24-8-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
၂ဝ၁၇ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ သြဂုတ်လ ၃ ရက်နေ့အထိ လေးလတာကာလအတွင်း တာချီလိတ်နယ်စပ်ဝင်ပေါက်မှ နိုင်ငံတကာ ခရီးသွားဧည့်သည်ရှစ်ထောင့်ငါးရာကျော်ဝင်ရောက်လည်ပတ်ခဲ့
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1025
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ကျန်းမာရေး
အစာအိမ်အူလမ်းကြောင်း ကောင်းစေချင်

ညနေခင်းဖြစ်၍ ရွှေဘုံသာလမ်း တစ်လျှောက် လူစည်ကားနေ၏။

အထူးကုဆရာဝန်ကြီးများ ဆေး ခန်းထိုင်ချိန်ဖြစ်၍ ဆေးခန်းတိုင်းလို လို လူနာများဖြင့် ပြည့်ကျပ်နေ၏။

 ရွှေဘုံသာလမ်းနှင့် အနော် ရထားလမ်းထောင့်ရှိ မီးပွိုင့်နှင့်များ စွာ မဝေးကွာလှသောအရပ်တွင် 'လေညိုကုန်း' လက်ဖက်ရည်ဆိုင် ကလေးတည်ရှိ၏။

ထိုဆိုင်ကလေးသည် လမ်းဘေး လက်ဖက်ရည်ဆိုင်ကလေးဖြစ်သော် လည်း အခြားလမ်းဘေး လက်ဖက် ရည်ဆိုင်များနှင့် မတူဘဲ ထူးခြားနေ ၏။

စာပေလောကသားဖြစ်ပါက အခ မဲ့ လက်ဖက်ရည်သုံးဆောင်နိုင်၏။

၎င်းပြင်ထူးဆန်းသော ပုဂ္ဂိုလ်များ ကိုလည်း မကြာမကြာတွေ့ရတတ်၏။

ယနေ့ညနေတွင် အငြိမ်းစား ကျောင်းအုပ်ကြီး ဦးရွှေသာ၊ စာပေ တိုက် ပိုင်ရှင် ဦးလွင်ဆင့်၊ ကဗျာ ဆရာမ မကြည်ဆွေ၊ ဝတ္ထုတို ဆရာမ မစပယ်၊ အင်းစိန်သား ကဗျာဆရာ မောင်တိုင်ပြာ၊ မဂ္ဂဇင်း အယ်ဒီတာ မနှင်းဆီ၊ စာပေဝါသနာရှင် ဒေါက် တာ တင်မောင်ဆွေနှင့် မုံရွာသား ဒေါက်တာလင်းနိုင်ထွန်းတို့ ရောက်ရှိ နေ၏။

ဦးရွှေသာသည် အဂ္ဂိရတ်ဝါသနာ ပါသူဖြစ်၍ ရင်းနှီးသူများက 'မြေ လျှောက်ဝိဇ္ဇာ' ဟု ချစ်စနိုးခေါ်ကြ၏။

ဝိုင်းတော်သားများ စုဝေး၍ စာပေ ရေးရာများ ဆွေးနွေးနေကြစဉ် ဒေါက် တာကျော်ဆွေသိန်းရာက်ရှိလာ၏။

''လာ ဆရာကျော်၊ ရွှေဥမုန့်ဟင်း ခါးရှိတယ်။ ဒံပေါက်စားချင်ရင် လည်းရတယ်၊ နီလာဒံပေါက်၊ ကြက်လျှာစွန်း ဒံပေါက် မျိုးစုံရ တယ်။ မှာပေးမယ်။ အာလူးပူတီ စား ချင်ရင်လည်းရတယ်။ ချစ်တီးထမင်း စားချင်ရင်လည်းရတယ်။ နယူးဒေလီ ရှိတယ်။ ဘာစားမလဲ ဆရာကျော်''

''မစားတော့ဘူး ဝိဇ္ဇာကြီး၊ ဗိုက် သိပ်မကောင်းဘူး၊ နွားနို့ပူပူလေး တစ်ခွက်ပဲမှာပေးပါ''

''ရပါတယ်၊ ရွှေဘုံသာလမ်းမှာ နွားနို့ပေါပါတယ်''

ထိုစဉ် မုံရွာသား ဒေါက်တာ လင်း နိုင်ထွန်းက အတက်ချီကေ့(စ်)ထဲမှ ဆေးပြားမျိုးစုံကို ဆွဲထုတ်လိုက်၏။

