သကြားအန္တရာယ်
''ဖေကြီး၊ လောကကြီး ဟာ အတော်ဆန်းတယ်ဗျ''
''ဆိုပါဦး၊ သားက အ တွေးတွေ ပွားတတ်တာပဲ။ သား ဟာ ဒဿနဆရာပဲ''
သားတို့ သမီးတို့ကို တွေးတတ်ဖို့ ကျွန်တော် သင်ပေး သည်။ သူတို့တွေးလျှင် ကျွန်တော် ကူပြီး စဉ်းစားပေးသည်။ ပညာရေး သည် ရေးတတ်၊ ဖတ်တတ်၊ တွေး လို့တတ်ဆိုသည့် (Read, Write and Think) ဆိုသောစကားကို ကျွန်တော် သဘောကျ သည်။
''အတွေးမပါ၊ ပညာမ မည်'' ဆိုသော စကားကိုလည်း ကြားဖူးသည်။
သားက 'လောကကြီး ဟာ အတော်ဆန်းတယ်ဗျ' ဆို သည်မှာ ကမောက်ကမ ဖြစ်နေ သည်ကို သူပြောဆိုလိုခြင်း ဖြစ် ဟန်တူ သည်။
သူက ''ဖေကြီးစဉ်းစား ကြည့်၊ လက်ဖက်ရည်ဆိုပါတော့။ ဆိုင်က အပြီးဖျော်ပေးရင် ရိုးရိုး ၂ဝဝ ကျပ်၊ ကိုယ့်ဘာသာ ကိုယ် မွှေသောက်ရင် ၃ဝဝ ကျပ် ရှယ် တဲ့''
''ဟုတ်ပ၊ ဒီထက်ဆိုးတာ တွေ ရှိသေးတယ်''
''ဘယ်လိုမျိုးလဲ ဖေကြီး''
''ဟိုတယ်ကြီးတွေမှာ သ ကြား၊ နို့၊ လက်ဖက်ရည်အကျရည် ဒါတွေ သီးသန့်ပေးထားတယ်။ အဲ ဒါ ကိုယ့်ဘာသာကိုယ် တစ်ခုစီ ထည့်ပြီး ဖျော်သောက်ရတယ်။ တစ်ခွက်တစ်ထောင်ကျော် ကျ တယ်''
''ဟုတ်ကဲ့ ဖေကြီး၊ အဲဒါ ဘာဖြစ်လို့လဲ''
''သာမန်ပြောရရင်တော့ရွေးချယ်ခွင့်တွေရလာလေလေ တန်ဖိုးကြီးမားလေလို့ ပြောရမယ်။ ဒါပေမယ့် ဒီခေတ်မှာတော့ စတိုင် ဖြစ်နေ တာပေါ့။ အဖေတို့ ယဉ် ကျေးမှုမှာ အရင်က လက်ဖက် ရည်ဆိုရင်လက်ဖက်ရည်ကြမ်းကို ပြောတာ။ အခါးရည်လို့လည်း ခေါ်တယ်။ လက်ဖက်ရည် တစ်ခါ သောက်ရင် စိတ်အကြံလိုရာ ရောက်တယ်ဆိုတဲ့ စကားတွေ ကြား ဖူးတယ်။ အဲဒီ လက်ဖက်ရည်ဟာ အခါး ရည်ပါပဲ''
''အခါးရည်လည်း ကောင်းပါတယ်။ ဒါပေမယ့် ဆိုင် တွေမှာတော့ အခါးရည် အလကား ပေးတာပဲ''
''ဟုတ်တယ်။ ဒါပေမယ့် စောစောကပြောတဲ့ ဆိုင်ကြီးတွေ ဟိုတယ်တွေမှာတော့ အခါးရည်ကိုလည်း ဝယ်ယူရတယ်။ အမှန်မှာတော့ အခါးရည်ဟာ လက်ဖက် ရည်ချိုထက် ကျန်းမာရေး ညီညွတ် တယ်''
''ဒါပေမယ့် ဖေကြီး၊ ဒီနေ့မှာတော့ဆိုင်တွေမှာ လက်ဖက်ရည်အချိုကို လူတွေအသောက်များတယ်။ လူငယ်တွေနဲ့ မိန်းကလေးတွေကတော့ အအေးပုလင်း လို့ ခေါ်တဲ့ အချိုရည်တွေကိုပဲ အ သောက်များတယ်''
သားနှင့် ကျွန်တော်တို့ စကားဝိုင်းသည် ရောက်တတ်ရာ ရာ ဆိုသလို ဖြစ်သွားသည်။ သား က ဈေးကွက်သဘော သဘာဝ ကို ပြောတာဖြစ်သည်။
