2013-5-20
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
ဖက်ဒရယ်အကြောင်း တိုင်းရင်းသားပြည်သူများ ပိုမိုနားလည်ရန် ရည်ရွယ်၍ ဖက်ဒရယ်ဂျာနယ် ပြည်တွင်းတွင် ပထမဦးဆုံး စတင်ထုတ်ဝေ
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... ၈၁၄
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ကျန်းမာရေး
ပန်းနာရင်ကျပ် ကုသရေး

''၀ုန်း ဒုံး ဒုံး ဒုံး ဒုံး''
''အမယ်လေးဗျ၊ကြောက် ပါပြီဗျ''
ရုတ်တရက် တံခါး ခေါက်သံကြောင့် မောင်စိန်ဝင်း သည် လန့်သွားကာ လက်ထဲမှ စာ အုပ်လွတ်ကျသွား၏။
''ဆရာ၊ ဆရာ၊ ကျွန် တော်ပါ၊ သာအေးပါ''
ထိုအခါ မောင်စိန်ဝင်း သည် ကိုသာအေး၏ အသံကို မှတ်မိသွား၏။
ကိုသာအေးတွင် မကြာ  ရင်ကျပ်တတ်သောကလေးတစ်ဦး ရှိ၏။
ထိုကလေး ရင်ကျပ်ပါက ဒေါက်တာရန်မျိုးအောင်ကို အိမ် သို့ ပင့်လေ့ရှိ၏။ ရင်ကျပ်ချိန်က လည်း ညသန်းခေါင်အချိန် ဖြစ် လေ့ရှိ၏။
''လာပြီ၊ လာပြီ၊ ကိုသာ အေးရေ''
တံခါးဖွင့်လိုက်သောအခါ မောကြီးပန်းကြီး ဖြစ်နေသော ကို သာအေးကို တွေ့လိုက်ရ၏။
''အားနာလိုက်တာဗျာ။ မောင်စိန်ဝင်း ဆရာကို နှိုးပေးပါ ဦး''
''ရပါတယ်ဗျာ။ ခဏ စောင့်''
ကိုသာအေးသည် ရပ် ကွက်အစွန်တွင် နေထိုင်သူဖြစ်၏။ ညအချိန်မတော်တွင် စက်ဘီးကို အားကုန်နင်းလာရ၍ မောနေ၏။   မောင်စိန်ဝင်း အော်သံ ကြောင့် အအိပ်ဆတ်သော ဒေါက် တာရန်မျိုးအောင် နိုးနေပြီဖြစ်၏။ ကိုသာအေးအသံကို ကြားလိုက် သည် နှင့် လက်က ဆေးအိတ်ကို ဆွဲပြီးသား ဖြစ်နေ၏။ မကြာမီ ဆရာ တပည့်နှစ်ဦး မော်တော် ဆိုင်ကယ်ဖြင့် ကိုသာ အေးအိမ် သို့ ရောက်ရှိ သွား၏။ ကိုသာအေး ခမျာ နောက်မှ စက်ဘီး ဖြင့် ဖြည်းဖြည်းလိုက်ပါ လာ၏။ ထိရောက်သော ဆေး ကုသမှုကြောင့် ကိုသာအေး ပြန် ရောက်လာချိန်တွင် ကလေးငယ် မှာ ရင်ကျပ်သက်သာနေပြီဖြစ်၏။
''ကျေးဇူးတင်လိုက်တာ ဆရာရယ်၊ ညလယ်စာ သုံးဆောင် ပါဦး''
''လက်ဖက်ရည်လား ကို သာအေး''
''ဟုတ်ပါတယ် ဆရာ၊ မုန့်လည်းပါပါတယ်''
''ရတယ်လေ။ စောင့်နေ မယ်''
  ကိုသာအေးက လက်ဖက်ရည် အဖျော်ကောင်း၏။ ထိုလက်ဖက်ရည်တွင် နို့စိမ်းပါလေ့ရှိ၏။ လက်ဖက်ရည် ကြိုက်သော ဒေါက်တာရန်မျိုးအောင်က ကိုသာ အေးဖျော်သော လက်ဖက်ရည်ကို လွန်စွာသဘောကျ၏။
