2013-5-13
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
ဈေးကွက်ဂျာနယ်နှင့် Reporter ဂျာနယ် ဒလမြို့နယ်သို့ သောက်ရေသန့် လှူဒါန်းမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... ၈၁၃
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ကျန်းမာရေး
မအိုဆေးကိုတွေ့ပြီလော

ဆည်းဆာချိန်ဖြစ်၍ ပတ်ဝန်း ကျင်ရှုခင်းကလှပနေ၏။
    ပြာလဲ့သော ကောင်းကင်ပြင် ကြီးထဲတွင် ပုစွန်ဆီရောင် တိမ်တိုက် များက ဟိုတစ်စုသည်တစ်စုဖြင့် လှပစွာတည်ရှိနေ၏။
    အထပ်နှစ်ဆယ်မြင့်သော ဆာကူ ရာတာဝါအပေါ်ဆုံးထပ်ရှိ Cafe Bistro  တွင် ထိုင်ကာ ကာပူချီနိုကော်ဖီ တစ်ခွက်ကို အေးဆေးစွာ ဇိမ်ခံ သောက်ရင်း ဒေါက်တာခင်ပန် ဆောင်းသည် အဝေးကိုငေးမောကြည့် ရှုနေ၏။
    အဝေးမှ ရန်ကုန်မြစ်ကို မှုန်ပျပျ သာမြင်နေရ၏။
    ''အပျိုကြီး၊ ဘာတွေငေးပြီး ဆွေးနေလဲ။ ကျောင်းတုန်းက နှင်းဆီ ပန်းပေးတဲ့ကောင်လေးကို သတိရနေ တာလား''
    ဒေါက်တာပွင့်သက်တင်က နောက်မှ ရုတ်တရက်မေးလိုက်၍ ငေးမောနေသော ဒေါက်တာခင်ပန် ဆောင်း လန့်သွား၏။
    ''ဟာ-ပွင့်ကလည်း၊ လန့်လိုက် တာ။ ဘာမှမဆွေးပါဘူး။ အပူမရှာ ချင်လို့ အပျိုကြီးလုပ်နေတာ။ ယူ လည်းသိသားနဲ့။ ယူ့သူငယ်ချင်း ယုစန္ဒာရော မပါဘူးလား''
    ''သူက လှအိုးကွဲလေ။ မမ လည်းသိသားပဲ။ ခု သူအရေပြား အထူးအလှပြင်ဌာနဆိုတာကို ရောက် နေတယ်။ နုပျိုအောင်လုပ်ပေးတယ်ဆို ပဲ။ ငါးဆယ်ကျော်က ဆယ်ကျော် သက်တော့ ပြန်မဖြစ်ဘူးထင်တာပဲ''
    ''အေးလေ၊ ဆယ်ကျော်သက် မဖြစ်ပေမယ့် လေးဆယ်ကျော် လောက် ဖြစ်လည်းမဆိုးပါဘူး။ ယူ့ သူငယ်ချင်းပြန်လာရင် ကြည့်ရအောင်။ တကယ်ငယ်သွားတယ်ဆိုရင် တို့ လည်းလုပ်မယ်ကွ''
    ''သြော်-မမကလည်း လှချင် တာကိုး''
    ''ဟဲ့-ပွင့်ရယ်၊ မိန်းမပဲ။ မိန်းမ မှန်ရင်လှချင်တာချည်းပဲ။ နုပျိုချင်တာ ချည်းပဲ၊ အသက်ကိုးဆယ်ကျော် အဘွားကြီးတောင်လှချင်တုန်းပဲ''
    ''ဟုတ်တယ်မမ။ ဒါကြောင့် ခေတ်အဆက်ဆက် မအိုဆေးရှာခဲ့ ကြတာပဲ''
    ''ယူပြောမှ အိုင်သတိရတယ်။ ထူးထူးဆန်းဆန်း ပြိုင်ပွဲတစ်ခု အကြောင်းပြောပြဦးမယ်''
