23 - 3 - 2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
လေးမြို့မြစ်ရေ တိုက်စားမှုကြောင့် မင်းပြားမြို့နယ် လက်မ(ရခိုင်) ကျေးရွာမှ နေအိမ် ၈ဝ ကျော် ဘေးလွှတ်ရာသို့ပြောင်း
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1006
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ကျန်းမာရေး
ဝက်သက်ကြောင့် အခက်မတွေ့စေချင်

နွေဦးရာသီဖြစ်၍ ရာသီဥတု က ပူပြင်းနေ၏။

 တောင်လေတစ်ချက်အဝှေ့တွင်  ဗာဒံရွက်ခြောက်များ ဝေါခနဲ ထပျံ ကြ၏။

'လေညိုကုန်း' လက်ဖက်ရည် ဆိုင်ကလေးတွင် ဝိုင်းတော်သားများ စုံညီစွာ ရောက်ရှိနေ၏။

ကြီးမားသော ထီးကြီးများ၏ အရိပ်အာဝါသကြောင့် အပူဒဏ် သက်သာနေ၏။ ကမ်းနားဘက်ဆီ မှ လေနုအေးက တစ်ချက်တစ်ချက် တိုက်ခတ်နေ၏။

အဂ္ဂိရတ်ဝါသနာပါသဖြင့် 'မြေ လျှောက်ဝိဇ္ဇာ'ဟု အမည်ပြောင်ရ ထားသော အငြိမ်းစားကျောင်းအုပ် ကြီး ဦးရွှေသာက ဝါစဉ် အကြီးဆုံးဖြစ် ၏။

စာပေတိုက်ပိုင်ရှင် ဦးလွင်ဆင့်၊ အင်းစိန်သား ကဗျာဆရာမောင်တိုင် ပြာ၊ ဆန်းဗေဒင် ဟောတတ်သော ကဗျာဆရာမ မကြည်ဆွေ၊ ပုဇွန် တောင်သူဝတ္ထုတို ဆရာမ မစပယ်၊ တောင်ဒဂုံသား ကဗျာ ဆရာကျော် ခေါင်၊ ဓာတ်ခွဲမှူးကြီး ဦးဥာဏ်အုန်း၊ စာပေ ဝါသနာရှင် ဒေါက်တာတင် မောင်ဆွေတို့က လာနေကြဝိုင်းတော် သားများ ဖြစ်ကြ၏။

'လေညိုကုန်း' လက်ဖက်ရည် ဆိုင်ကလေးသည် သာမန်လမ်းဘေး လက်ဖက်ရည်ဆိုင်ကလေးဖြစ်သော် လည်း ထူးခြား၏။

 ရွှေဘုံသာ လမ်းတစ်လျှောက် လမ်းဘေးလက်ဖက်ရည်ဆိုင်များ ရာ ချီ၍ရှိသော်လည်း ထိုဆိုင်မှာ ထူးခြား ၏။

စာပေလောကသားဖြစ်ပါက လက်ဖက်ရည် အခမဲ့သောက်ရ၏။

သာမန်လမ်းသွားလမ်းလာများ အဖို့ ထူးဆန်းနေ၏။ တစ်စုံတစ်ဦးက လက်ဖက်ရည်သောက်ပြီး ငွေမရှင်းဘဲ ထထသွား၏။ အခြားဆိုင်များတွင် ထို မြင်ကွင်းမျိုး မရှိပေ။

အဘယ်ကြောင့် ငွေမရှင်းဘဲ ထထ သွားပါသနည်း။

ထိုအချက်က 'လေညိုကုန်း' ၏ မြှုပ်ကွက်တစ်ကွက်သာဖြစ်၏။ အ ခြားမြှုပ်ကွက်များ ကျန်သေး၏။ တစ်ခါတစ်ရံ ထူးဆန်းသော ပုဂ္ဂိုလ် များ ရောက်ရှိလာတတ်၏။

ယနေ့ညနေတွင် ဝိုင်းတော်သား အသစ် ဒေါက်တာမင်းလှသီဟသူနှင့် ဒေါက်တာရဲလှမင်းခေါင်တို့လာမည် ဆို၍ စောင့်မျှော်နေကြ၏။

မကြာမီ E 200 အမျိုးအစား မား စီးဒီးကားနက်ကြီးသည် ရွှေဘုံသာ လမ်းအတွင်း ဝင်လာပြီး ကြိုတင်နေ ရာ ဦးထားသော ယာဉ်ရပ်နားရာ နေရာတွင် ရပ်သွား၏။

