2013-5-13
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
ဈေးကွက်ဂျာနယ်နှင့် Reporter ဂျာနယ် ဒလမြို့နယ်သို့ သောက်ရေသန့် လှူဒါန်းမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... ၈၁၃
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ကျန်းမာရေး
မျက်မမြင်အတွက် မျှော်လင့်ချက်

ဆောင်းနံနက်ခင်းဖြစ်၍ မြူ နှင်းတို့ ဝေ့ဝဲနေ၏။
မြောက်ပြန်လေတစ်ချက်အဝှေ့ တွင် ခရေပန်းတို့ တဖွဲဖွြဲေ<ွကကျ လာ၏။
လင်ကရူဇာဆစ်ဂနပ်(စ်)ကား ကြီးသည် ကျဉ်းမြောင်းသော မြေနီ လမ်းကလေးတစ်လျှောက် ဖြည်း ညင်းစွာ မောင်းဝင်လာနေ၏။
လမ်းဘေးဝဲယာတစ်ချက်တွင် ကြီးမားလှသော ခရေပင်ကြီးများ အစီအရီပေါက်နေ၏။
မကြာမီ ကားကြီးသည် ခေတ် မီနှစ်ထပ်တိုက်ကလေးရှေ့တွင် ရပ် သွား၏။
ကားပေါ်မှ ဒေါက်တာရန်မျိုး အောင် ဆင်းလာရာ တိုက်ပိုင်ရှင် အငြိမ်းစား ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်အေးက ပေါ်တီကိုအောက် မှ ဆီးကြိုနေ၏။
''မင်္ဂလာပါ ဒေါက်တာ''
''မင်္ဂလာပါ ဆရာမကြီး၊ စော စောက သီချင်းသံ ကြားမိတယ်။ စန္ဒယားနဲ့တွဲပြီး ဆိုနေတာ။ အဆို ရော အတီးရော ကောင်းတယ်''
''ဟုတ်တယ် ဒေါက်တာ၊ ကျွန်မ တူမလေးလေ။ အနုပညာ ဝါသနာပါရှာတယ်။ တစ်လောကပဲ မျက်စိကွယ်သွားရှာတယ်။ ခု ဆေး လာကုတာ။ ဒေါက်တာလည်း ကြည့်ပေးပါဦး''
''ဖြစ်မှဖြစ်ရလေဗျာ။ သူဆို သွားတဲ့ မှုန်ပြာရီသီချင်းက ကျွန် တော်သိပ်ကြိုက်တဲ့သီချင်း။ မူရင်း က ကိုသန်းလှိုင် ဆိုတာလေ''
''ဟုတ်တယ် ဒေါက်တာ၊ ကျွန် မလည်း သိပ်ကြိုက်တာ။ အထဲကိုြ<ွကပါ ဒေါက်တာ။ ဒေါက်တာလာ တာအတော်ပဲ မုန့်ဟင်းခါးချက် တယ်။ ထမင်းလွတ်စားပေတော့''
''ဟာ- အတော်ပဲ။ မုန့်ဟင်း ခါး မစားရတာကြာပြီ။ ငါးဖယ်များ များ၊ ဘူးသီးကြော်များများနဲ့ အဝ စားလိုက်ဦးမယ်''
''ြ<ွကပါ ဒေါက်တာ''
ဧည့်ခန်းသို့ ရောက်သောအ ခါ သီဆိုတီးမှုတ်နေဆဲ မျက်မမြင် အမျိုးသမီးကလေးကို သနားစဖွယ် တွေ့လိုက်ရ၏။ စမ်းကျရေစီးသံအ လား သာယာလှသောအသံဖြင့် သီဆိုကာ စန္ဒယားကို ကျွမ်းကျင် စွာ တီးခတ်နေ၏။