    ''ဘာပြိုင်ပွဲလဲ မမ''
    ''မအိုဆေးရှာတဲ့ ပြိုင်ပွဲလို့ တင်စားခေါ်ရင်ရမယ်ထင်တယ်။ ပြိုင် ပွဲနာမည်က သိပံ္ပနောက်ခံဝတ္ထုတွေလို ပဲ Genomics X Prize တဲ့''
    ''ရှင်းပြပါဦး မမ''
    ''ဒီပြိုင်ပွဲက ဆုငွေလည်း မနည်းဘူး။ ဒေါ်လာဆယ်သန်း တောင်ရမှာ''
    ''ဟာ-ပွတာပဲ၊ ဆယ်သန်းဆို ရင် ကိုရီးယားသွားပြီး မျက်နှာခွဲစိတ် လို့ရပြီ''
    ''ဟာ-ဆယ်သန်းတောင်မှပဲ ပွင့်ရယ်၊ မျက်နှာတင်မကဘူး။ တစ် ကိုယ်လုံးစိတ်တိုင်းကျ ပြင်လို့ရပြီ။ ကိုရီးယားမင်းသမီးလေးဖြစ်သွားမှာ''
    ''ဒါဆို မမ၊ ဘေယောင်ဂျွန်း ဖြစ်ဖြစ်၊ လီဗြောင်ဟွန်းဖြစ်ဖြစ် ချိန်လို့ ရပြီပေါ့''
    ''ဟဲ ဟဲ၊ ဒါပေါ့။ ကဲ-စိတ်ကူး ယဉ်တာတွေ ခဏထားပြီး ဆက်ဦး မှ။ ပြောစတောင် ဘယ်ရောက်သွား ပါလိမ့်''
    ''ပြိုင်ပွဲအကြောင်းလေ မမရဲ့''
    ''အေး၊ ဟုတ်သားပဲ။ ပြိုင်ပွဲက ဒီလိုပွင့်ရဲ့။ အသက်ရာကျော်ရှည် နေတဲ့ အဘိုး၊ အဘွားတွေရဲ့ မျိုးရိုးဗီဇ ကို လေ့လာရမယ်။ ပြီးရင် ဘာလို့ အသက်ရှည်ရသလဲဆိုတဲ့ လျှို့ဝှက် ချက်ကို ရှာရမယ်။ အရင်တွေ့တဲ့ သူက ဒေါ်လာဆယ်သန်းရမယ်''
    ''ပြိုင်ပွဲဘယ်တော့စမှာလဲ''
    ''နောက်နှစ်စမယ်တဲ့''
    ''အချိန်မီသေးတယ်။ ဝင်ပြိုင်မှပဲ''
    ''နေဦး၊ ယူက ဘာပစ္စည်းကိရိ ယာများရှိလို့လဲ။ DNA Sequencing Thchnology   လိုတယ်။ ဒေါ်လာ ဆယ်သန်းပေးမှတော့ ကပျက် ကချော်နဲ့ ဘယ်ရပါ့မလဲ''
    ''ဟုတ်သားပဲ မမရယ်။ ပွင့်က ဆုပဲလိုချင်တာ။ လုပ်ရမှာကိုတော့ ထည့်မစဉ်းစားရသေးဘူး''
    ''ကမ္ဘာ့အတော်ဆုံး ပညာရှင် တွေ ဝင်ပြိုင်ကြမှာ။ ခုပဲ အမေရိကန် သုတေသီတစ်ဖွဲ့က ပြိုင်မယ်တဲ့။ ခေါင်းဆောင်နာမည်က Dr. Jona-than Rothberg  တဲ့ သူက Genetic Enthrpreneur  ပဲ။ မျိုးရိုးဗီဇပညာရပ် မှာ စွန့်ဦးတီထွင်ပါရဂူဆိုပါတော့''
    ''ထိတ်ထိတ်ကြဲ ပညာရှင်ပေါ့ နော်''
    ''အေး-ဟုတ်တယ်။ သူတို့က လောလောဆယ် အသက်ရာကျော် ရှည်တဲ့ ပုဂ္ဂိုလ်တစ်ရာရဲ့ DNA ကို လေ့လာရမယ်။ ဒီတစ်ရာလုံးရဲ့ DNA Code ကို အပြည့်အစုံရှာရမှာ''
