ဇီဝအဂ္ဂိရက်
ညနေခင်းဖြစ်၍ ဆည်း ဆာအလှကို ကောင်းစွာမြင်ရ၏။
ပြာလဲ့ကာ ကျယ်ပြော လှသည့် ကောင်းကင်ပြင်ကြီးထဲ တွင် ပုစွန်ဆီရောင် တိမ်တိုက်များ က အစုလိုက်၊ အထွေးလိုက် လှပ စွာ တည်ရှိနေ၏။
ဝင်လုဆဲနေလုံးနီနီကြီးက တောင်တန်းကြီးပေါ်တွင် မေးတင် နေ၏။
လှည်းယာဉ်ကလေးက တကျွီကျွီမြည်ရင်း ဖြည်းညင်းစွာ သွားနေ၏။
ဒေါက်တာရန်မျိုးအောင် သည် လှည်းပေါ်တွင် ထိုင်ရင်း ဆည်းဆာအလှကို ငေးမောကြည့် ရှုနေ၏။
နွားကျောင်းသားကလေး သာဂိသည် လှည်းကို ကျင်လည်စွာ မောင်းနှင်နေ၏။
''ဦးကြီး၊ ဟိုရှေ့က ညောင်ပင်ကြီးနားက တဲပဲဗျ''
''အေး၊ အေး၊ ဟုတ်ပြီ''
သုတေသနလုပ်ငန်းတစ် ခုအတွက် ညောင်ပင်သာရွာသို့ ကွင်းဆင်းလေ့လာရေးကိစ္စဖြင့် ရောက်ရှိနေစဉ် ရွာမှ လက် ထောက် ကျန်းမာရေးမှူးကလေး မောင်ရဲထွဋ်က အဂ္ဂိရတ်သမား လူ ထူးလူဆန်းကြီး တစ်ယောက်အ ကြောင်း စကားစပ်မိ၍ ပြောပြရာ မှ နွားကျောင်းသားကလေးသာဂိကို လိုက်ပို့ခိုင်းခြင်းဖြစ်၏။
''ဆရာလေး၊ ကိုရဲထွဋ် က တဲမှာ စောင့်နေမယ်တဲ့''
''အေး၊ အေး၊ သူ ကြို စောင့်နေတော့ အဆင်ပြေတာပေါ့ ကွာ''
ထိုလူထူးလူဆန်းကြီးက ကြေးမှ ရွှေဖြစ်အောင် ထိုးနိုင်သည် ဟု ရွာနီးချုပ်စပ်တွင် သတင်းထွက် နေ၏။ ထိုသတင်းသည် ကောလာ ဟလလော၊ အမှန်လောဆိုသည်ကို မည်သူမျှ တိတိကျကျ မပြောနိုင် ပေ။
မကြာမီ တဲရှေ့သို့ ရောက်သွား၏။
''မောင်သာဂိရေ၊ ကျေး ဇူးပဲကွာ''
''ရပါတယ် ဦးကြီး''
တဲထဲမှ ကိုရဲထွဋ် အပြေး ကလေး ထွက်လာ၏။
''ဆောရီးပဲ ဒေါက်တာ၊ ကျွန်တော် နည်းနည်းကလေး နောက်ကျသွားတယ်။ အဂ္ဂိ ရတ်ဆရာကြီးက ပဲခူး ထွက်သွားပြီ၊ ကိစ္စအရေး ကြီးလို့တဲ့''
''ရပါတယ်ဗျာ။ တဲထဲ ခဏနားကြတာပေါ့''
''ရေနွေးကြမ်းနဲ့ ထန်း လျက်တော့ ကျန်ခဲ့တယ်။ စကား ပြောရင်း သောက်ကြတာပေါ့''
''အဂ္ဂိရတ်ဆရာကြီးက အသက်ကြီးပြီလား''
