2013-5-13
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
ဈေးကွက်ဂျာနယ်နှင့် Reporter ဂျာနယ် ဒလမြို့နယ်သို့ သောက်ရေသန့် လှူဒါန်းမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... ၈၁၃
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ကျန်းမာရေး
ထူးဆန်းသော ဒုတိယဦးနှောက်

    ညနေခင်းဖြစ်၍ ဝင်လုဆဲ နေရောင်ခြည်က လမ်းမကြီးပေါ်သို့ ဖြာကျလျက်ရှိ၏။
    အနက်ရောင် ဆူပါကတ်မော် တော်ဆိုင်ကယ်တစ်စီးသည် လမ်းသုံး ဆယ်တစ်လျှောက် အနောက်မှ အရှေ့သို့မောင်းနှင် လာနေ၏။
    မုံရွာသား ဒေါက်တာလင်းနိုင် ထွန်းသည် အဝေးမှ ပြာလဲ့သောရှမ်း ရိုးမကြီးကို ဆိုင်ကယ်စီးရင်း ငေးမော နေမိ၏။
    ခုနစ်ဆယ့်လေးလမ်းထိပ်သို့ ရောက်သောအခါ တောင်ဘက်သို့ ချိုးကွေ့သွားပြီး မကြာမီ ဒဏ္ဍာရီ လက်ဖက်ရည်ဆိုင်ရှေ့တွင် ရပ်သွား ၏။
    ဆိုင်အတွင်းမှ ဓာတ်ခွဲမှူး ကိုညိုမြင့်ထွက်လာပြီး ဆီးကြိုနှုတ် ဆက်လိုက်၏။
    ''မင်္ဂလာပါဆရာ၊ ဆရာလာ မယ်ဆိုလို့ ဖန်ချိုမှာထားပါတယ် ဆရာ''
    ''မင်္ဂလာပါ ကိုညိုမြင့်၊ အတော် ပဲ။ ဝင်းဝင်းမြတို့အုပ်စုလည်း လာလိမ့် မယ်''
    ဒေါက်တာလင်းနိုင်ထွန်းနှင့် အတန်းတူ သူငယ်ချင်းများဖြစ်ကြ သော မုံရွာသူဒေါက်တာ ဝင်းဝင်းမြ၊ ဒေါက်တာ မိုးမိုးခင် ၊ ဒေါက် တာဝင်း နီလာ၊ ဒေါက်တာသီတာမိုးကြည် တို့သည် လွန်စွာအစအနောက်သန်သူ များဖြစ်ကြ၏။
    ပြောမနာ ဆိုမနာ ငယ်သူငယ် ချင်းများဖြစ်ကြ၍ ထိုအုပ်စု နှိပ်စက် သမျှကို ဒေါက်တာလင်းနိုင်ထွန်းက သည်းခံနေရရှာ၏။
    အထူးသဖြင့် ဇီဇဝါဆောင်မှ ရုက္ခဗေဒဘာသာရပ် သရုပ်ပြဆရာမ လေးနှင့် ပတ်သက်၍ မကြာခဏ အစအနောက်ခံရလေ့ရှိ၏။
    ဒေါက်တာ လင်းနိုင်ထွန်း ဖန်ချို တစ်ပန်းကန်ကုန်သွားချိန်တွင် ထိုအုပ်စုရောက်လာ၏။
    ''ကဲ-ကိုညိုမြင့်ရေ၊ ထပ်မှာပေ တော့။ လာကုန်ကြပြီ''
    ''ဟုတ်ကဲ့၊ ဆရာ''
    ''ဟယ်-ကိုလင်းက လိမ္မာ တယ်တော့။ လူတောင်မရောက်သေး ဘူး။ ဖန်ချိုမှာပြီးနေပြီဟဲ့''
    ''ကိုလင်းတို့ တော်တယ်ဆို တာ ဒါတွေပေါ့ကွာ''
