2013-5-20
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
တင်မိုး၊ ပိတောက်မှသရဖီသို့
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... ၈၁၄
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ကျန်းမာရေး
ကင်ဆာရောဂါကိုအပြတ်ရှင်းမယ့် ဗိုင်းရပ်စ်ပိုး

ညနေခင်းဖြစ်၍ ရွှေဘုံသာလမ်း တစ်လျှောက် လူစည်ကားနေ၏။ ကဗျာဆရာမောင်ဒေါနသည် ညောင် ရမ်းဆေးတိုက်ရှေ့တွင် ရပ်နေ၏။
    ''ကိုဒေါန၊ ဦးဥာဏ်အုန်းဆီ လာတာလား၊ ဝင်လေဗျာ''
    ''ဟာ-ဆရာပါလား။ ဆရာလဲ ဦးဥာဏ်အုန်းဆီပဲလား''
    ''ဟုတ်တယ်။ အတူတူသွား ကြတာပေါ့''
    မောင်ဒေါနနှင့် ဒေါက်တာ ရန်မျိုးအောင်တို့နှစ်ဦးသည် ဆရာဝန် ပြရန် စောင့်ဆိုင်းနေသော လူအုပ်ကြီး ကြားထဲတွင် တိုးဝှေ့ကာဝင်သွားပြီး ဓာတ်ခွဲခန်းသို့ရောက်သွားကြ၏။
    စားပွဲပေါ်တွင် သွေးနမူနာပုလင်းများ အမြောက်အများဖြင့် လွန်စွာအလှုပ်ရှုပ်နေသော ဓာတ်ခွဲမှူးဦးဥာဏ်အုန်းရှိရာ သို့ ရောက်သောအခါ ဝင်ထိုင်လိုက်ကြ၏။
    ''ဆရာနဲ့ ကိုဒေါနပါလား။ ခဏစောင့်ဗျာ။ ပြီးလုပါပြီ''
    ''ဟာ-သွေးပုလင်းတွေ ဒါ လောက်များတာ၊ ဒီညနေပြီးပါ့မ လား''
    ကဗျာဆရာ မောင်ဒေါနက မေးလိုက်၏။
    ''ကိုဒေါနက ဦးဥာဏ်အုန်း အကြောင်းမသိသေးဘဲကိုး။ သူက ဓာတ်ခွဲလုပ်သက် အနှစ်သုံးဆယ် ကျော်ပြီ။ သိပ်ကျွမ်းကျင်တာ။ ကိုဒေါနကြည့်ချင်ရင် အလုပ်လုပ်ရင်း  အောင်မောင်းခြေထိုးအကတောင် ကပြလို့ရသေးတယ်ဗျ''
    ဒေါက်တာ ရန်မျိုးအောင်၏ အပြောကောင်းမှုကြောင့် မောင်ဒေါန သဘောကျသွား၏။
    ''ဒါလောက်တောင် တော် သလားဆရာ''
    ''ဒီထက်တော်သေးတယ်။ ခု ပြောတာ အကင်းပဲရှိသေးတယ်''
    ''ကဲပါဆရာရယ်။ ဆရာ မြှောက်တာနဲ့ ကျွန်တော်တောင် ထိုင် ခုံကကြွတက်လာပြီ။ ကဲ-လက်ဖက် ရည်မှာလိုက်ပါ့ မယ်။ လေညိုကုန်းက ချိုဆိမ့်ပေါ့နော်''
    ''ဟုတ်တယ်ဗျာ။ လေညိုကုန်း လက်ရာပဲကြိုက်တယ်''
    ''သြော်-ဒါနဲ့ အင်းစိန်က ကဗျာ ဆရာတစ်ယောက်ဆုံးသွားတယ် ကြားတယ်''
    ''ဟုတ်တယ်။ ဦးဥာဏ်အုန်း ကြားတာ မှန်တယ်။ ကင်ဆာနဲ့ဆုံး တာဗျ''