''ကလေးက သက်သာ လို့ အိပ်ပျော်နေပြီဆရာ''
''မနက်ဖြန်ကျမှ ဆေး တိုက်ပေါ့။ သောက်ဆေးသုံးရက်စာ ပေးခဲ့မယ်''
''ကျေးဇူးပါပဲ ဆ ရာ။ ကလေးက ဆရာ့ဆေး နဲ့ အဆင်ပြေတယ် ဆရာ''
''မတည့်တာတွေ မစားစေနဲ့။ ခုခေတ်မုန့်တွေ က ဆေးသကြားပါတာများ တယ်။ ပြီးတော့ အအေးမခံနဲ့။ အနံ့ပြင်းတာတွေ မရှူမိစေနဲ့။ ဖုန်တို့၊ မီးခိုးတို့လည်း မတည့်ဘူးနော်''
''ဟုတ်ကဲ့ပါ ဆရာ။ ကျွန်တော် သတိထားပါမယ်။ ဒါနဲ့ ကြုံတုန်း မေးရဦးမယ်။ ကျွန်တော့်  ကလေးသောက်တဲ့ ဆေးမျိုး ခြေ ရင်း အိမ်က ကလေးကျတော့ မ သက်သာဘူးဆရာ။ သူလည်း ရင် ကျပ်ပဲ၊ သူ့ကို ကုတဲ့ဒေါက်တာက လည်း ဒီဆေးပဲပေးတာပဲ။ မသက် သာဘူး ဘာကြောင့်လဲ ဆရာ''
''လူနာတစ်ဦးနဲ့တစ်ဦးက မတူဘူးလေ။ မျိုးရိုးဗီဇတို့၊ ပတ် ၀န်းကျင်တို့က ကွာခြားမှု ရှိတယ်။ မောင်ဖြူပျောက်ပေမယ့် မောင်မဲ ကျတော့ မပျောက်ဘူး။ ကိုသာ အေး စိတ်ဝင်စားရင် သုတေသန တစ်ခုအကြောင်း ပြောပြချင် တယ်''
''ပြောပါဆရာ၊ စိတ်ဝင် စားပါတယ်။ ဆရာလည်း လက် ဖက်ရည် သုံးဆောင်ပါဦးဆရာ''
''ကောင်းပြီလေ။ လက် ဖက်ရည်သောက်ရင်း ပြောကြတာ ပေါ့။ ယူကေနိုင်ငံမှာ ပန်းနာရင် ကျပ်နဲ့ ပတ်သက်တဲ့ သုတေသန တစ်ခု လုပ်ခဲ့တယ်။ သုတေသီတွေ က လူနာတစ်ဦးနဲ့တစ်ဦး မတူ ကြောင်း လက်တွေ့သိခဲ့တယ်''
''ဟုတ်ကဲ့ ဆရာ''
''ကလေးငယ်တွေကို Spit Test လုပ်ကြည့်တယ်။ ဒီစမ်း သပ်ချက်ကြောင့် တခိျု့ကလေး တွေဟာ သမားရိုးကျ ပန်းနာရင် ကျပ်ပျောက်ဆေးနဲ့ မရဘူးဆိုတာ သိလာတယ်''
''ဘာဆေးလဲ ဆရာ''
''ှေူာနအနမသူ ဆိုတဲ့ ဆေးပေါ့။ ယူကေမှာ ဒီဆေးကို ကလေးလူနာပေါင်း သောင်းချီပြီး သုံးနေကြတယ်။ ဒါပေမယ့် လူနာ တိုင်း မသက်သာပါဘူး။ ကလေး လူနာ ခုနစ်ဦးမှာ တစ်ဦးနှုန်းက မ သက်သာဘူး။ ဆေးမတိုးဘူး''
''ဒါဆို ဆေးအလဟဿ ဖြစ်တာပေါ့။ ငွေကုန်ပြီး အကျိုး မရှိဘူးပေါ့''
''ဟုတ်တယ်ဗျ။ သုတေ သီတွေက အစမ်းသပ်ခံကလေး လူ နာ ၆၂ ဦးကို သုတေသန လုပ်ခဲ့ တယ်။ တကယ်လို့သာSalme-terol နဲ့ မတည့်မှန်း သိခဲ့ရင် ဆေး ပြောင်းပေးလို့ရတယ်။ လူနာ အကျိုးရှိမယ်''
''ဒီသုတေသနကို တ ခြားပါရဂူတွေ သိပြီလား ဆရာ''
''သိကြပြီ။ ဒီသုတေသန ကို Clinical Scienceလို့ အမည် ရှိတဲ့ဆေးပညာဂျာနယ်မှာ ဖော်ပြ ပြီးပြီ''