    ''ကဲပါ-သိပ်လည်းမြှောက်မနေ ကြပါနဲ့။ နန်းကြီးသုပ်နဲ့ မြီးရှည်လည်း ပါပါတယ်''
    ''ပါမှဖြစ်မှာ။ ဝင်းဝင်းမြက တကယ်စားနိုင်တယ်။ မနေ့ညက ၃၅ လမ်းက ကီးမားဆိုင်မှာ ကီးမားသုံးပွဲ တောင်ကုန်တယ်ဟ''
    ''အပါးပါး စားလှချည်လား။ တို့တော့ ကီးမားကို တစ်ဝက်တောင် မနည်းကုန်အောင်စားရတယ်''
    ''ဒါက လူချင်းတူပေမယ့် အစာအိမ်ချင်းမတူဘူးလေ''
    ''မှန်တယ်ဟ၊ တစ်လောက တို့ဖတ်ဖူးတဲ့သုတေသနမှာလည်း အဲသလိုပြောထားတယ်။ တချို့က နည်းနည်းလေးစားတာနဲ့ ဝသွားရော။ တချို့က တအားစားတာတောင်မှ မဝသေးဘူး''
    ''ဒုတိယအုပ်စုက ဝင်းဝင်းမြ လိုမျိုးပေါ့''
    ''အံမယ်-လူကိုနာမည်ဖျက် တာပေါ့လေ''
    ''ဟဲဟဲ-ခင်လို့ စတာပါ။ ဝင်းဝင်းမြက သိပ်မစားရှာပါဘူး''
    ''ကဲပါ-စတာနောက်တာ ခဏထားပါဦး။ ကိုလင်းရေ၊ အဲဒီ သုတေသနအကြောင်း ရှင်းပြပါလား။ စိတ်ဝင်စားလို့ပါ''
    ''ဒီလိုပါ။ London မှာ Science Museum ဆိုတာ ရှိတယ်။ Michael Mosley  ဆိုတဲ့ လူတစ် ယောက်က ထူးဆန်း တဲ့အတွေ့အကြုံ တစ်ခုရလိုက်တယ်။ အဲဒါက ဒီလို လေ။ သူက ထူးဆန်းတဲ့ ကင်မရာ သေးသေးလေးကို သုတေသနအနေနဲ့ မျိုချ လိုက်တယ်။ ကင်မရာလေးက ဗိုက်ထဲဝင်သွားပြီး အစာအိမ်အူလမ်း ကြောင်းတစ်လျှောက် ဓာတ်ပုံတွေရိုက် သွားတယ်။ အရင်က လည်း ဒါမျိုး လုပ်ဖူးပါတယ်။ အရင်ကပုံရိပ်တွေကို ပါရဂူတွေကပဲ စောင့်ကြည့်နေတာ။ ထူးခြားတာက ကြီးမားတဲ့ ဖန်သား ပြင်ပေါ် မှာ Mosley ကိုယ်တိုင် သူ့ အစာအိမ်သူပြန်မြင်နေရတာပဲ''
    ''ဘာတွေမြင်နေတယ် တဲ့လဲ''
    Mosley က မနက်စာကို ဆန်ပြုတ်ဆန်ဆန် အစာတစ်မျိုး စားထားတယ်။ ဒါကိုအစာအိမ်က အစာခြေတယ်။ ပြီးတော့ အူသိမ်ထဲကို ပို့တယ်။ အစာအိမ်မှာ အစာချေတာ ကို အစအဆုံးဖန်သားပြင်ပေါ်မှာ ကြည့်လိုက်ရတယ်။''
    ''ထူးဆန်းလိုက်တာ။ Mosley တော့ ဘယ်လိုနေသလဲ မသိဘူး။ တို့တော့ အဲသလိုကြည့်ရရင် ထမင်း စားပျက်လိမ့်မယ်။ ခုတောင် နန်းကြီး သုပ်မစားချင်တော့ဘူး''
    ''ဟာ-အဖြစ်သည်းလိုက်တာ။ ယူမစားရင် အိုင်စားမယ်''
    ''ကဲပါ၊ နောက်မှ ငြင်းကြပါ။ ကဲ-ကိုလင်း ဆက်ပါဦး''