    ''တစ်လောကလဲ ပန်းချီဆရာ တစ်ယောက်ဆုံးသွားသေးတယ်။ ကင်ဆာပဲဗျ''
    ''ကင်ဆာက တယ်ဆိုးပါလား။ ကုထုံးသစ်မပေါ်သေးဘူးလားဆရာ''
    ''ဗိုင်းရပ်စ်ပိုးကိုသုံးပြီး ကုမယ့် ကုထုံးသစ် သုတေသနလုပ်နေပြီဗျ။ မကြာခင် အောင်မြင်တော့မှာပါ''
    ''ဗိုင်းရပ်စ်ပိုးက အန္တရာယ်မရှိ ဘူးလား''
    ''ဒီလိုဗျ။ ဗိုင်းရပ်စ်ပိုးက အမျိုး အစားအများကြီးဗျ။ အန္တရာယ်မပေး တဲ့အမျိုးအစားလဲရှိတယ်။ ခုသုံးမှာက အန္တရာယ်မပေးတဲ့ အမျိုးအစား သုံးတယ်ဗျ''
    ''ဒီကုထုံးတစ်ခါမှ မကြားဖူး သေးဘူး။ ရှင်းပြပါဦး ဆရာ''
    ''ခု ကုထုံးမှာ Reovirus ဆိုတဲ့ အမျိုးအစားကိုသုံးတယ်။ ဒီဗိုင်းရပ်စ် က အန္တရာယ်ကင်းတယ်။ အရင်က လဲ ဒီကုထုံးကို ကြံစည်ဖူးတယ်။ ဒါပေမယ့် ဒီဗိုင်းရပ်စ်ကိုယ်ထဲ ရောက်ရင် ကိုယ်ခံစွမ်းအား စနစ်က ဆီးကြိုဖျက်ဆီးမှာကို စိုးရိမ်ရတယ်။ ခုတော့ မစိုးရိမ်ရတော့ဘူး။ နည်း လမ်းတစ်ခုတွေ့ထားပြီ''
    ''ဟုတ်ကဲ့ဆရာ''
    ''ဗိုင်းရပ်စ်က ကင်ဆာဆဲလ် တွေကို ကူးစက်သွားပြီး ကင်ဆာ ဆဲလ်ကို ဖျက်ဆီးပစ်တယ်။ ကင်ဆာဆဲလ် ကိုရောက်ဖို့သွေးကြောကနေ သွားတယ်။ သွားတဲ့နေရာမှာ သွေး ရည်ကြည်ထဲကနေ မသွားဘူး။ သွေး နီဥထဲဝင်ပြီး ပုန်းလျှိုး ကွယ်လျှိုးလိုက် သွားတယ်။ သွေးနီဥထဲမှာ ပုန်းနေ တော့ ကိုယ်ခံစွမ်းအားစနစ် မျက်စိ လည်ပြီး မမိလိုက်ဘူး။ လွတ်သွား တယ်''
    ''ဟာ-တယ်လဲထူးဆန်းပါလား''
    ''ဟုတ်တယ်၊ အတော်ထူး ဆန်းတယ်။ ဒီသုတေသနအကြောင်း ကို Science Translational Medicine  ဆိုတဲ့ ဆေးပညာ ဂျာနယ်တစ် စောင်မှာ တင်ပြထားတယ်''
    ''ဟုတ်ကဲ့၊ ဆရာ''
    ''ဒီသုတေသနကို University of Leeds နဲ့The Institute of Cancer Research နဲ့ ပူးပေါင်းလုပ်ဆောင် ကြတာ။ စမ်းသပ် ခံလူနာဆယ်ဦးရှိ တယ်။ ဒီလူနာတွေကို Royal Marsden Hospital မှာ စမ်းသပ်တာ။ ဗိုင်းရပ်စ်ပိုးက ကင်ဆာကျိတ်ကို ရောက်တော့ ကင်ဆာကျိတ်ကိုပဲ ဖျက်ဆီးတယ်။ ဘေးကဆဲလ် ကောင်းတွေကို မဖျက်ဆီးဘူး''
    ''ဗိုင်းရပ်စ်က တယ်လဲတိကျ သကိုး''