''ဆရာကျော် အစာမကြေဘူးလား၊ ကြိုက်ရာရွေးသောက်ဗျာ၊ ဒီဆေးကတ်တွေက ဆရာကျော်လည်းသိပြီး သားပါ၊ အစာကြေဆေးတွေ ချည်းပဲ''

''အေးဗျာ၊ ကျေးဇူးပါပဲ၊ အစာ အိမ် အချဉ်ပေါက်နေတယ်။ အစာ အိမ်ထဲမှာ အက်ဆစ်ဓာတ်တွေများ နေတယ်''

''ဒါဆို နွားနို့က ကောင်းတယ်၊ ဆန်ပြုတ်သောက်ချင်ရင်လည်းရတယ်၊ ၁၉ လမ်းထိပ်က ဘဲသားဆန်ပြုတ်က နာမည်ကြီးပဲ။ ကောင်းလည်းကောင်း တယ်''

ထိုစဉ် တိုင်းရင်းဆေးဆရာ အာ လပ်ကပ္ပဆရာဒေါင်းရောက်ရှိလာ၏။

အာလပ်ကပ္ပဆရာဒေါင်းသည် တိုင်းရင်းဆေးပညာဆိုင်ရာ ဆေးပညာ ဆောင်းပါးများ ရေးသားနေသူဖြစ်၏။

''ဟာ - ဆရာကျော်၊ အစာမ ကြေဘူးလား၊ ရပါတယ်။ လေမျိုးရှစ် ဆယ်လျက်ဆားပါတယ်။ ကောင်း တယ်ဗျာ၊ လေလည်တယ်၊ အစာကြေ တယ်၊ လေလည်ရင်ဘူဘင်နဲ့ဗျ၊ မအူပင်ကတောင်ကြားတယ်၊ အတော် ကလေးများစားရင် မော်တော်ကလေး များသွား သလို ဘွတ်ဘွတ် ဘွတ် ဘွတ်နဲ့ဗျ''

အပြောကောင်းသော ဆရာ ဒေါင်းကြောင့် ဝိုင်းတော်သား အား လုံး တဟားဟားနဲ့ ပွဲကျသွား၏။

''ကဲပါဗျာ၊ အစာအိမ်အူလမ်း ကြောင်း အထူးကု ဒေါက်တာပြုံးနွဲ့ရီ လာပါလိမ့်မယ်၊ သူ့ကို မေးကြည့်တာ ပေါ့''

မကြာမီ E 200 အမျိုးအစား မာစီးဒီးကားနက်ကြီးသည် ရွှေဘုံသာ လမ်းအတွင်းသို့ ဝင်လာ၏။

ကားပေါ်မှ လေဒီဒေါက်တာ တစ်စုသည် ဆေးခန်းထိုင်ရန် အချိန် အနည်းငယ်စောသေး၍ ဝိုင်းတော် သားများရှိရာသို့ ရောက်ရှိလာ ၏။

''ကဲ-ပြုံးရေ၊ ဆရာကျော်အ တွက် လုပ်ပါဦး''

''ကျွန်မသိပါတယ်၊ အရင်အ ပတ်ထဲက ဆေးပေးထားတာ၊ ဆရာ ဝန်ဖြစ်ပြီး ဆေးမသောက်ဘူး၊ သူနာ ပြု ဆရာမလေးနွဲ့ယမင်းကို တိုင်မှ ဖြစ်မယ်''

 ''မတိုင်ပါနဲ့ဗျာ၊ သောက်ပါ့မယ်၊ ဆေးအပြင် တခြားနည်းလမ်းတွေ လည်း ရှင်းပြဦးလေဗျာ''

''ရပါတယ် အစာအိမ်အူလမ်း ကြောင်း ကျန်းမာရေးအတွက် လိုက် နာရမယ့် အချက်တွေရှိတယ်၊ ရှင်းပြ ပါမယ်။ ဥာဏ်ပူဇော်ခတော့ ချီးမြှင့်မှ ဖြစ်မယ်''

''ဟဲဟဲ၊ ချီးမြှင့်မှာပါ Revlon တို့၊ Maybelline တို့၊ Loreal တို့၊ Bio Essence  တို့ရပါတယ်၊ ကြိုက်ရာရွေးပါ''

''အချင်းချင်းစတာပါ၊ အားလုံး ရှစ်ချက်ရှိတယ်၊ တစ်အချက်က အာဟာရပဲ၊ သင့်တင့်မျှတတဲ့ အာဟာရစားရမယ်၊  Balanced Diet ပေါ့၊ အဆီလျှော့ရမယ်၊ သကြား လျှော့ရမယ်''