    ''ပါရဂူတွေကပြောတယ်။ အစာအိမ်မှာ ထိန်းချုပ်နေတဲ့ အာရုံ ကြောဆဲလ်အစုအဝေးရှိတယ်တဲ့။ Network of Neurons  ပေါ့ကွာ။ ဒီဆဲလ်တွေက အစာအိမ်လုပ်ငန်း ထမ်းဆောင်တာကို ပုံမှန်ဖြစ်အောင် စီစဉ်ညွှန်ကြားနေတာပေါ့။ နှိုင်းယှဉ်မယ် ဆိုရင် ဒီဆဲလ်အစုအဝေးက ကြောင်တစ်ကောင်ရဲ့ ဦးနှောက် လောက်ရှိတယ်။ အရေအတွက်က ဆဲလ်ပေါင်းသန်းတစ်ရာကျော် ရှိတယ်။ ဒါကြောင့် Little Brain လို့ တင်စား ပြီးခေါ်ကြတယ်''
    Second Brain  ပေါ့နော်''
    Second Brain  လို့လည်း တင်
စားပြီးခေါ်ကြသေးတယ်။ ဒီ Brain က ပင်မဦးနှောက်ကြီးလို စဉ်းစား တွေးခေါ်တာတော့မလုပ်နိုင်ဘူး။ ဒါပေမယ့် အစာခြေ လုပ်ငန်းကိုတော့ကောင်းကောင်းထိန်းချုပ်နိုင်တယ်''
    ''ပင်မဦးနှောက်ကြီးနဲ့ ဆက် သွယ်မှုရှိလား''
    ''ရှိတယ်။ Second Brain  နဲ့ ပင်မဦးနှောက်ကြီးနဲ့က Vagus Nerve  ဆိုတဲ့ အာရုံကြောနဲ့ ဆက် ထားတယ်။ ဒါကြောင့် ဒီ Vagus Nerve  ကလည်း အရေးကြီးတယ်ကွ''
    ''အစာအိမ်က ဟော်မုန်းတွေ လည်းထွက်တယ်ဆို''
    ''ဟုတ်တယ်။ Ghrelin ဆိုတဲ့ ဟော်မုန်းထွက်တယ်။ ဒီဟော်မုန်းက လူကိုဆာလောင်စေတဲ့နေရာမှာ အဓိကစွမ်းဆောင်ပေး တယ်လို့ ဆိုတယ်''
    ''ဒါဆို Ghrelin များများ ထွက်နေရင် များများဆာမှာပေါ့''
    ''မှန်တယ်၊ ဝင်းဝင်းမြလို လူမျိုး နေမှာပေါ့''
    ''ဟင်းနော် ကိုလင်း၊ နှင်းဆီ ပန်းမပေးတော့ဘူး''
    ''ဟဲ၊ ဟဲ နောက်တာပါ။ နှင်း ဆီပန်းတော့ အချိန်မှန်စွန့်ကြဲပါဗျာ''
    ''ကဲပါ၊ ဆက်ပါဦး''
    ''အစားကြီးတဲ့လူတွေ အတွက် အစာအိမ်ကချဲ့လို့ရတယ်ဆိုပဲ။ အံ့သြ စရာ''
    ''ဒီတစ်ခါတော့ ဝင်းဝင်းမြကို စောင်းပြောတာမဟုတ်ဘူးထင်ပါရဲ့''
    ''မစောင်းရဲတော့ပါဘူး။ စာထဲ ပါတာပြောတာပါ။ အစာအိမ်ရဲ့ နဂို မစားခင်အရွယ်က လက်သီးဆုပ်လောက် ရှိတယ်တဲ့။ အစွမ်း ကုန်ချဲ့ လိုက်ရင် နှစ်လီတာတောင် ဆန့်သတဲ့။ အဆပေါင်းလေးဆယ်ချဲ့နိုင်တယ်တဲ့''
    ''နှစ်လီတာတောင်။ အများကြီး ပါလား''
    ''ဒါကြောင့် တချို့လူတွေ မုန့် ဟင်းခါးလေးပန်းကန်စားတာတို့၊ ခေါက်ဆွဲကြော်သုံးပန်းကန်ကုန်တာ တို့နေမှာပေါ့ကွာ''
