2013-5-20
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
ဖက်ဒရယ်အကြောင်း တိုင်းရင်းသားပြည်သူများ ပိုမိုနားလည်ရန် ရည်ရွယ်၍ ဖက်ဒရယ်ဂျာနယ် ပြည်တွင်းတွင် ပထမဦးဆုံး စတင်ထုတ်ဝေ
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... ၈၁၄
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ကျန်းမာရေး
ထူးဆန်းသောအသည်းတု

မိုးကတဖွဲဖွဲရွာနေ၏။
    အနက်ရောက်စူပါကတ်မော် တော်ဆိုင်ကယ်တစ်စီးသည် လမ်းသုံး ဆယ်တစ်လျှောက် အနောက်မှအရှေ့ သို့မောင်းနှင် လာနေ၏။
    ဒေါက်တာရန်မျိုးအောင်သည် ဆိုင်ကယ်စီးရင်း အဝေးမှ ပြာလဲ့သော ရှမ်းတောင်တန်းကြီးကို ငေးမော ကြည့်ရှုနေမိ၏။
    တစ်ချိန်တည်းမှာပင် ဆေး ကျောင်းသားဘဝက အတန်းတူ သူငယ်ချင်းရှမ်းမလေးနန်းမိုခမ်းကိုပါ သတိရနေမိ၏။
    အတွေးကောင်းနေ၍ ခုနှစ်ဆယ့် လေးလမ်းထိပ်ရောက်မှ ရုတ်တရက် သတိဝင်လာပြီး တောင်ဘက်သို့ ကမန်းကတန်း ချိုးကွေ့လိုက်ရ၏။
    နောက်မှ ကပ်လိုက်လာသော ဆူဇူကီးဆိုင်ကယ်နှင့် ပွတ်မိလုနီးပါး ဖြစ်သွား၏။ ဘရိတ်အုပ်လိုက်၍ ကို့ယို့ ကားယားဖြစ် သွားသော ဆိုင်ကယ်စီး လူငယ်အား လက်ပြကာတောင်းပန် လိုက်၏။
    ခုနှစ်ဆယ့်လေးလမ်းအတွင်း ဝင်သွားပြီး ဒဏ္ဍာရီလက်ဖက်ရည်ဆိုင် ရှေ့တွင်ရပ်သွား၏။ ဆိုင်အတွင်းမှ ဓာတ်ခွဲမှူး ကိုညိုမြင့်က ဆီးကြိုနေ၏။
    ''မင်္ဂလာပါဆရာ၊ အထြဲ<ွကပါ၊ ဖန်ချိုမှာထားပါတယ်''
    ''မင်္ဂလာပါ ကိုညိုမြင့်၊ အမ်ဂျီ အိတ်(ခ်ျ)ရောက်သေးလား''
    မန္တလေး အထွေထွေရောဂါကု ဆေးရုံကြီးကို ဆေးလောကသား များက အမ်ဂျီအိတ်(ခ်ျ)ဟု အတို ကောက်ခေါ်ကြ၏။
    ''ရောက်ပြီးပြီဆရာ။ စောင်း ဆရာကြီးက အသည်းကင်ဆာ ဆရာ။ အသည်းအစားထိုးကုနိုင်ရင် တော့ပိုကောင်းမယ်ပြော တယ်ဆရာ''
    အောင်ပင်လယ်မှ စောင်းဆရာ ကြီးက ကျေဇူးရှိခဲ့ဖူးသူဖြစ်၏။
    ''ကျွန်တော်လဲ သွားကြည့် လိုက်ပါ့မယ်။ အသည်းအလှူရှင်လဲ လိုက်ရှာကြတာပေါ့ဗျာ''