အင်္ဂလိပ်တွေ မြန်မာ ပြည်ကို ကိုလိုနီပြုတဲ့အချိန်ကစပြီး လက်ဖက်ရည် (အချို) သည် ပြည် သူ့အကြား ဝင်ရောက်လာသည်။ မူလသောက်နေသော လက်ဖက်ရည်ကို လက်ဖက်ရည်ကြမ်းဟုခေါ်ကာ ဖက်ရှင်သစ်သည် ခေတ်မီသူများ လက်ဖက်ရည် (အချို) သောက် သည်ဟူသော သဘောကို သက်ဝင်စေတော့သည်။
ထိုလက်ဖက်ရည်(အချို) သည် ရာစုနှစ်တစ်စု နှစ်ပေါင်း တစ်ရာလုံးလုံး လူတွေကြားထဲ ထိုး ဖောက်ဝင်လာတော့သည်။ ပြင် သစ်ကိုလိုနီဖြစ်ခဲ့သည့် ကမ္ဘောဒီး ယားနှင့် ဗီယက်နမ်တို့ကတော့ ကော်ဖီကို လက်ခံကြသည်။ ထိုနိုင် ငံများတွင် လက်ဖက်ရည်ဆိုင် မ တွေ့ရပါ။
နောက်ထပ် ယဉ်ကျေးမှု က အအေး (အချိုရည်) ယဉ်ကျေး မှုပင် ဖြစ်သည်။
အချိုရည်ကို Soft Drinks ဟုခေါ်သည်။
၎င်းသည် အမေရိကန် ယဉ်ကျေးမှု ဖြစ်သည်။ တကယ် တော့ ထိုအချိုရည်များကို စသည် မှာ ပြင်သစ်က ဖြစ်သော်လည်း အမေရိ ကန်ပြည်ထောင်စုမှ ထုတ်လုပ်သော Coca-Cola သည် ကမ္ဘာလွှမ်းခြုံခဲ့သည်။ အမေရိ ကန်၏ Symbol- သင်္ကေတ လည်း ဖြစ်လာ သည်။
ကျန်းမာရေးရှုထောင့်က ကြည့်ရင်တော့ လက်ဖက်ရည် ကြမ်း(အခါးရည်)သည် အကောင်း ဆုံးဖြစ်ပြီး ကျန်းမာရေးကို ဆိုးဆိုး ရွားရွား ထိခိုက်စေတာကတော့ အ ချိုရည်များ ဖြစ်သည်။ သို့သော်အချိုရည်များသည် အကျိုးအမြတ် အရှိဆုံးလုပ်ငန်း ဖြစ်သည်။
ယနေ့တွင် ကိုကာကို လာနှင့် ပက်စီကိုလာတို့သည် မြန်မာပြည်တွင် စက်ရုံကြီးတွေ လာရောက်တည်ဆောက်ပေတော့ မည်။
အချိုရည်များ အရောင်း ကောင်းလာခြင်းမှာ ကမ္ဘာကြီး ပူ နွေးခြင်းနှင့် သက်ဆိုင်သည်ဟု ဆို နိုင်သည်။
'ပူလိုက်တာနော်' ဆို လျှင် ရေခဲရေအေးအေးလးတစ် ခွက်လောက် သောက်ချင်လာ သည်။ အချိုရည်ဆိုရင် ပြောဖွယ် ရာမရှိ။ Energy Drink ကတော့ သာ၍ပင် ကောင်းသေးသည်။ သူ က စိတ်ကို လန်းဆန်းတက်ြ<ွကစေ သည်။ အအေးအားလုံးသည် ကျန်း မာရေးအတွက် ဆရာဝန်များ သ ဘောမကျပါ။ ဆီးချို၊ သွေးချို ဖြစ် နိုင်ပါသည်။
လက်ဖက်ရည်ရော။ လက်ဖက်ရည်ဆိုင်အချို့မှာ 'ချို ပေါ့ဆိမ့်လေး ကြိုက်ရာမေး' လို့ ရေးထားတာ တွေ့ရပါသည်။
အလွန်ချိုသည့် လက်ဖက်ရည်ကို ဆရာလယ်တွင်းသား စောချစ်ကတော့ 'အီပျစ်ခွေလဲ တိုင်ဖက်ပက်လက် လန် မြောင်း ထဲ ခေါင်းစိုက်' ဟု ဆိုဖူးသည်။
ဆရာဝန်ကြီးတစ်ဦးက ဖြည့်စွက်သည်။ 'အီပျစ်ခွေလဲ တိုင် ဖက်ပက်လက်လန် မြောင်းထဲ ခေါင်းစိုက် ဆီးချိုတက် အသက် ထွက်' တဲ့။ အလွန်ချိုသော လက် ဖက်ရည်၊ အချိုရည်တို့သည် ဆီး ချိုရောဂါ- Diabetes Type 2 ကို ဖြစ်စေသည်။ အဝလွန်စေသည်။