ဒေါက်တာရန်မျိုးအောင်သည် သီချင်းဆုံးသည်အထိ စိတ်ဝင်စား စွာ နားထောင်နေမိ၏။
သီချင်းဆုံးသောအခါ ဒေါ် ခင်အေးက မိတ်ဆက်ပေး၏။
အမျိုးသမီးလေးက ဝမ်းသာ အားရ နှုတ်ဆက်လိုက်၏။
''ကျွန်မက ဒေါက်တာ မလာ ခင်ကတည်းက ကြိုပြောထားတာ။ သူက မျက်စိကုပေးမယ်ဆိုလို့ ဝမ်း သာနေရှာတယ်''
''ရပါတယ်။ ကျွန်တော့် ဆရာ မျက်စိပါရဂူရှိပါတယ်။ သေသေ ချာချာ အပ်ပေးပါ့မယ်''
''ကျေးဇူးတင်ပါတယ်ဆရာ''
''လောလောဆယ် စိတ်ချမ်း သာစရာ ပြောပြရဦးမယ်။ မျက်မ မြင်ြ<ွကက်ကို ပြန်မြင်အောင် လုပ် နိုင်နေပြီ။ စိတ်ဝင်စားရင် ပြောပြ ချင်တယ်''
နှစ်ဦးစလုံးက အားတက်သ ရော တောင်းဆိုကြ၏။
''ဆရာမကြီးရော ဒီကတူမ လေးရော နားထောင်ချင်တယ်ဆို တော့ ပြောပြပါ့မယ်။ မုန့်ဟင်းခါး စားရင်း ပြောကြတာပေါ့''
''ကောင်းပါတယ် ဒေါက်တာ''
ထမင်းစားခန်းသို့ သုံးဦးစလုံး သွားရောက်ကာ မုန့်ဟင်းခါး စား ကြ၏။
''ယူကေမှာလုပ်တဲ့ သုတေသနအကြောင်း ပြောပြပါ့မယ်။ မျက်မမြင်ြ<ွကက်တွေကို အလင်းရောင် အာရုံခံနိုင်တဲ့ဆဲလ်တွေ သွင်းပေး လိုက်တယ်။ြ<ွကက်တွေဟာ မျက်စိ ပြန်မြင်လာတယ်။ သုတေသနကို Oxford ပညာရှင်အဖွဲ့က လုပ်တာ ပါ။ ပါရဂူ အဆို အရ တချို့သော မျက်စိရောဂါတွေကို ကုနိုင်မယ်လို့ ယူဆတယ်''
''ဘယ်လိုရောဂါမျိုးတွေလဲ ဒေါက်တာ''
Degenerative Eye Disease  လို့ခေါ်တဲ့ အိုမင်းလာလို့ဖြစ် တဲ့ မျက်စိရောဂါတွေပေါ့။ ခုသု တေသနက အစပဲ ရှိပါသေး တယ်။ အောင်မြင်ရင် တခြားအကြောင်း ကြောင့် မျက်စိကွယ်တာတွေကို လည်း ကုနိုင်လာလိမ့်မယ်''
''ကျွန်မတို့လို ထိခိုက်ဒဏ်ရာ ကြောင့် မျက်စိကွယ်တာတွေရော ဆရာ''
''နောင်ကို ကုနိုင်ပါလိမ့်မယ်။ ခု သုတေသနက အလားအလာ ကောင်းတယ်။ ခုလို ရလဒ်မျိုးကို အရင်က Night-Blind Mice လို့ခေါ်တဲ့ ကြွက်တွေမှာ စမ်းသပ်ပြီး အောင်မြင်ပြီးပြီ။ Night-Blind Mice ဆိုတာက ညဘက်မှာ မမြင် တော့တဲ့ြ<ွကက်တွေပေါ့။ ခုသုတေသနမှာက လုံးလုံး မျက်စိကွယ်နေ တဲ့ြ<ွကက်တွေ။ နေ့ရော ညရော မမြင်ရဘူး''
''ဟုတ်ကဲ့ ဆရာ''
''ဆက်ပါဦး ဒေါက်တာ''