ရွှေဘုံသာလမ်းသည် ယာဉ်ရပ် နားရန် တစ်နေရာစာရရန် လွန်စွာ ခက်ခဲ၏။ ယခုကဲ့သို့ လွယ်ကူစွာရ ခြင်းမှာ စားပွဲထိုး ကလေးမောင်ကြွက် နီက အလိုက်သိစွာ ကြိုတင်နေရာ ဦးထား၍ရခြင်းဖြစ်၏။

ကားပေါ်မှ ဝိုင်းတော်သား အ သစ်နှစ်ဦးဆင်းလာကြ၏။

စားပွဲထိုးကလေး မောင်ကြွက်နီ သည် ဖျတ်လတ်သော လူငယ်တစ်ဦး ဖြစ်၏။ ဝိုင်းတော်သားများ အကြိုက် ကို သိ၏။ အကင်းပါး၏။ မှတ်ဥာဏ် ကောင်း၏။

ယခင်က အခြားမြို့နယ်များမှ အစားအစာများကို စားလိုပါက အခက်အခဲရှိ၏။ တကူးတကသွားမှ သာရောက်ရှိနိုင်၏။

ယခုအခါ လက်ကိုင်ဖုန်း ကျေးဇူး ကြောင့် ထိုင်ရာမထ မှာကြားနိုင်၏။ စားပွဲထိုးကလေး မောင်ြ<ွကက်နီက အခြားစားသောက်ဆိုင် များဖြင့် ချိတ် ဆက်ထား၍ အဆင်ပြေနေ၏။

မကြာမီ ဒေါက်တာကျော်ဆွေ သိန်း ထပ်မံ ရောက်ရှိလာ၏။

''ဟာ-ဆရာကျော် နောက်ကျလှ ချည်လား၊ ဝိုင်းတော်သားတွေစုံနေပြီ''

''ဒီလိုပါ ဝိဇ္ဇာကြီးရယ်၊ ကဗျာ ဆရာမောင်ဒေါနရဲ့ ကလေး နေမ ကောင်းလို့ သွားကြည့်ပေးနေတာ၊ ကလေးက ဝက်သက်ပေါက်နေ တယ်''
    ''ဝက်သက်က ဆောင်းအကုန် နွေအကူးမှာ ဖြစ်နေကျပဲ မဟုတ် လား၊ ကလေးအများစုက အလိုလို ပျောက်သွားတာပဲဗျ''

''မှန်ပါတယ် ဝိဇ္ဇာကြီး၊ အများစု က သဘာဝကိုယ်ခံစွမ်းအားနဲ့ ပျောက်သွားကြပါတယ်။ ဒါပေမယ့် တချို့ကလေးတွေမှာ ဒုက္ခပေးတတ် တယ်၊ အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံတွေ မှာပေါ့၊ အသက်အန္တရာယ်အထိ ဒုက္ခ ပေးနိုင်တယ်''

''ဟာ-ဟုတ်လား၊ ရှင်းပြပါဦး ဆရာကျော်''

''ကာကွယ်ဆေး မပေါ်ခင်က တစ်ကမ္ဘာလုံးမှာဖြစ်ခဲ့တယ်။ ကာ ကွယ်ဆေးပေါ်လာတာတောင် ဖြစ် တုန်းပဲ၊ အမေရိကားလို နိုင်ငံ မှာ တောင်ဖြစ်တယ်။ ဒီရောဂါက ဗိုင်း ရပ်(စ်)ပိုးကြောင့်ဖြစ်တာ၊ ကူးစက်တာ မြန်တယ်။ ဝက်သက်ဆိုပြီး မပေါ့ဆရ ဘူး။ တတ်ကျွမ်းနားလည်တဲ့ ဆရာ ဝန်ကို ပြရမယ်၊ ဆေးနည်းတိုနဲ့ မကု ရဘူး''

''ဟုတ်ကဲ့ ဆရာကျော်၊ ဒါနဲ့ အမေရိကားမှာဖြစ်တယ်ဆိုတာက ခုလား၊ ဘယ်ပြည်နယ်မှာလဲ''

''ယခုနှစ်ဆန်းပိုင်းကဗျ၊ ခြောက် ပြည်နယ်မှာ ဖြစ်တယ်။ California ရယ်၊ Colorado ရယ်၊ Florida ရယ်၊ New Jersey ရယ်၊ New York ရယ်၊ Pennsylvania ရယ်၊ စုစုပေါင်း ခြောက်ပြည်နယ်ဗျ၊ လူနာနှစ်ဒါဇင် နီးပါး ကူးစက်ခံရတယ်။ ဒါက Centers for Disease Control and Prevention က ရတဲ့ စာရင်းဇယား ဗျ၊ ဒီဗဟိုဌာနကြီးကို အတိုကောက် CDC ခေါ်တာပေါ့ဗျာ''

