14-12-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1041
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ကျန်းမာရေး
မျက်စိရောဂါကာကွယ်ဖို့ လိုက်နာရမယ့် အခြေခံအချက်များ

       မြို့စွန်တစ်နေရာတွင် ကြီးမားလှသော ခြံကြီးတစ်ခြံရှိ၏။

       ထိုခြံကြီးသို့ ဝင်ရာလမ်းကျဉ်း တစ်လျှောက်ကြီးမားသော ခရေပင် ကြီးများဘေးဝဲယာတွင် အစီအရီ ပေါက်နေ၏။

       လေပြည်တစ်ချက်အဝှေ့တွင် ခရေပွင့်ကလေးများ အစီအရီကြွေကျလာ၏။

E 200 အမျိုးအစား မာစီးဒီးကားနက်ကြီးသည် လမ်းကျဉ်းကလေးတစ်လျှောက် ဖြေးညှင်းစွာ မောင်းဝင် လာနေ၏။

       သင်းပျံ့သော ခရေရနံ့က နှာဝသို့ ရောက်ရှိလာ၍ ဒေါက်တာဝေယံ မိုးထက်သည် အားပါးတရ ရှူသွင်း လိုက်၏။

       မကြာမီ ခေတ်မီနှစ်ထပ်တိုက် ကလေးရှေ့တွင် ကားနက်ကြီးရပ်သွား၏။     

       ပေါ်တီကို အောက်မှလှမ်းကြည့်လိုက်ရာ တိုက်နံရံတွင် ချိတ်ဆွဲထားသော 'ခရေမြိုင်'ဟူသော စာတန်း ကလေးကို တွေ့ရှိရ၏။

တိုက်ပိုင်ရှင် အပျိုကြီးဒေါ်ခင်အေးသည် ငယ်စဉ်က လွန်စွာချော မောလှပသူဖြစ်၏။ တက္ကသိုလ်ကျောင်းသူဘဝတွင် ချူချင်သူများ ဝိုင်းဝိုင်းလည်နေ၏။

       ပန်းကြိုက်သူဖြစ်၍ ကျောင်းသားအချို့က ''ခရေလမ်းက ပန်းသခင်'' ဟု တင်စားခေါ်ဝေါ်ကြ၏။

ယခုအခါ အထက်တန်းကျောင်း တစ်ကျောင်းမှ ကျောင်းအုပ်ဆရာမကြီးဘဝဖြင့် အငြိမ်းစားယူကာ တူမလေးများနှင့်အတူ နေထိုင်လျက်ရှိ၏။

       ကားသံကြား၍ ဒေါ်ခင်အေး ထွက်လာ၏။

       ''ဟော-မောင်ဝေယံပါလား၊ အတော်ပဲ၊ အန်တီအေးမုန့်ဟင်းခါး ချက်တယ်''

''ကောင်းတာပေါ့ အန်တီအေး၊ ကျွန်တော်နိုင်ငံခြားရောက်နေလို့ အန်တီအေး လက်ရာ မစားရတာကြာပြီ၊ ဘူးသီးကြော်များများ၊ ငါးဖယ်များများနဲ့ စားပစ်လိုက်မယ်''

       ''အေးအေး၊ စားသာစား၊ ကဲ-လာ၊ ထမင်းစားခန်း တန်းသွားမယ်''

       ထမင်းစားခန်းတွင် မုန့်ဟင်းခါးစားရင်း စကားပြောကြ၏။

       ထိုစဉ် တူမလေးများဖြစ်ကြသော ညိုညိုကျော်ဝင်း၊ ဝါဝါခင် မောင်နှင့် ဝိုင်းစုနွဲ့မွန်တို့ ရောက်ရှိလာ ကြ၏။

 ''ဒါနဲ့ လေးလေးလာတုန်းပြောရ ဦးမယ်၊ အန်တီအေးက ကိုရီးယားကား သိပ်ကြိုက်တာ၊ ခေတ်ကလည်း ကိုရီးယားခေတ်လေ၊ တီဗီရော၊ အခွေ ရော စုံအောင်ကြည့်တာ၊ လီမင်ဟိုပါတဲ့ Legeon of Blue တို့၊ လီဂျုံကီပါတဲ့ Scarlet Heart တို့ဆိုရင် ညလုံးပေါက် မထတမ်းကြည့်တာ၊ ခုမျက်စိအားနည်းနေတယ်။ အဲဒါ လေးလေး လာတုန်းကုသွားပါဦး''