''ပါရဂူတွေ ခုသုတေသနနယ် ပယ်ဟာ သိပ်ကို လျင်လျင်မြန်မြန် တိုးတက်နေပါတယ်လို့ မှတ်ချက် ပေးထားတယ်။ခုသုတေသန အဖွဲ့က Oxford Univesity  ကပါ။ စမ်း သပ်ခံြ<ွကက်တွေမှာ အလင်းရောင် အာရုံခဲဆဲလ် လုံးဝမရှိဘူး။ ဒီဆဲလ် တွေကို ဆေး ပညာဝေါဟာရအရ Light-Sensing Photoreceptor Cell  လို့ ခေါ်တယ်။ သဘာဝအ လျောက် ဒီဆဲလ်တွေဟာ Retina ခေါ် တဲ့ မြင်လွှာမှာ ရှိကြတယ်''
''ဟုတ်ကဲ့ ဆရာ''
''သုတေသီတွေကြ<ွကက်ရဲ့ မျက်စိထဲကို Precursor Cell တွေ သွင်းပေးတယ်။ ဒီဆဲလ်တွေက အလောင်းအလျာဆဲလ်တွေပေါ့။ မျက်စိထဲ ရောက်တဲ့အခါ Retina ခေါ်တဲ့ မြင်လွှာကို တည်ဆောက် ဖို့ အခြေခံဆဲလ်တွေ ဖြစ်လာကြ တယ်။ Building Block  ပေါ့။ Precursor Cell  သွင်းပြီး နှစ်ပတ် အကြာမှာ Retina ဖြစ်လာတယ်။ ဒါဟာ သုတေသနရဲ့ အောင်မြင်မှု ပေါ့''
''ဒီသုတေသနကို ကမ္ဘာသိ အောင် မလုပ်ဖူးလား''
''လုပ်တာပေါ့။  The Proceedings of The National Academy of Sciences  ဆိုတဲ့ ကမ္ဘာကျော် ပညာရပ်ဆိုင်ရာ ဂျာနယ် မှာ ဖော်ပြပြီးပြီ။ တစ်ကမ္ဘာလုံး သိသွားပြီ''
''ကောင်းပါတယ် ဒေါက်တာ''
''သုတေသီတစ်ဦးဖြစ်တဲ့ Professor Robert Maclaren  က ပြောတယ်။ သူတို့ဟာ အင်္ဂါတစ်ခု လုံးကို ဖန်တီးနိုင်ပါပြီတဲ့။ ဒါဟာ လုံးဝမျက်စိကွယ်နေတဲ့ြ<ွကက်ကို ပြန်မြင်အောင် လုပ်နိုင်ဖို့ပါပဲတဲ့။ မြင်လွှာက အလင်းရောင် အာရုံခံ ဆဲလ်ကို အလွှာ လိုက် ပြန် ရအောင် လုပ်ပေးတာပါတဲ့။ အဲသလို ပြော သွားတယ်''
''အရင်ကရော ဒါမျိုးမလုပ်ဖူး ဘူးလား''
''လုပ်ဖူးတယ်။ ဒါပေမယ့် မ တူဘူး။ အရင်က မြင်လွှာက တစ် ဝက်တစ်ပျက် ပျက်နေတာကို လုပ်  တာ။ Partially Degenerated Retina  ကို လုပ်ခဲ့တာ။ ခုဟာက လုံးဝပျက်နေတဲ့ မြင်လွှာကိုလုပ် တာ။ ကွာခြားတယ်''
''ဟုတ်ကဲ့ ဆရာ''
Professor Maclaren  က ခု သုတေသနကို ပျက်နေတဲ့ ကွန် ပျူတာ ဖန်သားပြင်ကို တစ်ခုလုံး ဖြုတ်လဲလိုက်သလိုပါပဲတဲ့။ အဲသ လို တင်စားပြီး ပြောသွားတယ်''
''ဟုတ်ကဲ့ ဆရာ''
''စမ်းသပ်ချက်ပြီးတော့ြ<ွကက် တွေကို လင်းတဲ့နေရာမှာ အစာ ကျွေးကြည့်တယ်။ သူငယ်အိမ်ကို စစ်ဆေးတယ်။ အလင်းရောင် တုံ့ ပြန်မှု ရှိ၊မရှိပေါ့။ပြီးတော့ ဦးနှောက် ကို စစ်ဆေးတယ်။ှခညေ လုပ် တယ်။ အမြင်အာရုံကောင်း၊ မ ကောင်း စစ်တာပေါ့''