''CDC တော့ ကြားဖူးတယ်၊ ကမ္ဘာကျော် ဗဟိုဌာနကြီးပဲ''

''ဝက်သက်က ကူးစက်မြန်တယ် လို့ ကြားဖူးတယ်''

''ဟုတ်တယ် ဝိဇ္ဇာကြီး၊ Mayo Clinic ဆိုတာကလည်း ကမ္ဘာကျော် ပဲဗျ၊ Mayo Clinic က ကူးစက်ရော ဂါဆိုင်ရာ ပါရဂူဖြစ်တဲ့ Dr Pritish  Tosh က ပြောတယ်။ ကူးစက်တာ အမြန်ဆုံး ပိုးစာရင်းမှာ ဝက်သက်ပါ တယ်တဲ့''

''ဟုတ်ကဲ့ ဆရာကျော်''

''သူကပြောတယ်၊ ကာကွယ် ဆေးမပေါ်ခင်က တစ်ကမ္ဘာလုံး ကူး စက်ခံရတာတဲ့၊ စဖြစ်ရင်ဖျားတယ်၊ အရေပြားမှာ အနီစက်တွေ ထွက်တယ်။ Rash ပေါ့ဗျာ၊ အများစုက ပျောက်ကင်းသွားတယ်။ ဒါပေမယ့် တချို့ကလေးတွေ ရောဂါကြောင့် ကွယ်လွန်သွား တယ်၊ ရောဂါပိုးက ဦးနှောက်ကို ကူးစက်တယ်၊ အဆုတ် ကို  ကူးစက်တယ်၊ တခြား ခန္ဓာကိုယ် အစိတ်အပိုင်းတွေကိုလည်း ကူးစက် တယ်၊ ဝက်သက်ကြောင့် သေဆုံးတာ ခုထိရှိနေသေးတယ်၊ အထူးသဖြင့် ဖွံ့ ဖြိုးဆဲနိုင်ငံတွေမှာပေါ့ဗျာ''

''ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာက စီးပွား ရေး နိမ့်ကျတော့ အခြေခံ ကျန်းမာ ရေး စောင့်ရှောက်မှု လုံလုံလောက် လောက် မပေးနိုင်ဘူး။

ဒါကြောင့် သေပျောက်နှုန်းများတာ ဖြစ်မယ်၊ ဒါနဲ့ ကြိုတင်ကာကွယ်ချင် ရင် ဘာလုပ်သင့်လဲ''

''ကာကွယ်ဆေးထိုးရမယ်၊ Measles, Mumps and Rubella Vaccine လို့ ခေါ်တယ်၊ အတို ကောက် MMR Vaccine လို့ ခေါ် တယ်။ ဒီကာကွယ်ဆေးက အတော် ကောင်းတယ်၊ ဝက်သက်သာမကဘူး ပါးကျိတ်ရောင်ရောဂါနဲ့ ဂျိုက်သိုး ရောဂါကိုလည်း ကာကွယ်ပေး တယ်''

''ဒါဆို ကာကွယ်ဆေးရှိရက်သား နဲ့ ဘာလို့ ရောဂါကူးစက်တာလဲ''

''ဒီမေးခွန်းကို CDC က ဖြေထား တယ်။ ခုနှစ်မှာ ရောဂါကူးစက်ခံရတဲ့  လူနာတွေက ကာကွယ်ဆေးထိုးမထား ဘူးတဲ့''

''သြော်-အမေရိကားလို နေရာ မှာတောင် ကာကွယ်ဆေးမထိုးတဲ့ လူတွေ ရှိသေးသကိုး''

''ရှိသေးတယ်၊ အထူးသဖြင့် ဆင်းရဲမွဲတေပြီး ပညာရေးနိမ့်ကျတဲ့ နေရာတွေမှာပေါ့ဗျာ၊ ကျန်းမာရေး ပညာပေးပေမယ့် မလိုက်နာတာ လည်း ရှိသေးတယ်။ လူမည်းရပ်ကွက် တွေမှာ ဖြစ်တာများတယ်။ တချို့က လည်း သိသိကြီးနဲ့ ပေါ့ဆတယ်၊ တချို့ ကျတော့ အယူအဆအမှားတွေ ယုံကြည်ပြီး ကာကွယ်ဆေးကို ငြင်းတယ်၊ သူတို့ဆီမှာလည်း ဖွံ့ဖြိုးပြီး ဆိုပေမယ့် ပြဿနာကရှိတုန်း ပဲ ခြောက်ပြစ် ကင်း သဲလဲစင်ဆိုတာ ကမ္ဘာပေါ်မှာ ဘယ်တိုင်းပြည်မှာမှ မရှိသေးဘူး၊ ကြိုးစားနေရတုန်းပဲ''