''Salmeterol က ဘယ်ဆေးတွေမှာ ပါတာလဲ။ ပြောပြပါ ဦး ဆရာ''
'Salmeterol မှာလည်း ပါ တယ်။ Salmeterolမှာလည်း ပါ တယ်။ ဒီဆေးနှစ်မျိုးက ရှူဆေး တွေဗျ။ Inhaler လို့ ခေါ်တာပေါ့။ ရှူလိုက်ရင် ရင်ချောင်သွားတယ်။ ဒါပေမယ့် တခိျု့ကလေးကျတော့ မသက်သာဘူး''
''ဘာကြောင့်လဲ ဆရာ''
''မျိုးရိုးဗီဇကြောင့်ဗျ။ Salmeterol  က လေရှူလမ်း ကြောင်းမှာရှိတဲ့ ဆဲလ်တွေထဲက Receptor ခေါ်တဲ့နေရာမှာ သြဇာ သက်ရောက်တယ်။ ဆေးကြောင့် လြွေပန်တွေ ကျယ်လာတယ်။ လူ နာသက်သာတယ်။ ဒါပေမယ့် မျိုး ရိုးဗီဇ ထူးခြားတဲ့ ကလေးတွေကျ တော့ မသက်သာဘူး''
''ဟုတ်ကဲ့ ဆရာ''
''ကြအအေငသည လို့ ခေါ်တဲ့ မျိုးရိုးဗီဇ ထူးခြားနေတဲ့ကလေးမှာ Mutation တွေက ပုံစံပြောင်းနေ တယ်။ သာမန်နဲ့ မတူဘူး''
''သြော်- ဒါကြောင့် ဆေး မတိုးတာကိုး။ ဒါနဲ့ Spit Testက ဘယ်လိုခွဲခြားနိုင်တာလဲဆရာ''
''ဒီလိုဗျ။ ကလေးက တံ တွေးထွေးလိုက်တယ်။ တံတွေးမှာ ဆဲလ်တွေ ပါလာတယ်။ အဲဒီဆဲလ် တွေကDNA ကို လေ့လာကြည့် တယ်။DNAမှာ Mutationရှိနေ တာ သွားတွေ့တယ်။ Mutationရှိနေရင် Salmeterol မတိုးဘူး''
''ခုလို သိရတော့ ဟန် ကျတာပေါ့။ ကုသရေးမှာ အ ထောက်အကူ ရတာပေါ့။ ဒါနဲ့ အဲဒီသုတေသနက ဘယ်မှာလုပ် တာလဲဆရာ''
'']]Brighton and Sussex Medical School က သုတေ သီတွေရယ်၊University of Dun-dee က သုတေသီတွေရယ် ပူး ပေါင်းလုပ်ကြတာဗျ''
''သူတို့က ဘယ်လိုစမ်း သပ်လဲ ဆရာ''
''အစမ်းသပ်ခံကလေးတွေကို အုပ်စုနှစ်စုခွဲထားတယ်။ ပထမအုပ်စုကို Salmeterol ပေး တယ်။ ဒုတိယအုပ်စုကို Montelu-kast ပေး တယ်။ ဆေးနှစ်မျိုးစလုံး က ပန်းနာရင်ကျပ်ပျောက်ဆေး တွေချည်းပဲ''
''ဟုတ်ကဲ့ ဆရာ''
''သုတေသနရလဒ်က ထူးခြားတယ်။  သုတေသီတစ်ဦး ဖြစ်တဲ့ Professor Somnath Mu-khopadhyay က ပြောတယ်။ Montelukast က သာတာ တွေ့ပါ တယ်။ ပန်းနာရင်ကျပ်ကုသတဲ့နေ ရာမှာ Personalised Medicineကို သုံးစွဲဖို့ သင့်လျော်ပြီ ဆိုတာ တွေ့ရပါတယ်တဲ့''
''Personalised Medicine ဆိုတာက ဘာလဲဆရာ''
''လူနာတစ်ဦးချင်းစီရဲ့ အခြေအနေပေါ် မူတည်ပြီး သင့် လျော်သောဆေးနဲ့ ကုတာကို ခေါ် တာဗျ။ တစ်နည်းပြောရရင် Mutation ရှိ မရှိ သိပြီးမှ သင့်လျော် ရာဆေးကို ပေးတဲ့ ကုထုံးပေါ့ဗျာ''