''ဒါဆိုရင် တို့တစ်တွေ ဆေးသကြားသုံးကာ Diet Coke လုပ်ကြတာပေါ့'' ဟု Coca-Cola က အကြံထုတ်သည်။ Coke ဆို သည် မှာ Coca-Cola ၏အမည် ရင်း ဖြစ်သည်။ Diet Coke သည် မော်ဒယ်ခေတ် ပိန်ပါးချင်သောလူ ငယ်တွေအကြား ခေတ်စား သွား သည်။ ဆယ်ကျော်သက်များသာမ က ပိုက်ဆံရှိသော ၃ဝ ကျော်သက် တွေပါ သောက်လာကြသည်။ တ ကယ်တမ်း ဆေး သကြား သည် Chemical သာ ဖြစ်သည်။ သူ့ တွင် ဘေးထွက်ဆိုးကျိုးများ ရှိ သည်။ ယနေ့တွင် ထိုဘေးထွက် ဆိုးကျိုးကို ဖော်ထုတ် လာနိုင်ကြ သည်။
တကယ်တမ်း အစား အသောက်သည် ကျွန်တော်တို့ကို အလုပ်လုပ်ကိုင် အသက်ဆက်ရန် ရည်ရွယ်ကာ ဖြည့်တင်း ရသော လောင်စာ၊ ကိုယ်ခန္ဓာ ကြီးထွားစေ ရန် ဆောက်လုပ်ရေးပစ္စည်း Building Blocks များ ဖြစ်ကြ သည်။ ကျွန်တော်တို့ ကိုယ်ခံအား ကို တိုးမြှင့်ရန် ပြင်ပရန်သူကို ခုခံ ကာကွယ်ရန် ဖြစ်သည်။
အချိုဓာတ်ပါသည့် သဘာဝသကြားအမျိုးမျိုးသည် စွမ်းအင်ကို တိုက်ရိုက်ထုတ်ပေးပါ သည်။ သို့သော် ထိုသကြားများကို သဘာဝကျကျ သန့်စင်ထားသည် တော့ မဟုတ်ပါ။
သကြားကို ကြံရည်မှ ထုတ်လုပ်လျှင် ရသော သကြား သည် အဝါရောင်သန်းနေသည်။ ထိုအတွက် သကြားပေါ်တွင် ဆာ လဖာဒိုင်အောက်ဆိုဒ် (ကန့်မီး လောင်သောအငွေ့) ကို ဖြတ်ရ သည်။ ဆာလဖာဒိုင်အောက်ဆိုဒ် သည် အရောင်ချွတ်ပေးရုံမက ပိုပို လျှံလျှံသည် သကြားထဲ ဝင်ရောက် နေတတ်သည်။ အပုံတစ်သန်းပုံ တစ်ပုံလောက်ပါလျှင်ပင် အင်မ တန် အန္တရာယ်ကြီးပါသည်။
အရင်က လူတွေ လက် ဖက်ရည်အကြမ်း သောက်သည်။နောက်တော့ လက်ဖက် ရည်အချို သောက်လာသည်။
နောက်တော့ အချိုရည် (ကုတ်)ကို သောက်ဦးမည်။ ကုတ် တို့ ပက်စီတို့သည် လက်ဖက်ရည် တစ်ခွက်ထက် လျော့နည်း သည့် ဈေးဖြင့် ဈေးကွက်ကို တိုးဝင်လာ မည်မှာ အသေအချာပါ။ လူငယ်များ ဆင်ခြင်စ ရာပါ။
ဆေးလိပ်၊ ကွမ်း၊ လက် ဖက်ရည် (အချို) တွေ၊ သကြား အချိုရည်လေး ဘာမှမဖြစ်လောက် ပါဘူးဟု ငြင်းကြပေမည်။
''ဘီယာလောက် မဆိုး ဘူးဆရာ''
ဒီလိုပဲ စောဒက တက် သည်။
ကောက်ကြောင်း ပြန်ဆွဲ လိုသည်။
လူကြီးတွေကတော့ အခါးရည်အကြမ်းပေါ့။ လူလတ် တွေနဲ့ လူကြီးအချို့ကျတော့ လက် ဖက်ရည်ပါ။ 'ချိုပေါ့ဆိမ့်လေး ကြိုက်ရာမေး' ကို သဘောကျကာ ဆိုင်ထိုင်ဖြစ်ကြပါဦးမည်။
လူငယ်တွေကျတော့ ကော ... ခေတ်ရေစီးထဲမှာ အအေးသောက်သူ များလာမည်ကို တွေးကာ ရင်လေးနေပါသည်။
ကျန်းမာရေးကောင်းမွန် ဖို့ လူငယ်များ သတိရှိကြဖို့ တင် ပြပါသည်။
ဒေါက်တာခင်မောင်ညို