    ''ဟုတ်တယ်။ ဒီလူနာတွေက အူမကြီးကင်ဆာခံစားနေရတဲ့ လူနာ တွေ။ ကင်ဆာကျိတ်က အတော် အဆင့်လွန်နေပြီ။ အသည်းကို ပျံ့နှံ့တဲ့အဆင့်ရောက်နေပြီ။ အသည်းထဲ မှာ ကင်ဆာကျိတ်တွေရှိနေပြီ''
    ''ဟုတ်ကဲ့ဆရာ''
    ''ဗိုင်းရပ်စ်က အသည်းကို ရောက်တော့ ကင်ဆာဆဲလ်ကိုရွေးပြီး ဖျက်ဆီးတယ်။ သာမန်အသည်းဆဲလ် အကောင်းတွေကို မဖျက်ဆီးဘူး''
    ''ဟုတ်ကဲ့ဆရာ''
    ''ခုလို အပုန်းကောင်းတာကို သုတေသီတွေကလဲ အံ့သြနေကြ တယ်။ University of Leeds u Professor Alan Melcher  က ပြောတယ်။ ဗိုင်းရပ်စ်ဟာ အရင်ကထင် မြင်ယူဆ ထားတာထက်ပိုပြီး လိမ်မာ ပါးနပ်တာကို တွေ့ရပါတယ်တဲ့။ သွေးထဲက ဆဲလ်တွေထဲမှာ ပုန်းအောင်းပြီးလိုက်ပါသွားလို့ ကိုယ်ခံ စွမ်းအားစနစ်က မမိလိုက်ပါဘူးတဲ့။ ခုလို မမိလိုက်လို့ လိုရာပန်းတိုင် ကို ရောက်အောင်သွား နိုင်တာဖြစ်ပါတယ် တဲ့။ မကြာခင် Chemotherfpy ခေါ်တဲ့ ဆေးဝါးကုထုံးနဲ့ ပူးတွဲပြီး ခု ကုထုံးသစ်ကို သုံးစွဲနိုင်တော့မှာ ဖြစ်ပါတယ်တဲ့။ အဲသလိုပြောသွား တယ်ဗျ''
    ''မျှော်လင့်ချက်ရှိတာပေါ့ နော်''
    ''ဒါပေါ့ဗျာ။ အလားအလာ သိပ်ကောင်းတယ်။ Institute of Cancer Rsearch  က ပါရဂူ Dr. Kevin Harrwgton ကလဲ ပြောတယ်။ သုတေသနရလဒ်တွေက သိပ်ကို ကောင်းပါတယ်တဲ့။ Reovirus သုံး တာ အဆင်ပြေပါတယ်တဲ့။ ခု ရလဒ် က သတင်းကောင်းပါပဲတဲ့။ သွေး ထဲကို ဗိုင်းရပ်စ်တွေထည့်ပေးရုံနဲ့ ကင်ဆာကုလို့ရနိုင်ပါပြီတဲ့။ မျှော်လင့် ချက်အများကြီးရှိတယ်ဗျ''
    ''ဟုတ်ကဲ့ဆရာ''
    '' Reovirus တွေက ကင်ဆာ ဆဲလ်ကိုပဲ ရွေးပြီးဖျက်ဆီးတယ်။ ဆဲလ်ကောင်းတွေကိုတော့ မထိခိုက်စေဘူး။ ဘာကြောင့် လဲဆိုတော့ သုတေသီတွေ သေသေချာချာမသိ သေးဘူး။ ဖြစ်နိုင်တာက ကင်ဆာ ဆဲလ်ဟာ ပုံမှန်ဆဲလ်နဲ့ အမူအကျင့် မတူဘူး။ အဲဒါကြေင့်ပဲ ဖြစ်ကောင်း ဖြစ်နိုင်တယ်လို့ ဆိုကြတယ်''
    ''ဟုတ်ကဲ့ဆရာ''
    ''သုတေသီအချို့က အခြားကင် ဆာတွေမှာလဲ ဗိုင်းရပ်စ်ကုထုံးကို စမ်းသပ်နေကြတယ်။ ခေါင်းပိုင်းကင်ဆာနဲ့ လည်ပင်း ကင်ဆာတွေမှာ စမ်းသပ်နေကြတယ်''