''ဟုတ်ပြီ၊ အဆီရောသကြားရော လျှော့စားမယ်''

''နှစ်အချက်က Dietary Fibre Intake များစေရမယ်၊ အမျှင်ဓာတ် များများစားရမယ်၊ ပဲမျိုးစုံစားရမယ်၊ သစ်သီးဝလံစားရမယ်၊ ဟင်းသီးဟင်း ရွက်စားရမယ်၊ နေ့စဉ်စားရမယ်၊ များများစားရမယ်''

''စားမယ်၊ ဆရာမောင်ညိုပြာ ခြံ ကြီးထဲမှာ အစုံရှိတယ်၊ အလကား သွားတောင်းမယ်''

''သုံးအချက်က နေ့စဉ် ရေများ များသောက်ရမယ်၊ သန့်ရှင်းကြည် လင်တဲ့ ရေဖြစ်ရမယ်၊ ဆရာကျော် မောလာရင် နွဲ့ယမင်းက ဆီးပြီးတိုက် တဲ့ ရေမျိုးပေါ့''

''ရပါတယ်၊ သောက်ပါ့မယ်''

''လေးအချက်က Pro-Biotic Rich Food တွေ စားရမယ်၊ အူထဲက ဘက်တီးရီးယားပိုးတွေ ပုံမှန်ရှိနေစေ ဖို့ပေါ့၊ လူကို အကျိုးပြုတဲ့ ဘက်တီး ရီးယားပိုးတွေ အူထဲမှာရှိနေမှ အူ ကျန်းမာရေးကောင်းမယ်၊ ဒိန်ချဉ် သောက်ရမယ် Cultured Milk တို့၊ Fermented Soy Products တို့ကို လည်း သောက်နိုင်တယ်၊ ဥပမာ- Miso Soup လိုဟာမျိုးပေါ့''

''ဟုတ်ကဲ့၊ ရန်ကုန်မှာ အစုံရနေ ပါပြီ၊ သောက်ပါ့မယ်''

''ငါးအချက်က ကိုယ်လက်လှုပ် ရှားမှု မှန်မှန်လုပ်ရမယ်၊ လမ်း လျှောက်ရမယ်၊ ဖြစ်နိုင်ရင် GYM မှာ သွားကစားပါ၊ ပြီးတော့ သင့်တင့် မျှတ တဲ့ ကိုယ်အလေးချိန်ရှိရမယ်၊ ဆရာ ကျော် ဝနေတယ်၊ ကိုယ်အလေးချိန် ထိန်းဦး''

''ဒါလည်း နွဲ့ယမင်းအကူအညီနဲ့ မှ ဖြစ်မယ်''

''ခြောက်အချက်က ဆေးလိပ် ဖြတ်ရမယ်၊ ဆရာကျော်ဆေးလိပ် သောက်တာများနေတယ်၊ ဆေးပေါ့ လိပ်ရော၊ စီးကရက်ရော၊ ဆေးတံရော စုံနေတာပဲ''

''ဟဲဟဲ၊ Sherlock Homes စတိုင်ဖမ်းတာပါ၊ ဆေးတံနဲ့ဆိုတော့ ခံ့ညားမလားလို့ပါ''

''ခံ့တာ မခံ့တာ အသာထား၊ ဆေးလိပ်ဖြတ်၊ မဖြတ်ရင် နွဲ့ယမင်းကို တိုင်မယ်''

''ဖြတ်ပါ့မယ်ဗျာ၊ ခုလည်းနွဲ့ ယမင်း မသိအောင်ခိုး၊ ခိုးသောက်နေ တာ ဖြတ်ပါ့မယ်''

''ဆရာကျော်က လူနာတွေကျ တော့ ဖြတ်ခိုင်းတယ်၊ သူကျတော့ သောက်တယ်''

''ဟဲဟဲ၊ ငါပြောတာလုပ်၊ ငါလုပ် သလိုမလုပ်နဲ့ဆိုတဲ့ ဆရာကြီးတွေဂိုက် ဖမ်းတာပါဗျာ၊ ခုတော့ ဖြတ်ပါ့မယ်''

''ခုနစ်အချက်က စိတ်ဖိစီးမှု နည်းပါးစေရမယ်၊ အနားယူရမယ်၊ ဆရာကျော်မှာ စိတ်ဖိစီးမှုများနေ တယ်၊ တရားထိုင်ပါ အနားယူပါ''