    ''အပြည့်အစုံဆိုရင် ချက်ချင်း ပြီးမှာမဟုတ်ဘူး''
    ''အေးလေ။ ဒါကြောင့် အချိန် ရက်သုံးဆယ်ပေးထားတယ်''
    ''ငွေကြေးကလည်း အတော် ကုန်မှာ''
    ''ခုတော့ နည်းပညာတွေ တိုး တက်လာလို့ အကုန်သက်သာလာ ပြီ။ Genome တစ်ခုလုံးကို ဒေါ်လာ တစ်ထောင်အောက်ပဲကျတယ်''
    ''လူတစ်ကိုယ်လုံးက ရှိရှိသမျှ DNA စစ်တာ ဒေါ်လာတစ်ထောင် တောင် မကုန်ဘူးဆိုတဲ့ သဘောလား မမ''
    ''ဟုတ်တယ်။ ပြိုင်မယ့်လူတွေ က နောက်နှစ် မေလအထိ စာရင်း သွင်းနိုင်တယ်။ ပြိုင်ပွဲစမှာက နောက် နှစ် စက်တင်ဘာမှာ''
    ''ဒါဆို ခုလုပ်တာက ရှေ့ပြေး ပေါ့နော်''
    ''ဟုတ်တယ်။ ရှေ့ပြေးပဲ။ တကယ်မပြိုင်သေးဘူး။ ကြိုတင်ပြင် ဆင်တဲ့သဘောပဲ။ ရှေ့နှစ်မှ တကယ် စပြိုင်ရမှာ''
    ''စောစောက ပါရဂူက ဘယ် ကလဲ မမ''
    ''သူက ကယ်လီဖိုးနီးယားမှာ ရှိတဲ့ Life Technologies Corporat  ကပဲ။ သူတို့အဖွဲ့က ပထမဆုံး စာရင်း သွင်းတဲ့အဖွဲ့ပဲ''
    ''ဟုတ်ကဲ့ မမ''
    ''ခု အဖွဲ့က Genome တစ်ခု လုံးကို ခွဲခြမ်းစိတ်ဖြာတာ ဒေါ်လာ တစ်ထောင်မကုန်ဘဲ လုပ်ပေးနိုင် တယ်။ ဒါဟာလည်း ထူးခြားတယ် တဲ့။ သိပံ္ပပညာလောကမှာ ထူးခြားတဲ့ မှတ်တိုင်တစ်ခုလို့ ခေါ်နိုင်တယ်ဆိုပဲ''
    ''ဟုတ်ကဲ့ မမ''
    ''အစက DNA Sequencing  လုပ်ရင် သိပ်ဈေးကြီးတယ်။ သာမန် လူမတတ်နိုင်ဘူး။ ခုဈေးနဲ့ဆိုရင် အတော်ပေါတယ်ပြောရမယ်။ ခုလုပ် တာက Genome တစ်ခုလုံးလုပ်တာ။ တကယ်လို့ လိုချင်တာလေးပဲ ကွက် လုပ်ရင်ဒီထက်ပေါမှာ''
    ''ဒီနည်းပညာက ရောဂါရှာဖွေ ရေးမှာ အသုံးကျတယ်ဆို''
    ''အသုံးကျသမှ သိပ်ကို အသုံး ကျတာ။ ပြီးတော့ ကုသရေးမှာလည်း အသုံးကျသေးတယ်။ ဘယ်ဆေးဝါး နဲ့ သင့်တော်မလဲဆိုတာလည်း သိနိုင်တယ်''
    ''ဟာ-ဒါဆို လူနာတစ်ဦးချင်း စီရဲ့ လိုအပ်ချက်နဲ့ ကုနိုင်ပြီပေါ့''
    ''ဒါပေါ့။ နောင်ဆို ndividualized Medicineဆိုတာ ပေါ်လာ တော့မယ်။ အရင်က ယေဘုယျလမ်း ညွှန်ချက်နဲ့ ကုရတာ။ ဥပမာ-တီဘီ ဆိုရင် က ဆေး။ ငှက်ဖျားဆိုရင်  ခ ဆေး အဲသလိုပေါ့။ နောင်ကျရင် တီဘီလူနာတိုင်း ဆေးတူစရာမလို ဘူး။ မောင်ဘကို က အလတ်စား ပေးရင် မောင်မြကို က အငယ်စား ပေး။ အဲသလို တစ်ဦးချင်းစီအလိုက် လိုအပ်ချက်ကြည့်ပြီး ညှိပေးလို့ရလိမ့် မယ်''