    ''ဟုတ်ကဲ့ဆရာ''
    ''တချို့သုတေသီတွေက မျိုးရိုး ဗီဇပြောင်းလဲလာတဲ့ ဗိုင်းရပ်စ်ပိုးကို သုံးကြတယ်။ Cenetically Modified Virus  ပေါ့ဗျာ''
    ''ဘယ်မှာသုံးတာလဲဆရာ''
    ''ကနေဒါမှာဗျ။ University of Ottawa  ပါရဂူ Professor John Bell  က စမ်းသပ်တာဗျ။ သူကပြော တယ်။ ဗိုင်းရပ်စ်တွေက ကင်ဆာ ဆဲလ်ကိုရွေးပြီးမှ တိုက်ဖျက်ပါတယ်တဲ့။ ရွေးတဲ့နေရာမှာ တိကျပါတယ်တဲ့။ သူက စကားလုံးတစ်ခုသုံးတယ်ဗျ။ Exquisitely Selective  တဲ့ဗျ။ သူက ဒီနည်းဟာ စိတ်ချရပါတယ် တဲ့။ အန္တရာယ်ကင်းပါတယ်တဲ့''
    ''ဗိုင်းရပ်စ်က ဆဲလ်ကောင်း တွေကိုရှောင်ပြီး ကင်ဆာဆဲလ်ပဲ ရွေးဖျက်တော့ အန္တရာယ်ကင်းတာ ပေါ့ဆရာ''
    ''ဟုတ်တယ်ဗျ။ သူကဆက် ပြောတယ်။ ခုသုတေသနဟာ အရေး ကြီးပါတယ်တဲ့။ Oncolytic Virus Therapy  ခေါ်တဲ့ ကင်ဆာကုထုံးသစ် ပေါ်လာဖို့ အရေးကြီးတဲ့ ခြေလှမ်းတစ် လှမ်းဖြစ်ပါတယ်တဲ့''
    Oncolytic ဆိုတော့ ကင်ဆာ ခြေမှုန်းရေးပေါ့ဆရာ''
    ''ဟုတ်တယ်ဗျ။ ခုဟာက ကုထုံးသစ် စစ်စစ်ပဲဗျ။ အရင်က မလုပ်ဖူးဘူး''
    ထိုစဉ် သူနာပြုဆရာမလေး နွဲ့ယမင်းရောက်ရှိလာ၏။
    ''ဦးဥာဏ်အုန်းဆီကို ဖုန်းလာ နေပါတယ်ရှင့်''
    ''အေး အေး၊ လာပြီ၊ လာပြီ''
    ဦးဥာဏ်အုန်းသည် ဖုန်းရှိရာသို့ ကမန်းကတန်းထွက်သွား၏။ ခဏ ကြာတော့ ပြန်ဝင်လာ၏။
    ''ဆရာတို့ရေ သတင်းကောင်း ပဲ။ ဆရာမောင်ညိုပြာက Western Park  ပျော်ပွဲစားရုံကဆက်တာ။ ဆရာ့ ကို ညာစာစားဖို့ဖိတ်တယ်။ ကိုဒေါန လဲ တစ်ခါတည်းလိုက်သွားပါလား။ ကျွန်တော့်ကိုလဲခေါ်တယ်။ ဒါပေမယ့် အလုပ်ကတန်းလန်းနဲ့ မပြတ်သေး ဘူး။ ပြတ်ရင်လိုက်ခဲ့မယ်။ ဆရာ မောင်ညိုပြာကို ရှင်းပြပေးပါဗျာ''
    ''စိတ်ချ။ ကျွန်တော်ရှင်းပြ လိုက်မယ်''
    ဒေါက်တာရန်မျိုးအောင်နှင့် ကဗျာဆရာမောင်ဒေါနတို့ထွက်သွား ကြ၏။ ဆေးခန်းအဝတွင် ကဗျာ ဆရာမောင်တိုင်ပြာနှင့် ဘာသာပြန် မောင်သိန်းငှက်(ကယားပြည်)တို့ကို တွေ့သဖြင့် ¤င်းတို့ပါခေါ်သွား၏။
    အငှားယာဉ်တော်တော်နှင့် ငှားမရ၍ နာရီဝက်ခန့်ကြာသွား၏။