 နိုင်ငံခြားတက္ကသိုလ်တစ်ခုတွင် ပါမောက္ခရာထူးဖြင့် အလုပ်လုပ်နေသော ဒေါက်တာဝေယံမိုးထက်သည်လည်း ခြောက်ဆယ်ကျော်ပြီဖြစ်၏။

       ''ဟုတ်တယ် မောင်ဝေယံ၊ နိုင်ငံခြား မပြန်ခင်ကုပေးပါဦး''

''ရပါတယ် အန်တီအေး၊ အန်တီအေးက ဆီးချိုရှိတော့ နောက်ဆက်တွဲအနေနဲ့ မျက်စိရောဂါရနိုင်တယ်။ မျက်စိကို အချိန်မှန်စစ်ဆေးရမယ်။ ကျွန်တော့်မိတ်ဆွေ မျက်စိအထူးကု ဆရာဝန်ကြီးနဲ့ ပြပေးမယ်''

       ''အသက်ကြီးလာရင် ဘာရောဂါတွေ ဝင်တတ်သလဲ''

''ရေတိမ်တို့၊ အတွင်းတိမ်တို့ ဖြစ်တတ်တယ်။ Age-Related Macular Degeneration ရောဂါလည်းဖြစ်တတ်တယ်။ ဒီရောဂါကို အတိုကောက် AMD လို့ ခေါ်တယ်။ ဒီ ရောဂါတွေက အရေးကြီးတယ်၊ မျက်စိကွယ်တတ်တယ်''

       ''ဟာ-ဟုတ်တယ်၊ ကြောက်စရာကြီး''

''သိပ်လည်းမကြောက်ပါနဲ့၊ ဒါပေမယ့် ပေါ့ပေါ့ဆဆလည်း မလုပ်နဲ့၊ အမေရိကားလို နိုင်ငံမှာတောင် တစ်နှစ်တစ်နှစ် လူပေါင်းငါးသောင်းလောက်ဟာ မျက်စိရောဂါကြောင့် မျက်မမြင် ဖြစ်ကုန်တယ်တဲ့၊ ဝမ်းနည်းစရာကောင်းတာက တချို့ရောဂါတွေဟာ ကြိုတင်ကာကွယ်လို့ ရပါရဲ့သားနဲ့ ပေါ့ဆမှုကြောင့် မျက်စိကွယ်တာ''

       ''ဟာ-ဒီလိုတိုင်းပြည်မျိုးမှာတောင် ဒါမျိုးရှိသလား''

''ရှိတယ် အန်တီ၊ ဆီးချိုရောဂါမျိုးက ဖြစ်နှုန်းများလာတာကိုး၊ ပါရဂူ တစ်ယောက်က ပြောထားတယ်၊ လာမယ့် ၂ဝ၅ဝ ခုနစ်မှာ မျက်မမြင်ဦးရေ နှစ်ဆတိုးနိုင်ခြေရှိတယ်တဲ့၊ ဒါကြောင့် ဂရုစိုက်ရမယ်တဲ့''

       ''ဘယ်ပါရဂူလဲကွယ့်''

 “James Jorkasky တဲ့၊ သူက Executive Director of The US National Alliance for Eye and Vision Research ရာထူးရထားယ်''

       ''ပါရဂူပြောတာဆိုတော့ အရေးထားရမှာပေါ့''

''ဒါပေါ့ အန်တီ၊ အမေရိကန် လူမျိုးတွေကို အချိန်မှန်မှန် မျက်စိစမ်း သပ်ကြဖို့လည်း တိုက်တွန်းနှိုးဆော်ရမယ်တဲ့၊ ခက်တာက မျက်စိရောဂါတွေက နုတုန်းမှာ ရောဂါလက္ခဏာမပြဘူး၊ ရောဂါကျွမ်းမှပဲသိတာ၊ ဒါကြောင့် အချိန်မှန် မျက်စိစမ်းသပ်ဖို့ လိုတာ''

       ''အန်တီအေးလည်း စမ်းချင်ပါတယ်''

 ''အမေရိကားမှာ AMD ရောဂါခံစားနေရတဲ့ လူနာပေါင်း ၁၄ သန်းရှိတယ်တဲ့၊ ဒါကို မျက်စိစမ်းတာတောင်  တစ်ခါတစ်လေ ရောဂါရှိရက်နဲ့ လွတ်သွားတာရှိသေးတယ်တဲ့၊ ဒါကလည်း သုတေသနလုပ်လို့သိတာ၊ ဒီသုတေသနကို နာမည်ကြီးဆေးပညာ ဂျာနယ်ဖြစ်တဲ့ JAMA Ophthalmology မှာ ဖော်ပြထားတယ်''