''ဟုတ်ကဲ့ ဆရာကျော်''

''Dr. Tush က ပြောတယ်၊ ကာကွယ်ဆေး မပေါ်ခင်က အဖြစ်များခဲ့ တယ်၊ သေပျောက်နှုန်းများခဲ့တယ်၊ ခု ကာကွယ်ဆေးပေါ်လာတော့ တိုးတက်လာတယ်။ တစ်ဖက်ကလည်း အရင်က ဖြစ်ခဲ့တဲ့ဖြစ်ရပ်ဆိုးတွေကို မေ့လျော့လာတယ်၊ ပေါ့ဆလာတယ်။ သာမန် အရပ်သားတွေ က အလေးမ ထား တာ ကြုံတွေ့လာရတယ်၊ Dr.Tush က ခုလို ဝေဖန်သွားတယ်''

''ဟုတ်ကဲ့ ဆရာကျော်''

''ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ဝက်သက် က အရေးကြီးတဲ့ ရောဂါဖြစ်နေသေး တုန်းပဲ၊ Mafor Cause of Childhood Mortality တဲ့''

''ဒါဆို ဂရုစိုက်ရမှာပေါ့''

''ဟုတ်တယ် ဂရုစိုက်ရမယ်၊ မပေါ့ဆရဘူး၊ ခုခေတ်မှာ ကာကွယ် ဆေးရှိပါရက်နဲ့ မထိုးတဲ့ လူရှိလာပြီ တဲ့၊ Dr Tosh ပြောတာက သာမန် အရပ်သားတွေက အန္တရာယ်ကို မမြင်ကြဘူးတဲ့၊ ကာကွယ်ဆေးရှိရက် နဲ့ မထိုးဘူးတဲ့''

''ရှိရက်နဲ့ မထိုးတာဆိုတော့ ပေါ့ ဆမှုပဲ''

''ဖွံ့ဖြိုးဆဲနိုင်ငံတွေကျတော့ ဘဏ္ဍာရေး အခြေအနေချို့တဲ့လို့ မထိုးရတာ၊ ကျန်းမာရေး ဝန်ထမ်း တွေ  ပစ္စည်းကရိယာတွေ၊ မလုံ လောက်ဘူး။ အထူးသဖြင့် ဝေးလံ ခေါင်းပါးတဲ့ ဒေသတွေမှာပေါ့ဗျာ''

''ကာကွယ်ဆေး မထိုးတာ တခြားအကြောင်းရှိသေးလား''

''ရှိသေးတယ်၊ တချို့က အယူ အဆမှားတွေ ယုံကြည်နေလို့ဗျ၊ ဥပမာ Autism ဆိုတဲ့ ရောဂါဗျ၊ ဒီရောဂါက ကလေးငယ်တွေမှာဖြစ် တတ်တယ်။ တကယ်တော့ Autism နဲ့ ကာကွယ်ဆေးက ဘာမှမဆိုင်ဘူး။ မဆိုင်ကြောင်းကိုလည်း သုတေသန တွေအကြိမ်ကြိမ် အခါခါလုပ်ပြီး သက်သေပြပြီးပြီ၊ ဒါလည်း တလွဲယုံ တဲ့ လူကယုံတုန်းပဲ၊ အယူအဆမှားကို လက်ခံပြီး လုပ်သင့်တာကို မလုပ်ကြ ဘူး''

''ဒါဆို ကာကွယ်ဆေးက စိတ်ချ ရတယ်ပေါ့''

''ဟုတ်တယ်၊ စာအုပ်ထဲကလို ပြောရရင် Safe and Effective Vaccine ပါပဲ၊ ထိုးသင့်ပါတယ်။ ကလေးတိုင်းကို ထိုးသင့်ပါတယ်။ ရာနှုန်းပြည့်နီးပါးပေါ့။ အလွန့်အလွန် ရှားပါးတဲ့ ရောဂါရှိနေတဲ့ ကလေးမျိုး ကလွဲရင် ကျန်တဲ့ ကလေးတွေ အား လုံးထိုးသင့်ပါတယ်။ ထိုးသင့်ကြောင်း ကိုလည်း မိဘအုပ်ထိန်းသူတွေသိ အောင် ပညာပေးရမယ်၊ နားလည် အောင်ပညာပေးရမယ်၊ ကျန်းမာရေး ပညာပေးလုပ်ငန်းက လက်ဝင်တယ်။ တစ်ကြိမ်မရဘူး။ ထပ်ထပ်ခါခါ ပညာပေးရတယ်။ ဟောပြောရတယ်''