    ''ဟုတ်ကဲ့ဆရာ။ သက်ရှိလူက အသည်းလှူတာရနိုင်ပါတယ်။ ဒါနဲ့ ဓာတ်ခွဲခန်းထဲမှာရော အသည်းတု မလုပ်နိုင်သေးဘူးလား ဆရာ။ အလှူ ရှင်က လူနာလောက်မများတော့ အသည်းအလှူခံမည့် လူနာတွေက အကြာကြီးစောင့်စောင့်နေရတယ် ဆရာ''
    ''တစ်လောက Nature Materials ဆိုတဲ့ ဆေးပညာဂျာနယ် တစ် စောင်မှာ ကျွန်တော်ဖတ်လိုက်ရတယ်။ သုတေသီတွေက ဓာတ်ခွဲခန်းမှာ အသည်းတုဖန်တီးဖို့ ကြိုးစားကြ တယ်တဲ့''
    ''အဲဒီအကြောင်း ပြောပြပါလား ဆရာ''
    ''မိုးအေးအေးမှာ ဖန်ချို ပူပူ လေးသောက်ရင်းပြောကြတာပေါ့ဗျာ။ ဒီလိုဗျ။ အမေရိကန်သုတေသီအဖွဲ့ တစ်ဖွဲ့က အသည်းတု မှာပါမယ့် သွေး ကြောတွေဖန်ဆင်းနေကြတယ်။ Template လို့ခေါ်တဲ့ သွေးကြောတွေ ကြီးထွားတဲ့နေရာမှာ အရေးပါတဲ့ ငြမ်း လိုဟာမျိုးကို ကြိုးစားပြီး ဖန်တီး နေကြပြီတဲ့''
    ''ဟုတ်ကဲ့ ဆရာ''
    ''သူတို့က ၃ီ လို့ခေါ်တဲ့ သုံး ဘက်မြင်နည်းပညာကို သုံးကြတယ်။ သွေးကြောတွေရယ်၊ ဆဲလ်တွေရယ်၊ အလွှာလိုက် အလွှာလိုက် တည်ဆောက်ပြီး အသားမျှင်တွေဖြစ်လာ အောင် ကြိုးစားနေကြတယ်''
    ''ဟုတ်ကဲ့ ဆရာ''
    ''လောလောဆယ်ပြဿနာက မျိုးရိုးဗီဇ အင်ဂျင်နီယာနည်းပညာနဲ့ ဖန်ဆင်းထားတဲ့ ဆဲလ်တွေဟာ တစ် ရှုး ဘဝမရောက် ခင် သေ သေကုန်ကြတယ်ဗျ။ ဒါကို ဖြေရှင်းဖို့ ကြိုးစား နေကြတယ်''
    ''ဟုတ်ကဲ့ ဆရာ''
    University of Pennsylvania  မှာ ပါရဂူ  Dr. Christoph Chan  ဆို တာရှိတယ်။ သူ့အဖွဲ့မှာပါတဲ့ ပါရဂူ တစ်ဦးက Dr. Jordan Miller  တဲ့။ Dr. Miller ကပြောပြတယ်။ မျိုးရိုးဗီဇ အင်ဂျင်နီယာနည်းပညာနဲ့ ဖန်ဆင်း ထားတဲ့ ဆဲလ်တွေတစ်ရှုးထဲမှာ သွေး မကုန်အောင်လုပ်ဖို့လိုနေပါတယ်တဲ့။ ခုလက်ရှိမှာ အဲဒီဟာက အခက်အခဲ ဖြစ်နေပါတယ်တဲ့။ ဆဲလ်တွေအများ ကြီး စုဝေးလိုက်တဲ့ အခါ ဘေးက ဆဲလ်တွေဆီက အာဟာရဓာတ်နဲ့ အောက်ဆီဂျင်ကို အလုအယက်ယူ ကြတယ်တဲ့။ တချို့ဆဲလ်တွေက မွန်းကျပ် ပြီးသေကုန်ကြရောတဲ့''
    ''သဘာဝမှာကျတော့ ဒီပြဿ နာမရှိဘူးလား ဆရာ''
    ''သဘာဝတစ်ရှုးတွေ ကျတော့ သဘာဝအလျောက် သွေးကြောတွေ ရှိနေတယ်။ သွေးကြောတွေကြောင့် မွန်းကျပ်တာ မဖြစ်တော့ဘူး''
    ''သြော်-ဒါကြောင့်သွေးကြော ဖန်ဆင်းဖို့ ကြိုးစားနေတာကိုး''