    ''ဟုတ်ကဲ့ မမ''
    ''ခု သုတေသနမှာ သာဓုခေါ် စရာလည်းပါတယ်''
    ''ဘာများလဲ မမ''
    ''အသက်ရာကျော်ရှည်တဲ့ လူ တစ်ရာက သူတို့ရဲ့ DNA ကို သုတေ သနမှာ သုံးဖို့ ဒါနပြုတယ်တဲ့''
    ''ဟာ-ဒါဟာ သာဓုခေါ်စရာ ပေါ့''
    ''ပညာရှင်တွေက အသက်ရာ ကျော်ရှည်တဲ့လူတွေရဲ့ DNA မှာ ထူး ခြားတာရှိရမယ်တဲ့။ သူတို့တွေဟာ နှလုံးရောဂါ၊ ကင်ဆာရောဂါတွေ မဖြစ်ဘဲ ကျန်းကျန်းမာမာနဲ့ အသက် ရာကျော်နေကြရတယ်။ ဒါဟာ ရောဂါကာကွယ်တဲ့ အချက်တွေရှိနေ လို့ဖြစ်လိမ့်မယ်တဲ့။ ဒါကိုရှာတွေ့ရင် မအိုဆေးတွေ့ပြီ''
    ''ဟုတ်တာပေါ့ မမရယ်။ ကုထုံးသစ်တွေပေါ်လာမယ်။ ရောဂါ ကင်းတော့အသက်ရှည်ပြီပေါ့''
    ''ဒါပေမယ့် တစ်ခုရှိတာက စစ်စရာ DNA နမူနာအများကြီးလို တယ်''
    ''ခု လူတစ်ရာတောင်ရပြီပဲ''
    ''ဒီလိုလေ DNA အားလုံးစစ်ဖို့ က Genetic Letter  က သုံးဘီလျံ တောင်ရှိတာ။ တိတိကျကျဖော်ထုတ် ဖို့ အချက်အလက်အများကြီး လိုတယ်''
    ''ဘယ်လို လိုတာလဲ မမ''
    ''လူတစ်ရာစစ်ရင် သဲလွန်စရ မယ်။ တစ်ထောင်ဆိုရင် ပိုသေချာ မယ်။ တစ်သောင်းဆိုရင်တော့ ရာနှုန်း ပြည့်ပြောနိုင်မယ်''
    ''ဘယ်မျိုးရိုးဗီဇက ကင်ဆာ ဖြစ်တယ်။ ဘယ်မျိုးရိုးဗီဇက နှလုံး ရောဂါဖြစ်တယ်။ ဒီလိုတိတိကျကျ ပြောတာမျိုးလား''
    ''ဟုတ်တယ်။ Dr. Rothberg  ကတော့ ခုလိုလုပ်ရတာကိုပဲ မျှော်လင့် ချက်အများကြီးထားနေတယ်။ မအို ဆေးတွေ့ဖို့ လမ်းစရနိုင်ပါပြီတဲ့''
    ''မျှော်လင့်စရာကလည်း ရှိလာ ပြီကိုး''
    Dr. Craig Venter ဆိုတဲ့ ပါရဂူက သုတေသနတီထွင်တဲ့လူပဲ။ သူက ၂ဝဝ၃ ခုနှစ်မှာ ပြီးစီးအောင်မြင် သွားတဲ့ Human Genome Protect  မှာလည်း အဓိကပုဂ္ဂိုလ်ပဲ။ သူက ပြောတယ်။ ခုလို အချိန်တိုတိုအတွင်း မှာ လူတစ်ကိုယ်လုံးက DNA ကို ခွဲခြမ်းစိတ်ဖြာနိုင်တာဟာ အံ့သြစရာ ပါပဲတဲ့။ အရင်က ဒါလောက်မြန်မြန် အောင်မြင်လိမ့်မယ်လို့ မထင်ခဲ့ပါဘူး တဲ့။ နည်းပညာတိုးတက်မှုက အံ့မ ခန်းမြန်ဆန်လှပါတယ်တဲ့။ ကုန်ကျ စရိတ်နည်းသွားတာလည်း အားရစရာ ပါပဲတဲ့။ အဲသလိုပြောသွားတယ်''