''ဟုတ်ကဲ့ ဆရာ''
''တခြားပါရဂူတွေကလည်း ဝေဖန်ကြတယ်။ Professor Pete Coffee  ဆိုတာက University College London  လက်အောက်ခံ Institute of Ophthalmology  က ပါရဂူပဲ။ သူက ပြောတယ်။ ခု သု တေသနလုပ်ဆောင်ချက်တွေဟာ အရေးကြီးပါတယ်တဲ့။ မျက်မမြင် နဲ့ ပတ်သတ်တဲ့ရောဂါတွေထဲမှာ အပြင်းအထန်ဆုံး ရောဂါတွေနဲ့ သက်ဆိုင်နေပါတယ်တဲ့။ ပြီးတော့ အဲဒီရောဂါတွေ က ဆေးပညာသ ဘောအရ အရေးကြီးတဲ့ရောဂါ တွေလည်း ဖြစ်နေပါတယ်တဲ့''
''ဟုတ်ကဲ့ ဆရာ''
''မျက်မမြင်လူနာတွေကို ကု ရာမှာ လိုအပ်နေတဲ့အရာကို ညွှန် ပြလိုက်တာလည်း ဖြစ်ပါတယ်တဲ့။ တစ်ခုတော့ ရှိတယ်တဲ့။ ခု သုတေ သနက ရှေးဦးအဆင့်ပဲ ရှိပါသေး တယ်တဲ့။ အမြင်အာရုံကို စမ်းသပ် ကြည့်တော့ မျက်စိကို စမ်းတာ ရော၊ ဦးနှောက်ကို စမ်းတာမှာပါ အားနည်းချက်တော့ ရှိသေးတာ တွေ့နေသေးတယ်တဲ့။ ဒါကလည်း ခုမှ ကနဦးအဆင့်ကိုး''
''ဒါပေါ့ ဒေါက်တာ၊ခုရေတွင်း တူး၊ ခုရေကြည်သောက်တော့ ဘယ်ရမလဲ။ အချိန်ယူရဦးမှာပေါ့။ သုတေသနတွေ အထပ်ထပ်လုပ် ပြီး နည်းစနစ်ကို ကောင်းသထက် ကောင်းအောင် ပြုပြင်မွမ်းမံရမှာပဲ''
''ဆရာမကြီး ပြောတာမှန် တယ်ဆရာ၊ ကျွန်မကတော့ လမ်းစ ရရင်ပဲ မျှော်လင့်နိုင်ပါပြီ။ ကြာ တော့ ကြာမှာပေါ့။ ကြာလည်း ဘာ ဖြစ်လဲ။ ပြန်မြင်ရင် ပြီးတာပဲ''
''ဟုတ်ပါတယ်။ Professor Robin Ali  ကလည်း ပြောတယ်။ သူက သုတေသနတွေ အများကြီး လုပ်ခဲ့ဖူးတယ်။ Night-Blind Mice  နဲ့ပတ်သက်တဲ့ သုတေသနတွေကို Nature ဆိုတဲ့ ဂျာနယ်မှာ ဖော် ပြခဲ့တယ်။ Degenerated Retina  ရှိနေတဲ့ြ<ွကက်တွေ မှာလည်း စမ်း သပ်ခဲ့ဖူးတယ်။ သူလည်း အောင် မြင်မှုတွေ ရခဲ့တယ်။ သူက ပြော တယ်။ Photoreceptor Cell  ကို အင်္ဂါအစိတ်အပိုင်း အစားထိုးကုသ သလို အစားထိုးကုလို့ရတဲ့အ ကြောင်း၊ခုသုတေသီအဖွဲ့က Photoreceptor Cell Transplantation  ကို အောင်အောင်မြင် မြင်လုပ်နိုင်ခဲ့တာဖြစ်ကြောင်း ပြော သွားပါတယ်''
''ဟုတ်ကဲ့ ဆရာ''