''အယူအဆမှားတွေကို တိုက် ဖျက်ရတာ မလွယ်ဘူး ထင်တယ်''

''ဟုတ်တယ် ဝိဇ္ဇာကြီး မလွယ် ဘူး၊ ဇွဲရှိရှိနဲ့ တိုက်ဖျက်ရတယ်''

''အေးဗျာ၊ ခုလို ရှင်းပြတာ ကျေး ဇူးပါပဲ၊ ရပ်ကွက်ထဲက ကလေးအမေ တွေကို ပြန်ရှင်းပြလိုက်ဦးမယ်၊ ရပ် ကွက် အုပ်ချုပ်ရေးမှူး ရုံးမှာကျန်းမာ ရေးဌာနက ဝန်ထမ်းတွေ ကာကွယ် ဆေး လာထိုးဖူးတယ်။ တချို့ကလေး အမေတွေက ရှောင်နေကြတယ်။ အဲဒါမဖြစ်သင့်ဘူး ပညာပေးဦးမှ''

''ဝိဇ္ဇာကြီးတို့လို သာမန်အရပ် သားတွေ လေးစားရတဲ့ ရပ်မိရပ်ဖတွေ ပြောရင်ရပါတယ်။ နိုင်ငံတော်ကို ချည်းအားကိုးလို့ မရဘူး၊ အများပြည် သူက ပူးပေါင်းပါဝင်ဆောင်ရွက်မှ အောင်မြင်မယ်''

''ဟုတ်တယ်၊ ဟုတ်တယ်''

ဝိုင်းတော်သားများက ဝိုင်းဝန်း ထောက်ခံကြ၏။ ထိုစဉ် အမျိုးသမီး ဆရာဝန်တစ်စုရောက်ရှိလာ၏။ ¤င်း တို့က စာပေဝါသနာ ရှင်များဖြစ်ကြ ၏။

''ဟာ-ဆရာကျော်၊ ပြုံးနွဲ့ရီတို့ အုပ်စုလာပြီဗျ''

 ''ရတယ်လေ၊ စားချင်တာမှာပေး မယ်''

ထိုအုပ်စုက မုန့်ဟင်းခါးကြိုက် သော အုပ်စုဖြစ်၏။ ထိုအုပ်စုနေရာ ယူပြီးသောအခါ ဒေါက်တာကျော် ဆွေသိန်းက စားပွဲထိုး ကလေးမောင် ကြွက်နီကို ခေါ်ကာ တိုးတိုးတိတ် တိတ်မှာလိုက်၏။

 ခေတ္တကြာသော် ရန်ကုန်အရှေု့ ပိုင်းမှ 'ရွှေဥ' မုန့်ဟင်းခါးရောက်ရှိလာ ၏။

 ''ဟာ-ဆရာကျော် ဘယ်လိုများ စီစဉ်လိုက်တာလဲ''

 ဒေါက်တာပြုံးနွဲ့ရီက အံ့အားသင့် စွာ မေးလိုက်၏။

''ကဲကဲ၊ စားစား၊ ဝိုင်းတော်သား တွေလည်း သုံးဆောင်ကြဗျာ၊ လိုရင် ထပ်မှာဦးမယ်၊ ကုန်ကျစရိတ်လည်း ပူစရာမလိုဘူး။ အလှူဒကာရှိတယ်၊ ဒါပေမယ့် ဘယ်သူလဲလို့ မမေးနဲ့၊ ဒါက လျှို့ဝှက်ချက်ဗျ ဟဲဟဲ''

အလှူဒကာမည်သူမည်ဝါဖြစ် သည်ကို လျှို့ဝှက်ထားခြင်းသည် 'လေ ညိုကုန်း' ၏ ထူးခြားချက်မြောက်များ စွာရှိသည့်အနက်မှ နမူနာ တစ်ခု သာ ဖြစ်ပေတော့သည်တကား။

အောင် (ဆေး-၁)

ရည်ညွှန်းချက်။        ။ မလေးရှား နိုင်ငံထုတ် Star သတင်းစာပါ Fit For Life ကဏ္ဍမှ "Measles Makes A Comeback" ဆေးပညာဆောင်းပါး ကို မှီငြမ်းကိုးပါသည်။

အောင် (ဆေး-၁)
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: zaygwet1997@gmail.com Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.