''ဟုတ်တယ် အလုပ်မှာ အဆင် မပြေတာတွေရှိနေတယ်၊ ဒါကို ခေါင်း ထဲထည့်ထားမိတယ်၊ ညညအိပ် မပျော်ဘူး။ သောကများတယ်၊ အ လုပ်ကို စိတ်စွဲနေတယ်၊ ဒါကို ဖြေ ဖျောက်ရမယ်၊ သောကကင်းအောင် နေရမယ်၊ ပြုံးပြောတာကောင်းပါ တယ် လိုက်နာပါ့မလဲ''

''ရှစ်အချက်က Regular Health Screening လုပ်ရမယ်၊ ပုံမှန် ကျန်းမာရေး စစ်ဆေးရမယ်၊ အစာ အိမ်အူလမ်းကြောင်း ရောဂါတွေ ကို ရောဂါနုစဉ်ကတည်းက ကြိုတင်ရှာ ဖွေရမယ်၊ ကြိုတင်ကုရမယ်၊ ရောဂါ ကြီးလာမှ ကုတာမကောင်းဘူး။ ရောဂါနုတုန်းကြိုတင် ကာကွယ်ရမယ်''

''ဟုတ်ပြီ၊ စစ်ဆေးပါ့မယ်''

''အစာအိမ် အူလမ်းကြောင်းဆို ရင် သာမန်အရပ်သားတွေက အစာ ချေတာလောက်ပဲသိကြတယ်၊ တကယ်က ကိုယ်ခံစွမ်းအားစနစ် နဲ့ လည်း သက်ဆိုင်တယ်၊ အစာအိမ် အူလမ်းကြောင်း ကျန်းမာရင် ကိုယ်ခံ စွမ်းအားစနစ်ကို အထောက်အကူပြု တယ်၊ အူထဲမှာ လူကိုအကျိုးပြုတဲ့ ဘက်တီးရီးယားတွေရှိတယ်၊ ဆရာ ကျော်သိပြီးသားပါ''

''သိပြီးသားဆိုပေမယ့် ထပ်ရှင်းပြ ရင်လည်း အကျိုးရှိပါတယ်။ တစ်ခါတစ် လေ မေ့လျော့နေတာရှိတတ်တယ်''

''အစာအိမ် အူလမ်းကြောင်း တစ်လျှောက် Strong Gut Linwa ရှိဖို့ လိုတယ်၊ ပြင်ပက အန္တရာယ်ပြုမယ့် ပိုးတွေက စားလိုက်တဲ့ အစားအစာ ထဲမှာပါလာတတ်တယ်၊ ဒီပိုးတွေ ကိုယ်ထဲမဝင်နိုင်အောင် Strong Gut Lining က ကာကွယ်ပေးထားတယ်''

''ဟုတ်ကဲ့၊ ဆက်ပါဦး''

''ပြီးတော့ Gut က Major Store for Serotonin တဲ့၊ ဆရာကျော်လည်း သိပါတယ်၊ Serotonin က Neurotransmitter ပဲ၊ ဒီဓာတုဒြပ်ပေါင်း ကလည်း အရေးကြီးတယ်၊ Bowel Movement ပုံမှန်ဖြစ်အောင် ကူညီ ပေးတယ်''

''ဟုတ်တယ်၊ Gut ထဲမှာ Trillions of Microorganism တွေလည်း ရှိတယ်မဟုတ်လား''

''ရှိတာပေါ့၊ ဒီပိုးတွေက ကောင်း ကျိုးပြုတယ်၊ Food Digestion ရယ်၊ Vitamin Synthesis ရယ်မှာ အရေး ပါတယ်၊ ပြီးတော့ ကောင်းကျိုးပြုတဲ့ ပိုးတွေရှိနေရင် အန္တရာယ်ရှိတဲ့ပိုးတွေ မပေါက်ပွားနိုင်ဘူး''

''ဟုတ်ကဲ့ ဒါကလည်း အရေး ကြီးပါတယ်''

''အစားအသောက် မဆင်ခြင် ရင် Gut ကို ဒုက္ခပေးတယ်၊ မကောင်း တဲ့ဘဝ နေထိုင်မှုပုံစံဆိုရင်လည်း Gut ကို ဒုက္ခပေးတယ်၊ မကောင်းတဲ့ ဘဝနေထိုင်မှုပုံစံဆိုတာက စိတ်ဖိစီး မှုသိပ်များတာတို့ ကိုယ်လက်လှုပ်ရှား မှုမရှိဘဲ အထိုင်များတာတို့ပါတယ်''

''ခုလို မဆင်ခြင်ရင် ဘာရောဂါ တွေဖြစ်တတ်လဲ''