''ကျွန်တော် မြင်ဖူးတာ တော့ အသက် ခုနစ်ဆယ်ကျော် အဘိုးကြီးပဲ။ တချို့ကလည်း အ သက်ရာကျော်နေပြီ ပြောကြတယ်။ ဒါက လည်း အရပ်စကားပဲ။ ယုံရ ခက်ခက်ပဲ။ တစ်ခုထူးခြားတာက ဆရာကြီးဟာ သိပ်သန်မာတယ်။ အရွယ်နဲ့မလိုက်ဘူး။ ဆန်အိတ် တစ်အိတ်ကို အသာလေး ထမ်းနိုင် တယ်''
''ဟာ-ဒါဆို ထူးခြားတာ ပေါ့။ ကျွန်တော်ဆို မထမ်းနိုင်ဘူး''
''သူ့နာမည်ကလည်း ထူးခြားတယ်။ အလ္လကပ္ပ ဆရာထူး တဲ့''
''နာမည်ကလည်း ထူး ဆန်းလိုက်တာ။ ဘာအဓိပ္ပာယ်လဲ ဗျ''
''တချို့က အလ္လကပ္ပအ ထက်ဂိုဏ်းကလို့ ပြောကြတယ်။ တချို့က အလ္လကပ္ပမှော်အောင် တယ်လို့ ပြောကြတယ်။ ဒါက လည်း အရပ်စကားပါ ဒေါက်တာ''
''ဘူးသီးတွေ အစားများ လို့လည်း ပါမလားမသိဘူး''
''ဘူးပင်တွေပေါတဲ့အ ရပ်မှာ တရားကျင့်ခဲ့တယ်လို့လည်း ပြောကြသေးတယ်''
''ထားပါတော့လေ။ အဂ္ဂိ ရတ်ပညာကလည်း ထူးဆန်းတယ် ဗျ''
''ဒေါက်တာကရော အဂ္ဂိ ရတ် ထိုးဖူးလို့လား''
''မထိုးဖူးပါဘူးဗျာ။ စာ ထဲ ဖတ်ဖူးတာပါ။ စာတွေ့ပဲ ရှိပါ တယ်။ ဒါပေမယ့် ဒီလောကကြီးထဲ မှာ ဆန်းကြယ်တာတွေ အများကြီး ဗျ။ ဘက်တီးရီးယားပိုးတွေက လည်း ထူးဆန်းတယ်။ အဂ္ဂိရတ် ဆန်ဆန် လုပ်နိုင်စွမ်းရှိကြတယ်''
''ဟုတ်လား ဒေါက်တာ၊ ဘက်တီးရီးယားပိုးဆိုတာက အင်မ တန် သေးငယ်တာပဲ။ အားကောင်း တဲ့ မှန်ဘီလူးနဲ့ကြည့်မှ မြင်ရတာ။ ဘယ်လိုလုပ်နိုင်စွမ်းရှိတာလဲ''
''အဂ္ဂိရတ်ဆန်ဆန်ဆို တာက တင်စားပြောတာပါ။ ကိုရဲ ထွဋ်ကို ထူးဆန်းတဲ့ သုတေသန တစ်ခုအကြောင်း ပြောပြချင် တယ်''
''ပြောပါ ဒေါက်တာ၊ ကျွန်တော် စိတ်ဝင်စားပါတယ်''
''Edinburghက သု တေသီတစ်ဖွဲ့က အနာကြီးရောဂါ ဖြစ်စေတဲ့ ရောဂါပိုးကို လေ့လာခဲ့ ကြတယ်။ Leprosy Bacteria ဆို ပါတော့ဗျာ။ ဒီပိုးက ထူးဆန်းတယ်။ Biological Alchemy လုပ်နိုင် တယ်။ ဇီဝအဂ္ဂိရတ်ဆိုပါတော့ဗျာ။ လူနာကိုယ်ထဲက အာရုံကြောဆဲလ် ကို သူတို့ အသုံးချနိုင်အောင် အမျိုးအစား ပြောင်းလဲပစ်တယ်။ ဒါကို ပထမဦးဆုံးအကြိမ် ရှာဖွေ တွေ့ရှိတာပဲဗျ''