    ''ကိုညိုမြင့်က သဘောပေါက် လွယ်သားပဲ။ ဟုတ်တယ်။ စောစော က ပြောတဲ့တက္ကသိုလ်ကြီးက ပါရဂူ တွေဟာ Massachlisetts Institute of Technvlo  က ပါရဂူတွေနဲ့ ပေါင်း ပြီး ကြံစည်နေကြတယ်။ Synthetic Vascular System   လို့ခေါ်တဲ့ သွေး ကြောစနစ်အတုကို ဖန်ဆင်းကြလိမ့် မယ်။ ဒီစနစ်ကလာမယ့် အနာဂတ် မှာ၊ အသည်းတုမှာပါမယ့် သွေးကြော တွေ
တည်ရှိမယ့်နေရာပဲတဲ့''
    ''ဟုတ်ကဲ့ဆရာ''
    ''စောစောကပြောတဲ့ Institute မှာ Professor Sangeeta Bhatia  ဆိုတာ ရှိတယ်။ သူကပြောတယ်။ ခု ကြိုးစားနေ တဲ့နည်းပညာက ဖယောင်းသုံးပြီး ပုံသွန်းတဲ့အလုပ်နဲ့ သဘောချင်း ခပ်ဆင်ဆင်တူပါတယ် တဲ့။ သတ္တုရည်ကို ဖယောင်းနဲ့ မံပြီး လိုချင်တဲ့အရာရအောင် ပုံဖော်တယ်။ ဥပမာ-သတ္တုအိုးလိုဟာ ပေါ့ဗျာ။ လိုချင်တာရတော့ ဖယောင်း ကို အရည်ဖျော်လိုက်တယ်။ အိုး ကျန် ရစ်ခဲ့တာပေါ့ဗျာ''
    ''သဘောပေါက်ပါတယ် ဆရာ။ လူကျတော့ ဖယောင်းဘယ် လိုသုံးမလဲ ဆရာ''
    ''ဒီလိုဗျ။ ဖယောင်းသုံးလို့တော့ မဖြစ်ဘူး။ ပါရဂူတွေက ဖယောင်း အစား သကြားမော်လီကျူးသုံးတယ်။ သကြားက လူကိုယ်ထဲမှာလဲရှိနေ တတ်တယ်လေ''
    ''ဟုတ်ကဲ့ဆရာ''
    Professor Bhatia  က ပြော တယ်။ အတုလုပ်တဲ့နရာမှာ အခက် အခဲက အင်္ဂါရဲ့ အရွယ်အစားကြီးကြီး မားမား မရသေး တာပါပဲတဲ့။ ကြီးသွား ရင် သွေးကြောတွေအလုံအလောက်ရဖို့ ခက်လာတယ်တဲ့။ ဥပမာ-ဖန်တီး လိုက်တဲ့အင်္ဂါက မီလီမီတာအတိုင်း အတာလောက် ပိုထူလာရင်ပဲ သွေး ကြောအလုံလောက်ရဖို့ ခက်လာတယ် တဲ့''
    ''ဒါက ခုယာယီအခက်အခဲ ပေါ့နော်''
    ''ဟုတ်တယ်။ နောင်တော့ ဒါလဲပြေလည်လာမှာပါ''
    ''ဆက်ပါဦးဆရာ''
    ''ပါရဂူတွေက Network လို့ ခေါ်တဲ့ ကွန်ရက်လိုအရာကို ဖန်တီး တယ်။ ငြမ်းလိုအရာပေါ့ဗျာ။ ပြီးရင် ငြမ်းမှာသွေးကြောတွကြီးထွားမယ်။
သွေးကြောတွေရလာရင် တစ်ရှူးထဲ ထည့်မယ်။ ဒီငြမ်းကိုသကြားနဲ့လုပ် တယ်။ 3D နည်းပညာသုံးတယ်''
    ''ဟုတ်ကဲ့ဆရာ''