''မဆင်ခြင်ရင် အစာအိမ်အူ လမ်းကြောင်းမှာဖြစ်လာနိုင်တဲ့ ရောဂါ တွေက အများကြီးပဲ၊ ဥပမာ-ပြောရ ရင် Irritable Bowel Syndrome ဆိုတာရှိတယ်၊ Inflammatory Bowel Disease ဆိုတာရှိတယ်၊ Coeliac Disease ဆိုတာရှိတယ်၊ Colon Cancer လည်းရှိတယ်၊ အများကြီးပဲ''

''ဟုတ်ကဲ့၊ သတိထားစရာတွေပဲ''

''ဒါတင်မကသေးဘူး၊ အစာအိမ် အူလမ်းကြောင်း ကျန်းမာရေး မကောင်းရင် တခြား ရောဂါတွေကို လည်း ဖြစ်နိုင်ခြေများစေတယ်၊ Poor Gut Heath က ဆီးချိုသွေးချိုရောဂါ၊ အဝလွန်ရောဂါ၊ နှလုံးသွေးကြော ရောဂါတွေနဲ့ ဆက်စပ်မှုရှိတယ်''

''ဒီအချက်ကို သာမန်အရပ် သားတွေ သိပ်မသိကြသေးဘူး''

''ကျယ်ကျယ်ပြန့်ပြန့်သိလာ အောင် လုပ်ဖို့က ကျန်းမာရေးဝန်ထမ်း တွေရဲ့ တာဝန်ပေါ့ရှင်၊ ကျန်းမာရေး ပညာပေးလုပ်ငန်းတွေ ပိုပြီးထိရောက် အောင် ကြိုးစားလုပ်ဆောင်ရမယ်''

''ကျွန်တော်လည်း ခုပြောသွား တဲ့ ရှစ်ချက်ကို လိုက်နာပါ့မယ်၊ စော စောကရောဂါနာမည်တွေ ကြားရ တော့ လန့်သွားပြီ''

''ဆရာကျော်က လူပျိုကြီးဆို တော့ စားချိန်အိပ်ချိန်မမှန်ဘူး။ အပေါင်းအသင်းကောင်းရင် ညလုံး ပေါက် လက်ဖက်ရည်ဆိုင်ထိုင်တာ၊ ဘောလုံးပွဲ ကြည့်တာရှိတယ်၊ ပြီး တော့လမ်းဘေး အစားအစာတွေကြုံ ရင် ကြုံသလို စားနေတယ်''

''ဒါဆို ဘယ်လို လုပ်ရမလဲ''

''လွယ်ပါတယ်၊ ဘေးက တစ် ချိန်လုံး ပူညံပူညံလုပ်ပြီး ထိန်း ကျောင်းပေးမယ့် ဇနီးချောလေးတစ် ယောက်လိုနေပြီ၊ တစ်ချိန်လုံး စောင့် ပြောပြီး စားချိန်တန်စား၊ အိပ်ချိန်တန် အိပ်စေရမယ်၊ ဒါမှ အစာအိမ်အူ လမ်းကြောင်း ကျန်းမာရေးကောင်းမယ်''

''ကျွန်တော်အတွက် ရှာပေးကြ လေဗျာ''

''ဒါက ဝိဇ္ဇာကြီးတာဝန်ပဲ၊ ကဲ-ဝိဇ္ဇာမပေတော့''

''ရပါတယ်၊ လိပ်ပြာလှအောင် ဝိဇ္ဇာ မမယ်၊ ညောင်ရမ်းဆေးတိုက်က သူနာပြု ဆရာမလေး နွဲ့ယမင်းနဲ့ အ မြန်ဆုံးနီးစပ်အောင် ပီယသိဒ္ဓိအင်းစီ ရင်ပေးမယ်၊ ဘာမှအားမငယ်နဲ့ ဟဲဟဲ''

ဝိဇ္ဇာကြီးဆိုလိုချက်ကို ဝိုင်းတော် သားများ သဘောပေါက်သဖြင့် တဝါး ဝါး တဟားဟား ရယ်မောကြလေ တော့၏။

အောင် (ဆေး-၁)
ရည်ညွှန်းချက်။    ။ Malaysia နိုင်ငံထုတ် Star သတင်းစာပါ Fit For Life ကဏ္ဍမှ "Here's To Gut Health" ဆေးပညာဆောင်းပါးကို မှီ ငြမ်းကိုးကားပါသည်။

အောင် (ဆေး-၁)
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: zaygwet1997@gmail.com Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.