       ''အေး၊ စိတ်ဝင်စားစရာပဲ ဆက် ပါဦး''

''ဒါပေမယ့် သိပ်မစိုးရိမ်ပါနဲ့၊ သေချာအောင် ကျွမ်းကျင်တဲ့ပါရဂူနဲ့စမ်းရင် စိုးရိမ်စရာမရှိပါဘူး။ ပြီးတော့ ကြိုတင်ကာကွယ်ရေးနည်းတွေပေါ်နေပါပြီ။ အန်တီက ဆီးချိုရှိတော့ ဆီးချိုကို ကြပ်ကြပ်မတ်မတ်ကုရမယ်၊ ဆီးချိုဆိုတာ ရာသက်ပန်ကုရမယ့် ရောဂါပဲ၊ သွေးတိုးလိုပဲ၊ ထိန်းထားရမှာပဲ၊ ဘဝနေထိုင်မှုပုံစံကို ပြောင်းရမယ်၊ ဆေးမှန်မှန်သောက်ရမယ်၊ သွေးမှန်မှန်စစ်ရမယ်၊ ဆရာဝန်ချိန်းရင် မှန်မှန်ပြရမယ်၊ ရောဂါကို ထိန်း ထားရင် အသက်ရှည်မယ်၊ ကျန်းမာမယ်''

       ''ဒါဆို မျက်စိအတွက်လည်း ကြိုတင်ကာကွယ်ပြီးသားပေါ့နော်''

 ''ဟုတ်တယ်၊ ဆီးချိုကြောင့်ဖြစ်လာမယ့် နောက်ဆက်တွဲ မျက်စိရောဂါကို ကြိုတင်ကာကွယ်ပြီးသားဖြစ်သွားပြီ၊ ဆီးချိုမရှိလည်း အသက်အရွယ်ကြီးလာရင် မျက်စိဝေဒနာဝင် လာနိုင်သေးတယ်''

       ''အဲဒါအတွက် ဘာတွေဆင်ခြင်ရမလဲ''

''US National Eye Institute က အကြံပေးထားတာတွေရှိပါတယ်။ ပထမအချက်က အချိန်မှန်မျက်စိ စစ်ဆေးရမယ်၊ အထူးသဖြင့် Dilated Eye Exam ဆိုတဲ့ စမ်းသပ်စစ်ဆေးမှု လုပ်ရမယ်၊ ဒါမှရောဂါကို နုတုန်းသိနိုင်မှာ''

       ''ကောင်းတဲ့ အကြံပေးချက်ပါပဲ''

''ဒုတိယအချက်က မိသားစုရောဂါရာဇဝင်ကို သေသေချာချာ လေ့လာရမယ်၊ တချို့ ရောဂါတွေက မျိုးရိုးဗီဇကြောင့်ဖြစ်နိုင်ခြေများတတ်တယ်တဲ့''

       ''အန်တီ မိသားစုမှာတော့ ရောဂါရာဇဝင် မရှိဘူးကွယ့်''

''ကောင်းတာပေါ့ အန်တီ၊ တတိယအချက်က အမျိုးအစားကောင်းတဲ့ နေကာမျက်မှန်တပ်ရမယ်၊ နေကာမျက်မှန်က ရှိုးထုတ်ဖို့မဟုတ်ဘူး။ အလှအပအတွက်လည်း မဟုတ်ဘူး။ ခရမ်းလွန်ရောင်ခြည် အန္တရာယ်ကို ကာကွယ်ဖို့ပါ။ ဒီရောင်ခြည်က Contract  ဖြစ်နိုင်ခြေများစေတယ်။ အတွင်းတိမ်ပေါ့ အန်တီ''

''စတုတ္ထအချက်က Yoga and Sleep Position ကို ဂရုစိုက်ရမယ်၊ ခုခေတ်မှာ့ Yoga ခေတ်စားလာတယ်။ ကျန်းမာရေးအတွက် Yoga က ကောင်းပါတယ်။ ဒါပေမယ့် Gluacoma ရှိရင် Head-Down Position ရှောင်ရမယ်၊ ရေတိမ်ပေါ့ အန်တီ၊ ရေတိမ်ရှိရင် Internal Eye Pressure တက်လာတတ်တယ်၊ သတိထားရမယ်၊ ရေတိမ်ရှိမရှိ စစ်ဆေးရမယ်''

       ''အေး၊ ကြိုတင် စစ်ရမှာပေါ့ကွယ်''