    ''သကြားကသိပ်ကောင်းတဲ့ တည်ဆောက်ရေးပစ္စည်းပဲတဲ့။ သက် ရှိ တစ်ရှူးတွေထဲမှာ အလွယ်တကူ ပျော်ဝင်သွား တယ်တဲ့။ စောစောက ဖယောင်းကို အရည်ပျော်စေသလိုပေါ့။ ပြီးတော့ သဘာဝမှာလဲ သကြားကရှိ နေတော့ ကိုယ်တွင်းက သက်ရှိ အင်္ဂါ တွေနဲ့ ရင်းနှီးပြီးသားဗျ။ အန္တရာယ် မရှိဘူးပေါ့ဗျာ''
    ''ဟုတ်ကဲ့ဆရာ''
    ''လောလောဆယ်မှာတော့ စမ်းသပ်တဲ့အဆင့်ပဲရှိသေးတယ်။ အသည်းတုဖြစ်လောက်တဲ့အနေအထား မရောက်သေးဘူး။ ဒါပေမယ့် အနာဂတ်မှာရလာလိမ့်မယ်လို့ မျှော်လင့်ထားတယ်။ ခု ကြိုးစားနေတာက ထုထည်ကြီးကြီးအင်္ဂါတစ်ခုရဖို့ ပဲ။ သွေးကြော များများရလာအောင် လုပ် နိုင်ရင် အင်္ဂါလဲကြီးကြီးမားမားရလာ လိမ့်မယ်။ အင်္ဂါကြီးကြီးရရင် ခွဲစိတ် ပြီး အစားထိုး တာလုပ်နိုင် လိမ့်မယ်''
    ''မဝေးတော့တဲ့ အနာဂတ်မှာ အောင်မြင်မှာပေါ့နော်''
    ''ဟုတ်တယ်ဗျ။ လောလော ဆယ် ရည်မှန်းချက်က အသည်းတု လုပ်ဖို့ပဲ။ ခု သုတေသနမှာ 3D Printer  သုံးပြီး Arbitary Network of Vessels  ကို ဖန်တီးနေ တယ်။
သွေးကြောကွန်ရက်အတု ပေါ့ဗျာ။ အတော်ထူးဆန်းတယ်ဗျ''
    ''ဟုတ်ကဲ့ဆရာ''
    University College London  က ပါရဂူ Professor Martin Birchall  က ခု သုတေသနကို ချီး ကျူးထားတယ်။ ခု သုတေသန ဟာ တစ်ရှူးအင်ဂျင်နီယာနည်းပညာရဲ့ အခြေခံပြဿနာ တော်တော်များများ ကို ဖြေရှင်းနိုင်ပါပြီတဲ့။ 3D Printing  ကို သုံးတဲ့ တီထွင်မှုကလဲ အံ့သြ စရာပါပဲတဲ့။ ပြောင်မြောက်ပါတယ် တဲ့။ သွေးကြောကို ဖန်ဆင်းနိုင်ရင် အင်္ဂါလဲ ဖန်ဆင်းနိုင်မှာပါ တဲ့။ သွေး ကြောရှိမှ အင်္ဂါက အာဟာရရမှာပါ တဲ့။ ခု သုတေသနဟာ လွန်စွာ စိတ် ဝင်စားဖွယ်ရာကောင်းပါတယ်တဲ့''
    ''အားရစရာပါပဲဆရာ။ နောင် ကျရင် အသည်းတုရမှာပဲ။ ဓာတ်ခွဲ ခန်းမှာလုပ်နိုင်ရင် သက်ရှိအလှူရှင် စောင့်စရာမလိုဘူး။ လို သလောက် ထုတ်ပေးနေရုံပဲ''
    ''ဟုတ်တယ်။ အသည်းကင် ဆာ လူနာတွေမှာ ရောဂါရှိနေတဲ့ အသည်းကိုခွဲထုတ်ပြီး အသည်းတု ထည့်ပေးရုံပဲ။ ဒါဆို လူနာ အတော် များများကို အသက်ကယ်နိုင်လိမ့် မယ်''
    ''စောင်းဆရာကြီးလို လူနာမျိုး တွေပေါ့နော် ဆရာ''
    ''ဟုတ်တယ်ဗျ။ ကုထုံးသစ် တွေပေါ်လာမှာပေါ့ဗျာ''