    ''ဟုတ်ကဲ့ မမ''
    ထိုစဉ် ဒေါက်တာယုစန္ဒာ၊ ဒေါက်တာမြမြအေးနှင့် ဒေါက်တာ ယဉ်ယဉ်ဦးတို့ ရောက်ရှိလာ၏။
    ''ဟာ-မမနဲ့ ပွင့်ပါလား။ ဘာတွေတိုင်ပင်နေကြတာလဲ။ လီမင် ဟိုအကြောင်း ဆွေးနွေးနေတာလား''
    ''အံမယ်။ ယုစန္ဒာက နုသွား ပါလား။ တို့လည်းသွားလုပ်ဦးမှပဲ''
    ''မမကလည်း မြှောက်နေပြန် ပါပြီ။ ဘာစားမလဲ''
    ''နုပျိုဖို့က ကျန်းမာဖို့လိုတယ်။ ရောဂါကင်းဖို့လိုတယ်။ မိန်းမတွေမှာ က သွေးဆုံးပြီးရင် ကျချိန်ရောက်လာ ပြီ။ အဲဒီတော့ အားကစားလုပ်ရမယ်။ အာဟာရပြည့်အောင်စားရမယ်။ အနားယူရမယ်။ စိတ်ဖိစီးမှုလျော့ အောင် နေရမယ်''
    ''မမပြောတာ လိုက်နာရင် နုပျို မယ်ပေါ့''
    ''ဟုတ်တယ်။ ရယ်စရာပြော ရရင် အိုပေမယ့် တင်းနေသေးတဲ့ အိုဗာတင်းဖြစ်မှာပေါ့။ ဟဲ၊ ဟဲ''
    ''ဟုတ်တယ်၊ ဟုတ်တယ်။ မမက အိုဗာတင်းပဲ။ ဒါကြောင့် ရှေ့နေ ကြီး ဦးစံမတူတို့၊ ဆရာဝန်ကြီး ဦးနှင်းမောင်တို့ ခဏခဏ လာလည် နေကြတာမဟုတ်လား''
    ''ဒီကောင်မလေး၊ ဘာတွေ ဖော်ကောင်လုပ်နေတာလဲ ဟင်''
    ဒေါက်တာခင်ပန်ဆောင်း၏ နဂါးမျက်စောင်းကြောင့် ဒေါက်တာ ပွင့်သက်တင်ခမျာ ဇာက်ကလေးပု သွားကာ လျှာကလေးထုတ်လိုက်၏။
အောင်(ဆေး-၁)
ရည်ညွှန်းချက် - BBC News မှ"Genetic Entrepre Neur to Compete In Genomics X Prize"
ဆေးပညာ ဆောင်းပါးကို မှီငြမ်းကိုးကားပါသည်။

အောင်(ဆေး-၁)
 
Untitled Document
suwatisoe said...
Thursday 30 August 2012, 1:03 am
Hi,
I like your post. I shared it at www.shwehub.com
You can share your new posts there for free.
suwatisoe
khaingwarmoe said...
Monday 1 April 2013, 6:09 pm
Thank you
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: zaygwet1997@gmail.com Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.