''တယ်ကောင်းတဲ့ ကုထုံး ပါလား''
''ဟုတ်တယ်ဗျ။ ယူကေ မှာ ပန်းနာရင်ကျပ်က အတော် အဖြစ်များတယ်။ ကလေးလူနာ သန်းချီရှိတယ်။ သင့်တော်တဲ့ ကု ထုံးလို တယ်။ Professor Mukho-padhyay က ပညာရှိပီပီ ချင့်ချင့် ချိန်ချိန် ပြောတယ်ဗျ။ ရောဂါကို သီးသန့်လေ့လာနေတဲ့ အဖွဲ့အ စည်းတွေနဲ့ ယူကေကျန်းမာရေးဝန် ကြီးဌာနက လမ်းညွှန်ချက်တွေ တော့ လိုလိမ့်မယ်လို့ ပြောပါ တယ်''
''တခြားပါရဂူတွေက ဘာပြောကြလဲဆရာ''
''Asthma UK ဆိုတဲ့ စေ တနာ့ဝန်ထမ်းအဖွဲ့ကြီးက Malay-ka Rahman က ပြောတယ်။ ခုသု တေသနရလဒ်တွေက အားရစရာကောင်းပါတယ်တဲ့။ ဒါပေမယ့် နောက်ထပ်သုတေသနတွေ ထပ်လုပ်ရင်ကောင်းမယ်တဲ့။ သေချာ သထက် သေ ချာအောင်ပေါ့ဗျာ''
''လုပ်သင့်ပါတယ်ဆရာ''
''လူနာတစ်ဦးချင်းစီရဲ့ မျိုးရိုးဗီဇပေါ် မူတည်ပြီး ကုဖို့ပေါ့ ဗျာ။ ခုလို ကုနိုင်ရင် ပန်းနာရင် ကျပ်ကြောင့် သေတာတွေ လျော့ သွားနိုင်မယ်တဲ့ဗျာ''
''ဟုတ်ကဲ့ ဆရာ''
''ကျန်းမာရေးဝန်ကြီးဌာ နကလည်း အားပေးတယ်ဗျ။ Roy-al Pharmaceutical Society ဆို တဲ့ အဖွဲ့ကြီးက ပြောရေးဆိုခွင့်ရှိ တဲ့ ဗညညေ ကြမစ့ပ ကလည်း ပြော တယ်။ သူကလည်း Consultant Pharmacist ဗျ။ ဆေးဝါးပါရဂူဆို ပါတော့ဗျာ။ လူနာရဲ့ မျိုးရိုးဗီဇပေါ် မူတည်ပြီး ကုဖို့ပါပဲ''
''ဟုတ်ကဲ့ ဆရာ''
''့]]University of South-ampton u Professor Stephen Holgate uvnf; Personalised Medicine ကို ထောက်ခံတယ်ဗျ''
''ဒါဆို တစ်နေ့နေ့ကျ ရင် ကျယ်ပြန့်တဲ့အသုံးချမှု ရှိလာ လိမ့်မယ်ဆရာ''
''ဟုတ်တာပေါ့ဗျာ။Gene-Based Test ဟာ အခုလော လောဆယ် လက်လှမ်းမမီသေးပေ မယ့် အနာဂတ်မှာ အထွေထွေကု ဆရာဝန်တွေလက်ထဲ ရောက်လာ လိမ့်မယ်ဗျ''
ဒေါက်တာရန်မျိုးအောင် နှင့် ကိုသာအေးတို့ ဆွေးနွေးနေကြ  စဉ် ပြင်ပ၌ နှင်းစက်များက တ ဖြောက်ဖြောက် ကျနေဆဲဖြစ်၏။

အောင် (ဆေး-၁)
ရည်ညွှန်းချက် ။ ။ BBC News မှ "Spit Test Improves Asthma Care" ဆေး ပညာဆောင်းပါးကို မှီငြမ်းကိုး ကားပါသည်။

အောင် ဆေး-၁
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: zaygwet1997@gmail.com Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.