''ပြီးတော့ အိပ်တဲ့ ပုံစံအနေအထားက အရေးကြီးတယ်။ ကိုယ်ကိုတစ်ဖက်တည်း အမြဲစောင်းအိပ်ရင် သတိထားရမယ်၊ တစ်ဖက်တည်း အိပ်တတ်တဲ့ လူဟာ အောက်ဖက်ကျတဲ့ မျက်စိမှာ ဖိအားပိုများစေတယ်တဲ့၊ Vision Loss ဖြစ်နိုင်ခြေများစေတယ်တဲ့၊ ဒါကြောင့် ဟိုဘက် ဒီဘက်ပြောင်းပြောင်းအိပ်ပေါ့''

       ''ပြောင်းအိပ်ရမှာပေါ့''

''ပဉ္စမအချက်က Dry and Irritated Eye ပဲ၊ မျက်စိခြောက်သွေ့ပြီး ခိုးလုခုလုဖြစ်မယ်၊ ယားယံမယ်ဆိုရင် သတိထားရမယ်၊ ဆရာဝန်ပြရမယ်၊ ပြီးတော့ ငါးပိုစားရမယ်''

       ''ငါးက ဘာအတွက်လဲကွယ်''

Omega-3 အဆီအက်ဆစ် အတွက်ပါ အန်တီ၊ ငါးများများစားရင် Dry Eye ကောင်းလာစေတယ်၊ Dry Eye ကြောင့်ဖြစ်တဲ့ ရောဂါလက္ခဏာတွေ သက်သာစေတယ်''

       ''အေးကွယ်၊ စားပါ့မယ်၊ အန်တီက ငါးကြိုက်ပါတယ်''

       ''Cornea ဆိုတဲ့ ဆေးပညာဂျာနယ်မှာ Omega-3 Sypplement အကြောင်း အသေးစိတ်ဖော်ပြထားတယ်''

       ''သုတေသနတွေ့ရှိချက်ပေါ့နော်''

 ''ဟုတ်ပါတယ် အန်တီ၊ ဆဋ္ဌမအချက်က ဗီတာမင်စီပဲ၊ ဗီတာမင်စီ လုံလုံလောက်လောက်မှီဝဲရမယ်၊ ဗီတာမင်စီများများပါတာ စားရမယ်၊ လိမ္မော်သီး၊ စတော်ဘယ်ရီသီး၊ ပန်းဂေါ်ဖီစိမ်းတွေစားရမယ်၊ ဗီတာမင်စီ လုံလုံလောက်လောက်စားရင် အတွင်းတိမ်ဖြစ်နိုင်ခြေကို ၃၃ ရာခိုင်နှုန်း လျှော့ချနိုင်တယ်တဲ့''

       ''စားပေးမယ်''

       ''ဗြိတိသျှသုတေသီတွေ တွေ့တာက အစားအစာကရတဲ့ ဗီတာမင်က ပိုကောင်းတယ်တဲ့''

       ''ဒါဆို ဟင်းသီးဟင်းရွက်တွေ၊ သစ်သီးဝလံတွေစားမယ်လေ''

''ဟုတ်ကဲ့ အန်တီ၊ ဆဋ္ဌမအချက်ပြီးတော့ သတ္တမအချက်က ကလေးတွေအတွက်ပါ၊ ကလေးတွေကို ကစားကွင်းလိုနေရာမှာ ကစားခိုင်းရမယ်၊ ခုခေတ်က Smart Phone တွေ သိပ်သုံးတယ်၊ ကလေးတွေ မျက်စိထိခိုက်တယ်။ ဒါကြောင့် Smart Phone ကြာကြာမသုံးအောင် အပြင်ထွက် ကစားခိုင်းရမယ်၊ ဖုန်းကြာကြာကြည့်ရင် Dry Eye ဖြစ်နိုင်ခြေများတယ်။ အဲဒါသတိထားရမယ်''

       ''ဟုတ်ပြီ၊ ကလေးတွေအတွက်ပါ သိရပြီ''

''University of Cambridge  က သုတေသီတွေ တွေ့ထားတာက  သဘာဝအလင်းရောင်အောက်မှာ ကွင်းပြင်ထဲမှာ ပြေးလွှားဆော့ကစားရင် Near-Sightedness ဆိုတဲ့ မျက်စိရောဂါဖြစ်နိုင်ခြေနည်းစေတယ်တဲ့''

       ''မြေးတွေကို ကစားကွင်းခေါ်သွားမယ်လေ''