''ပါရဂူတွေက Moorfields Eye Hospital  ဆိုတဲ့ ကမ္ဘာကျော် ဆေးရုံကြီးမှာ သုတေသနတွေ ဆက်လုပ်နေကြတယ်။ Human Embryonic Stem Cell  ကိုလည်း လေ့လာနေကြတယ်။ သုတေသန အရ အစားထိုးကုသတာအန္တရာယ် ကင်းကြောင်း သိရပါ တယ်တဲ့''
''ဟုတ်ကဲ့ ဆရာ''
''တခြားပါရဂူတွေကလည်း Bionic Eye ကို ကြိုးစားနေကြ တယ်။ Bionic Eye  ဆိုတာက Retinal Chip  ကို ဆိုလိုတာပါ။ ကွန်ပျူတာ နည်းပညာကို သုံးပြီး မျက်စိပြန်မြင်အောင် ကုမလို့ပေါ့''
''အတော်ကြိုးစားတဲ့ ပါရဂူ တွေပဲနော်''
''ဒါပေါ့၊ လူသားတွေအတွက် ကြိုးစားနေကြတာပါပဲ''
''ကဲ- ဒေါက်တာ၊ ထည့်ပါဦး။ ကျွန်မက မြောင်းမြဒေါ်ချိုပုံစံ ချက် ထားတာ။ ငရုတ်ကောင်း ပါတယ်။ ငါးနဲ့ ငံပြာရည်ကို အကောင်း စား သုံးတယ်''
''ထည့်ဦးမယ်။ ဆရာမကြီး လက်ရာက စားကောင်းတယ်။ ငါး ဖယ်လည်း ထည့်မယ်။ ဘူးသီး ကြော်လည်း ထည့်မယ်''
''ဘဲဥလည်း ထည့်ပါဆရာ။ ငါးသလောက်ဥလည်း ထည့်ပါ ဆရာ။ ဆကာကြီး ပဲကြော်လည်း ထည့်ပါ''
''ဆကာကြီးပဲကြော်က နာ မည်ကြီးပဲ။ ထည့်မယ် ထည့်မယ်''
ထိုစဉ် ဒေါက်တာကျော်ဆွေ သိန်း ရောက်ရှိလာ၏။
''ဟာ- ဟာ၊ သိပ်မထည့်ကြ နဲ့လေ။ ကိုကြီးကျော်အတွက်လည်း ချန်ပါဦး''
''ဟာ- ဆရာကျော်၊ လာလေ အများကြီး ကျန်သေးတယ်။ အဲ တစ်ခုတော့ ရှိတယ်ဗျ။ မုန့်ဟင်း ခါး ကျန်ပေမယ့် ခရေပန်းတော့ မ ကျန်တော့ဘူး''
''မလုပ်ပါနဲ့ ဆရာရန်ရယ်၊ နွဲ့ ယမင်းကို ပေးမယ်လို့ ကတိပေး ထားပြီးပြီ''
''ဟဲ ဟဲ၊ ဒါ ပိုင်ကွက်ပဲ။ ခုနေ ခိုင်းချင်တာ ခိုင်းလို့ရပြီ''
''ခိုင်းပါ ဆရာရန်ရယ်၊ ခိုင်း ပါ။ ခရေပန်းတော့ စွန့်ကြဲပါဗျာ''
မျက်နှာသေကလေးဖြင့် အသံ တုန်တုန်နှင့် ပြောလိုက်သော ဒေါက်တာကျော်ဆွေသိန်း၏ အမူ အရာကြောင့် အားလုံး ဝါးခနဲ ပွဲကျ သွားလေတော့၏။

ရည်ညွှန်းချက် ။ ။ BBC News  မှ Totally Blind Mice Get Sight Back" ဆေးပညာ ဆောင်းပါးကို မှီငြမ်းကိုးကားပါသည်။

အောင် (ဆေး-၁)
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: zaygwet1997@gmail.com Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.