ပြောင်းလဲမှုသတင်းအချက်အလက် အများအပြားကို ဖြစ်ပေါ်စေပါတယ်။ နီးစပ်မှုပိုဖြစ်စေပြီး အချစ်ကို လက်ခံလို စိတ်ဖြစ်ပေါ်စေပါတယ်''လို့ ပြော ပါတယ်။ စိတ်ပညာရှင်- Martie Haselton  က ''နှုတ်ခမ်းနဲ့ နမ်းခြင်း ဟာ အချစ်ရဲ့အရသာကို စမ်းသပ်တဲ့ နည်းလမ်းတစ်ခုပဲဖြစ်တယ်''လို့ ဆိုပါ တယ်။
    နောက်ဆုံး မိမိရိုးမြေကျ ချစ်ရ မယ့်သူလို့ သိလိုက်တဲ့အချိန် (အချစ် စစ်အချစ်မှန်ကို တွေ့ရှိလိုက်ရတဲ့ အချိန်)မှာ ဦးနှောက်ထဲက ရုတ် တရက်ဖြစ်ပေါ်လာတဲ့ သံလိုက်ဓာတ် လှုပ်ရှားမှုပုံရိပ်တွေ-  Functional Magnetic Resonance Imagers-FMRIS ကို ကောင်းစွာခံစားရပါ တယ်။ အချစ်ကြောင့် ဦးနှောက်တွင်း FMRIS ဖြစ်ပေါ်လာမှုကို ၂ဝဝဝ ပြည့် နှစ်လောက်ကတည်းက သိပ္ပံပညာ ရှင်တွေက တွေ့ရှိခဲ့ပါတယ်။ အဲဒီ အချစ်မေတ္တာစိတ်ဟာ ဦးနှောက်ရဲ့ နေရာသုံးနေရာမှာ တစ်ပြိုင်နက် ဖြစ်ပေါ်ခဲ့တယ်လို့ ဆိုပါတယ်။ ပထမ တစ်နေရာက ဦးနှောက်ရဲ့ အောက် ပိုင်းမှာရှိတဲ့ အာရုံကြောတွေပဲဖြစ်ပါ တယ်။ အဲဒီအာရုံကြောတွေ က နောက်ဆုံးဆုရလာဒ်ကို ကြော်ငြာပေး သလိုခံစားစေပါတယ်။ မနုသဗေဒ ပညာရှင် - Helen Fisher  နဲ့ အဖွဲ့ဟာ အချစ်စစ်ကို စတင်ခံစားရသူတွေရဲ့ ဦးနှောက်တွေကို ကွန်ပျူတာနဲ့ လေ့လာခဲ့ရာမှာ သူတို့ဦးနှောက်ရဲ့ အောက်ပိုင်းအာရုံကြောတွေဟာ ပြင်း ထန်စွာလှုပ်ရှားနေတာကို တွေ့ရ တယ်လို့ပြောပါတယ်။ သူမက ''ဦး နှောက်အောက်ခြေက အာရုံကြော တွေဟာ တခြားအဆင့်မြင့် ဦးနှောက် ရဲ့ အစိတ်အပိုင်းတွေကို တတ်မက်မှု၊ လှုံ့ဆော်မှုနဲ့ နောက်ဆုံး အောင်မြင်မှု ရရှိခဲ့တဲ့ အမူအယူမျိုးတွေကို သတင်း ပို့လွှတ်တယ်''လို့ ရှင်းလင်းပြောကြား ပါတယ်။ ဦးနှောက်မှာ အချစ်သတင်း ရောက်ရှိတဲ့နောက်ဆုံး နေရာကတော့ ဦးခေါင်းခွံအောက် တစ်ဘက် တစ် ချက်မှာရှိတဲ့ ပုစွန်ကွေးပုံသဏ္ဌာန် ဦးနှောက်အာရုံကြော အစိုင်အခဲကြီး နှစ်ခုပဲဖြစ်ပါတယ်။ အဲဒီအာရုံကြော အစိုင်အခဲကြီးတွေထဲမှာ မော်တော် ကားကို ဘယ်လိုမောင်းရတယ်၊ ကွန်ပျူတာကို ဘယ်လိုနှိပ်ရတယ် စတဲ့ အသိÓဏ်မျိုးစုံတွေကို သို လှောင်ထားရှိပါတယ်။ အဲဒီသိုလှောင် ထားရှိတဲ့ အသိဥာဏ်၊ ပညာတွေကို အချိန်မရွေး မှတ်မိပြီး ထုတ်ယူအသုံး ပြုနိုင်ပါတယ်။ အချစ်စိတ်ကိုလဲ အဲဒီ အာရုံကြောအစိုင်အခဲကြီးထဲမှာ သို လှောင်ထားတဲ့အပြင် ပိုမိုပြီးအား ကောင်း ပြင်းထန်လာအောင်လဲ လုပ်ပေးနိုင်ပါတယ်။
    နယူးယောက်ပြည်နယ် တက္က သိုလ်မှ စိတ်ပညာရှင်-Arthur Aron ဗမသည က ''အရေးအခင်းအကျပ် အတည်း တစ်ခုခု၊ ဒါမှမဟုတ် မတော်တဆ အဖြစ်အပျက်တစ်ခုခု၊ ဥပမာ-လေ ယာဉ်ပျက်လို့ အရေးပေါ် ဆင်းသက် ရမှုမျိုးတွေမှာ ဆုံတွေ့ရပြီး တစ်ဦးနဲ့တစ်ဦး ကူညီစောင့်ရှောက်ခဲ့သူ အချင်း ချင်း ချစ်ကြိုက်မိခဲ့ရင် ပိုပြီး တွယ်တာ မှုရှိတတ်တယ်''လို့ ပြောပါ တယ်။ Concordia တက္ကသိုလ်မှ စိတ်ပညာ ရှင် Jim Pfaus က ''သင်ရဲ့ပတ်ဝန်း ကျင်မှာရှိတဲ့သူတွေထဲက သင်နှစ် သက်တဲ့ အရည်အချင်း ရှိသူကို ရှာဖွေ ပြီးချစ်မိတာပဲဖြစ်ပါတယ်။ အဲဒီ ချစ်တဲ့ စိတ်ကို သင်ရဲ့ဦးနှောက်က ဆုံးဖြတ်ပြီးအသိပေးပါတယ်''လို့ ဆို ကြောင်းပါခင်ဗျား။
မောင်ပုဆိုးကြမ်း
Ref: "The Science of Romance" Bt Jeffrey Kluger (Time)

မောင်ပုဆိုးကြမ်း
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: zaygwet1997@gmail.com Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.