 ''ဟုတ်ပြီ အန်တီ၊ အဋ္ဌမအချက်က အချိန်မှန် ကိုယ်လက်လှုပ်ရှားမှုပဲ၊ Regular Exercise ပေါ့၊ ခပ်သွက်သွက်လမ်းလျှောက်တဲ့ လေ့ကျင့်ခန်းက အတော်ကောင်းတယ်။ မျက်လုံးအတွင်းက ဖိအားကိုလျော့စေတယ်။ Retina ဆိုတဲ့မြင်လွှာကို ထိခိုက်မှု နည်းစေတယ်တဲ့၊ ဒါက Glaucoma Research Foundation က သုတေသီတွေတွေ့တာ''

       ''အန်တီတို့ ခြံကကျယ်တော့ အဆင်ပြေတယ်။ နေ့စဉ် လမ်းလျှောက်တယ်''

''နဝမအချက်က စိမ်းလန်းတဲ့ ဟင်းသီးဟင်းရွက်တွေ စားရမယ်၊ Dark Leafy Greens တွေပေါ့၊ Spinach တို့ Kale တို့ပေါ့၊ ဒါတွေစားရင် ရေတိမ်ဖြစ်နိုင်ခြေက ၂၂ ရာခိုင်နှုန်း လျော့ကျသွားတယ်တဲ့၊ ဒါက သုတေသနတစ်ခုမှာ တွေ့ထားတာ''

       ''အေးကွယ်၊ စားပေးပါ့မယ်''

''Willmer Eye Institute  ဆိုတာက မျက်စိရောဂါသုတေသန ဗဟိုဌာနကြီးပေါ့၊ ဒီဌာနကြီးက Johns Hopkins University ဆိုတဲ့ တက္ကသိုလ်ကြီးရဲ့ လက်အောက်ခံပဲ၊ ဒီတက္ကသိုလ်ကြီးက United States က Maryland ပြည်နယ်မှာရှိတယ်။ ဒီဌာနကြီးက သုတေသန လုပ်ကြည့်တော့ အမေရိကန်လူမျိုးတွေဟာ မျက်စိကွယ်မှာ သိပ်ကြောက်ကြတယ်တဲ့''

       ''အန်တီလည်း ကြောက်တာပဲကွယ်''

''ဒါပေမယ့် နှစ်စဉ်နှစ်စဉ် လူနာပေါင်း၊ ငါးသောင်းဟာ မျက်မမြင် ဖြစ်သွားကြတယ်၊ ပေါ့ဆမှုပေါ့ အန်တီရယ် ကြိုတင်ကာကွယ်လို့ရပါလျက်နဲ့ မျက်စိကွယ်ရတာ ဝမ်းနည်း စရာကောင်းတယ်''

       ''ကြိုတင်ကာကွယ်ရေး အရေးကြီးတာပေါ့နော်''

''ဒါပေါ့ အန်တီ၊ သြော်-ဒါနဲ့ နိုင်ငံခြားက လုပ်ဖော်ကိုင်ဖက် ဒေါက်တာ မိုးမြင့်သီဟသူလည်း လာလိမ့်မယ်၊ သူလည်း မုန့်ဟင်းခါးနဲ့ ဝေးနေတာကြာလို့ စားချင်နေတယ်၊ အန်တီလက်ရာလည်း သူသိတယ်။ တော်ကြာလာလိမ့်မယ်၊ ကျွန်တော် ဖိတ်ထားတယ်''

       မကြာမီ ဒေါက်တာ မိုးမြင့်သီဟသူရောက်ရှိလာ၏။

       ''ကြွပါ ဆရာ၊ အန်တီ့အေး မုန့်ဟင်းခါးက အဆင်သင့်ပါပဲ''

       ''အေးဗျာ၊ ကျွန်တော်လည်း မျက်စိစမ်းသပ်ရဦးမယ်''

       ''ဟာ-ဘာဖြစ်လို့လဲ၊ အတွင်း တိမ်လား ရေတိမ်လား''

''ဒီလိုဗျ၊ တလောက မြန်မာပလာဇာရောက်သွားတယ်၊ လျှောက်ကြည့်တာပေါ့ဗျာ၊ တစ်နေရာမှာ အမေနဲ့ သမီးနှစ်ယောက်တွဲလျှောက်လာတယ်။ သမီးပဲမြင်တယ်၊ အမေ မမြင်ဘူး။ အနားကျမှ အမေက အသိအကျွမ်းဖြစ်နေတယ်ဗျာ''

       ''ဝါး ဟားဟားဟား''

       ဒေါက်တာမိုးမြင့်သီဟသူက ဟာသဓာတ်ခံရှိ၏။ သူ၏ ဟာသကြောင့် အားလုံးက တဝါးဝါးနှင့် ရယ်မောကြလေ၏။

 

အောင် (ဆေး-၁)

အောင်(ဆေး-၁)
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.