    ထိုစဉ် ဆိုင်ရှေ့သို့ မော်တော်ဆိုင် ကယ်ဖြင့် လူတစ်ဦးရောက်ရှိလာ သည်။
    ''ဟာ-ဆရာကျော် လာဗျာ။ ဖန်ချိုသောက်ပါဦး''
    ဆိုင်ထဲဝင်လာသူမှာ ဒေါက်တာ ကျော်ဆွေသိန်းဖြစ်၏။
    ''ကိုညိုမြင့်ရေ၊ ကူပါဦးဗျာ''
    ''ဘာများလဲဆရာ။ ထိုင်ပါဦး။ အေးအေးဆေးဆေးပေါ့''

    ''မအေးနိုင်ဘူးဗျ။ ကျွန်တော် ညကဘောပွဲကြည့်ပြီး ညဥ့်နက်သွား တယ်။ မနက်က အိပ်ရာထနောက် ကျတယ်။ မင်္ဂလာဈေး သွားတော့ နေမြင့်နေပြီ။ ပန်းဆိုင်မှာ နှင်းဆီပန်း မရလိုက်ဘူး။

ကုန်သွားလို့တဲ့''
    ''ဟဲဟဲ၊ သဘောပေါက်ပြီ။ နှင်းဆီနီနီရဲရဲ တစ်စည်းလိုချင်နေ တယ် မဟုတ်လား''
    ''ဟာ-ဟုတ်တယ်၊ ဟုတ် တယ်။ ဘယ်မှာရမလဲဟင်''
    ''ရနိုင်တဲ့နေရာကို ဆရာဦးရန် မျိုးအောင်သိတယ်''
    ''ဟာ-ဟုတ်လား၊ ကိုရန်မျိုး အောင် လုပ်ပါဗျာ''
    ''ဒီအတိုင်းမရဘူးလေ။ ကျွန်တော်တို့ ဘိုင်ကျနေလို့ ဖန်ချိုပဲ သောက်နေရတာ။ ဗိုက်မဝဘူးဗျ''
    ''ဟာ-ရပါတယ်ဗျာ။ ဟေ့- ကောင်လေး၊ ထမင်းဆီဆမ်းရယ်၊ နန်းကြီးသုပ်ရယ်၊ မန္တလေးမြီးရှည် ရယ်၊ စမူဆာသုပ်ရယ်၊ ကော်ပြန့် ကြော်ရယ်၊ မြန်မြန်ချစမ်းကွာ''
    ''ဟာဟာ၊ တော်ပါပြီဗျာ။ လုံ လောက်ပါပြီ။ ကဲ ကဲ၊ ဒီလိပ်စာကတ် ကိုသွား နှင်းဆီပန်းရလိမ့်မယ်''
    ဒေါက်တာကျော်ဆွေသိန်း သည် လိပ်စာကတ်ရသည်နှင့် တချိုး ထဲလစ်တော့၏။
    ''ဆရာကျော်က ဇီဝဆောင်က ဆရာမလေးကိုပန်းတော်ဆက်နေကြလေ။ ခု ပန်းတော်မဆက်ရသေးလို့ ပျာရီပျာရာ ဖြစ်နေတာ။ တစ်ခါထဲ တန်းပြေးတော့တာပဲ''
    ''ဆရာကျော်က ငယ်သေးတာ ကိုး။ ကျွန်တော်လဲ ကျောင်းသားဘဝ က ပန်းတော်ဆက်လုပ်ဖူးပါတယ် ဗျာ။ ဒါကြောင့် ကိုယ်ချင်းစာတယ် ဗျာ။ ဟဲ၊ ဟဲ''
အောင်(ဆေး-၁)
ရည်ညွှန်းချက်။ ။BBC News rS "3D Printed Sugar Network To Help Gron Artificial Live"  ဆေးပညာဆောင်းပါးကို မှီငြမ်းကိုးကားပါသည်။

အောင်(ဆေး-၁)
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: zaygwet1997@gmail.com Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.