    ''ဟုတ်တယ်။ ရိုးရိုးရှင်းရှင်း စဉ်းစားရင် အစာအိမ်မှာStretch Receptor တွေရှိမယ်။ ဆန့်ထွက်တာကိုသိတဲ့ အာရုံခံဆဲလ်ဆိုပါတော့ ကွာ။ အစာအိမ်က အစာတွေပြည့်နေ လို့ ဒီ Receptor တွက ဦးနှောက် ကို သတင်းပို့ရင် ဦးနှောက်က ဝပြီ ဆိုပြီး အစာစားတာရပ်ဆိုင်းမှာပဲ။ ဒါက ရိုးရိုးရှင်းရှင်းတွေးတာပေါ့''
    ''ခု ဒီလိုမဟုတ်ဘူးလား''
    ''ဒီထက်ရှုပ်ထွေးတယ်ကွ။
ပါရဂူတွေက Bob Lakhanpal  ဆိုတဲ့ လူကို ခွဲစိတ်ကုသရာကနေ သိရ တယ်ပြောတယ်''
    ''ဒီလူနာက ဘာဖြစ်တာလဲ''
    ''သူက ဘယ်လောက်စားစား မဝဘူး။ အမြဲဆာနေတယ်။ ဆာတော့ စားတယ်၊ စားတော့ မတန်တဆ ဝ လာတယ်။ အဝ လွန်ရောဂါရတယ်''
    ''ဒါကို မကုဘူးလား''
    ''ကုတယ်။ Gastric Bypass Operation  လုပ်တယ်''
    ''အစာအိမ်အစိတ်အပိုင်း တချို့ ထုတ်ပစ်တာလား''
    ''ဟုတ်တယ်။ အပေါ်ယံစဉ်း စားရင် အစာအိမ်သေးသွားတော့ သိပ် မစားတော့ဘူးလို့ထင်ရတယ်။ ဒါပေမယ့် အစာဝတာ၊ မဝတာ က ဟော်မုန်းပေါ်မှာလည်း တည်နေတယ်။ အစာအိမ်ခွဲစိတ်ရင် ဟော်မုန်းထွက်တဲ့ နေရာပါပါသွားအောင် ခွဲစိတ်မှအောင် မြင် တာတဲ့''
    ''သူ့ကို ဘယ်မှာကုလဲ''
    London က Charing Cross Hospital မှာ ကုတာ။ ခွဲတဲ့ပါရဂူက Mr. Ahmed Ahmed တဲ့။ ခွဲစိတ်ပြီး အစာအိမ်ကို အူသိမ်နဲ့ဆက်လိုက် တယ်။ Ileum လို့ခေါ်တဲ့နေရာနဲ့ ဆက်တယ်။ Ileum ကလည်း ဟော် မုန်းထုတ်တယ်။ PYY ဟော်မုန်းတဲ့''
    PYY က အစာစားတာရပ်စေ တယ်မဟုတ်လား''
    ''ဟုတ်တယ်။ PYY က Ghrelin နဲ့ ဆန့်ကျင်ဘက်ပဲ။ လွယ် လွယ်ပြောရရင် Ghrelin က စားစေ တယ်။ PYY က ရပ်စေတယ်။
    ''ထူးဆန်းတယ်နော်''
    ''လူ့ခန္ဓာကိုယ်ကြီးက သိပ်ကို ဆန်းကြယ်တာကွ။ ခုတော့ BOb Lakhanpal  ဟာ ပိန်သွားပြီ''
    ''အဝလွန်ရောဂါသက်သာ သွားပြီပေါ့''
    ''ဟုတ်တယ်။ သက်သာသွား ပြီ။ သူ့လိုလူနာမျိုးကတော့ ခွဲကုမှ ရမှာ။ ဒါပေမယ့် လူနာတိုင်းတော့ ခွဲစရာမလိုဘူး။ သိပ်ဆိုးမှခွဲမှာ။ တန်ရုံ ဆိုရင်တော့ ဆေးနဲ့ကုနိုင်တယ်''
    ''ဘာဆေးလဲ''