    ထိုစဉ် ဒေါက်တာခင်ပန်ဆောင်း သည် ဆန်နီပစ်ကတ်တစ်စီးဖြင့် ရွှေဘုံသာလမ်းထဲဝင်လာ၍ အတော် ပဲဖြစ်သွား၏။ အကျိုးအကြောင်း ပြောပြလိုက်ရာ ဒေါက်တာခင်ပန် ဆောင်းက လိုက်ပို့ရန် သဘောတူ လိုက်၏။
    မကြာမီ Western Park  သို့ ရောက်ရှိသွား၏။ Western Park  ပျော်ပွဲစားရုံ အတွင်းစောင့်နေသော ဆရာ မောင်ညိုပြာ အား တွေ့လိုက်ရ၍ ဝမ်းသာအားရနှုတ်ဆက်လိုက်၏။
    '' Congratillation ဆရာ။ ဆရာ စင်္ကာပူစာပေဆုရတယ်ဆို''
    ''ဟုတ်တယ် ဆရာရေ။ စင်္ကာ ပူက မြန်မာလူငယ်တစ်စုက ချီးမြှင့် တဲ့ဆုပေါ့ဗျာ။ စင်္ကာပူဒေါ်လာ တစ်ထောင်ရတယ်။ ဒါပေမယ့် ငွေကမရောက်လာသေးဘူး။ ရောင်း ရင်းတွေက ထမင်းကျွေးခိုင်းတယ်။ စာရေးဆရာမတွေပေါ့။ မစပယ်တို့၊ မကြည်ဆွေ တို့ပေါ့။ အဲဒါ Western Park မှာ လာကျွေးတာ။ ငွေရှင်းတော့ ငွေကမလောက်ဘူး။ ဒါနဲ့ဆရာ့ကို အကူအညီတောင်းဖို့ လှမ်းဖုန်းဆက် တာပါ။ စိတ်မရှိပါနဲ့ဆရာ။ ကူညီ ပါဦးဆရာ။ စင်္ကာပူက ငွေရောက်ရင် ပြန်ပေးပါ့မယ်''
    ''ခု ကျွန်တော်တို့အုပ်စုက ငါးယောက်ထပ်ပါလာတယ်။ နဂိုက ဘယ်နှယောက်ရှိသလဲ''
    ''မစပယ်တို့က ခုနစ်ရောက် ဆရာ''
    ''ဒါဆို အားလုံး တစ်ဒါဇင်ပဲ ဗျ''
    ''တစ်ဒါဇင်ဆို ငွေလောက်ပါ့ မလားမသိဘူး။ ကျွန်တော့်ပိုက်ဆံ အိတ်ကို စစ်လိုက်ဦးမယ်''
    မောင်ညိုပြာ ရင်တမမနဲ့ စောင့် မျှော်နေရှာ၏။
    ''ဟူး၊ တော်သေးတယ် ဆရာရေ။ ဆေးခန်းပိုင်ရှင်ကို ပေးရမယ့် ငွေတွေပါလာလို့ပေါ့။ ဆေးခန်းပိုင်ရှင်ကို နောက်မှဘဏ် ကထုတ်ပြီး ပေးလိုက်မယ်။ ကဲ-ဆရာ စိတ်မပူနဲ့တော့''
    ထိုအခါကျမှပင် ဆရာမောင်ညို ပြာ သက်ပြင်းချလိုက်နိုင်တော့၏။
အောင်(ဆေး-၁)
ရည်ညွှန်းချက်း BBC News rS  "Hitchhking Anti-Cancer Viruses Ride Blood Cells"  ဆေးပညာဆောင်းပါးကို မှီငြမ်းကိုးကားပါ သည်။

အောင်(ဆေး ၁)
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: zaygwet1997@gmail.com Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.