''ထူးဆန်းလိုက်တာ ဒေါက်တာရယ်၊ ကျွန်တော် အခြေ ခံကျန်းမာရေးတက္ကသိုလ်မှာ စာ သင်တုန်းက အနာကြီးရောဂါပိုး အကြောင်း သင်ခဲ့ရပါတယ်။ ဒါမျိုး တစ်ခါမှ မကြားဖူးဘူး''
''ဘယ်ကြားဖူးပါ့မလဲ။ ခု သုတေသနတွေ့ရှိချက်က ကမ္ဘာမှာ ပထမဆုံးကိုးဗျ။ ဒီသုတေသနတွေ့ ရှိချက်ကို Cell ဆိုတဲ့ သိပ္ပံပညာ ဂျာနယ်မှာ ဖော်ပြပြီးပြီ။ ရောဂါပိုး က အာရုံကြောဆဲလ်ကို မူလပင်မ ဆဲလ်ရယ်၊ ကြက်သားဆဲလ်ရယ်ကို ဘဝပြောင်းပေးနိုင်တယ်''
''အဂ္ဂိရတ်ပညာမှာ ကြေးကို ရွှေဖြစ်အောင် ပြောင်းနိုင် သလိုပေါ့''
''ဟုတ်တယ်။ ဒီသဘော ပါပဲ။ ဒါကြောင့် Biological Alchemy လို့ တင်စားခေါ်တာပေါ့။ မြန်မာလိုဆိုရင် ဇီဝအဂ္ဂိရတ်ပေါ့ဗျာ''
''ဟုတ်ကဲ့ ဒေါက်တာ''
''သုတေသီတွေက ဘက် တီးရီးယားပိုး သုံးတဲ့နည်းကို လေ့ လာနေကြတယ်။ ဒီနည်းကို Cle-ver And Sophisticated Technique လို့ စာထဲ မှာ ရေးထား တယ်။ ရှုပ်ထွေးနက်နဲပြီး ချီးကျူး ရလောက်အောင် ထက်မြက်တဲ့ နည်းစနစ်ပေါ့ဗျာ။ ဒီနည်းကို မူလ ပင်မဆဲလ်ဆိုင်ရာ သုတေသနလုပ် ငန်းတွေမှာ အသုံးချလို့ ရနိုင် တယ်။ ပြီးတော့လည်း ရောဂါကုသ ရေးမှာ အသုံးဝင်လာစရာ ရှိတယ်''
''ဟုတ်ကဲ့ ဒေါက်တာ''
''တခြားပါရဂူတွေက ခု သုတေသနကို ဝိုင်းချီးကျူးကြ တယ်။ စိတ်ဝင်စားစရာ ကောင်း တယ်လို့ ပြောကြတယ်။ တချို့က လည်း အံ့သြစရာ ကောင်းတယ် လို့ ပြောကြတယ်''
''ရောဂါပိုးက ဘာလို့ အဲဒီလို ပြောင်းတာလဲ ဒေါက်တာ''
''သူတို့အတွက် ပိုပြီးအ သုံးဝင်လို့တဲ့ဗျ။ ဒီအချက်ကိုလည်း သုတေသီတွေက ရှာတွေ့ခဲ့တယ်''
''အရင်ကလည်း ဓာတ်ခွဲ ခန်းမှာ သုတေသီတွေ လုပ်နိုင်ခဲ့ တယ် မဟုတ်လား ဒေါက်တာ''
''ကိုရဲထွဋ် ပြောတာမှန် ပါတယ်။ အရေပြားဆဲလ်ကနေ မူလပင်မဆဲလ်ဘဝကို ပြောင်းစေ နိုင်ခဲ့တယ်။ မူလပင်မဆဲလ် ကနေ နောက် ထပ်ဆဲလ်မျိုးစုံ ထပ်ဖြစ်နိုင် တယ်။ ဥပမာ- နှလုံးဆဲလ်တို့၊ ဦး နှောက်ဆဲလ်တို့ပေါ့ဗျာ''