    PPY ရဲ့ အာနိသင်မျိုးရစေတဲ့ ဆေးသစ်တွေပေါ်နေပြီ။ ဒီဆေး သောက်ရင် မဆာတော့ဘူး။ ခေတ် သစ်ဆေးပညာ ရဲ့ အောင်မြင်မှုတွေ ပေါ့''
    ''ဆက်ပါဦး''
    ''ဦးနှောက်ဟာ စဉ်းစားနိုင်စွမ်း ရှိတယ်။ ဆုံးဖြတ်ချက်ချနိုင်တယ်ဆို ပေမယ့် အစာအိမ်ကလည်း အရေး ကြီးတယ်ဆိုတာ သိလာပြီကွ''
    ''ပါရဂူတွေက တယ်လည်း တော်တာပဲကွာ''
    ''ဒါပေါ့ကွာ။ အသစ်အဆန်း တွေ တွေ့လာတော့လည်း ကုသတဲ့ နေရာမှာ ပိုပြီးထိရောက်လာတာပေါ့။ ကဲ-စားလို့လည်းဝကြပြီ။ ယူတို့ကိုယ် PYY တွေ ထွက်လောက်ပြီ ထင်တယ်''
    ''တို့ကိုယ်ထဲမှာတော့ ထွက်ပါ ပြီ။ ဝင်းဝင်းမြမှာတော့ Ghrelin တွေ ထွက်နေတုန်းရှိသေးတယ်။ နောက် ထပ် ထမင်း ဆီဆမ်း တစ်ပွဲရယ်၊ ကော်ပြန့်ကြော်တစ်ပွဲရယ်၊ ဖန်ချို တစ်ခွက်ရယ် ထပ်မှာနေတယ်''
    ''မှာပါစေ၊ မှာပါစေ။ ဟဲ၊ ဟဲ''
    ''ဘာလဲ၊ ယူက နှစ်ဆယ့်တစ် ရာစု မောင်ဗျတ္တလုပ်မလို့မဟုတ်လား။ မသိရင်ခက်မယ်''
    ''ယူကလည်းသိသားနဲ့။ ဝင်းဝင်းမြက နှင်းဆီခြံရှိတယ်။ သူ့နှင်းဆီက သိပ်လည်းလှ၊ သိပ် လည်းမွှေးတာ။ ဇီဇဝါဆောင်က ရုက္ခဗေဒ ဆရာမလေးက သူ့ခြံကနှင်းဆီမှ လက်ခံတယ်။ မင်္ဂလာဈေးကဝယ် လာရင်နှုတ်ခမ်းစူရော။ ဒါနဲ့ ဝင်းဝင်းမြ ပဲ အပူကပ် ရတာပေါ့ကွာ။ ဟဲ ဟဲ''
    ''ဒါပေါ့လေ။ ကဲပါ၊ ဝင်းဝင်းမြ ရယ် နှင်းဆီစွန့်ကြဲလိုက်ပါ''
    ''စွန့်ကြဲမယ်၊ စွန့်ကြဲမယ်။ ခဏစောင့်။ ဒါလေးတွေ အပြတ်ရှင်း လိုက်ဦးမယ်''
    ''ကိုလင်းတော့ လစာတစ်လစာ ပြုတ်ပြီ''
    ''ဆယ်လစာပြုတ်လဲ ပြုတ်ပါ စေဗျာ''
    ''တယ်လဲ သဘောကောင်းနေ ပါလား''
    ''ကောင်းရမယ်လေ၊ အချစ် အတွက် နှလုံးသားတောင်ပေးထား တာ။ သည်လစာလောက်ကတော့ အသေးအဖွဲပါ''
    ''ဝင်းဝင်းမြရေ၊ မြန်မြန်စားဟ၊ ဆရာမလေးမျှော်နေပြီ''
    ''ဟဲ၊ ဟဲ၊ ပြီးပါပြီဟ၊ ဝပါပြီ''
အောင်(ဆေး-၁)
ရည်ညွှန်းချက်။ ။BBC News မှ "The Second Brain In Our Stomachs" ဆေးပညာဆောင်းပါးကို မှီငြမ်းကိုးကားပါသည်။

အောင်(ဆေး-၁)
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: zaygwet1997@gmail.com Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.