''ဟုတ်ကဲ့ ဒေါက်တာ''
''သုတေသီတစ်ဦးဖြစ်တဲ့ Professor Anura Rambukkana က ပြောတယ်။ လူသားတွေ ကိုယ် ထဲက ဆဲလ်ကို ရောဂါပိုး က လိုသ လို ကိုင်တွယ်အသုံးပြုပြီး အမြတ် ထုတ်သွားတဲ့သဘော ဖြစ်ပါတယ် တဲ့''
''ဟုတ်ကဲ့ ဒေါက်တာ''
''သုတေသီတွေကဓာတ်ခွဲခန်းမှာကြွက်တွေနဲ့စမ်းသပ်ကြတယ်။ရောဂါပိုးတွေကပထမဆုံးအာရုံကြောဆဲလ်တွေထဲမှာကူး စက်ပေါက် ပွားတယ်။ ပြီးတော့ အာရုံကြောဆဲလ်ကို မူလပင်မ ဆဲလ် ဖြစ်စေတယ်။ လူနာကိုယ်ထဲ က မူလပင်မဆဲလ်ဆိုတော့ လူနာ ရဲ့ ကိုယ်ခံ အင်အားစနစ်က မျက်စိ လည်သွားတယ်။ ဘက်တီးရီးယား ရဲ့ လှည့်စားချက်ပေါ့။ အဲဒီ မူလ ပင်မဆဲလ်ကြ<ွကက်သား ထဲရောက် ရင်ြ<ွကက်သားဆဲလ် ဖြစ်သွား ရော''
''အတော်လည်း ထူး ဆန်းတာပဲ ဒေါက်တာ''
''ဟုတ်တယ်။ အတော် ထူးဆန်းတယ်။ ဘက်တီးရီးယားက မူလပင်မဆဲလ် ဖြစ်စေတာကို ခုမှ သိတာ။ ဒါဟာ ကမ္ဘာမှာ ပထမဆုံး ရှာဖွေတွေ့ရှိတာ''
''ဒါဆို အနာကြီးရောဂါ အကြောင်း ပိုသိလာမှာပေါ့''
''ဒါပေါ့ ပိုသိလာတာပေါ့။ ပြီးတော့ မူလပင်မဆဲလ်အကြောင်းကိုလည်းပိုသိလာတယ်။ ကုသရေးမှာအသုံးဝင်မယ့် အလား အလာတွေ လည်း ပိုသိလာ တယ်''
''ဟုတ်ကဲ့ ဒေါက်တာ''
''ပါမောက္ခကြီးက တ ခြားဘက်တီးရီးယားပိုးတွေလည်း အလားတူ ဂုဏ်သတ္တိမျိုး ရှိကောင်း ရှိနိုင်တယ်တဲ့''
''ဒါပေါ့ ဒေါက်တာ၊ ရှိ နိုင်တာပေါ့''
''University College London က ပါရဂူတစ်ဦးဖြစ်တဲ့ Professor Chris Mason က လည်း ဝေဖန်ထားတယ်။ ဘက်တီး ရီးယားက အာရုံကြောဆဲလ်ကနေ မူလပင်မဆဲလ် ဘဝပြောင်းစေတာ ဟာ အဂ္ဂိရတ်ဆန်ဆန်ပါပဲတဲ့။ ခု တွေ့တာကြ<ွကက်မှာပါတဲ့။ ဒီသုတေသနကနေ ရှုပ်ထွေးနက်နဲတဲ့ ဖြစ်စဉ်တွေကို သိလာရပါပြီတဲ့။ လူနာတွေအတွက် အကျိုး ရှိမှာ ဖြစ်ပါတယ်တဲ့''
''ဟုတ်ကဲ့ ဒေါက်တာ''
''လက်တွေ့ အသုံးချနိုင် ဖို့ကတော့ နောက်ဆယ်နှစ်ကြာ ချင်ကြာမှာပေါ့ဗျာ။ ဒါပေမယ့် တစ် နေ့ကျ ဖြစ်လာမှာပါပဲ''
''ဖြစ်လာမှာပါ ဒေါက် တာ''
''London School of Hygiene and Tropical Medicine က ပါရဂူ Professor Diana Lockwood ကလည်း သိပ်ကို စိတ်ဝင်စားစရာ ကောင်းပါတယ် လို့ ချီးကျူးထားတယ်ဗျ''
''ချီးကျူးသင့်ပါတယ် ဒေါက်တာ''
''Medical Research Council က ပါရဂူ Dr. Rob Buckle ကလည်း ပြောတယ်။ သူ က Head of Regenerative Medicine ဗျ။ တစ်သျှူးပွားများရေးဆိုင် ရာ ဆေးပညာဌာနက ဌာနမှူး ဆို ပါတော့ဗျာ။ ခု သုတေသန တွေ့ရှိ ချက်ဟာ အရေးကြီးပါ တယ် တဲ့။ ရောဂါသဘာဝကို ပိုပြီး နားလည် လာစေပါတယ်တဲ့။ ကုသရေးမှာ လည်း အသုံးဝင်လာစရာ ရှိပါ တယ်တဲ့။ ဒါတင်မကသေး ဘူး Regenerative Medicine ဘာ သာရပ်အတွက်လည်း အရေးပါ လာစရာ ရှိပါတယ်တဲ့''
''ဒါဆို တယ်လည်းတန် ဖိုးရှိပါလား ဒေါက်တာရယ်''
''ဒါပေါ့ ကိုရဲထွဋ်ရယ်''
''ရေနွေးကြမ်း သုံး ဆောင်ပါဦး ဒေါက်တာ။ ထန်း လျက်ခဲနဲ့ လိုက်ပါတယ်''
ထိုစဉ် လှည်းရပ်သံကြား ၍ လှမ်းကြည့်လိုက်၏။
''ဟာ- မောင်သာဂိပါ လား။ ဘာတွေ လာပို့တာပါလိမ့်''
မောင်သာဂိက သုံးဆင့် ချိုင့်တစ်ချိုင့် ယူလာ၍ စားပွဲပေါ် တွင် တင်လိုက်၏။
''ဦးကြီးတို့ စကား ကောင်းနေမှန်းသိလို့ ဟိုနားကတဲ က မမလေး လာပို့ခိုင်းလိုက်တာ ပါ''
ကိုရဲထွဋ်က ဖွင့်ကြည့် လိုက်၏။
''ဟာ- ဟန်ကျပြီဒေါက် တာ။ ငါးရံ့ခြောက်ဖုတ် ဆီဆမ်းပြီး သားရယ်၊ လက်ဖက်သုပ်ရယ်၊ ပဲ ကြော်သုပ်ရယ်၊ ရေနွေမ်းကြမ်း နဲ့ မြည်းပေတော့ ဒေါက်တာရေ''
ကိုရဲထွဋ် မျက်စိထဲတွင် ညောင်ပင်သာရွာမှ ကွမ်းတောင် ကိုင် ဂွက်ထော်ကို ပြေးမြင်မိလိုက် ၏။ ဂွက်ထော်က ဒေါက်တာလေး ကို တယ်လဲ အရေးပေးသကိုးဟု စိတ်ထဲတွင် ရေရွတ်လိုက်လေတော့ ၏။
အောင် (ဆေး-၁)
ရည်ညွှန်းချက် ။ ။ BBC News မှ "Leprosy Bacteria Use Biological Alchemy" ဆေးပညာ ဆောင်းပါးကို မှီငြမ်းကိုးကားပါ သည်။
အောင် (ဆေး-၁)